န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ညီမကိုယ္တိုင္ ေဖ်ာက္ထားတာပါ ပါဝါ ၇၀၀ ၇၅၀ အေဝးမႈန္ပါ ဆလင္ဒါလည္း ၁၀၀ ႐ွိပါတယ္ ။ တစ္ေယာက္ၿပီး တစ္ေယာက္လာေမးၾကလို႔ တျခားသူေတြကိုလည္း သိေစခ်င္လို႔ပါ ။ ပထမဆံုး ေရႊဘံုသာလမ္း အေမရိကန္ဗီြ႐ွင္းမွာ ဆရာႀကီးဦးတင္ဝင္းနဲ႔ သြားျပပါတယ္ ဆရာႀကီးက စေန တနဂၤေႏြမနက္ပိုင္း ထိုင္ပါတယ္။ ဆရာႀကီးကို ျပၿပီး မ်က္စိပါဝါေဖ်ာက္လို႔ ရမလားေမးေတာ့ တာေမြမ်က္စိေဆးရံုကို ျပန္ခ်ိန္းပါတယ္။ ေဆးရံုမွာ ပါဝါေဖ်ာက္လို႔ ရ မရ စမ္းသပ္ၿပီး ေဖ်ာက္လို႔ရရင္ နာမည္ရယ္ ဖုန္းနံပါတ္ရယ္ ယူထားပါတယ္။ ၿပီးရင္ အလွည့္က် ပါဝါေဖ်ာက္ေပးပါတယ္။ ပါဝါေဖ်ာက္မယ့္သူအေရအတြက္ေပၚမူတည္ၿပီး ၃လကေန ေျခာက္လေလာက္အထိ ေစာင့္ရမွာပါ။ ကိုယ့္အလွည့္ေရာက္ရင္ ဖုန္းဆက္ၿပီး ရက္ခ်ိန္းေပးပါတယ္။ ညီမတုန္းကေတာ့ ၄လေလာက္ ေစာင့္လိုက္ရပါတယ္။

ေနာက္ၿပီး စမ္းသပ္တုန္းကရင္း ကိုယ့္မ်က္စိအေျခအေနေပၚမူတည္ၿပီး ျဖစ္ႏိုင္ေခ်႐ွိတာေတြကို တစ္ခါတည္း ေျပာျပပါတယ္ (ညီမကိုေတာ့ ညဘက္ ကားေမာင္းလို႔ အဆင္မေျပဘူး ေျပာပါတယ္၊ တစ္ေယာက္နဲ႔ တစ္ေယာက္ မတူပါဘူး၊ ကိုယ့္မ်က္လံုးေပၚမူတည္ပါတယ္၊ အကုန္အဆင္ေျပသြားတဲ့သူေတြလည္း ႐ွိပါတယ္) လက္ခံတယ္ ဆိုရင္ စာရင္းသြင္းေပးပါတယ္။ ပါဝါေဖ်ာက္မယ္ဆိုရင္ ေမ့ေဆးမေပးပါဘူး။ မ်က္လံုးကို ထံုေဆးမ်က္စဥ္းပဲ ခတ္ေပးတာပါ။ အဲ့ေတာ့ ကိုယ့္မ်က္လံုးကို ဘာေတြလုပ္ေနတယ္ဆိုတာ အကုန္သိေနပါတယ္ 😬 Operation room မွာ အလြန္ဆံုး နာရီဝက္ပဲ ၾကာပါတယ္။ ေလဆာပစ္တာကေတာ့ တစ္ဖက္ကို ၂မိနစ္ေလာက္ပဲ ၾကာတာပါ။ (နာရီဝက္ေလာက္သည္းခံၿပီးတာနဲ႔ ေကာင္းသြားမွာလို႔ မွတ္လိုက္ရင္ အဆင္ေျပသြားမွာပါ မေၾကာက္ပါနဲ႔ေနာ္)

ပါဝါေဖ်ာက္ၿပီးတဲ့ေနာက္
ၾကည္ၾကည္လင္လင္ျဖစ္သြားတာ ေတြ႔ရမွာပါ။ ပံုမွန္ မ်က္စဥ္းခတ္ေပးရပါတယ္။ မ်က္စိကို အရမ္းဂ႐ုစိုက္ရပါမယ္။ ၂ပတ္တိတိ ေရမထိရဘူး။ ဖုန္း၊ ကြန္ပ်ဴတာ၊တီဗြီစသျဖင့္ မၾကည့္ရပါဘူး။ (ကိုယ့္တုန္းကေတာ့ ဇိမ္ပဲ အိပ္လိုက္ စားလိုက္ :P) ေနာက္ၿပီး ရက္ခ်ိန္းအတိုင္း ေဆးခန္းကို ၂ပတ္တစ္ခါေလာက္ သြားျပရပါတယ္။ ညီမကေတာ့ ဘယ္ဘက္မ်က္လံုးမွာ အနီကြက္ေလး နည္းနည္းေပၚတဲ့အတြက္ ေပ်ာက္တဲ့အထိ သြားျပရပါတယ္။ ေဖ်ာက္ၿပီးေတာ့လည္း ပါဝါ ၅၀၊ ၇၅ ေလာက္က်န္ပါေသးတယ္။ ဒါေပမယ့္ တျဖည္းျဖည္းခ်င္း ေလ်ာ့သြားမွာပါ။ ၃လေနာက္ပိုင္းမွ ပါဝါအမွန္ျဖစ္မွာပါ။
ကုန္က်စရိတ္ မ်က္စဥ္းဖိုးရယ္၊ ေဆးခန္းျပတာရယ္၊ ကားခရယ္ပဲ ကုန္ပါတယ္။ အားလံုး တစ္သိန္းေက်ာ္ေလာက္ပဲ က်ပါတယ္။ ေဆးရံုကိုေတာ့ တတ္ႏိုင္သေလာက္ အလႉေငြထည့္လို႔ရပါတယ္။

