×

သာေကတၿမိဳ႕နယ္ရွိ တိုက္ခန္းေလးလႊာေပၚမွ အိမ္အ ကူမိန္းကေလး ျပဳတ္က်မႈသည္ အိမ္ရွင္က အဓမၼျပဳက်င့္ရန္ႀကံ စည္၍ အဆိပ္တိုက္ကာ ျပတင္း ေပါက္မွ တြန္းခ်ခဲ့ျခင္းျဖစ္သည္ ဟု တိုင္တန္းသျဖင့္ အိမ္ရွင္အမ်ိဳး သားကို အမႈဖြင့္အေရးယူထား ေၾကာင္း ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

သာေကတၿမိဳ႕နယ္ရွိ ေနအိမ္တစ္အိမ္တြင္ အိမ္အကူအျဖစ္ အလုပ္လုပ္ကိုင္ေနသည့္ မြန္ျပည္ နယ္မွ အသက္ (၁၇)ႏွစ္အရြယ္ မိန္းကေလးသည္ ဇြန္လ ၂၀ ရက္ က ၎အလုပ္လုပ္သည့္ ေနအိမ္ တိုက္ခန္းေပၚမွ ျပဳတ္က်ခဲ့သည္ဟု သိရွိသျဖင့္ မိန္းကေလး၏ မိခင္က ေဆး႐ံုသို႔လိုက္သြားခဲ့သည္။

ထို႔ေနာက္ သမီးကို ေမးျမန္း ရာ ၎အိမ္အကူအျဖစ္ အလုပ္ လုပ္သည့္ ေနအိမ္မွ(၇၀)ေက်ာ္အရြယ္ အိမ္ရွင္အမ်ိဳးသားသည္ ေနအိမ္အတြင္း ႏွစ္ဦးတည္းရွိေနစဥ္ နင္းႏွိပ္ေပးရန္ အိမ္အကူမိန္းကေလးကိုေခၚသျဖင့္ မိန္းကေလးက က်န္းမာေရးမေကာင္းသျဖင့္ ထိုသို႔မျပဳလုပ္ေပးႏုိင္ဟု ျငင္းဆုိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ထိုသို႔ ျငင္းဆိုၿပီးေနာက္ အိမ္ရွင္အမ်ိဳးသားက မိန္းကေလးကို ေနအိမ္ေနာက္ေဖး မီးဖိုခန္းအ တြင္းသို႔ အတင္းေခၚေဆာင္၍ ဆြဲ လွဲကာ အဓမၼျပဳက်င့္ရန္ ႀကံစည္ သျဖင့္ အိမ္အကူမိန္းကေလးက ႐ုန္းကန္ေနစဥ္ အိမ္ရွင္အမ်ိဳး သားက ‘‘ေနမေကာင္းရင္ ေဆး ေတာ့မတိုက္ဘူး။ နင့္ကို အဆိပ္ ပဲတိုက္မယ္’’ဟု ေျပာဆုိကာ အ ဝတ္ေလွ်ာ္စက္ေဘးရွိ ဆြဲျခင္းအ တြင္းမွ အဝါေရာင္ေဆးရည္ဘူး ကို ယူေဆာင္ခဲ့ေၾကာင္း ျမန္မာ ႏုိင္ငံရဲတပ္ဖြဲ႕ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ေနာက္ အိမ္ရွင္အမ်ိဳး သားက မိန္းကေလး၏ ပါးစပ္အ တြင္းသို႔ ေဆးရည္မ်ားေလာင္း ထည့္သျဖင့္ မိန္းကေလးက ႐ုန္းကန္ထြက္ေျပးရာ ျပတင္းေပါက္ ေဘစင္အနီးသို႔ အေရာက္တြင္ အိမ္ရွင္အမ်ိဳးသားက ၎ကို မ,တင္ကာ တြန္းခ်ခဲ့ေၾကာင္း အိမ္ အကူမိန္းကေလးက ၎၏ မိခင္အား ေျပာျပခဲ့သည္။

သမီး၏ ေျပာျပခ်က္အရ မိခင္က တရားလိုျပဳလုပ္ကာ အိမ္ရွင္အမ်ိဳးသားကို အမႈဖြင့္တိုင္ၾကားသျဖင့္ သာေကတနယ္ေျမ ရဲစခန္းက လူသတ္မႈက်ဴးလြန္ရန္ အားထုတ္မႈပုဒ္မ၊ ျပစ္မႈက်ဴးလြန္ရန္ရည္ရြယ္ခ်က္ျဖင့္ အဆိပ္ စသည္မ်ားျဖင့္နာက်င္ေစမႈပုဒ္မ၊ အဓမၼျပဳက်င့္ ရန္အားထုတ္မႈပုဒ္မတုိ႔ျဖင့္ အမႈဖြင့္ထားသည္။

