×

အဆင့္ျမွင့္ထားသည့္ အဂၤလိပ္စာေမးခြန္း အပါအ၀င္ ပယ္ဖ်က္ထားျပီးေသာ ေမးခြန္းအခ်ိဳ႕ ပါလာသည့္ ဓါတုေဗဒ ေမးခြန္းလႊာတို႔ေၾကာင့္ ၂၀၁၈ တကၠသိုလ္၀င္စာေမးပြဲေျဖဆိုသူမ်ား၏ ေအာင္စာရင္းအေပၚ အမ်ားစုက စိုးရိမ္စိတ္ ၀င္ခဲ့ၾကသည္။

ထြက္ေပၚလာသည့္ ေအာင္စာရင္းရလဒ္မ်ားအရ ယခုႏွစ္ေအာင္ခ်က္ရာခိုင္ႏႈန္းသည္ ယခင္ထက္က် ေနသည္ကို ေတြ႕ရသည္။

၀င္ေျဖသူ၇သိန္း၈ေသာင္းေက်ာ္ရွိခဲ့၍ တကၠသိုလ္၀င္စာေမးပြဲ သမိုင္းတစ္ေလွ်ာက္ ၀င္ေျဖသူအမ်ားဆံုးႏွစ္ျဖစ္ခဲ့သည့္ ယခုႏွစ္ေအာင္ခ်က္မွာ ၃၂ဒသမ ၈၂ရာခိုင္ႏႈန္းရွိသည္။

ယခင္ႏွစ္က ဆိုလွ်င္ တစ္ႏိုင္ငံလံုး၏ ေအာင္ခ်က္ရာခိုင္ႏႈန္းမွာ ၃၃ဒသမ ၈၉ရာခိုင္ႏႈန္း ရွိသည္။

ယခင္ႏွစ္ကထက္္ ေအာင္ခ်က္ရာခိုင္ႏႈန္းက်ဆင္းသြားသည့္ ေဒသတို႔မွာ ကယားျပည္နယ္၊ခ်င္းျပည္နယ္၊စစ္ကိုင္းတိုင္းေဒသၾကီး၊မြန္ျပည္နယ္၊မေကြးတိုင္းေဒသၾကီး၊မႏၱေလးတိုင္းေဒသၾကီး၊ရွမ္းျပည္နယ္တို႔ျဖစ္ျပီး၊က်န္ေဒသမ်ား၏ေအာင္ခ်က္ရာခိုင္ႏႈန္းမ်ာ သိသာစြာ မက်ခဲ့ေပ။

သို႔ေသာ္လည္း ဧရာ၀တီတိုင္းေဒသၾကီး၊ႏိုင္ငံျခားစာစစ္ဌာန ႏွင့္ ရခိုင္ျပည္နယ္တို႕၏ ေအာင္ခ်က္ရာခိုင္ႏႈန္းမွာ သိသိသာသာ တက္လာသည္ကို ေတြ႕ရသည္။

ဓါတ္ပံု-ေစာေထြး၊ေကာင္းစြမ္းသာ
ဖိုးသူေတာ္ (www.phothutaw.com)
Credit: popular new journal
#Unicode Version#
အဆင့်မြှင့်ထားသည့် အင်္ဂလိပ်စာမေးခွန်း အပါအဝင် ပယ်ဖျက်ထားပြီးသော မေးခွန်းအချို့ ပါလာသည့် ဓါတုဗေဒ မေးခွန်းလွှာတို့ကြောင့် ၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူများ၏ အောင်စာရင်းအပေါ် အများစုက စိုးရိမ်စိတ် ဝင်ခဲ့ကြသည်။

ထွက်ပေါ်လာသည့် အောင်စာရင်းရလဒ်များအရ ယခုနှစ်အောင်ချက်ရာခိုင်နှုန်းသည် ယခင်ထက်ကျ နေသည်ကို တွေ့ရသည်။

ဝင်ဖြေသူ၇သိန်း၈သောင်းကျော်ရှိခဲ့၍ တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းတစ်လျှောက် ဝင်ဖြေသူအများဆုံးနှစ်ဖြစ်ခဲ့သည့် ယခုနှစ်အောင်ချက်မှာ ၃၂ဒသမ ၈၂ရာခိုင်နှုန်းရှိသည်။

ယခင်နှစ်က ဆိုလျှင် တစ်နိုင်ငံလုံး၏ အောင်ချက်ရာခိုင်နှုန်းမှာ ၃၃ဒသမ ၈၉ရာခိုင်နှုန်း ရှိသည်။

ယခင်နှစ်ကထက် အောင်ချက်ရာခိုင်နှုန်းကျဆင်းသွားသည့် ဒေသတို့မှာ ကယားပြည်နယ်၊ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး၊မွန်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်တို့ဖြစ်ပြီး၊ကျန်ဒေသများ၏အောင်ချက်ရာခိုင်နှုန်းမျာ သိသာစွာ မကျခဲ့ပေ။

သို့သော်လည်း ဧရာဝတီတိုင်းဒေသကြီး၊နိုင်ငံခြားစာစစ်ဌာန နှင့် ရခိုင်ပြည်နယ်တို့၏ အောင်ချက်ရာခိုင်နှုန်းမှာ သိသိသာသာ တက်လာသည်ကို တွေ့ရသည်။

ဓါတ်ပုံ-စောထွေး၊ကောင်းစွမ်းသာ

ဖိုးသူတော် (www.phothutaw.com)
Credit: popular new journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top