ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

တန္ဖိုးရွိ အသံုးတည့္လြန္းလွတဲ့ ယင္ေကာင္ေတြကို အလြယ္ဆုံးေျပးေစမယ့္ နည္းလမ္းစားေသာက္ ေနတုန္း ယင္အံု လာရင္ အရသာ ပ်က္တယ္ေပါ့ဗ်ာ။ ယင္ အုခ် သြားရင္ ေရာဂါ ဘယလည္း ပ်ံ႕ႏွံ႔ႏုိင္ေသး။ လြယ္လြယ္ ကူကူ နည္းလမ္းေလး တစ္ခုကို Funzug က အႀကံျပဳ ထားပါတယ္။

ပံုထဲကအတိုင္း…………
+ ပလတ္စတစ္အိပ္ အၾကည္ …ေလး၊ငါး အိပ္ကို ရွာ။
+ အေၾကြေစ့ တစ္အိပ္ အတြက္ ေလး၊ငါးေစ့ ကိုလည္း ရွာထား။ ( ဒါကေတာ့ ကၽြန္ေတာ္တို ႔အတြက္ ခက္မယ္ဗ်။ အေၾကြ က ရွားပါ ဘိသနဲ႔)
+ အိပ္ေတြထဲကို ေရျဖည့္။

+ အိပ္ကို လံုေအာင္ပိတ္၊ ယင္ေကာင္ေတြ လာတတ္တဲ့ ေနရာေတြမွာ ခ်ိတ္ဆြဲ ထားလိုက္ရံု ပါပဲတဲ့။ မ်က္လွည့္ လိုလို၊ လက္လွည့္ လိုလို ေပါ့ဗ်ာ။
သိပၸံနည္းက် ရွင္းျပတာက သည္လို ပါတဲ့ဗ်။ေရေမာ္လီက်ဴ းေလးေတြဟာ အလင္းယိုင္၊ အလင္းျပန္ တတ္ၿပီး သက္တန္႔ ေရာင္စဥ္ ျဖာေစတဲ့ Prism Effect ရွိပါတယ္။

ေရေမာ္လီက်ဴး သန္းေပါင္းမ်ားစြာ ထည့္ထားတဲ့ အိပ္ထဲကို အေၾကြေစ့ ေတြ ထည့္လိုက္ေတာ့ အဲဒီ ေရာင္စဥ္ ေတြဟာ..အေၾကြေတြကို ရိုက္ခတ္ၿပီး ႀကံဳရာ က်ပန္း မ်ဳိး ေပါင္း စံုေအာင္ ေရာင္စဥ္ ဆန္းေတြ ျဖစ္ေပၚ လာေစ ပါတယ္တဲ့ဗ်ာ။ယင္ေကာင္လို အင္းဆက္ ေတြရဲ့ မ်က္လံုးဟာ မွန္ဘီလူး ခ်ပ္ငယ္ေလးေပါင္း မ်ားစြာနဲ႔ ဖြဲ႔စည္း ထားေပတာမို႔ သူတို႔ဟာ ပစၥည္း တစ္ခုထဲကို ၾကည့္ရင္ေတာင္ ပံုရိပ္ အမ်ဳိးမ်ဳိး ျမင္ရပါတယ္။

အခု ခ်ိတ္ထားတဲ့ ေရအိပ္ကို ယင္ေတြ ၾကည့္မိရင္ လင္းလင္း လက္လက္ အေရာင္မ်ဳိးစံုေတြ ထြက္ေနတဲ့ Disco Ball မ် ားစြာကို ၾကည့္ရ သလို ျမင္ေယာင္ မိေစ ပါသတဲ့။ ဒီ အလင္းျဖာတန္း ေတြေၾကာင့္ ယင္ေတြ မူးေနာက္ေနာက္ ျဖစ္လာေစတဲ့ အျပင္ သူတို႔ကို စားေသာက္မယ့္ ယင္စား သတၱ၀ါေတြ ဒီနားမွာ ရွိေနသလို ခံစား လာရေစ ပါသတဲ့ခင္ဗ်ာ။ ယင္ႏွင္ေဆး ေတြလို ေဘးထြက္ ဓာတု ဆိုးက်ဳိး းေတြလည္း မရွိ၊ ေငြကုန္ေၾကးက် လည္း သက္သာ၊ လုပ္ရ ကိုင္ရလည္း မခက္တာမို႔ စမ္းသပ္ ၾကည့္သင့္ ပါေၾကာင္း။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: Funzug
# Unicode Version ျဖင့္ ဖတ္ပါ #
တန်ဖိုးရှိ အသုံးတည့်လွန်းလှတဲ့ ယင်ကောင်တွေကို အလွယ်ဆုံးပြေးစေမယ့် နည်းလမ်းစားသောက် နေတုန်း ယင်အုံ လာရင် အရသာ ပျက်တယ်ပေါ့ဗျာ။ ယင် အုချ သွားရင် ရောဂါ ဘယလည်း ပျံ့နှံ့နိုင်သေး။ လွယ်လွယ် ကူကူ နည်းလမ်းလေး တစ်ခုကို Funzug က အကြံပြု ထားပါတယ်။

