iMyanmarHouse.com - Best Property Website for Myanmar
×
# Unicode Version ဖြင့် ဖတ်ပါ #
ဒေးဗစ်ပန်ဒရာဂွန်ဆိုတဲ့ အမျိုးသားတယောက် သူ့ရဲ့ ကြောင်ချစ်တက်တဲ့ တူလေး နေ့လည်စာ ထမင်းဘူးအရောင်နဲ့ကြောင်ပုံဒီဇိုင်းလေးကြောင့် ကျောင်းမှာ ကျောင်းသားကောင်လေးတချို့ရဲ့ ဝိုင်းပြီး လှောင်ပြောင်စနောက်ခံခဲ့ရပုံကို Facebook စာမျက်နှာမှာ ရင်ဖွင့်လာခဲ့ပါတယ်။
ရိုင်ကာဆိုတဲ့ အသက် ၁၀ နှစ်အရွယ်ကောင်လေးဟာ ဦးလေးဖြစ်သူဝယ်ပေးထားတဲ့ ထမင်းဘူးကြောင့် ကျောင်းမှာ လှောင်ပြောင်စနောက်ခံရပါတယ်။ အဲဒီအတွက် ဦးလေးဖြစ်သူ ဒေးဗစ်တယောက် ဒီလှောင်ပြောင်မှုတွေကိုတုန့်ပြန်ဖို့ အကောင်းဆုံးနည်းလမ်းကို စဉ်းစားရှာဖွေပါတော့တယ်။အဲဒါကတော့ သူကိုယ်တိုင်လည်း ဒီလိုရောင်စုံလှပတဲ့ထမင်းဘူးလေးဝယ်ပြီး အလုပ်သွားတဲ့အခါ ထည့်သွားရင်း ယောကျ်ားလေးတွေလည်း သူတို့စိတ်ထဲရှိရာ သဘောကျနိုင်တယ်ဆိုပြီး ပြသခဲ့ပါတယ်။
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဒေးဗစ်ဟာ Facebook စာမျက်နှာမှာ ရင်ဖွင့်ထားရာမှာ လူအတော်များများကလည်း ထောက်ခံခဲ့ကြပြီး ဒီလို ရောင်စုံထမင်းဘူးလေးတွေကို ဝယ်ယူအသုံးပြုခဲ့ကြပါတယ်။
အခုဆို ဒီထမင်းဘူးလေးတွေ ရောင်းကုန်သွားတာ နှစ်ကြိမ်တိတိရှိသွားပါပြီ။ တချို့တွေကလည်း ရိုင်ကာကို ဒီလှောင်ပြောင်တာတွေကို လျစ်လျူရှုဖို့ ဝိုင်းပြီး အားပေးထားကြသလို ဦးလေးဖြစ်သူရဲ့ စိတ်ထားကိုလည်း ဝိုင်းပြီး ချီးကျူးထားကြပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:  ksm (MyanmarNote)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top