iMyanmarHouse.com - Best Property Website for Myanmar
×

ဗုဒၶဘာသာတင္မက အျခားအျခားေသာ ဘာသာေတြမွာလည္း ဥပုသ္ေစာင့္တယ္ဆိုတာ
ရွိၾကပါတယ္။ သို႔ေသာ္ သူတို႔ဥပုသ္နဲ႔ ကိုယ့္ဥပုသ္ မတူညီၾကပါ။ မတူညီသည့္အေလ်ာက္ အက်ိဳး
ေပးလည္း မတူညီၾကပါ။ ဥပုသ္ေစာင့္ျခင္း၏ အက်ိဳးေက်းဇူးကို ဘုရားရွင္က လူတိုင္းနားလည္
ေအာင္ ေဟာၾကားထားသည္မွာ== “ ကမၻာေလာကႀကီး အတြင္းမွာရွိတဲ့ အဖိုးတန္ ရတနာေတြ
ရဲ႕ တန္ဖိုးနဲ႔ တစ္ႀကိမ္တစ္ခါ မြန္ျမတ္ၿပီး အဓိပၸါယ္ရွိရွိ ေစာင့္ထိန္းလိုက္ရတဲ့ ဥပုသ္နဲ႔ ႏိွဳင္းယွဥ္
ၾကည့္လိုက္မယ္ဆိုရင္ ရတနာေတြရဲ႕ တန္ဖိုးဟာ ဥပုသ္တစ္ခါ ေစာင့္ရတဲ့ ကုသိုလ္တန္ဖိုးရဲ႕ ၁၆
ပံု ပံု၊ ၁ ပံုေတာင္ မရွိဘူး” လို႔ ေဟာၾကားခဲ့ပါတယ္။
         ဥပုသ္တစ္ႀကိမ္တစ္ခါ ေစာင့္လိုက္တာနဲ႔ နတ္စည္းစိမ္၊ နတ္ခ်မ္းသာေတြ ရႏိုင္ပါတယ္။
နတ္ခ်မ္းသာဆိုတာ အဲဒီ ရတနာေတြရဲ႕ တန္ဖိုးထက္ ႀကီးပါတယ္။ လူခ်မ္းသာဆိုတာ နတ္ခ်မ္း
သာနဲ႔  ႏွိဳင္းယွဥ္လိုက္ပါက မေျပာပေလာက္ပါ။ ခ်မ္းသာသုခလို႔ေတာင္ မဆိုႏိုင္ေတာ့ပါ။
         လူ႕ျပည္မွာ အႏွစ္ ၅၀-မွ စတုမာရာဇ္နတ္ျပည္မွာ ၁-ရက္ပဲ ရွိပါေသးတယ္။ လူ႕ျပည္မွာ
အႏွစ္ ၁၀၀-ဆိုရင္ တာ၀တိ ံသာနတ္ျပည္မွာ ၁-ရက္ပါ။  နတ္ရက္နဲ႔တြက္ၿပီး ႏွစ္ ၁၀၀၀-  ဟာ
တာ၀တိ ံသာနတ္ျပည္ရဲ႕ နတ္တစ္သက္ပါ။ တစ္ႀကိမ္တစ္ခါ မြန္ျမတ္ၿပီး အဓိပၸါယ္ရွိရွိ ေစာင့္ထိန္း
လိုက္ရတဲ့ ဥပုသ္ရဲ႕ အက်ိဳးဟာ အခုေျပာတဲ့ နတ္ျပည္ေတြအားလံုးကို ေရာက္ႏိုင္ပါတယ္။
         ဒါတင္မက သိၾကားမင္းက “ လူ႕ေလာကမွာရွိတဲ့ ပုဂၢိဳလ္ေတြ လဆန္း ၈-ရက္၊ လဆုပ္ ၈
ရက္၊ လျပည့္၊ လကြယ္ေတြမွာ ဥပုသ္ေစာင့္ၾကမယ္ ဆိုရင္ ငါ့လို သၾကားဘ၀ကို ေရာက္ရွိစံစား
ၾကရမယ္။ ” လို႔ နတ္သဘင္ အစည္းအေ၀းႀကီးမွာ မိန္႔ခြန္းေျပာခဲ့ ပါတယ္။ အဲဒီလို မိန္႔ခြန္းေျပာ
တာကို ဘုရားရွင္က “ သိၾကားမင္းေျပာတဲ့ ' ငါ့လိုသိၾကား ျဖစ္ခ်င္လို႔ ရွိရင္ ဥပုသ္ေစာင့္ ' ဆိုတဲ့
စကားဟာ မျပည့္စံုဘူး” တဲ့။ တကယ္ေျပာရမွာက “ ရဟႏၱာပုဂၢိဳလ္က ငါ့လို ရဟႏၱာျဖစ္ခ်င္ရင္
ဥပုသ္ေစာင့္ ” လို႔ေျပာရမယ္တဲ့။
         ဒါေၾကာင့္ အဓိပၸါယ္ရွိလွတဲ့ ဗုဒၶဘာသာတို႔ရဲ႕ (ဥပုသ္) က်င့္စဥ္တစ္ခုဟာ ပံုပ်က္ပန္းပ်က္