ပုံထဲကအတိုင်း…………
+ ပလတ်စတစ်အိပ် အကြည် …လေး၊ငါး အိပ်ကို ရှာ။
+ အကြွေစေ့ တစ်အိပ် အတွက် လေး၊ငါးစေ့ ကိုလည်း ရှာထား။ ( ဒါကတော့ ကျွန်တော်တို့အတွက် ခက်မယ်ဗျ။ အကြွေ က ရှားပါ ဘိသနဲ့)
+ အိပ်တွေထဲကို ရေဖြည့်။

+ အိပ်ကို လုံအောင်ပိတ်၊ ယင်ကောင်တွေ လာတတ်တဲ့ နေရာတွေမှာ ချိတ်ဆွဲ ထားလိုက်ရုံ ပါပဲတဲ့။ မျက်လှည့် လိုလို၊ လက်လှည့် လိုလို ပေါ့ဗျာ။
သိပ္ပံနည်းကျ ရှင်းပြတာက သည်လို ပါတဲ့ဗျ။ရေမော်လီကျူ းလေးတွေဟာ အလင်းယိုင်၊ အလင်းပြန် တတ်ပြီး သက်တန့် ရောင်စဉ် ဖြာစေတဲ့ Prism Effect ရှိပါတယ်။

ရေမော်လီကျူး သန်းပေါင်းများစွာ ထည့်ထားတဲ့ အိပ်ထဲကို အကြွေစေ့ တွေ ထည့်လိုက်တော့ အဲဒီ ရောင်စဉ် တွေဟာ..အကြွေတွေကို ရိုက်ခတ်ပြီး ကြုံရာ ကျပန်း မျိုး ပေါင်း စုံအောင် ရောင်စဉ် ဆန်းတွေ ဖြစ်ပေါ် လာစေ ပါတယ်တဲ့ဗျာ။ယင်ကောင်လို အင်းဆက် တွေရဲ့ မျက်လုံးဟာ မှန်ဘီလူး ချပ်ငယ်လေးပေါင်း များစွာနဲ့ ဖွဲ့စည်း ထားပေတာမို့ သူတို့ဟာ ပစ္စည်း တစ်ခုထဲကို ကြည့်ရင်တောင် ပုံရိပ် အမျိုးမျိုး မြင်ရပါတယ်။

အခု ချိတ်ထားတဲ့ ရေအိပ်ကို ယင်တွေ ကြည့်မိရင် လင်းလင်း လက်လက် အရောင်မျိုးစုံတွေ ထွက်နေတဲ့ Disco Ball မျ ားစွာကို ကြည့်ရ သလို မြင်ယောင် မိစေ ပါသတဲ့။ ဒီ အလင်းဖြာတန်း တွေကြောင့် ယင်တွေ မူးနောက်နောက် ဖြစ်လာစေတဲ့ အပြင် သူတို့ကို စားသောက်မယ့် ယင်စား သတ္တဝါတွေ ဒီနားမှာ ရှိနေသလို ခံစား လာရစေ ပါသတဲ့ခင်ဗျာ။ ယင်နှင်ဆေး တွေလို ဘေးထွက် ဓာတု ဆိုးကျိုး းတွေလည်း မရှိ၊ ငွေကုန်ကြေးကျ လည်း သက်သာ၊ လုပ်ရ ကိုင်ရလည်း မခက်တာမို့ စမ်းသပ် ကြည့်သင့် ပါကြောင်း။

 ဖိုးသူတော် (www.phothutaw.com)
Credit: Funzug
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top