ညီမအခုလက္႐ွိကေတာ့ အားလံုးေကာင္းပါတယ္။ မီးေရာင္စူးစူး ေနေရာင္စူးစူးေတာ့ သိပ္မခံႏိုင္ပါဘူး။ က်န္တာ အဆင္ေျပပါတယ္။
ဆရာႀကီးဦးတင္ဝင္းႏွင့္တကြ ေဆးရံုက ဆရာ၊ ဆရာမေတြ အားလံုးကို ေက်းဇူးအရမ္းတင္ပါတယ္။ အရမ္းလည္း သေဘာေကာင္းၾကပါတယ္။
အခုဆို လမ္းမွာ ကိုယ့္လို မ်က္မွန္အထူႀကီးေတြ တပ္ထားတာ ေတြ႔ရင္ အရမ္းေျပာျပခ်င္ေနတာ။ ကိုယ့္အသိေတြကိုလည္း ေျပာျပတယ္။ အသိေတြထဲက လုပ္တာ ၄ ၅ ေယာက္ေလာက္ ႐ွိၿပီ။ သူတို႔လည္း အကုန္အဆင္ေျပၾကတယ္။ အျခားသူေတြကိုလည္း ကိုယ့္လိုပဲ အဆင္ေျပေစခ်င္ပါတယ္ေနာ္။

အဆံုးထိ ဖတ္ေပးလို႔ ေက်းဇူးပါ 😊
အျခားသူေတြကိုလည္း သိေစခ်င္လို႔ပါေနာ္ 😇
Ps. အေပၚမွာ ေျပာျပခဲ့တာေတြက လြန္ခဲ့တဲ့ ၆လက ညီမသိထားတာေတြပါ။ အခုေနာက္ပိုင္း နည္းနည္းပါးပါး ထပ္ေျပာင္းတာေတြလည္း ႐ွိႏိုင္မွာပါ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: PhooPhoo Zin Kyaw
# Unicode Version ျဖင့္ ဖတ္ပါ #
ညီမကိုယ်တိုင် ဖျောက်ထားတာပါ ပါဝါ ၇၀၀ ၇၅၀ အဝေးမှုန်ပါ ဆလင်ဒါလည်း ၁၀၀ ရှိပါတယ် ။ တစ်ယောက်ပြီး တစ်ယောက်လာမေးကြလို့ တခြားသူတွေကိုလည်း သိစေချင်လို့ပါ ။ ပထမဆုံး ရွှေဘုံသာလမ်း အမေရိကန်ဗွီရှင်းမှာ ဆရာကြီးဦးတင်ဝင်းနဲ့ သွားပြပါတယ် ဆရာကြီးက စနေ တနင်္ဂနွေမနက်ပိုင်း ထိုင်ပါတယ်။ ဆရာကြီးကို ပြပြီး မျက်စိပါဝါဖျောက်လို့ ရမလားမေးတော့ တာမွေမျက်စိဆေးရုံကို ပြန်ချိန်းပါတယ်။ ဆေးရုံမှာ ပါဝါဖျောက်လို့ ရ မရ စမ်းသပ်ပြီး ဖျောက်လို့ရရင် နာမည်ရယ် ဖုန်းနံပါတ်ရယ် ယူထားပါတယ်။ ပြီးရင် အလှည့်ကျ ပါဝါဖျောက်ပေးပါတယ်။ ပါဝါဖျောက်မယ့်သူအရေအတွက်ပေါ်မူတည်ပြီး ၃လကနေ ခြောက်လလောက်အထိ စောင့်ရမှာပါ။ ကိုယ့်အလှည့်ရောက်ရင် ဖုန်းဆက်ပြီး ရက်ချိန်းပေးပါတယ်။ ညီမတုန်းကတော့ ၄လလောက် စောင့်လိုက်ရပါတယ်။

