×





Source : Shanghaiist

Credit: buzzy
# Unicode Version ဖြင့် ဖတ်ပါ #
ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေလိုပဲ ချမ်းသာတဲ့ ယောင်္ကျားဖြစ်သူရဲ. နေအိမ်မှာ လိုက်နေရတဲ့ စိတ်ဖိစီးမှုတွေနဲ့ အမျိုးသမီးလေးဟာ ယောင်္ကျားဖြစ်သူကို စိတ်ဆိုးပြီး သူမရဲ. တန်ဖိုးကြီး လက်ကိုင်အိတ်တွေကို မီးပုံရှို့နေတာပါ ။

သူမရဲ. နာမည်ကို မသိရပေမယ့် သူမဟာ ဆင်းရဲတဲ့ မိသားစုတစ်ခုက ဖြစ်ပြီး Guangzhou မှာ ပညာသင်ကြားခဲ့တဲ့ ကျောင်းသူလေးပါ ။ သူမဟာ ချမ်းသာတဲ့ မိသားစုက ဆင်းသက်လာတဲ့ ခင်ပွန်းဖြစ်သူနဲ့ တစ်နှစ်လောက် တွဲခဲ့ကြပြီး ချမ်းသာတဲ့ ဘဝမှာ နေထိုင်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း သူမဟာ ယောက္ခမဖြစ်သူနဲ့ အဆင်မပြေဖြစ်ပြီး အရာရာပြည့်စုံတဲ့ ချွေးမတစ်ယောက် မဖြစ်နိုင်တာမို့ စိတ်ဖိစီးမှု ခံစားနေရပြီး ၊ သူမအဖြစ်နဲ့ ဆင်တဲ့ အွန်လိုင်းပေါ်က ရုပ်ရှင်ကားတစ်ကားထဲက ဇာတ်ဝင်ခန်းအတိုင်း အပြင်မှာ လိုက်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒေသမီဒီယာတွေရဲ. အဆိုအရ သူမဟာ လုံးဝ တန်ဖိုးကြီး လက်ကိုင်အိတ်တွေကို အိမ်ရှေ.မှာ မီးရှို့ပြီး နောက်မှာတော့ ခင်ပွန်းဖြစ်သူက သူမကို ဒူးထောက်ပြီး တောင်းပန်နေတာကိုပါ တွေ့ရပါတယ်။

Source : Shanghaiist

ဖိုးသူတော် (www.phothutaw.com)
Credit: buzzy
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top