ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အစိုးရအဖြဲ႕႔ဝန္ႀကီးေတြ သံုးစြဲဖုိ႔ ကားဝယ္ယူမယ့္ကိစၥက အေဆာင္အေယာင္ဥပေဒနဲ႔ လိုအပ္ခ်က္အရ ေဆာင္ရြက္တာျဖစ္ၿပီး လ်ာထားေငြ သတ္မွတ္ခ်က္ကို တင္ျပတာပဲျဖစ္တယ္လို႔ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ေျပာၾကားလိုက္ပါတယ္။

တိုင္းအစိုးရအဖြဲ႕၀င္၀န္ႀကီးေတြ စီးနင္းဖို႔အတြက္ ဖိုဒ့္ေမာ္ေတာ္ကား ဆယ္စီး၀ယ္ယူဖို႔ က်ပ္သိန္းတစ္ေသာင္းတင္ျပေတာင္းခံတဲ့အေပၚ ေ၀ဖန္မႈေတြ က်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚေနလို႔ ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ဇြန္လ ၁၀ ရက္ေန႔ မြန္းလြဲပို္င္းမွာ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔၊ ဝန္ႀကီးခ်ဳပ္ရံုးခန္းမမွာ မီဒီယာေတြနဲ႔ ေတြ႔ဆံုတဲ့ အခ်ိန္မွာ အခုလိုေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“အေဆာင္အေယာင္အရ ကၽြန္ေတာ္တို႔တိုင္းေဒသႀကီးရဲ႕ဘက္ဂ်က္ကေန ဝယ္ရမွာ မဟုတ္ပါဘူး။ ဒါက ျပည္ေထာင္စုကေန စီမံ၊ဘ႑ာ ဝန္ႀကီးဌာနဘက္ကေန ကၽြန္ေတာ္တို႔ကို ခ်ေပးရမွာျဖစ္ပါတယ္။ ဒီအတြက္ ျပည္ေထာင္စု စီမံ၊ဘ႑ာဝန္ႀကီးဌာနနဲ႔ ကၽြန္ေတာ္တို႔ ေဆြးေႏြးေနပါတယ္။ ျပည္ေထာင္စု ဝန္ႀကီးဌာန ဘက္ကေန ေဆာင္ရြက္ေပးႏိုင္မယ္ဆိုရင္ ဒီကားေတြကို ဝယ္ယူစရာမလိုအပ္ေတာ့ပါဘူး။ ဒီီေငြေတြကို ကၽြန္ေတာ္တို႔ တိုင္းအတြင္း လိုအပ္တဲ့ အျခားေနရာေတြမွာ သံုးစြဲခြင့္ရသြားမွာျဖစ္သလုိ ေက်းလက္ေဒသ ဖြံ႔ၿဖိဳးတိုးတက္ေရးကို ပိုမိုသံုးစြဲႏိုင္ခြင့္္ ရသြားမွာျဖစ္ပါတယ္”လုိ႔ ဦးၿဖိဳးမင္းသိန္းက ေျပာပါတယ္။

အဆိုပါေမာ္ေတာ္ကားေတြ၀ယ္ယူႏိုင္ဖုိ႔ ျပည္ေထာင္စု၀န္ႀကီးဌာနနဲ႔ ေဆြးေႏြးေနၿပီး ဗဟိုစက္ပစၥည္း၊ စာရင္းအင္းနဲ႔ စစ္ေဆးေရးဦးစီးဌာန(CESID)ကေန ကားေတြထုတ္ေပးမယ္ဆိုရင္ ဖြဲ႔စည္းပံုအေျခခံဥပေဒအရ အစိုးရက ကားတင္သြင္းသြားမွာျဖစ္ၿပီး တိုင္းေဒသႀကီးလႊတ္ေတာ္ရဲ႕ ပုဒ္မ (၁၄၁)အရ ဥပေဒၾကမ္းကို အတည္ျပဳမယ့္အခ်ိန္မွသာ အမ်ားသေဘာဆႏၵနဲ႔ အတည္ျပဳရမွာျဖစ္တယ္လို႔ ဆိုပါတယ္။