နောက်ပြီး စမ်းသပ်တုန်းကရင်း ကိုယ့်မျက်စိအခြေအနေပေါ်မူတည်ပြီး ဖြစ်နိုင်ချေရှိတာတွေကို တစ်ခါတည်း ပြောပြပါတယ် (ညီမကိုတော့ ညဘက် ကားမောင်းလို့ အဆင်မပြေဘူး ပြောပါတယ်၊ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး၊ ကိုယ့်မျက်လုံးပေါ်မူတည်ပါတယ်၊ အကုန်အဆင်ပြေသွားတဲ့သူတွေလည်း ရှိပါတယ်) လက်ခံတယ် ဆိုရင် စာရင်းသွင်းပေးပါတယ်။ ပါဝါဖျောက်မယ်ဆိုရင် မေ့ဆေးမပေးပါဘူး။ မျက်လုံးကို ထုံဆေးမျက်စဉ်းပဲ ခတ်ပေးတာပါ။ အဲ့တော့ ကိုယ့်မျက်လုံးကို ဘာတွေလုပ်နေတယ်ဆိုတာ အကုန်သိနေပါတယ် 😬 Operation room မှာ အလွန်ဆုံး နာရီဝက်ပဲ ကြာပါတယ်။ လေဆာပစ်တာကတော့ တစ်ဖက်ကို ၂မိနစ်လောက်ပဲ ကြာတာပါ။ (နာရီဝက်လောက်သည်းခံပြီးတာနဲ့ ကောင်းသွားမှာလို့ မှတ်လိုက်ရင် အဆင်ပြေသွားမှာပါ မကြောက်ပါနဲ့နော်)

ပါဝါဖျောက်ပြီးတဲ့နောက်
ကြည်ကြည်လင်လင်ဖြစ်သွားတာ တွေ့ရမှာပါ။ ပုံမှန် မျက်စဉ်းခတ်ပေးရပါတယ်။ မျက်စိကို အရမ်းဂရုစိုက်ရပါမယ်။ ၂ပတ်တိတိ ရေမထိရဘူး။ ဖုန်း၊ ကွန်ပျူတာ၊တီဗွီစသဖြင့် မကြည့်ရပါဘူး။ (ကိုယ့်တုန်းကတော့ ဇိမ်ပဲ အိပ်လိုက် စားလိုက် :P) နောက်ပြီး ရက်ချိန်းအတိုင်း ဆေးခန်းကို ၂ပတ်တစ်ခါလောက် သွားပြရပါတယ်။ ညီမကတော့ ဘယ်ဘက်မျက်လုံးမှာ အနီကွက်လေး နည်းနည်းပေါ်တဲ့အတွက် ပျောက်တဲ့အထိ သွားပြရပါတယ်။ ဖျောက်ပြီးတော့လည်း ပါဝါ ၅၀၊ ၇၅ လောက်ကျန်ပါသေးတယ်။ ဒါပေမယ့် တဖြည်းဖြည်းချင်း လျော့သွားမှာပါ။ ၃လနောက်ပိုင်းမှ ပါဝါအမှန်ဖြစ်မှာပါ။
ကုန်ကျစရိတ် မျက်စဉ်းဖိုးရယ်၊ ဆေးခန်းပြတာရယ်၊ ကားခရယ်ပဲ ကုန်ပါတယ်။ အားလုံး တစ်သိန်းကျော်လောက်ပဲ ကျပါတယ်။ ဆေးရုံကိုတော့ တတ်နိုင်သလောက် အလှူငွေထည့်လို့ရပါတယ်။

ညီမအခုလက်ရှိကတော့ အားလုံးကောင်းပါတယ်။ မီးရောင်စူးစူး နေရောင်စူးစူးတော့ သိပ်မခံနိုင်ပါဘူး။ ကျန်တာ အဆင်ပြေပါတယ်။
ဆရာကြီးဦးတင်ဝင်းနှင့်တကွ ဆေးရုံက ဆရာ၊ ဆရာမတွေ အားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်။ အရမ်းလည်း သဘောကောင်းကြပါတယ်။
အခုဆို လမ်းမှာ ကိုယ့်လို မျက်မှန်အထူကြီးတွေ တပ်ထားတာ တွေ့ရင် အရမ်းပြောပြချင်နေတာ။ ကိုယ့်အသိတွေကိုလည်း ပြောပြတယ်။ အသိတွေထဲက လုပ်တာ ၄ ၅ ယောက်လောက် ရှိပြီ။ သူတို့လည်း အကုန်အဆင်ပြေကြတယ်။ အခြားသူတွေကိုလည်း ကိုယ့်လိုပဲ အဆင်ပြေစေချင်ပါတယ်နော်။

အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးပါ 😊
အခြားသူတွေကိုလည်း သိစေချင်လို့ပါနော် 😇
Ps. အပေါ်မှာ ပြောပြခဲ့တာတွေက လွန်ခဲ့တဲ့ ၆လက ညီမသိထားတာတွေပါ။ အခုနောက်ပိုင်း နည်းနည်းပါးပါး ထပ်ပြောင်းတာတွေလည်း ရှိနိုင်မှာပါ

ဖိုးသူတော် (www.phothutaw.com)
Credit: PhooPhoo Zin Kyaw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top