မိုးစက္ေလးေတြ၊ သင္းပ်ံ႕ပ်ံ႕ေျမသင္းနံ႔ေလးေတြ၊ ျမင္ျမင္ရာ စိမ္းလန္းစြတ္စိုေနတဲ့ သစ္ပင္ပန္းမာန္ေလးေတြနဲ႔ စိတ္ကူးယဥ္လို႔ မဆံုးႏိုင္တဲ့ သက္တံေလးရဲ႕ အလွအပေတြက သင့္ေဘးပတ္ခ်ာလည္မွာ ဝန္းရံေနၿပီဆိုရင္ ေသခ်ာၿပီ။ ဒါ ဝႆန္ရာသီ ေရာက္ေလၿပီေပါ့။ မိုးေတြရြာလာၿပီဆိုရင္ျဖင့္ သူသူငါငါ ေပ်ာ္တတ္ၾကတာ သဘာဝပါ။ မိုးရြာရင္မိုးေရခ်ိဳးမယ္ ေလ။ ေပ်ာ္ေတာ့လည္းေပ်ာ္ပါ။ ဒါေပမဲ့ က်န္းမာေရးကိုလည္း ေစာင့္ေရွာက္ဖို႔လိုတယ္ေနာ္ Mingalabar Morning အိုပါး အြန္နီးတို႔။ ဘာလို႔လဲဆို ရာသီေပၚ တုပ္ေကြးေရာဂါက ႏွစ္တိုင္းလိုလို ေျခာက္လွန္႔ေနေတာ့ေလ။ ဒီေတာ့ မိုးတြင္းမွာ  ေသာက္သင့္တဲ့ ေဖ်ာ္ရည္ေလးေတြနဲ႔ အက်ိဳးရလာဒ္ေလးေတြ ေဖာ္ျပေပးခ်င္ပါတယ္။

၁။ ႏွလံုးသားထဲက ပန္းသီး

ပန္းသီးကိုေတာ့ ေတာ္ေတာ္မ်ားမ်ား ႀကိဳက္ၾကပါတယ္။ ပန္းသီးက အရသာရွိတဲ့အျပင္ အာဟာရဓာတ္လည္း ၾကြယ္ဝတာေၾကာင့္ပါ။ ဒါတင္ဘယ္ကမလဲ။ က်န္းမာေရးအတြက္ အေရးႀကီးတ့ဲဓာတ္ေတြပါ ပါဝင္လို႔ သင့္ခႏၶာကို္ယ္ကိုေနေကာင္းေနေအာင္ တစ္ႏွစ္ပတ္လံုးနီးပါး  ေစာင့္ေရွာက္ေပးႏိုင္ပါေသးတယ္။ ပန္းသီးမွာ ႏွလံုးက်န္းမာေရးကို ကာကြယ္ေပးႏိုင္တဲ့ ဓာတ္ေတြ ၾကြယ္ဝစြာ ပါဝင္ပါတယ္။ ကင္ဆာေရာဂါအတြက္လည္း အထူးေကင္းမြန္ပါတယ္။ ဒါေၾကာင့္ “တစ္ေန႔တစ္လံုးစားသံုးပါ ဆရာဝန္ကိုေရွာင္ႏိုင္မွာ” လို႔ ဆိုရိုးေတာင္ ရွိပါသတဲ့။ လတ္ဆတ္တဲ့ပန္းသီးေဖ်ာ္ရည္ကို ေသာက္ေပးျခင္းျဖင့္ သင့္အတြက္ အက်ိဳးရွိမွာ ေသခ်ာပါတယ္ေနာ္။

၂။ တလည္းသီး

တထည္းသီးေကာင္းေၾကာင္းေတာ့ က်န္းမာေရး လိုက္စားတဲ့သူေတြ သိၿပီးျဖစ္ေလာက္ပါတယ္။ သူက ရာသီဥတုတိုင္းအတြက္ သင့္ေတာ္တဲ့ အသီးတစ္မ်ိဳးပါ။ ဗီတာမင္ေတြ ၾကြယ္ဝစြာပါဝင္တဲ့ ဒီအသီးက ေသြးအားေကာင္းေစၿပီး ႏွလံုးကို က်န္းမာေစပါတယ္။ ဒါတင္မကေသးပါဘူး။ တလည္းသီးေဖ်ာ္ရည္ကိုေသာက္သံုးရင္ ေသြးတြင္းက မေကာင္းတဲ့ ကိုလက္စထေရာပမာဏကို ထိန္းညွိေပးႏိုင္ပါတယ္။ ဒါေၾကာင့္ အသီးမွာအဖိုးထိုက္တဲ့ တလည္းသီးလို႔ေတာင္ တင္စားတတ္ၾကပါတယ္။

