ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ကၽြန္ေတာ္ ဘတ္စ္ကားေပၚက ဆင္းလိုက္ေတာ့ ကၽြန္ေတာ့္ေဘာင္းဘီ ေနာက္အိတ္ကပ္ထဲက ပိုက္ဆံအိတ္ မရွိေတာ့ဘူး။ ခါးပိုက္အႏႈိက္ခံလိုက္ရျပီဆိုတာကို သိလိုက္တယ္။

ပိုက္ဆံအိတ္ထဲမွာ မွတ္ပံုတင္၊ ကားေမာင္းလိုင္စင္စတဲ့ အေရးၾကီးတာေတြ မပါပါဘူး။ နယ္မွာ ေနတဲ့ အေမ့ဆီကို ပို႔မယ့္ စာတစ္ေစာင္နဲ႔ ပိုက္ဆံ ၅ ေထာင္တန္တစ္ရြက္ပဲ ပါတယ္။ အေမ့ဆီ ပို႔မယ့္ စာထဲမွာ ခုလို ေရးထားပါတယ္။

‘အေမေရ၊ ဒီလအတြက္ အရင္လို ပိုက္ဆံတစ္ေသာင္း မပို႔ေပးနိုင္ေတာ့လို႔ ၅ ေထာင္ပဲ ပို႔ေပးနိုင္တာကို ေက်နပ္ပါ။ ကၽြန္ေတာ္ အလုပ္ျပဳတ္သြားလို႔ပါ’။

အမွန္က ဒီစာနဲ႔ ေငြကို ျပီးခဲ့တဲ့ တစ္ပတ္က စာတိုက္ကေန အေမ့ဆီကို ပို႔ဖို႔ပါ။ ဒါေပမဲ့ အေမ စိတ္မေကာင္းျဖစ္မွာစိုးလုိ႔ မပို႔ျဖစ္ေသးတာ အခုေတာ့ ခါးပိုက္ႏႈိက္ လက္ထဲ ပါသြားျပီ။

တကယ္ေတာ့ ခါးပိုက္နိႈက္ခံလိုက္ရတဲ့ ေငြ ၅ ေထာင္ဟာ အမ်ားၾကီး မဟုတ္ပါဘူး။ ဒါေပမဲ့ အခု အလုပ္မရွိတဲ့ ကၽြန္ေတာ့္အတြက္ေတာ့ ဒီပိုက္ဆံဟာ ၾကီးမားတဲ့ ဆံုးရႈံးမႈၾကီးပါပဲ။ ပိုျပီး စိတ္မေကာင္းျဖစ္ရတာက ဒီေငြ ၅ ေထာင္ကို အေမ့ဆီ မပို႔လိုက္ရဘဲ ခါးပိုက္ႏိႈက္ခံလိုက္ရတာပါ။ အေမ့ဆီကို ပိုက္ဆံ အျမန္ပို႔ဖို႔ ဘယ္လိုလုပ္ရမလဲဆိုတာကို ကၽြန္ေတာ္ အသည္းအသန္ စဥ္းစားေနပါတယ္။

တစ္ပတ္အၾကာမွာ အေမဆီက စာတစ္ေစာင္ ေရာက္လာတယ္။ ကၽြန္ေတာ္ စာကို ခ်က္ခ်င္း ဖြင့္္မဖတ္ရဲဘူး။ အေမ ပိုက္ဆံေတာင္းတဲ့စာ ျဖစ္ေနမွာ စိုးလို႔ပါ။ အားတင္းျပီး စာကို ဖြင့္ဖတ္ၾကည့္လိုက္ေတာ့ စာထဲမွာ ခုလို ေရးထားတာကို ဖတ္ရတယ္။

‘သားေရ၊ မင္းပို႔လိုက္တဲ့ ေငြတစ္ေသာင္း ရတယ္။ အေမလည္း အားလံုး အဆင္ေျပပါတယ္’ တဲ့။

အေမ့ဆီကို ေငြတစ္ေသာင္း ဘယ္သူပုိ႔လိုက္တယ္ဆိုတာကို ကၽြန္ေတာ္စဥ္းစားလို႔ မရဘူး။ ေနာက္တစ္ပတ္ၾကာျပန္ေတာ့ အေမ့ဆီက စာတစ္ေစာင္ ထပ္ေရာက္လာျပန္တယ္။ စာထဲမွာ ေရးထားတာက

