iMyanmarHouse.com - Best Property Website for Myanmar
×

South Wales က မိသားစုတစ္ခုဟာ မေကာင္းဆိုးဝါးေပါက္စတစ္ေကာင္ေႏွာက္ယွက္မႈကိုခံခဲ့ရပါတယ္ ။

မႏွစ္က ေဟာလိုးဝင္းျပီးခဲ့အခ်ိန္ပုိင္းေလာက္စျပီးေတာ့ Fry မိသားစုရဲ႕အိမ္မွာ မေကာင္းဆိုးဝါးက စတင္ေႏွာက္ယွက္ခဲ့တာပဲျဖစ္တယ္ ။ အသက္ ၄၆ ႏွစ္အရြယ္ ကေလးေတြရဲ႕အေမ Tracey ဟာ မနက္ႏိုးထတုိင္းမွာ ခႏၶာကိုယ္ေပၚမွာ အစင္းရာေတြေတြ႕ရွိရပါတယ္ ။ သူနဲ႕ ၃၂ ႏွစ္အရြယ္သူ႕ခင္ပြန္း Kerion ကေတာ့ ဒီထူးဆန္းတဲ့ ျခစ္ရာေတြဟာ မေကာင္းဆိုးဝါးေၾကာင့္လုိ႕ပဲယံုၾကည္ထားၾကပါတယ္ ။

“ကြ်န္ေတာ္မိန္းမအိပ္ယာဝင္သြားတုန္းကအေကာင္းအတိုင္းပါပဲ ။ ညဘက္ေတြမွာလည္းဘယ္လိုမွမျဖစ္ေပမယ့္ မနက္ႏုိးလာတဲ့အခါမွာေတာ့ သူေဒါသထြက္ေနပါတယ္ ။ ေနာက္တစ္ေန႕ ကြ်န္ေတာ္ႏိုးလာေတာ့ ကြ်န္ေတာ္မလုပ္တဲ့အေၾကာင္းသူ႕ကုိေျပာျပခဲ့ပါတယ္ ။ ကြ်န္ေတာ့္အမ်ိဳးသမီးကုိ ကြ်န္ေတာ္ဘယ္ေတာ့မွရိုက္မွာမဟုတ္ပါဘူး” လုိ႕ေျပာၾကားခဲ့ပါတယ္ ။

လင္မယားႏွစ္ေယာက္တင္မကပါဘူး..သူတုိ႕ကေလးသံုးေယာက္ပါ ဒီကိစၥကုိရင္ဆုိင္ေနရတာပါ ။ တကယ္ေတာ့ Kerion ဟာ သူ႕သားအိပ္ခန္းထဲက မေကာင္းဆိုးဝါးကို ဓါတ္ပံုရိုက္ယူခဲ့ႏုိင္ပါတယ္ ။ ဒီပံုဟာ ဂါဝန္ျဖဴဝတ္ထားတဲ့ အျပာေရာင္မ်က္ႏွာနဲ႕ အျမွီးပါတဲ့မေကာင္းဆိုးဝါးေလး လုိ႕သူယံုၾကည္ထားပါတယ္ ။

မဖိတ္ေခၚတဲ့ဧည့္သည္ေလးက-

“မင္းမိဘေတြကိုလည္ျဖတ္ပစ္မယ္” လုိ႕ကေလးေတြကိုေျပာခဲ့တဲ့အခ်ိန္မွာေတာ့
တေစၦႏွင္တဲ့သူေတြရဲ႕အကူအညီကိုယူဖုိ႕ဆံုးျဖတ္လိုက္ပါေတာ့တယ္

မေကာင္းဆိုးဝါးဝိညာဥ္ေတြကုိေမာင္းထုတ္ဖုိ႕အတြက္ ဒီလင္မယားဟာ Robert Amour ဆိုတဲ့သူကုိ ေပါင္ ၁၀၀ ေပးငွားရမ္းခဲ့ျပီး သူတုိ႕ရဲ႕အိမ္ကုိ သန္႕စင္ေစခဲ့ပါတယ္ ။

