ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

စပိန္ႏိုင္ငံ ကန္တာဘရီယာမွာက်င္းပခဲ့တဲ့ စက္ဘီးၿပိဳင္ပြဲမွာ ၾသဂတ္စတင္းနာဗာ႐ိုဟာ အဆင့္ ၄ ေနရာမွာ ရပ္တည္ေနခဲ့ၿပီး ပန္း၀င္ခါနီးအခ်ိန္မွာ သူ႔ရဲ႕ေရွ႕မွာရပ္တည္ေနတဲ့ၿပိဳင္ဘက္ ဘီးေပါက္သြားတာကို ေတြ႕လိုက္ရပါတယ္။

ဘီးေပါက္သြားတဲ့စက္ဘီးသမား အစၥမဲလ္အက္စ္တီဘန္ဟာ သူ႔စက္ဘီးကိုပခံုးေပၚတင္ၿပီး ပန္းတိုင္ကို အေျပးသြားခဲ့တဲ့အခ်ိန္မွာ နာဗာ႐ိုက သူနင္းေနတဲ့အရွိန္ကိုေလွ်ာ့ခ်လိုက္ၿပီး ၿပိဳင္ဘက္ကိုေက်ာ္တက္ဖို႔ အခြင့္အေရးကို လက္လႊတ္ခံလိုက္ပါတယ္။

သူဟာ ေနာက္ကေနသာ စက္ဘီးကို ျဖည္းျဖည္းခ်င္းနင္းခဲ့ၿပီး တတိယဆုကို ဘီးေပါက္ခဲ့တဲ့ အက္စ္တီဘန္ကိုေပးအပ္ခဲ့တဲ့အျပင္ အက္စ္တီဘန္က အဲဒီဆုကို သူ႔ကိုေပးဖို႔ ႀကိဳးစားခဲ့တာကိုလည္းျငင္းဆန္သြားခဲ့ပါတယ္။

ျပည္တြင္းသတင္းစာတစ္ေစာင္ကို သူေျပာလိုက္တဲ့စကားေလးကိုပါ ျဖည့္စြက္ ဘာသာျပန္ေပးပါရေစရွင္…

“ကြ်န္ေတာ္ ဒီလိုမ်ိဳးႀကီးေတာ့ အႏိုင္မလိုခ်င္ပါဘူး

သူ႔ကို ပန္းမဝင္ခင္ ေက်ာ္တက္လိုက္ရမွာဟာ က်င့္ဝတ္ေဖာက္ဖ်က္ရာေရာက္ပါတယ္”

Ethics က်င့္ဝတ္ဆိုတာ သူတို႔အရမ္းအေလးထားပါတယ္

တန္းစီေနရင္ ေက်ာ္တက္ရမွာရွက္တဲ့စိတ္…

ေရသာခိုအေခ်ာင္လိုက္ရမွာ ရွက္တဲ့စိတ္…

ေတြ႕ရာလမ္းေဘး အမိႈက္ပစ္ရမွာ ရွက္တဲ့စိတ္…

ဒါေတြဟာ Ethics က်င့္ဝတ္ဆိုတာကို ရင္ထဲ ႏွလံုးထဲ နားလည္လက္ခံေနလို႔ Unethical ျဖစ္မွာ ရွက္မိတဲ့စိတ္ေၾကာင့္ပါ

တကယ္ေတာ့ ဥပေဒဆိုတာနဲ႔ခ်ဳပ္ကိုင္ထားလို႔ရပါတယ္

ဒါေပမယ့္ ဥပေဒက ဒီလို အေသးစိတ္ေတြအထိ လိုက္မထုတ္ႏိုင္ဘူးေလ

ထုတ္လည္းမထုတ္သင့္ပါဘူး

ထုတ္ခဲ့ရင္လည္း ဥပေဒဆိုတာ ေဖာက္ဖ်က္ခ်င္သူေတြအတြက္ ယိုေပါက္ကေတာ့ အနည္းနဲ႔အမ်ား ရွိတာပါပဲ

က်င့္ဝတ္ (Ethics) နဲ႔ ထိန္းလိုက္ရင္ေတာ့ ကိုယ္ကိုယ္တိုင္ကိုက က်င့္ဝတ္ေဖာက္ဖ်က္လိုက္ရမွာ ရွက္တဲ့စိတ္ေၾကာင့္ ႏိုင္ငံႀကီးသားပီသလာၾကပါတယ္

တိုးတက္ေနတဲ့ သူမ်ားႏိုင္ငံသားေတြရဲ႕ ေကာင္းတဲ့အက်င့္ ကြ်န္မတို႔ ဘာလို႔ မက်င့္သံုးႏိုင္ရမလဲ?

