ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ေလယာဥ္ေပၚမွာ အဖိုးအိုတစ္ဦးကို အန္ကယ္ႀကီးက ဦးညြန္႔ဝင္း ႀကီးလားခင္ဗ်ာ လို႔ သြားၿပီး မိတ္ဆက္လုိက္ေသာအခါ

အိုဇာတာ ေကာင္းသူ ။

ဒီေန႔ ေလယာဥ္ ေပၚ မွာ ႐ုပ္ရွင္မင္းသားႀကီး ဦး ၫြန္႔ဝင္း နဲ႔ အတူတူ စီးရတယ္ဗ် ။

အစ ကေတာ့ မမွတ္မိပါဘူး ။ ဦးထုတ္ ခပ္ငိုက္ငိုက္ေဆာင္းထားတာ လဲ ပါမယ္ထင္ တယ္။

လင္မယား ၂ ေယာက္ ေအးေအးေဆးေဆး၂ ေယာက္ ထဲ ဘန္ေကာက္ ေလယာဥ္ စီးလာၾကတာ ။ ေလယာဥ္ ေပၚ မွာ ေျခဆန္႔ လက္ဆန္႔လုပ္ ငိုက္ေနတဲ႔ အဖိုးအို ကို ျမင္ဘူး ပါတယ္ လို႔ေသေသျခာ ျခာ ျကည့္လိုက္မွ ဦးညြန္႔ဝင္း ျကီးျဖစ္ေနတာ ဗ် ။ ဝမ္းသာ လိုက္တာဗ်ာ ။ က်ေနာ့္ အိုင္ေဒါလ္ ျကီး ကို သြား ျပီ ႏႈတ္ဆက္ လိုက္ပါတယ္ ။

အန္ကယ္ျကီး က ဦးညြန္႔ဝင္း ျကီးလား ခင္ဗ်ာ လို႔ ။ သြား မိတ္ဆက္တာ အသံ ေတြ ေတာင္ တုန္ေနတယ္။အခုေခတ္ မင္းသမီး ေအးေသာင္း တို႔သင္ဇာ ေလးတို႔ေတြ႔ ရင္ေတာင္ ဒီေလာက္ စိတ္လႈပ္ ရွား မွာ မဟုတ္ဘူး ။

ေမာ့ျကည့္ လိုက္တဲ႔ အျကည့္ ေတြ က ေျကြေလာက္တယ္ဗ်ာ ။ အဖိုးအုိ တစ္ေယာက္ က သူ႔ ကို မွတ္မိေသးတယ္ ဆိုတာ သိလိုက္ လို႔ ဝမ္းသာ သြား တဲ့ မ်က္ဝန္းေတြ ။ သိတယ္ မဟုတ္လား ။ ဦးညြန္႔ဝင္း ျကီး ကဒီ မ်က္လံုး ဒီ အျပံဳး ေတြ နဲ႔ သန္းေပါင္း မ်ားစြာ ေသာလူေတြ ရဲ႔ အသည္း ႏွလံုး ကို ဆြဲ ယူ ခဲ႔တာ ေလ ။

ဟုတ္တယ္ ဗ် တဲ႔ ။ လက္ဆြဲ ႏႈတ္ဆက္ ရွာပါတယ္ ။ နူညံ႔ လိုက္တဲ႔ လက္ေတြ ဗ်ာ ။ ေအးခ်မ္း လိုက္တဲ႔မ်က္ႏွာ ။ ျကည္ညဳိ စရာ ျကီးဗ် ။ အန္ကယ္ျကီး ရဲ႔ရုပ္ရွင္ ေတြ နဲ႔ က်ေနာ္ တို႔ လူ ျဖစ္လာ တာ ပါ ခင္ဗ်ာ။

ဟို တေန႔ က ေတာင္ အန္ကယ္ သရုပ္ေဆာင္ ခဲ႔တဲ႔ ေရႊခ်ည္ ေငြ ခ်ည္ တန္းပါလို႔ ကား ထဲ က စစ္ဗိုလ္ျကီးအိုင္တင္ ကို သတိရ လြန္းလို႔ အမွတ္တရ ေဖ့စ္ဘုတ္ မွာက်ေနာ္ ေရးပါေသး တယ္ လို႔ ။ ဒီ တခါေတာ့ က်ေနာ့္အေျပာ မွာ ဦးညြန္႔ဝင္း ျကီး ေျကြ ဆင္း သြားပါတယ္ ။