Mr.Amour ဟာ မိသားစုကုိေျခာက္လွန္႕ေနတဲ့တေစၦႏွစ္ေကာင္ကုိေမာင္းထုတ္ႏုိင္ခဲ့ပါတယ္..
ဒါေပမယ့္လည္း ကံဆိုးစြာပဲ တတိယတေစၦျဖစ္တဲ့ တေစၦေပါက္စေလးတစ္ေကာင္က်န္ေနခဲ့ပါတယ္

သဘာဝလြန္ကိစၥေတြကို စစ္ေဆးတဲ့သူေတြက ကြ်န္ေတာ္တို႕အိမ္မွာ မေကာင္းဆိုးဝါးေပါက္စတစ္ေကာင္ရွိေနတယ္လုိ႕ေျပာပါတယ္ ။ မေကာင္းဆိုးဝါးေပါက္စေတြဟာ အဆိုးဆံုးဝိညာဥ္ေတြပါပဲ ။ အိမ္မွာရွိတဲ့မေကာင္းဆိုးဝါးသံုးေကာင္မွာ ႏွစ္ေကာင္က အဓိကမေကာင္းဆိုးဝါးေလးကုိ ကူညီေပးျပီး ကြ်န္ေတာ္တုိ႕ကို စိတ္ရွဳပ္ေအာင္လုပ္ေနခဲ့တာပါ လုိ႕ Kerion ကေျပာၾကားခဲ့ပါတယ္ ။

ေနာက္ဆံုးမွာေတာ့ Fry မိသားစုဟာ Stepson Nicholas Bush ထံသြားေရာက္အကူအညီေတာင္းခံခဲ့ပါတယ္ ။ Bush ဟာ Ouija Board ကုိအသံုးျပဳျပီးေတာ့ ေနာက္ဆံုးက်န္ေနတဲ့ မေကာင္းဆိုးဝါးေပါက္စေလးကို အိမ္ကေနဖယ္ထုတ္ေပးႏုိင္ခဲ့ပါတယ္ ။

ကံေကာင္းစြာပဲ အဲ့ဒီေနာက္ပုိင္းမွာေတာ့ မေကာင္းဆုိးဝါးအႏၱရာယ္ထပ္မၾကံဳေတြ႕ၾကေတာ့ပါဘူး .။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Min Thu ( Daily Hot News )
# Unicode Version ျဖင့္ ဖတ္ပါ #
South Wales က မိသားစုတစ်ခုဟာ မကောင်းဆိုးဝါးပေါက်စတစ်ကောင်နှောက်ယှက်မှုကိုခံခဲ့ရပါတယ် ။

မနှစ်က ဟောလိုးဝင်းပြီးခဲ့အချိန်ပိုင်းလောက်စပြီးတော့ Fry မိသားစုရဲ့အိမ်မှာ မကောင်းဆိုးဝါးက စတင်နှောက်ယှက်ခဲ့တာပဲဖြစ်တယ် ။ အသက် ၄၆ နှစ်အရွယ် ကလေးတွေရဲ့အမေ Tracey ဟာ မနက်နိုးထတိုင်းမှာ ခန္ဓာကိုယ်ပေါ်မှာ အစင်းရာတွေတွေ့ရှိရပါတယ် ။ သူနဲ့ ၃၂ နှစ်အရွယ်သူ့ခင်ပွန်း Kerion ကတော့ ဒီထူးဆန်းတဲ့ ခြစ်ရာတွေဟာ မကောင်းဆိုးဝါးကြောင့်လို့ပဲယုံကြည်ထားကြပါတယ် ။

“ကျွန်တော်မိန်းမအိပ်ယာဝင်သွားတုန်းကအကောင်းအတိုင်းပါပဲ ။ ညဘက်တွေမှာလည်းဘယ်လိုမှမဖြစ်ပေမယ့် မနက်နိုးလာတဲ့အခါမှာတော့ သူဒေါသထွက်နေပါတယ် ။ နောက်တစ်နေ့ ကျွန်တော်နိုးလာတော့ ကျွန်တော်မလုပ်တဲ့အကြောင်းသူ့ကိုပြောပြခဲ့ပါတယ် ။ ကျွန်တော့်အမျိုးသမီးကို ကျွန်တော်ဘယ်တော့မှရိုက်မှာမဟုတ်ပါဘူး” လို့ပြောကြားခဲ့ပါတယ် ။

