ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

သြားနဲ႔ခံတြင္း သန္႔ရွင္းေနဖို႔က အေရးႀကီးပါတယ္။ သြားက်န္းမာေရးေကာင္းမွ အစားလည္းေကာင္းေကာင္းစားႏုိင္မယ္၊ အစားေကာင္းေကာင္းစားမွ အလုပ္ေကာင္းေကာင္းလုပ္ႏိုင္မယ္ေလ။ သြားေတြနဲ႔ ပတ္သက္ၿပီး မွားယြင္းထင္ျမင္ေနတဲ့အရာေတြက သြားနဲ႔ခံတြင္းက်န္းမာေရးကို ေႏွာင့္ယွက္ေနေတာ့တာပါပဲ။

၁။ အခ်ိဳ

အခ်ိဳေတြစားရင္ သြားေတြပ်က္စီးမယ္လို႔ ထင္ၾကတယ္။ တကယ္တမ္းေတာ့ သြားကိုအဓိကပ်က္စီးေစတာ မေကာင္းတဲ့ ဘက္တီးရီးယားေတြေၾကာင့္ပါ။ ကာဘိုဟိုက္ၿဒိတ္စားၾကြင္းစားက်န္ေတြ သြားမွာကပ္ၿငိၿပီး ဘက္တီးရီးယားေတြေပါက္ပြားကာ သြားပိုးေပါက္ျဖစ္ေစတာျဖစ္ပါတယ္။ သၾကားကလည္း ကာဘိုဟိုက္ၿဒိတ္ပါဝင္တဲ့အရာပဲမဟုတ္လား။ ဒါေပမဲ့ သၾကားတစ္မ်ိဳးတည္းတင္မက အျခားေသာ ကာဟိုဟိုက္ၿဒိတ္ပါ စားစရာေတြကိုလည္း စားၾကြင္းစားက်န္ရွိေနရင္ သြားပိုးစားႏိုင္ပါတယ္။

၂။ ငယ္သြားေတြပိုးစားရင္ ဘာမွမလုပ္နဲ႔

ငယ္သြားေတြရဲ႕ ေၾကြလႊာက ႀကီးမွေပါက္တဲ့သြားေတြလို မထူပါဘူး။ ဒါေၾကာင့္မုိ႔လို႔ သြားပိုးစားလြယ္ပါတယ္။ အခ်ိန္တန္ရင္ သြားအသစ္လဲမွာပဲဆုိၿပီး ငယ္သြားေတြ ပိုးစားတာကို ဂရုမစိုက္ဘဲေနျခင္းဟာ ႀကီးသြားေတြကိုလည္း မေကာင္းတဲဲ့သက္ေရာက္မႈျဖစ္ေစပါတယ္။

၃။ သြားတိုက္တံမာမွ

တခ်ိဳ႕ေတြက သြားတိုက္တံမာမွ သြားေတြေျပာင္လက္မယ္လုိ႔ ထင္ၾကတယ္။ သြားေတြသန္႔ရွင္းဖုိ႔ တကယ္လိုအပ္တာ ေပ်ာ့ေပ်ာင္းတဲ့သြားတိုက္တံပါ။ သြားတုိက္တံမာရင္ သြားနဲ႔ခံတြင္းကို နာက်င္ထိခိုက္ေစႏိုင္ပါတယ္။ တစ္ေန႔ႏွစ္ၾကိမ္ သြားတုိက္ပါ။ သြားတုိက္တံကိုလည္း ၃လ မွ ၄လ အတြင္း အသစ္လဲရပါမယ္။

၄။ သြားၾကားထုိးတံ

သြားၾကားညႇပ္တာကို ထုတ္ပစ္ဖုိ႔ အေကာင္းဆံံုးက dental floss လို႔ ေခၚတဲ့ သြားသန္႔ရွင္းေရးႀကိဳးေလး ျဖစ္ပါတယ္။ ဘာစားစား စားၿပီးတုိင္း သြားၾကားထိုးရမွေက်နပ္တယ္ဆုိရင္ေတာ့ သြားေတြမွာ ျပႆနာရွိေနပါၿပီ။ သြားေဆးခန္းကို ျမန္ျမန္သာ သြားျပပါေတာ့။