မျဖစ္ေစဘဲနဲ႔ အဓိပၸါယ္ရွိရွိ ဥပုသ္ကို ေစာင့္ထိန္းႏိုင္ဖို႔ အင္မတန္မွ အေရးႀကီးပါတယ္။ ဥပုသ္လို႔
ေျပာလိုက္တာနဲ႔  ဘာသာျခားေတြရဲ႕  ဥပုသ္နဲ႔ အႏွစ္သာရပိုင္းမွာ  အလြန္ကြာျခားတယ္ဆိုတာ
အားလံုး သေဘာေပါက္ နားလည္ၿပီး အဓိပၸါယ္ရွိရွိ ဥပုသ္ကို ေစာင့္ထိန္းႏိုင္ကာ ဘ၀ျမင့္သထက္
ျမင့္ၿပီး နိဗၺာန္ခ်မ္းသာကို ေရာက္ရွိႏိုင္တဲ့ သူေတာ္စင္သူေတာ္ျမတ္တို႔ျဖစ္ၾကပါေစကုန္သတည္း။
 {ေကာဇာသကၠရာဇ္ ၁၃၇၀ ျပည့္ႏွစ္၊ တန္ခူးလဆန္း ၈ ရက္၊ တနဂၤေႏြေန႔၊ ရန္ကုန္တိုင္းေဒသ
  ႀကီး၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ဦးၾကြယ္ဟိုးလမ္း မိသားစု၌ ေဒါက္တာ အရွင္နႏၵာမာလာဘိ၀ံသ
ေဟာၾကားေတာ္မူေသာ“ဥပုသ္ေစာင့္ျခင္း အဓိပၸါယ္” တရားေတာ္ကို ကိုးကားေရးသားပါသည္။}
      “ဆုေတာင္းပတၱနာ”
ဓမၼဒါန၊ ဤပုညေၾကာင့္၊
ဘ၀သံသရာ၊ ေနာင္ျဖစ္ရာ၌၊
ပညာထူးခၽြန္၊ ျမင့္ကဲလြန္လ်က္၊
အမြန္ခ်မ္းသာ၊ နိဗၺဴတာကို၊
လ်င္စြာရေစ၊ ေတာင္းဆုေျခြသည္၊
မေသြျပည့္၀ပါေစေသာ္။ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဦးသိန္းေ၀။

#Unicode Version#

         ဗုဒ္ဓဘာသာတင်မက အခြားအခြားသော ဘာသာတွေမှာလည်း ဥပုသ်စောင့်တယ်ဆိုတာ
ရှိကြပါတယ်။ သို့သော် သူတို့ဥပုသ်နဲ့ ကိုယ့်ဥပုသ် မတူညီကြပါ။ မတူညီသည့်အလျောက် အကျိုး
ပေးလည်း မတူညီကြပါ။ ဥပုသ်စောင့်ခြင်း၏ အကျိုးကျေးဇူးကို ဘုရားရှင်က လူတိုင်းနားလည်
အောင် ဟောကြားထားသည်မှာ== “ ကမ္ဘာလောကကြီး အတွင်းမှာရှိတဲ့ အဖိုးတန် ရတနာတွေ
ရဲ့ တန်ဖိုးနဲ့ တစ်ကြိမ်တစ်ခါ မွန်မြတ်ပြီး အဓိပ္ပါယ်ရှိရှိ စောင့်ထိန်းလိုက်ရတဲ့ ဥပုသ်နဲ့ နှိုင်းယှဉ်
ကြည့်လိုက်မယ်ဆိုရင် ရတနာတွေရဲ့ တန်ဖိုးဟာ ဥပုသ်တစ်ခါ စောင့်ရတဲ့ ကုသိုလ်တန်ဖိုးရဲ့ ၁၆
ပုံ ပုံ၊ ၁ ပုံတောင် မရှိဘူး” လို့ ဟောကြားခဲ့ပါတယ်။
         ဥပုသ်တစ်ကြိမ်တစ်ခါ စောင့်လိုက်တာနဲ့ နတ်စည်းစိမ်၊ နတ်ချမ်းသာတွေ ရနိုင်ပါတယ်။
နတ်ချမ်းသာဆိုတာ အဲဒီ ရတနာတွေရဲ့ တန်ဖိုးထက် ကြီးပါတယ်။ လူချမ်းသာဆိုတာ နတ်ချမ်း
သာနဲ့  နှိုင်းယှဉ်လိုက်ပါက မပြောပလောက်ပါ။ ချမ်းသာသုခလို့တောင် မဆိုနိုင်တော့ပါ။
         လူ့ပြည်မှာ အနှစ် ၅၀-မှ စတုမာရာဇ်နတ်ပြည်မှာ ၁-ရက်ပဲ ရှိပါသေးတယ်။ လူ့ပြည်မှာ