လင်မယားနှစ်ယောက်တင်မကပါဘူး..သူတို့ကလေးသုံးယောက်ပါ ဒီကိစ္စကိုရင်ဆိုင်နေရတာပါ ။ တကယ်တော့ Kerion ဟာ သူ့သားအိပ်ခန်းထဲက မကောင်းဆိုးဝါးကို ဓါတ်ပုံရိုက်ယူခဲ့နိုင်ပါတယ် ။ ဒီပုံဟာ ဂါဝန်ဖြူဝတ်ထားတဲ့ အပြာရောင်မျက်နှာနဲ့ အမြှီးပါတဲ့မကောင်းဆိုးဝါးလေး လို့သူယုံကြည်ထားပါတယ် ။

မဖိတ်ခေါ်တဲ့ဧည့်သည်လေးက-

“မင်းမိဘတွေကိုလည်ဖြတ်ပစ်မယ်” လို့ကလေးတွေကိုပြောခဲ့တဲ့အချိန်မှာတော့
တစ္ဆေနှင်တဲ့သူတွေရဲ့အကူအညီကိုယူဖို့ဆုံးဖြတ်လိုက်ပါတော့တယ်

မကောင်းဆိုးဝါးဝိညာဉ်တွေကိုမောင်းထုတ်ဖို့အတွက် ဒီလင်မယားဟာ Robert Amour ဆိုတဲ့သူကို ပေါင် ၁၀၀ ပေးငှားရမ်းခဲ့ပြီး သူတို့ရဲ့အိမ်ကို သန့်စင်စေခဲ့ပါတယ် ။

Mr.Amour ဟာ မိသားစုကိုခြောက်လှန့်နေတဲ့တစ္ဆေနှစ်ကောင်ကိုမောင်းထုတ်နိုင်ခဲ့ပါတယ်..
ဒါပေမယ့်လည်း ကံဆိုးစွာပဲ တတိယတစ္ဆေဖြစ်တဲ့ တစ္ဆေပေါက်စလေးတစ်ကောင်ကျန်နေခဲ့ပါတယ်

သဘာဝလွန်ကိစ္စတွေကို စစ်ဆေးတဲ့သူတွေက ကျွန်တော်တို့အိမ်မှာ မကောင်းဆိုးဝါးပေါက်စတစ်ကောင်ရှိနေတယ်လို့ပြောပါတယ် ။ မကောင်းဆိုးဝါးပေါက်စတွေဟာ အဆိုးဆုံးဝိညာဉ်တွေပါပဲ ။ အိမ်မှာရှိတဲ့မကောင်းဆိုးဝါးသုံးကောင်မှာ နှစ်ကောင်က အဓိကမကောင်းဆိုးဝါးလေးကို ကူညီပေးပြီး ကျွန်တော်တို့ကို စိတ်ရှုပ်အောင်လုပ်နေခဲ့တာပါ လို့ Kerion ကပြောကြားခဲ့ပါတယ် ။

နောက်ဆုံးမှာတော့ Fry မိသားစုဟာ Stepson Nicholas Bush ထံသွားရောက်အကူအညီတောင်းခံခဲ့ပါတယ် ။ Bush ဟာ Ouija Board ကိုအသုံးပြုပြီးတော့ နောက်ဆုံးကျန်နေတဲ့ မကောင်းဆိုးဝါးပေါက်စလေးကို အိမ်ကနေဖယ်ထုတ်ပေးနိုင်ခဲ့ပါတယ် ။

ကံကောင်းစွာပဲ အဲ့ဒီနောက်ပိုင်းမှာတော့ မကောင်းဆိုးဝါးအန္တရာယ်ထပ်မကြုံတွေ့ကြတော့ပါဘူး .။

ဖိုးသူတော် (www.phothutaw.com)
Credit: Min Thu ( Daily Hot News )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top