န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

မြန္ျပည္နယ္၊ သထံုၿမိဳ႕နယ္၊ အလံတရာေက်းရြာမွ ခြန္တန္ကို ကိုးကြယ္ယံုၾကည္သူေတြက ဥပေဒေရးရာနဲ႔ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္ သံုးသပ္ေရးေကာ္မရွင္ ဥကၠ႒ သူရဦးေရႊမန္းကို ဇြန္လ ၅ ရက္မွာ သြားေရာက္ ေတြ႔ဆံုဖို႔ စီစဥ္ေနပါတယ္။

ခြန္တန္ အပါအဝင္ ခြန္တန္နဲ႔ပတ္သက္ၿပီး တရားရင္ဆိုင္ေနရသူေတြအတြက္ အမွန္တရားေပၚေပါက္ေရးကို ရည္ရြယ္ၿပီး ပအို၀္းတုိင္းရင္းသူ၊ တုိင္းရင္းသား အေယာက္ ၉၀ ေလာက္က သြားေရာက္ေတြ႔ဆံုေဆြးေႏြးဖို႔ရွိတယ္လို႔ လူထုေတြ႔ဆံုပြဲက်င္းပေရးေကာ္မတီက ဦးေစာေမာင္ႀကီးက ေျပာပါတယ္။

“က်ေနာ္တို႔က တရားမၽွတေရးအတြက္ ဒီလကုန္ၿပီး ၅ ရက္ေန႔ေလာက္က်ရင္ ေနျပည္ေတာ္က ဥပေဒေရးရာနဲ႔ အထူးကိစၥရပ္ ေလ့လာသံုးသပ္ေရးေကာ္မတီက လူေတြနဲ႔ ေတြ႔မယ္။ ေကာ္မတီဥကၠ႒ သူရဦးေရႊမန္းနဲ႔ ေတြ႔မယ္။ ဒီကိစၥေတြကို သြားတင္ျပမယ့္ ျပည္သူေတြ ရွိပါတယ္။ တရားစြဲထားတဲ့ ကိစၥေတြကို ျပန္ၿပီးေလ့လာသံုးသပ္ေပးဖို႔ တင္ျပသြားမွာပါ။ ၿပီးခဲ့တဲ့လကလည္း သာသနာေရးဝန္ႀကီး သူရဦးေအာင္ကိုနဲ႔ ေတြ႔ခဲ့ပါတယ္။”

ေမလ ၁၄ ရက္ကလည္း မြန္ျပည္နယ္နဲ႔ ရန္ကုန္တိုင္းမွာ ခြန္တန္နဲ႔ ပတ္သက္ၿပီး လူထုေတြ႔ဆံုရွင္းလင္းပြဲတခုလုပ္ဖို႔ နိဗၺာန္ေဆာ္ေတြက စီစဥ္ခဲ့ေပမယ့္လည္း သက္ဆိုင္ရာ ၿမိဳ႕နယ္သံဃနာယကအဖြဲ႔က ခြင့္မျပဳခဲ့လို႔ ပဲခူးၿမိဳ႕ ဥသာၿမိဳ႕သစ္ သီရိမဂၤလာတပ္ဦးေက်ာင္းမွာ လူအင္အား ၄၀၀ ေလာက္နဲ႔ ေဆြးေႏြးပြဲျပဳလုပ္ခဲ့ပါတယ္္။

ပဲခူးက ေဆြးေႏြးပြဲမ်ာဦးေဆာင္သူ ဦးအုန္းလြင္ကုိ ၿငိမ္းခ်မ္းစြာ စုေဝးျခင္းႏွင့္ စီတန္းလွည့္လည္ျခင္းဆိုင္ရာ ဥပေဒပုဒ္မ (၁၉)နဲ႔ အေရးယူခဲ့ၿပီး ေမ ၂၄ ရက္မွာ အာမခံနဲ႔ ျပန္လႊတ္ေပးခဲ့တယ္လို႔ ပဲခူးၿမိဳ႕ အမွတ္(၃) ရဲစခန္းက သိရပါတယ္။

ပဲခူးၿမိဳ႕ အမွတ္ (၃) ရဲစခန္းမွ ရဲအရာရွိတဦးက “ေဆြးေႏြးပြဲျပဳလုပ္ရင္ သက္ဆိုင္ရာကို ႀကိဳတင္အေၾကာင္းၾကားရမယ္။ ႀကိဳတင္အေၾကာင္း မၾကားခဲ့တဲ့အတြက္ ဦးေဆာင္သူကို အေရးယူခဲ့တယ္”လို႔ု ေျပာပါတယ္္။