၃. မာလကာသီး

တစ္ရာသီလံုး က်န္းမာေအာင္ ထိန္းသိမ္းေစာင့္ေရွာက္ေပးႏိုင္တဲ့ အသီးေတြထဲမွာ မာလကာသီးလည္း ပါဝင္ပါတယ္။ ဝိတ္က်ေစဖို႔လည္း အေထာက္အကူျပဳတဲ့ ဒီအသီးေလးမွာ ဗီတာမင္စီ ျမင့္မားစြာပါဝင္တဲ့အျပင္ ဆံပင္၊ အေရျပားနဲ႔ ကိုယ္ခႏၶာအတြက္ အေထာက္အကူျပဳေစပါတယ္။ ဒါေၾကာင့္ မာလကာသီးကို တျခားဘာမွမေရာဘဲ ေဖ်ာ္ရည္အျဖစ္ ျပဳလုပ္ၿပီး ေသာက္သံုးမယ္ဆိုရင္ က်န္းမာေရးအတြက္ စိတ္ပူစရာ မလိုေတာ့ပါဘူး။

၄။ ခရမ္းခ်ဥ္သီးအစြမ္း အံ့မခန္း

အသားအေရအတြက္ဆို ခရမ္းခ်ဥ္သီးက အလြန္ေကာင္းတဲ့အေၾကာင္း သိၾကေပမယ့္ သူနဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြကိုေတာ့ သိပ္မသိၾကပါဘူး။ ခရ္းခ်ဥ္သီးစြပ္ျပဳတ္ရည္က အစာေခ်ဖ်က္ေပးႏိုင္တဲ့ ဖိုင္ဘာဓာတ္ေတြ အမ်ားႀကီးပါဝင္လုိ႔ အစာအိမ္အတြက္ အထူးေကာင္းမြန္ပါတယ္။ မဂၢနီဆီယမ္ဓာတ္ ၾကြယ္ဝစြာပါဝင္လို႔ အရိုးကုိလည္း သန္မာေစပါတယ္။ ဒါ့အျပင္ ခႏၶာကိုယ္တြင္းက ဇီဝျဖစ္စဥ္ေတြကို တိုးတက္ေကာင္းမြန္ေစတယ္။ ဗီတာမင္ ေအ နဲ႔ ဗီတာမင္စီေတြ ျမင့္မားစြာပါဝင္လို႔ ခႏၶာကိုယ္ကိုလည္း လွပေစပါတယ္။ ခရိုမီယမ္သတၱဳဓာတ္ပါဝင္လို႔ ဆီးခ်ိဳေရာဂါကိုလည္း ထိန္းေပးပါတယ္။ ကိုယ္တြင္းေသြးလည္ပတ္မႈကိုလည္း အေထာက္အကူျပဳေစပါတယ္။ မ်ားလိုက္တဲ့ အက်ိဳးေက်းဇူးေတြေနာ္။