အနှစ် ၁၀၀-ဆိုရင် တာဝတိ ံသာနတ်ပြည်မှာ ၁-ရက်ပါ။  နတ်ရက်နဲ့တွက်ပြီး နှစ် ၁၀၀၀-  ဟာ
တာဝတိ ံသာနတ်ပြည်ရဲ့ နတ်တစ်သက်ပါ။ တစ်ကြိမ်တစ်ခါ မွန်မြတ်ပြီး အဓိပ္ပါယ်ရှိရှိ စောင့်ထိန်း
လိုက်ရတဲ့ ဥပုသ်ရဲ့ အကျိုးဟာ အခုပြောတဲ့ နတ်ပြည်တွေအားလုံးကို ရောက်နိုင်ပါတယ်။
         ဒါတင်မက သိကြားမင်းက “ လူ့လောကမှာရှိတဲ့ ပုဂ္ဂိုလ်တွေ လဆန်း ၈-ရက်၊ လဆုပ် ၈
ရက်၊ လပြည့်၊ လကွယ်တွေမှာ ဥပုသ်စောင့်ကြမယ် ဆိုရင် ငါ့လို သကြားဘဝကို ရောက်ရှိစံစား
ကြရမယ်။ ” လို့ နတ်သဘင် အစည်းအဝေးကြီးမှာ မိန့်ခွန်းပြောခဲ့ ပါတယ်။ အဲဒီလို မိန့်ခွန်းပြော
တာကို ဘုရားရှင်က “ သိကြားမင်းပြောတဲ့ ' ငါ့လိုသိကြား ဖြစ်ချင်လို့ ရှိရင် ဥပုသ်စောင့် ' ဆိုတဲ့
စကားဟာ မပြည့်စုံဘူး” တဲ့။ တကယ်ပြောရမှာက “ ရဟန္တာပုဂ္ဂိုလ်က ငါ့လို ရဟန္တာဖြစ်ချင်ရင်
ဥပုသ်စောင့် ” လို့ပြောရမယ်တဲ့။
         ဒါကြောင့် အဓိပ္ပါယ်ရှိလှတဲ့ ဗုဒ္ဓဘာသာတို့ရဲ့ (ဥပုသ်) ကျင့်စဉ်တစ်ခုဟာ ပုံပျက်ပန်းပျက်
မဖြစ်စေဘဲနဲ့ အဓိပ္ပါယ်ရှိရှိ ဥပုသ်ကို စောင့်ထိန်းနိုင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဥပုသ်လို့
ပြောလိုက်တာနဲ့  ဘာသာခြားတွေရဲ့  ဥပုသ်နဲ့ အနှစ်သာရပိုင်းမှာ  အလွန်ကွာခြားတယ်ဆိုတာ
အားလုံး သဘောပေါက် နားလည်ပြီး အဓိပ္ပါယ်ရှိရှိ ဥပုသ်ကို စောင့်ထိန်းနိုင်ကာ ဘဝမြင့်သထက်
မြင့်ပြီး နိဗ္ဗာန်ချမ်းသာကို ရောက်ရှိနိုင်တဲ့ သူတော်စင်သူတော်မြတ်တို့ဖြစ်ကြပါစေကုန်သတည်း။
 {ကောဇာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ်၊ တန်ခူးလဆန်း ၈ ရက်၊ တနင်္ဂနွေနေ့၊ ရန်ကုန်တိုင်းဒေသ
  ကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဦးကြွယ်ဟိုးလမ်း မိသားစု၌ ဒေါက်တာ အရှင်နန္ဒာမာလာဘိဝံသ
ဟောကြားတော်မူသော“ဥပုသ်စောင့်ခြင်း အဓိပ္ပါယ်” တရားတော်ကို ကိုးကားရေးသားပါသည်။}
      “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘဝသံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။



ဖိုးသူတော် (www.phothutaw.com)
Credit: ဦးသိန်းဝေ။ 
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top