ကြ်န္မတို႔တေတြလည္း ႏိုင္ငံႀကီးသားပီသေအာင္ က်ိဳးစားၾကပါစို႔ေနာ္…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DAM

#Unicode Version#
စပိန်နိုင်ငံ ကန်တာဘရီယာမှာကျင်းပခဲ့တဲ့ စက်ဘီးပြိုင်ပွဲမှာ သြဂတ်စတင်းနာဗာရိုဟာ အဆင့် ၄ နေရာမှာ ရပ်တည်နေခဲ့ပြီး ပန်းဝင်ခါနီးအချိန်မှာ သူ့ရဲ့ရှေ့မှာရပ်တည်နေတဲ့ပြိုင်ဘက် ဘီးပေါက်သွားတာကို တွေ့လိုက်ရပါတယ်။

ဘီးပေါက်သွားတဲ့စက်ဘီးသမား အစ္စမဲလ်အက်စ်တီဘန်ဟာ သူ့စက်ဘီးကိုပခုံးပေါ်တင်ပြီး ပန်းတိုင်ကို အပြေးသွားခဲ့တဲ့အချိန်မှာ နာဗာရိုက သူနင်းနေတဲ့အရှိန်ကိုလျှော့ချလိုက်ပြီး ပြိုင်ဘက်ကိုကျော်တက်ဖို့ အခွင့်အရေးကို လက်လွှတ်ခံလိုက်ပါတယ်။

သူဟာ နောက်ကနေသာ စက်ဘီးကို ဖြည်းဖြည်းချင်းနင်းခဲ့ပြီး တတိယဆုကို ဘီးပေါက်ခဲ့တဲ့ အက်စ်တီဘန်ကိုပေးအပ်ခဲ့တဲ့အပြင် အက်စ်တီဘန်က အဲဒီဆုကို သူ့ကိုပေးဖို့ ကြိုးစားခဲ့တာကိုလည်းငြင်းဆန်သွားခဲ့ပါတယ်။

ပြည်တွင်းသတင်းစာတစ်စောင်ကို သူပြောလိုက်တဲ့စကားလေးကိုပါ ဖြည့်စွက် ဘာသာပြန်ပေးပါရစေရှင်…

“ကျွန်တော် ဒီလိုမျိုးကြီးတော့ အနိုင်မလိုချင်ပါဘူး

သူ့ကို ပန်းမဝင်ခင် ကျော်တက်လိုက်ရမှာဟာ ကျင့်ဝတ်ဖောက်ဖျက်ရာရောက်ပါတယ်”

Ethics ကျင့်ဝတ်ဆိုတာ သူတို့အရမ်းအလေးထားပါတယ်

တန်းစီနေရင် ကျော်တက်ရမှာရှက်တဲ့စိတ်…

ရေသာခိုအချောင်လိုက်ရမှာ ရှက်တဲ့စိတ်…

တွေ့ရာလမ်းဘေး အမှိုက်ပစ်ရမှာ ရှက်တဲ့စိတ်…

ဒါတွေဟာ Ethics ကျင့်ဝတ်ဆိုတာကို ရင်ထဲ နှလုံးထဲ နားလည်လက်ခံနေလို့ Unethical ဖြစ်မှာ ရှက်မိတဲ့စိတ်ကြောင့်ပါ

တကယ်တော့ ဥပဒေဆိုတာနဲ့ချုပ်ကိုင်ထားလို့ရပါတယ်

ဒါပေမယ့် ဥပဒေက ဒီလို အသေးစိတ်တွေအထိ လိုက်မထုတ်နိုင်ဘူးလေ

ထုတ်လည်းမထုတ်သင့်ပါဘူး

ထုတ်ခဲ့ရင်လည်း ဥပဒေဆိုတာ ဖောက်ဖျက်ချင်သူတွေအတွက် ယိုပေါက်ကတော့ အနည်းနဲ့အများ ရှိတာပါပဲ

ကျင့်ဝတ် (Ethics) နဲ့ ထိန်းလိုက်ရင်တော့ ကိုယ်ကိုယ်တိုင်ကိုက ကျင့်ဝတ်ဖောက်ဖျက်လိုက်ရမှာ ရှက်တဲ့စိတ်ကြောင့် နိုင်ငံကြီးသားပီသလာကြပါတယ်

တိုးတက်နေတဲ့ သူများနိုင်ငံသားတွေရဲ့ ကောင်းတဲ့အကျင့် ကျွန်မတို့ ဘာလို့ မကျင့်သုံးနိုင်ရမလဲ?

ကျွန်မတို့တတွေလည်း နိုင်ငံကြီးသားပီသအောင် ကျိုးစားကြပါစို့နော်…

ဖိုးသူတော် (www.phothutaw.com)
Credit: DAM
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top