အရင္အစိုးရအဖြဲ႕ထံမွာ လက္ခံရရွိထားသည့္ ကား ၁၂ စီးအနက္ သံုးစီးသာ လတ္တေလာအသံုးျပဳၿပီး က်န္ကားေတြမွာ အသံုးျပဳလို႔ မရတာေၾကာင့္ ဝန္ႀကီးေတြစီးဖို႔နဲ႔ ႏုိင္ငံတကာေခါင္းေဆာင္ ဧည့္သည္ေတြ လာေရာက္ရင္ လံုၿခံဳစြာစီးနင္းႏိုင္ဖုိ႔ Ford နဲ႔ Toyota အမ်ိဳးအစားတစ္မ်ိဳးမ်ိဳးကို တစ္စီးလွ်င္ က်ပ္သိန္း ၈၅၀ နဲ႔ ၁၀ စီးဝယ္ယူရန္ စီစဥ္ရတာျဖစ္တယ္လို႔ ရန္ကုန္တုိင္း စီမံဘ႑ာဝန္ႀကီး ဦးျမင့္ေသာင္း က ေျပာထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
အစိုးရအဖွဲ့ဝန်ကြီးတွေ သုံးစွဲဖို့ ကားဝယ်ယူမယ့်ကိစ္စက အဆောင်အယောင်ဥပဒေနဲ့ လိုအပ်ချက်အရ ဆောင်ရွက်တာဖြစ်ပြီး လျာထားငွေ သတ်မှတ်ချက်ကို တင်ပြတာပဲဖြစ်တယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ စီးနင်းဖို့အတွက် ဖိုဒ့်မော်တော်ကား ဆယ်စီးဝယ်ယူဖို့ ကျပ်သိန်းတစ်သောင်းတင်ပြတောင်းခံတဲ့အပေါ် ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေလို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ရုံးခန်းမမှာ မီဒီယာတွေနဲ့ တွေ့ဆုံတဲ့ အချိန်မှာ အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

“အဆောင်အယောင်အရ ကျွန်တော်တို့တိုင်းဒေသကြီးရဲ့ဘက်ဂျက်ကနေ ဝယ်ရမှာ မဟုတ်ပါဘူး။ ဒါက ပြည်ထောင်စုကနေ စီမံ၊ဘဏ္ဍာ ဝန်ကြီးဌာနဘက်ကနေ ကျွန်တော်တို့ကို ချပေးရမှာဖြစ်ပါတယ်။ ဒီအတွက် ပြည်ထောင်စု စီမံ၊ဘဏ္ဍာဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ ဆွေးနွေးနေပါတယ်။ ပြည်ထောင်စု ဝန်ကြီးဌာန ဘက်ကနေ ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ဒီကားတွေကို ဝယ်ယူစရာမလိုအပ်တော့ပါဘူး။ ဒီငွေတွေကို ကျွန်တော်တို့ တိုင်းအတွင်း လိုအပ်တဲ့ အခြားနေရာတွေမှာ သုံးစွဲခွင့်ရသွားမှာဖြစ်သလို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုသုံးစွဲနိုင်ခွင့်် ရသွားမှာဖြစ်ပါတယ်”လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

အဆိုပါမော်တော်ကားတွေဝယ်ယူနိုင်ဖို့ ပြည်ထောင်စုဝန်ကြီးဌာနနဲ့ ဆွေးနွေးနေပြီး ဗဟိုစက်ပစ္စည်း၊ စာရင်းအင်းနဲ့ စစ်ဆေးရေးဦးစီးဌာန(CESID)ကနေ ကားတွေထုတ်ပေးမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရက ကားတင်သွင်းသွားမှာဖြစ်ပြီး တိုင်းဒေသကြီးလွှတ်တော်ရဲ့ ပုဒ်မ (၁၄၁)အရ ဥပဒေကြမ်းကို အတည်ပြုမယ့်အချိန်မှသာ အများသဘောဆန္ဒနဲ့ အတည်ပြုရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အရင်အစိုးရအဖွဲ့ထံမှာ လက်ခံရရှိထားသည့် ကား ၁၂ စီးအနက် သုံးစီးသာ လတ်တလောအသုံးပြုပြီး ကျန်ကားတွေမှာ အသုံးပြုလို့ မရတာကြောင့် ဝန်ကြီးတွေစီးဖို့နဲ့ နိုင်ငံတကာခေါင်းဆောင် ဧည့်သည်တွေ လာရောက်ရင် လုံခြုံစွာစီးနင်းနိုင်ဖို့ Ford နဲ့ Toyota အမျိုးအစားတစ်မျိုးမျိုးကို တစ်စီးလျှင် ကျပ်သိန်း ၈၅၀ နဲ့ ၁၀ စီးဝယ်ယူရန် စီစဉ်ရတာဖြစ်တယ်လို့ ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်း က ပြောထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top