၅။ မရွိမျဖစ္ ခ်င္း

ခ်င္းလို႔ဆိုလိုက္ရင္ ပူစပ္ ပူစပ္ အရသာကိုပဲ  ေျပးျမင္မိတာလား။ မိုးရာသီနဲ႔ အသင့္ေတာ္ဆံုး၊ အေအးမိျခင္းအတြက္ အေကာင္းဆံုးေဆးတစ္ခြက္က ခ်င္းနဲ႔ ျပဳလုပ္ႏိုင္ပါတယ္။ ဒါေပမဲ့ သူ႔ခ်ည္းသာေလာဆိုေတာ့ မဟုတ္ပါဘူး။ လိေမၼာ္သီးနဲ႔ မုန္လာဥနီတို႔ကို ထပ္ျဖည့္ရပါမယ္။ ဒီ၃ မ်ိဳးသာ ေပါင္းလိုက္ရင္ေတာ့  အေအးမိတယ္ဆိုတာကို ျပတိုက္မွာ သြားၾကည့္ရပါလိမ့္မယ္။ သူတို႔ ၃ ခုေပါင္းထားရာက ရလာတဲ့ ဗီတာမင္ အီးေၾကာင့္ သင့္ရဲ႕ခႏၶာကိုယ္ကို အံ့မခန္း ကာကြယ္မႈေတြ ျပဳလုပ္ေပးႏိုင္တာေၾကာင့္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

#Unicode Version#
မိုးစက်လေးတွေ၊ သင်းပျံ့ပျံ့မြေသင်းနံ့လေးတွေ၊ မြင်မြင်ရာ စိမ်းလန်းစွတ်စိုနေတဲ့ သစ်ပင်ပန်းမာန်လေးတွေနဲ့ စိတ်ကူးယဉ်လို့ မဆုံးနိုင်တဲ့ သက်တံလေးရဲ့ အလှအပတွေက သင့်ဘေးပတ်ချာလည်မှာ ဝန်းရံနေပြီဆိုရင် သေချာပြီ။ ဒါ ဝဿန်ရာသီ ရောက်လေပြီပေါ့။ မိုးတွေရွာလာပြီဆိုရင်ဖြင့် သူသူငါငါ ပျော်တတ်ကြတာ သဘာဝပါ။ မိုးရွာရင်မိုးရေချိုးမယ် လေ။ ပျော်တော့လည်းပျော်ပါ။ ဒါပေမဲ့ ကျန်းမာရေးကိုလည်း စောင့်ရှောက်ဖို့လိုတယ်နော် Mingalabar Morning အိုပါး အွန်နီးတို့။ ဘာလို့လဲဆို ရာသီပေါ် တုပ်ကွေးရောဂါက နှစ်တိုင်းလိုလို ခြောက်လှန့်နေတော့လေ။ ဒီတော့ မိုးတွင်းမှာ  သောက်သင့်တဲ့ ဖျော်ရည်လေးတွေနဲ့ အကျိုးရလာဒ်လေးတွေ ဖော်ပြပေးချင်ပါတယ်။

၁။ နှလုံးသားထဲက ပန်းသီး

ပန်းသီးကိုတော့ တော်တော်များများ ကြိုက်ကြပါတယ်။ ပန်းသီးက အရသာရှိတဲ့အပြင် အာဟာရဓာတ်လည်း ကြွယ်ဝတာကြောင့်ပါ။ ဒါတင်ဘယ်ကမလဲ။ ကျန်းမာရေးအတွက် အရေးကြီးတဲ့ဓာတ်တွေပါ ပါဝင်လို့ သင့်ခန္ဓာကိုယ်ကိုနေကောင်းနေအောင် တစ်နှစ်ပတ်လုံးနီးပါး  စောင့်ရှောက်ပေးနိုင်ပါသေးတယ်။ ပန်းသီးမှာ နှလုံးကျန်းမာရေးကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကင်ဆာရောဂါအတွက်လည်း အထူးကေင်းမွန်ပါတယ်။ ဒါကြောင့် “တစ်နေ့တစ်လုံးစားသုံးပါ ဆရာဝန်ကိုရှောင်နိုင်မှာ” လို့ ဆိုရိုးတောင် ရှိပါသတဲ့။ လတ်ဆတ်တဲ့ပန်းသီးဖျော်ရည်ကို သောက်ပေးခြင်းဖြင့် သင့်အတွက် အကျိုးရှိမှာ သေချာပါတယ်နော်။