ေက်းဇူး တင္ လိုက္တာ ဗ်ာ တဲ႔ ။ က်ေနာ့္ ကို အမွတ္ရေသးလို႔ ဝမ္းသာ လိုက္တာဗ်ာ တဲ႔ ။ အသံေတြ ေတာင္တုန္ေနတာ ပါ ။ အမွတ္ရ တာ ေပါ့ အန္ကယ္ရယ္ ။သန္းေပါင္း မ်ားစြာ ေသာ ျမန္မာ ျပည္သူ ေတြ ကအန္ကယ္ျကီး ဦးညြန္႔ဝင္း ကို ခ်စ္ျခင္း မ်ားစြာ နဲ႔ အမွတ္ရေနတာ ပါလို႔ ။ အန္ကယ္ျကီး အသက္ရွည္ အနာမဲ႔ပါေစ လို႔ ရင္ထဲ က လႈိက္လႈိက္ လွဲလွဲ ဆုေတာင္း မိပါတယ္ ။ ျပည္သူ မ်ားစြာ ကလည္း ထပ္တူ ဆုေတာင္းေနျက မွာ ပါ ။

အိုဇာ တာ ေကာင္း လွ တဲ့ အန္ကယ္ျကီး ဦးညြန္႔ဝင္း ပါပဲ ။

ဒါနဲ႔ တဆက္ တစပ္တည္း မေန႔ တေန႔ က မွ ဖဘ မွာတက္လာ တဲ႔ စစ္ေခါင္းေဆာင္ ေဟာင္း အဖိုးအိုတစ္ေယာက္ ကို ျပည္သူ အမ်ား က ေမတၱာ ေတြ ပို႔ ေနျကတာ ကို လည္း အမွတ္ရ ေနမိပါတယ္ ။

က်ေနာ္ လဲ အိုမင္း မစြမ္း ျဖစ္လာ ရင္ အန္ကယ္ျကီးဦးညြန္႔ဝင္း လို အို ခ်င္ပါတယ္ ။ အို ဇာတာ ေကာင္းခ်င္ပါတယ္ လို႔ အထပ္ထပ္ ဆုေတာင္း ေနမိတယ္ ။

ဆုေတာင္း ရုံ နဲ႔ ေတာ့ မရ ဘူး ဗ် ။ စိန္တလံုး သရက္သီးစားခ်င္ရင္ စိန္တလံုး သရက္ ပင္ စိုက္မွ ရ ပါလိမ့္မယ္။

စဥ္းစား ျကေပါ့ေလ ။ ကိုယ္ ဘယ္ လို အုိ ခ်င္တယ္ ဆိုတာ ။ အခ်ိန္ မွီ ပါ ေသးတယ္ ေနာ ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  zarni zeya

#Unicode Version#
 လေယာဉ်ပေါ်မှာ အဖိုးအိုတစ်ဦးကို အန်ကယ်ကြီးက ဦးညွန့်ဝင်း ကြီးလားခင်ဗျာ လို့ သွားပြီး မိတ်ဆက်လိုက်သောအခါ

အိုဇာတာ ကောင်းသူ ။

ဒီနေ့ လေယာဉ် ပေါ် မှာ ရုပ်ရှင်မင်းသားကြီး ဦး ညွန့်ဝင်း နဲ့ အတူတူ စီးရတယ်ဗျ ။

အစ ကတော့ မမှတ်မိပါဘူး ။ ဦးထုတ် ခပ်ငိုက်ငိုက်ဆောင်းထားတာ လဲ ပါမယ်ထင် တယ်။

လင်မယား ၂ ယောက် အေးအေးဆေးဆေး၂ ယောက် ထဲ ဘန်ကောက် လေယာဉ် စီးလာကြတာ ။ လေယာဉ် ပေါ် မှာ ခြေဆန့် လက်ဆန့်လုပ် ငိုက်နေတဲ့ အဖိုးအို ကို မြင်ဘူး ပါတယ် လို့သေသေခြာ ခြာ ကြည့်လိုက်မှ ဦးညွန့်ဝင်း ကြီးဖြစ်နေတာ ဗျ ။ ဝမ်းသာ လိုက်တာဗျာ ။ ကျနော့် အိုင်ဒေါလ် ကြီး ကို သွား ပြီ နှုတ်ဆက် လိုက်ပါတယ် ။

အန်ကယ်ကြီး က ဦးညွန့်ဝင်း ကြီးလား ခင်ဗျာ လို့ ။ သွား မိတ်ဆက်တာ အသံ တွေ တောင် တုန်နေတယ်။အခုခေတ် မင်းသမီး အေးသောင်း တို့သင်ဇာ လေးတို့တွေ့ ရင်တောင် ဒီလောက် စိတ်လှုပ် ရှား မှာ မဟုတ်ဘူး ။

