မြန်မာပြည်၏ အကောင်းဆုံးကွန်ဒိုတစ်ခုဖြစ်တဲ့ Skysuites ကွန်ဒိုအရောင်းပြပွဲ
×







Credit: လပ်ကီးမြန်မာ
# Unicode Version ဖြင့် ဖတ်ပါ #
မြန်မာ – ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၊ ဒွိုင်းနန်းနွန်းတောင်ခြေအနီး ထမ့်လွမ်လှိုဏ်ဂူထဲသို့ ဝင်ရောက်သွားသူ လူငယ်(၁၃)ဦးနှင့် ပတ်သက်၍

မိုင်းဖုန်းဆရာတော်ကြီးမှ ဇွန်လ(၂၉)ရက်နေ့တွင် ကြွရောက်ကာ မေတ္တာပို့အမျှဝေပေးမည်ဟု ဆရာတော်ကြီး၏ တပည့်ဒါယကာများထံက သိရသည်။

အပြောင်းအလဲ နှင့်အတူ အချိန် နှင့် နေ့ရက် ထပ်မံ အတည်ပြုပါက အသိပေးသွားပါမည်။

အဆိုပါဂူသို့ မိုင်းဖုန်းဆရာတော်မှ ယခုဖြစ်စဉ် ဖြစ်ပွားသည်ကစ၍ မကြွရောက်ရသေးပါ။

မြန်မာ – ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ(မြောက်ပိုင်း)၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ပုံဖာရပ်ကွက်ရှိ ဒွိုင်းနန်းနွန်းတောင်ခြေ အနီး ဇွန်လ (၂၃)ရက်နေ့ ကတည်းက လူငယ်(၁၃)ဦး ပိတ်မိနေသည့် ဂူအတွင်း ရှာဖွေကယ်ဆယ်မှု လုပ်ငန်းများကို နည်းလမ်းများစွာဖြင့် ဇွန်လ(၂၃)ရက်နေ့ ညပိုင်းကတည်းကစ၍ ယနေ့ ဇွန်လ(၂၈)ရက်နေ့ ထိုင်းစံတော်ချိန် ည(၁၀)နာရီကျော် ရှာဖွေမှုများ ပြုလုပ်နေလျက်ရှိရာ လူငယ်(၁၃)ဦးအား ရှာဖွေတွေ့ရှိရခြင်း မရှိသေးသဖြင့် ရှာဖွေကယ်ဆယ်မှုများကို ဆက်လက်လုပ်ဆောင်နေလျက်ရှိသည်။

#TachileikNewsAgency #TachileikNewsAgencyUpdate #TNAUpdate

ဖိုးသူတော် (www.phothutaw.com)
Credit: လပ်ကီးမြန်မာ
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top