‘သားေရ၊ အေမ စာတစ္ေစာင္ရတယ္။ အဲဒီစာထဲမွာ စာရြက္ေခါက္ေလးတစ္ခုပဲ ပါတယ္။ စာရြက္ေခါက္ေလးေပၚမွာ ‘အေမ့သားဆီကို ပို႔ေပးပါ’ လို႔ ေရးထားလို႔ အေမ ဖတ္မၾကည့္ဘဲ စာရြက္ေခါက္ကို သားဆီကို ပို႔လိုက္တယ္’ တဲ့။

ကၽြန္ေတာ္ စာရြက္ေခါက္ကို ဖြင့္ဖတ္ၾကည့္လိုက္တယ္။ စာထဲမွာ ဒီလိုေရးထားတယ္။

“မင္းအေမဆီ ေငြတစ္ေသာင္းပို႔လိုက္တာ ငါပါ။ မင္းပို႔မယ့္ ပိုက္ဆံ ၅ ေထာင္ကို ငါ့ပိုက္ဆံ ၅ ေထာင္ ထပ္ျဖည့္ေပးလိုက္ပါတယ္။ မင္းအေမကို ပိုက္ဆံမရွိဘဲ ခ်ိဳ႔ခ်ိဳ႕တဲ့တဲ့ မေနေစခ်င္လို႔ပါ။ အလုပ္တစ္ခု အျမန္ဆံုး ရေအာင္ ရွာျပီး မင္းအေမကို ေစာင့္ေရွာက္လိုက္ပါ။ ငါ မင္းပိုက္ဆံကို ခါးပိုက္နႈိက္ခဲ့သူပါ”

ခါးပိုက္နိႈက္ကို လူဆိုးလို႔ ေျပာရမွာ ျဖစ္ေပမယ့္ သူ႔မွာလည္း အေမကို ခ်စ္တတ္တဲ့ နွလံုးသား ရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဗန္းေမာ္သိန္းေဖ
# Unicode Version ျဖင့္ ဖတ္ပါ #
ကျွန်တော် ဘတ်စ်ကားပေါ်က ဆင်းလိုက်တော့ ကျွန်တော့်ဘောင်းဘီ နောက်အိတ်ကပ်ထဲက ပိုက်ဆံအိတ် မရှိတော့ဘူး။ ခါးပိုက်အနှိုက်ခံလိုက်ရပြီဆိုတာကို သိလိုက်တယ်။

ပိုက်ဆံအိတ်ထဲမှာ မှတ်ပုံတင်၊ ကားမောင်းလိုင်စင်စတဲ့ အရေးကြီးတာတွေ မပါပါဘူး။ နယ်မှာ နေတဲ့ အမေ့ဆီကို ပို့မယ့် စာတစ်စောင်နဲ့ ပိုက်ဆံ ၅ ထောင်တန်တစ်ရွက်ပဲ ပါတယ်။ အမေ့ဆီ ပို့မယ့် စာထဲမှာ ခုလို ရေးထားပါတယ်။

‘အမေရေ၊ ဒီလအတွက် အရင်လို ပိုက်ဆံတစ်သောင်း မပို့ပေးနိုင်တော့လို့ ၅ ထောင်ပဲ ပို့ပေးနိုင်တာကို ကျေနပ်ပါ။ ကျွန်တော် အလုပ်ပြုတ်သွားလို့ပါ’။

အမှန်က ဒီစာနဲ့ ငွေကို ပြီးခဲ့တဲ့ တစ်ပတ်က စာတိုက်ကနေ အမေ့ဆီကို ပို့ဖို့ပါ။ ဒါပေမဲ့ အမေ စိတ်မကောင်းဖြစ်မှာစိုးလို့ မပို့ဖြစ်သေးတာ အခုတော့ ခါးပိုက်နှိုက် လက်ထဲ ပါသွားပြီ။