၂။ တလည်းသီး

တထည်းသီးကောင်းကြောင်းတော့ ကျန်းမာရေး လိုက်စားတဲ့သူတွေ သိပြီးဖြစ်လောက်ပါတယ်။ သူက ရာသီဥတုတိုင်းအတွက် သင့်တော်တဲ့ အသီးတစ်မျိုးပါ။ ဗီတာမင်တွေ ကြွယ်ဝစွာပါဝင်တဲ့ ဒီအသီးက သွေးအားကောင်းစေပြီး နှလုံးကို ကျန်းမာစေပါတယ်။ ဒါတင်မကသေးပါဘူး။ တလည်းသီးဖျော်ရည်ကိုသောက်သုံးရင် သွေးတွင်းက မကောင်းတဲ့ ကိုလက်စထရောပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် အသီးမှာအဖိုးထိုက်တဲ့ တလည်းသီးလို့တောင် တင်စားတတ်ကြပါတယ်။

၃. မာလကာသီး

တစ်ရာသီလုံး ကျန်းမာအောင် ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်တဲ့ အသီးတွေထဲမှာ မာလကာသီးလည်း ပါဝင်ပါတယ်။ ဝိတ်ကျစေဖို့လည်း အထောက်အကူပြုတဲ့ ဒီအသီးလေးမှာ ဗီတာမင်စီ မြင့်မားစွာပါဝင်တဲ့အပြင် ဆံပင်၊ အရေပြားနဲ့ ကိုယ်ခန္ဓာအတွက် အထောက်အကူပြုစေပါတယ်။ ဒါကြောင့် မာလကာသီးကို တခြားဘာမှမရောဘဲ ဖျော်ရည်အဖြစ် ပြုလုပ်ပြီး သောက်သုံးမယ်ဆိုရင် ကျန်းမာရေးအတွက် စိတ်ပူစရာ မလိုတော့ပါဘူး။

၄။ ခရမ်းချဉ်သီးအစွမ်း အံ့မခန်း

အသားအရေအတွက်ဆို ခရမ်းချဉ်သီးက အလွန်ကောင်းတဲ့အကြောင်း သိကြပေမယ့် သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုတော့ သိပ်မသိကြပါဘူး။ ခရ်းချဉ်သီးစွပ်ပြုတ်ရည်က အစာချေဖျက်ပေးနိုင်တဲ့ ဖိုင်ဘာဓာတ်တွေ အများကြီးပါဝင်လို့ အစာအိမ်အတွက် အထူးကောင်းမွန်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်လို့ အရိုးကိုလည်း သန်မာစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်းက ဇီဝဖြစ်စဉ်တွေကို တိုးတက်ကောင်းမွန်စေတယ်။ ဗီတာမင် အေ နဲ့ ဗီတာမင်စီတွေ မြင့်မားစွာပါဝင်လို့ ခန္ဓာကိုယ်ကိုလည်း လှပစေပါတယ်။ ခရိုမီယမ်သတ္တုဓာတ်ပါဝင်လို့ ဆီးချိုရောဂါကိုလည်း ထိန်းပေးပါတယ်။ ကိုယ်တွင်းသွေးလည်ပတ်မှုကိုလည်း အထောက်အကူပြုစေပါတယ်။ များလိုက်တဲ့ အကျိုးကျေးဇူးတွေနော်။

၅။ မရှိမဖြစ် ချင်း

ချင်းလို့ဆိုလိုက်ရင် ပူစပ် ပူစပ် အရသာကိုပဲ  ပြေးမြင်မိတာလား။ မိုးရာသီနဲ့ အသင့်တော်ဆုံး၊ အအေးမိခြင်းအတွက် အကောင်းဆုံးဆေးတစ်ခွက်က ချင်းနဲ့ ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ သူ့ချည်းသာလောဆိုတော့ မဟုတ်ပါဘူး။ လိမ္မော်သီးနဲ့ မုန်လာဥနီတို့ကို ထပ်ဖြည့်ရပါမယ်။ ဒီ၃ မျိုးသာ ပေါင်းလိုက်ရင်တော့  အအေးမိတယ်ဆိုတာကို ပြတိုက်မှာ သွားကြည့်ရပါလိမ့်မယ်။ သူတို့ ၃ ခုပေါင်းထားရာက ရလာတဲ့ ဗီတာမင် အီးကြောင့် သင့်ရဲ့ခန္ဓာကိုယ်ကို အံ့မခန်း ကာကွယ်မှုတွေ ပြုလုပ်ပေးနိုင်တာကြောင့်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top