၅။ မၾကာခဏသြားတုိက္ျခင္း

မၾကာခဏ သြားတုိက္ေပးျခင္းဟာ သြားေတြကိုေျပာင္လက္ေစတာ မဟုတ္ပါဘူး။ သြားေၾကြလႊာကို တိုက္စားသြားႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ သြားတုိက္ေဆးရဲ႕ ပါဝင္ပစၥည္းေတြက မၾကာခဏအသံုးျပဳလြန္းရင္ သြားေတြကိုပါ ပ်က္စီးေစေရာေလ။ အစာစားၿပီးတုိင္း ပလုပ္က်င္းေပးရင္ ရပါၿပီ။ သြားကိုေတာ့ မနက္တစ္ႀကိမ္၊ ညတစ္ႀကိမ္ တိုက္ေပးရံုနဲ႔ လံုေလာက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
သွားနဲ့ခံတွင်း သန့်ရှင်းနေဖို့က အရေးကြီးပါတယ်။ သွားကျန်းမာရေးကောင်းမှ အစားလည်းကောင်းကောင်းစားနိုင်မယ်၊ အစားကောင်းကောင်းစားမှ အလုပ်ကောင်းကောင်းလုပ်နိုင်မယ်လေ။ သွားတွေနဲ့ ပတ်သက်ပြီး မှားယွင်းထင်မြင်နေတဲ့အရာတွေက သွားနဲ့ခံတွင်းကျန်းမာရေးကို နှောင့်ယှက်နေတော့တာပါပဲ။

၁။ အချို

အချိုတွေစားရင် သွားတွေပျက်စီးမယ်လို့ ထင်ကြတယ်။ တကယ်တမ်းတော့ သွားကိုအဓိကပျက်စီးစေတာ မကောင်းတဲ့ ဘက်တီးရီးယားတွေကြောင့်ပါ။ ကာဘိုဟိုက်ဒြိတ်စားကြွင်းစားကျန်တွေ သွားမှာကပ်ငြိပြီး ဘက်တီးရီးယားတွေပေါက်ပွားကာ သွားပိုးပေါက်ဖြစ်စေတာဖြစ်ပါတယ်။ သကြားကလည်း ကာဘိုဟိုက်ဒြိတ်ပါဝင်တဲ့အရာပဲမဟုတ်လား။ ဒါပေမဲ့ သကြားတစ်မျိုးတည်းတင်မက အခြားသော ကာဟိုဟိုက်ဒြိတ်ပါ စားစရာတွေကိုလည်း စားကြွင်းစားကျန်ရှိနေရင် သွားပိုးစားနိုင်ပါတယ်။

၂။ ငယ်သွားတွေပိုးစားရင် ဘာမှမလုပ်နဲ့

ငယ်သွားတွေရဲ့ ကြွေလွှာက ကြီးမှပေါက်တဲ့သွားတွေလို မထူပါဘူး။ ဒါကြောင့်မို့လို့ သွားပိုးစားလွယ်ပါတယ်။ အချိန်တန်ရင် သွားအသစ်လဲမှာပဲဆိုပြီး ငယ်သွားတွေ ပိုးစားတာကို ဂရုမစိုက်ဘဲနေခြင်းဟာ ကြီးသွားတွေကိုလည်း မကောင်းတဲ့သက်ရောက်မှုဖြစ်စေပါတယ်။

၃။ သွားတိုက်တံမာမှ

တချို့တွေက သွားတိုက်တံမာမှ သွားတွေပြောင်လက်မယ်လို့ ထင်ကြတယ်။ သွားတွေသန့်ရှင်းဖို့ တကယ်လိုအပ်တာ ပျော့ပျောင်းတဲ့သွားတိုက်တံပါ။ သွားတိုက်တံမာရင် သွားနဲ့ခံတွင်းကို နာကျင်ထိခိုက်စေနိုင်ပါတယ်။ တစ်နေ့နှစ်ကြိမ် သွားတိုက်ပါ။ သွားတိုက်တံကိုလည်း ၃လ မှ ၄လ အတွင်း အသစ်လဲရပါမယ်။

၄။ သွားကြားထိုးတံ

သွားကြားညှပ်တာကို ထုတ်ပစ်ဖို့ အကောင်းဆံုံးက dental floss လို့ ခေါ်တဲ့ သွားသန့်ရှင်းရေးကြိုးလေး ဖြစ်ပါတယ်။ ဘာစားစား စားပြီးတိုင်း သွားကြားထိုးရမှကျေနပ်တယ်ဆိုရင်တော့ သွားတွေမှာ ပြဿနာရှိနေပါပြီ။ သွားဆေးခန်းကို မြန်မြန်သာ သွားပြပါတော့။

၅။ မကြာခဏသွားတိုက်ခြင်း

မကြာခဏ သွားတိုက်ပေးခြင်းဟာ သွားတွေကိုပြောင်လက်စေတာ မဟုတ်ပါဘူး။ သွားကြွေလွှာကို တိုက်စားသွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သွားတိုက်ဆေးရဲ့ ပါဝင်ပစ္စည်းတွေက မကြာခဏအသုံးပြုလွန်းရင် သွားတွေကိုပါ ပျက်စီးစေရောလေ။ အစာစားပြီးတိုင်း ပလုပ်ကျင်းပေးရင် ရပါပြီ။ သွားကိုတော့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် တိုက်ပေးရုံနဲ့ လုံလောက်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top