ဓါတ္ပုံ - Kyawmin

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day News
# Unicode Version ျဖင့္ ဖတ္ပါ #
သာကေတမြို့နယ်ရှိ တိုက်ခန်းလေးလွှာပေါ်မှ အိမ်အ ကူမိန်းကလေး ပြုတ်ကျမှုသည် အိမ်ရှင်က အဓမ္မပြုကျင့်ရန်ကြံ စည်၍ အဆိပ်တိုက်ကာ ပြတင်း ပေါက်မှ တွန်းချခဲ့ခြင်းဖြစ်သည် ဟု တိုင်တန်းသဖြင့် အိမ်ရှင်အမျိုး သားကို အမှုဖွင့်အရေးယူထား ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သာကေတမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသည့် မွန်ပြည် နယ်မှ အသက် (၁၇)နှစ်အရွယ် မိန်းကလေးသည် ဇွန်လ ၂၀ ရက် က ၎င်းအလုပ်လုပ်သည့် နေအိမ် တိုက်ခန်းပေါ်မှ ပြုတ်ကျခဲ့သည်ဟု သိရှိသဖြင့် မိန်းကလေး၏ မိခင်က ဆေးရုံသို့လိုက်သွားခဲ့သည်။

ထို့နောက် သမီးကို မေးမြန်း ရာ ၎င်းအိမ်အကူအဖြစ် အလုပ် လုပ်သည့် နေအိမ်မှ(၇၀)ကျော်အရွယ် အိမ်ရှင်အမျိုးသားသည် နေအိမ်အတွင်း နှစ်ဦးတည်းရှိနေစဉ် နင်းနှိပ်ပေးရန် အိမ်အကူမိန်းကလေးကိုခေါ်သဖြင့် မိန်းကလေးက ကျန်းမာရေးမကောင်းသဖြင့် ထိုသို့မပြုလုပ်ပေးနိုင်ဟု ငြင်းဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့ ငြင်းဆိုပြီးနောက် အိမ်ရှင်အမျိုးသားက မိန်းကလေးကို နေအိမ်နောက်ဖေး မီးဖိုခန်းအ တွင်းသို့ အတင်းခေါ်ဆောင်၍ ဆွဲ လှဲကာ အဓမ္မပြုကျင့်ရန် ကြံစည် သဖြင့် အိမ်အကူမိန်းကလေးက ရုန်းကန်နေစဉ် အိမ်ရှင်အမျိုး သားက ‘‘နေမကောင်းရင် ဆေး တော့မတိုက်ဘူး။ နင့်ကို အဆိပ် ပဲတိုက်မယ်’’ဟု ပြောဆိုကာ အ ဝတ်လျှော်စက်ဘေးရှိ ဆွဲခြင်းအ တွင်းမှ အဝါရောင်ဆေးရည်ဘူး ကို ယူဆောင်ခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် အိမ်ရှင်အမျိုး သားက မိန်းကလေး၏ ပါးစပ်အ တွင်းသို့ ဆေးရည်များလောင်း ထည့်သဖြင့် မိန်းကလေးက ရုန်းကန်ထွက်ပြေးရာ ပြတင်းပေါက် ဘေစင်အနီးသို့ အရောက်တွင် အိမ်ရှင်အမျိုးသားက ၎င်းကို မ,တင်ကာ တွန်းချခဲ့ကြောင်း အိမ် အကူမိန်းကလေးက ၎င်း၏ မိခင်အား ပြောပြခဲ့သည်။

သမီး၏ ပြောပြချက်အရ မိခင်က တရားလိုပြုလုပ်ကာ အိမ်ရှင်အမျိုးသားကို အမှုဖွင့်တိုင်ကြားသဖြင့် သာကေတနယ်မြေ ရဲစခန်းက လူသတ်မှုကျူးလွန်ရန် အားထုတ်မှုပုဒ်မ၊ ပြစ်မှုကျူးလွန်ရန်ရည်ရွယ်ချက်ဖြင့် အဆိပ် စသည်များဖြင့်နာကျင်စေမှုပုဒ်မ၊ အဓမ္မပြုကျင့် ရန်အားထုတ်မှုပုဒ်မတို့ဖြင့် အမှုဖွင့်ထားသည်။

ဓါတ်ပုံ - Kyawmin

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top