ခြန္တန္(ေခၚ)ဇာတ္လိုက္ဟာ အလံတရာ ဆရာေတာ္ဘုရားႀကီး ဝင္စားတယ္ဆိုၿပီး အလံတရာ ေဒသခံတခ်ိဳ႕က ကိုးကြယ္ယံုၾကည္ေနၾကေပမယ့္ ခြန္တန္နဲ႔ အေပါင္းအပါ ၇ ဦးကို အမ်ိဳးသမီးကို အဓမၼခိုးယူေပါင္းသင္းမႈ၊ အားေပးကူညီမႈေတြနဲ႔ သထံုၿမဳိ႕မရဲစခန္းမွာ အမႈဖြင့္ထားတဲ့အျပင္ အလံတရာေစတီေတာ္ႀကီးကို ခြင့္ျပဳခ်က္မရွိဘဲ ျပဳျပင္ခဲ့တဲ့ ေဒသခံ ၅ ဦးကိုလည္း သာသနာညႇိဳးႏြမ္းေစမႈေတြနဲ႔ အမႈဖြင့္ခံထားရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVD

#Unicode Version#
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အလံတရာကျေးရွာမှ ခွန်တန်ကို ကိုးကွယ်ယုံကြည်သူတွေက ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ဇွန်လ ၅ ရက်မှာ သွားရောက် တွေ့ဆုံဖို့ စီစဉ်နေပါတယ်။

ခွန်တန် အပါအဝင် ခွန်တန်နဲ့ပတ်သက်ပြီး တရားရင်ဆိုင်နေရသူတွေအတွက် အမှန်တရားပေါ်ပေါက်ရေးကို ရည်ရွယ်ပြီး ပအိုဝ်းတိုင်းရင်းသူ၊ တိုင်းရင်းသား အယောက် ၉၀ လောက်က သွားရောက်တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ လူထုတွေ့ဆုံပွဲကျင်းပရေးကော်မတီက ဦးစောမောင်ကြီးက ပြောပါတယ်။

“ကျနော်တို့က တရားမျှတရေးအတွက် ဒီလကုန်ပြီး ၅ ရက်နေ့လောက်ကျရင် နေပြည်တော်က ဥပဒေရေးရာနဲ့ အထူးကိစ္စရပ် လေ့လာသုံးသပ်ရေးကော်မတီက လူတွေနဲ့ တွေ့မယ်။ ကော်မတီဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ တွေ့မယ်။ ဒီကိစ္စတွေကို သွားတင်ပြမယ့် ပြည်သူတွေ ရှိပါတယ်။ တရားစွဲထားတဲ့ ကိစ္စတွေကို ပြန်ပြီးလေ့လာသုံးသပ်ပေးဖို့ တင်ပြသွားမှာပါ။ ပြီးခဲ့တဲ့လကလည်း သာသနာရေးဝန်ကြီး သူရဦးအောင်ကိုနဲ့ တွေ့ခဲ့ပါတယ်။”

မေလ ၁၄ ရက်ကလည်း မွန်ပြည်နယ်နဲ့ ရန်ကုန်တိုင်းမှာ ခွန်တန်နဲ့ ပတ်သက်ပြီး လူထုတွေ့ဆုံရှင်းလင်းပွဲတခုလုပ်ဖို့ နိဗ္ဗာန်ဆော်တွေက စီစဉ်ခဲ့ပေမယ့်လည်း သက်ဆိုင်ရာ မြို့နယ်သံဃနာယကအဖွဲ့က ခွင့်မပြုခဲ့လို့ ပဲခူးမြို့ ဥသာမြို့သစ် သီရိမင်္ဂလာတပ်ဦးကျောင်းမှာ လူအင်အား ၄၀၀ လောက်နဲ့ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။

ပဲခူးက ဆွေးနွေးပွဲမျာဦးဆောင်သူ ဦးအုန်းလွင်ကို ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၉)နဲ့ အရေးယူခဲ့ပြီး မေ ၂၄ ရက်မှာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ပဲခူးမြို့ အမှတ်(၃) ရဲစခန်းက သိရပါတယ်။

ပဲခူးမြို့ အမှတ် (၃) ရဲစခန်းမှ ရဲအရာရှိတဦးက “ဆွေးနွေးပွဲပြုလုပ်ရင် သက်ဆိုင်ရာကို ကြိုတင်အကြောင်းကြားရမယ်။ ကြိုတင်အကြောင်း မကြားခဲ့တဲ့အတွက် ဦးဆောင်သူကို အရေးယူခဲ့တယ်”လို့ ပြောပါတယ်။

ခွန်တန်(ခေါ်)ဇာတ်လိုက်ဟာ အလံတရာ ဆရာတော်ဘုရားကြီး ဝင်စားတယ်ဆိုပြီး အလံတရာ ဒေသခံတချို့က ကိုးကွယ်ယုံကြည်နေကြပေမယ့် ခွန်တန်နဲ့ အပေါင်းအပါ ၇ ဦးကို အမျိုးသမီးကို အဓမ္မခိုးယူပေါင်းသင်းမှု၊ အားပေးကူညီမှုတွေနဲ့ သထုံမြို့မရဲစခန်းမှာ အမှုဖွင့်ထားတဲ့အပြင် အလံတရာစေတီတော်ကြီးကို ခွင့်ပြုချက်မရှိဘဲ ပြုပြင်ခဲ့တဲ့ ဒေသခံ ၅ ဦးကိုလည်း သာသနာညှိုးနွမ်းစေမှုတွေနဲ့ အမှုဖွင့်ခံထားရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVD
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top