မော့ကြည့် လိုက်တဲ့ အကြည့် တွေ က ကြွေလောက်တယ်ဗျာ ။ အဖိုးအို တစ်ယောက် က သူ့ ကို မှတ်မိသေးတယ် ဆိုတာ သိလိုက် လို့ ဝမ်းသာ သွား တဲ့ မျက်ဝန်းတွေ ။ သိတယ် မဟုတ်လား ။ ဦးညွန့်ဝင်း ကြီး ကဒီ မျက်လုံး ဒီ အပြုံး တွေ နဲ့ သန်းပေါင်း များစွာ သောလူတွေ ရဲ့ အသည်း နှလုံး ကို ဆွဲ ယူ ခဲ့တာ လေ ။

ဟုတ်တယ် ဗျ တဲ့ ။ လက်ဆွဲ နှုတ်ဆက် ရှာပါတယ် ။ နူညံ့ လိုက်တဲ့ လက်တွေ ဗျာ ။ အေးချမ်း လိုက်တဲ့မျက်နှာ ။ ကြည်ညို စရာ ကြီးဗျ ။ အန်ကယ်ကြီး ရဲ့ရုပ်ရှင် တွေ နဲ့ ကျနော် တို့ လူ ဖြစ်လာ တာ ပါ ခင်ဗျာ။

ဟို တနေ့ က တောင် အန်ကယ် သရုပ်ဆောင် ခဲ့တဲ့ ရွှေချည် ငွေ ချည် တန်းပါလို့ ကား ထဲ က စစ်ဗိုလ်ကြီးအိုင်တင် ကို သတိရ လွန်းလို့ အမှတ်တရ ဖေ့စ်ဘုတ် မှာကျနော် ရေးပါသေး တယ် လို့ ။ ဒီ တခါတော့ ကျနော့်အပြော မှာ ဦးညွန့်ဝင်း ကြီး ကြွေ ဆင်း သွားပါတယ် ။

ကျေးဇူး တင် လိုက်တာ ဗျာ တဲ့ ။ ကျနော့် ကို အမှတ်ရသေးလို့ ဝမ်းသာ လိုက်တာဗျာ တဲ့ ။ အသံတွေ တောင်တုန်နေတာ ပါ ။ အမှတ်ရ တာ ပေါ့ အန်ကယ်ရယ် ။သန်းပေါင်း များစွာ သော မြန်မာ ပြည်သူ တွေ ကအန်ကယ်ကြီး ဦးညွန့်ဝင်း ကို ချစ်ခြင်း များစွာ နဲ့ အမှတ်ရနေတာ ပါလို့ ။ အန်ကယ်ကြီး အသက်ရှည် အနာမဲ့ပါစေ လို့ ရင်ထဲ က လှိုက်လှိုက် လှဲလှဲ ဆုတောင်း မိပါတယ် ။ ပြည်သူ များစွာ ကလည်း ထပ်တူ ဆုတောင်းနေကြ မှာ ပါ ။

အိုဇာ တာ ကောင်း လှ တဲ့ အန်ကယ်ကြီး ဦးညွန့်ဝင်း ပါပဲ ။

ဒါနဲ့ တဆက် တစပ်တည်း မနေ့ တနေ့ က မှ ဖဘ မှာတက်လာ တဲ့ စစ်ခေါင်းဆောင် ဟောင်း အဖိုးအိုတစ်ယောက် ကို ပြည်သူ အများ က မေတ္တာ တွေ ပို့ နေကြတာ ကို လည်း အမှတ်ရ နေမိပါတယ် ။

ကျနော် လဲ အိုမင်း မစွမ်း ဖြစ်လာ ရင် အန်ကယ်ကြီးဦးညွန့်ဝင်း လို အို ချင်ပါတယ် ။ အို ဇာတာ ကောင်းချင်ပါတယ် လို့ အထပ်ထပ် ဆုတောင်း နေမိတယ် ။

ဆုတောင်း ရုံ နဲ့ တော့ မရ ဘူး ဗျ ။ စိန်တလုံး သရက်သီးစားချင်ရင် စိန်တလုံး သရက် ပင် စိုက်မှ ရ ပါလိမ့်မယ်။

စဉ်းစား ကြပေါ့လေ ။ ကိုယ် ဘယ် လို အို ချင်တယ် ဆိုတာ ။ အချိန် မှီ ပါ သေးတယ် နော ။
ဖိုးသူတော် (www.phothutaw.com)
Credit:  zarni zeya
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top