တကယ်တော့ ခါးပိုက်နှိုက်ခံလိုက်ရတဲ့ ငွေ ၅ ထောင်ဟာ အများကြီး မဟုတ်ပါဘူး။ ဒါပေမဲ့ အခု အလုပ်မရှိတဲ့ ကျွန်တော့်အတွက်တော့ ဒီပိုက်ဆံဟာ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပါပဲ။ ပိုပြီး စိတ်မကောင်းဖြစ်ရတာက ဒီငွေ ၅ ထောင်ကို အမေ့ဆီ မပို့လိုက်ရဘဲ ခါးပိုက်နှိုက်ခံလိုက်ရတာပါ။ အမေ့ဆီကို ပိုက်ဆံ အမြန်ပို့ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို ကျွန်တော် အသည်းအသန် စဉ်းစားနေပါတယ်။

တစ်ပတ်အကြာမှာ အမေဆီက စာတစ်စောင် ရောက်လာတယ်။ ကျွန်တော် စာကို ချက်ချင်း ဖွင့်မဖတ်ရဲဘူး။ အမေ ပိုက်ဆံတောင်းတဲ့စာ ဖြစ်နေမှာ စိုးလို့ပါ။ အားတင်းပြီး စာကို ဖွင့်ဖတ်ကြည့်လိုက်တော့ စာထဲမှာ ခုလို ရေးထားတာကို ဖတ်ရတယ်။

‘သားရေ၊ မင်းပို့လိုက်တဲ့ ငွေတစ်သောင်း ရတယ်။ အမေလည်း အားလုံး အဆင်ပြေပါတယ်’ တဲ့။

အမေ့ဆီကို ငွေတစ်သောင်း ဘယ်သူပို့လိုက်တယ်ဆိုတာကို ကျွန်တော်စဉ်းစားလို့ မရဘူး။ နောက်တစ်ပတ်ကြာပြန်တော့ အမေ့ဆီက စာတစ်စောင် ထပ်ရောက်လာပြန်တယ်။ စာထဲမှာ ရေးထားတာက

‘သားရေ၊ အမေ စာတစ်စောင်ရတယ်။ အဲဒီစာထဲမှာ စာရွက်ခေါက်လေးတစ်ခုပဲ ပါတယ်။ စာရွက်ခေါက်လေးပေါ်မှာ ‘အမေ့သားဆီကို ပို့ပေးပါ’ လို့ ရေးထားလို့ အမေ ဖတ်မကြည့်ဘဲ စာရွက်ခေါက်ကို သားဆီကို ပို့လိုက်တယ်’ တဲ့။

ကျွန်တော် စာရွက်ခေါက်ကို ဖွင့်ဖတ်ကြည့်လိုက်တယ်။ စာထဲမှာ ဒီလိုရေးထားတယ်။

“မင်းအမေဆီ ငွေတစ်သောင်းပို့လိုက်တာ ငါပါ။ မင်းပို့မယ့် ပိုက်ဆံ ၅ ထောင်ကို ငါ့ပိုက်ဆံ ၅ ထောင် ထပ်ဖြည့်ပေးလိုက်ပါတယ်။ မင်းအမေကို ပိုက်ဆံမရှိဘဲ ချို့ချို့တဲ့တဲ့ မနေစေချင်လို့ပါ။ အလုပ်တစ်ခု အမြန်ဆုံး ရအောင် ရှာပြီး မင်းအမေကို စောင့်ရှောက်လိုက်ပါ။ ငါ မင်းပိုက်ဆံကို ခါးပိုက်နှိုက်ခဲ့သူပါ”

ခါးပိုက်နှိုက်ကို လူဆိုးလို့ ပြောရမှာ ဖြစ်ပေမယ့် သူ့မှာလည်း အမေကို ချစ်တတ်တဲ့ နှလုံးသား ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဗန်းမော်သိန်းဖေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top