ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ရခိုင္ျပည္နယ္ မင္းျပားျမိဳ႕နယ္ ဖားျပိဳရြာမွ ၇တန္းတက္မည့္ ဆယ္ေက်ာ္သက္အရြယ္ မိန္းခေလးႏွစ္ဦး ေရနစ္ေသဆံုးသြားေၾကာင္း သတင္းရရွိသည္။

၎မိ္န္းခေလးႏွစ္ဦးမွာ မလွဆန္းေအး (၁၅) ႏွစ္(ဘ) ဦးေစာထြန္းသိန္းႏွင့္ မႏွင္းႏုေခ်(၁၄) ႏွစ္ (မိ) ေဒၚမဲေခ်တို႕ျဖစ္ေၾကာင္း သိရသည္။

၎မိန္းခေလးငယ္ ႏွစ္ဦးသည္ ေမ ၃၀ ရက္ေန႕က ရာေမာင္တံတားအနီးတြင္ ျမစ္ေရထဲ ေမ်ာပါသြားသည့္ ပလစတစ္ပံုးကို လိုက္ဆယ္ရာမွ ေရနစ္ေသဆံုးသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

“ သူတို႕က ရြာအနားက ရာေမာင္တံတားအနီး ရာေမာင္ျမစ္ကမ္းေဘးမွာ ေက်ာက္တင္တဲ့ ပလစတစ္ပံုးကို သြားေဆးရင္း ပံုးကေရထဲေမ်ာပါသြားေတာ့ မလွဆန္းေအးက လိုက္ဆယ္တယ္။ မလွဆန္းေအး ေရနစ္ေတာ့ မႏွင္းႏုေခ်ကပါ လိုက္ကယ္ေတာ့ ႏွစ္ေယာက္စလံုး ေရနစ္ျပီး ေသဆံုးသြားခဲ့ရတာပါ” ဟု ဖားျပိဳဆရာေတာ္ ဦးေသာဘိတက မိန္႕ၾကားသည္။

မလွဆန္းေအးအေလာင္းအား ေမ ၃၁ ရက္ မြန္းလြဲ ၂ နာရီတြင္ ရရွိျပီး မႏွင္းႏုေခ် အေလာင္းကို ည ၆ နာရီတြင္ ျမစ္ထဲမွ ဆယ္ယူရရွိသည္ဟု သိရသည္။

“ အေလာင္းေတြကို မေန႕က ရတာနဲ႕ မင္းျပားေဆးရံုကို ပုိ႕ေဆာင္တယ္။ ပီးရင္ ခ်က္ခ်င္းဘဲ ရြာကို ျပန္သယ္လာျပီး သျဂိၤဳလ္လိုက္ပါတယ္။ မိသားစုေတြက အရမ္းပူေဆြးေနၾကပါတယ္။ မႏွင္းႏုေခ်မွာက အေမတစ္ခု သမီးတစ္ခုပါ။ အေဖမရွိဘူး။ မလွဆန္းေအးမွာေတာ့ မိစံုဖစံုနဲ႕ ညီအစ္ကို ေမာင္ႏွမေတြ သံုးေလးေယာက္ ရွိပါတယ္” ဟု ဆရာေတာ္က မိန္႕ၾကားသည္။

ဖားျပိဳရြာမွ မိန္းခေလး တစ္ဦးက “ သူတို႕ႏွစ္ေယာက္က ခုႏွစ္တန္းတက္မွာပါ။ ေက်ာင္းသံုး စာအုပ္ေတြလည္း ရထားၾကပါျပီ။ သူတုိ႕က ေက်ာက္တင္တဲ့သူေတြ မဟုတ္ပါ။ ျမစ္နားမွာ ပလစတစ္ပံုးေတြကို သြားေဆးရာကေန ေရနစ္သြားတာလို႕ သိရပါတယ္” ဟု ေျပာၾကားသည္။

ဖားျပိဳရြာ မူလြန္ေက်ာင္းကို အလက(ခြဲ) တိုးျမွင့္ခံရသည့္ ယခုႏွစ္တြင္ ေက်ာင္းသူ ႏွစ္ဦး ေရနစ္ေသဆံုးသြားသျဖင့္ တစ္ရြာလံုး စိတ္မေကာင္း ျဖစ္ေနၾကရသည္ဟု အဆိုပါ မိန္းခေလးငယ္က ေျပာဆိုသည္။

(ဓာတ္ပံု- Lay Mro CJ News)
Narinjara

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နိရဥၥရာ
# Unicode Version ျဖင့္ ဖတ္ပါ #
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖားပြိုရွာမှ ၇တန်းတက်မည့် ဆယ်ကျော်သက်အရွယ် မိန်းခလေးနှစ်ဦး ရေနစ်သေဆုံးသွားကြောင်း သတင်းရရှိသည်။

၎င်းမိန်းခလေးနှစ်ဦးမှာ မလှဆန်းအေး (၁၅) နှစ်(ဘ) ဦးစောထွန်းသိန်းနှင့် မနှင်းနုချေ(၁၄) နှစ် (မိ) ဒေါ်မဲချေတို့ဖြစ်ကြောင်း သိရသည်။

၎င်းမိန်းခလေးငယ် နှစ်ဦးသည် မေ ၃၀ ရက်နေ့က ရာမောင်တံတားအနီးတွင် မြစ်ရေထဲ မျောပါသွားသည့် ပလစတစ်ပုံးကို လိုက်ဆယ်ရာမှ ရေနစ်သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

“ သူတို့က ရွာအနားက ရာမောင်တံတားအနီး ရာမောင်မြစ်ကမ်းဘေးမှာ ကျောက်တင်တဲ့ ပလစတစ်ပုံးကို သွားဆေးရင်း ပုံးကရေထဲမျောပါသွားတော့ မလှဆန်းအေးက လိုက်ဆယ်တယ်။ မလှဆန်းအေး ရေနစ်တော့ မနှင်းနုချေကပါ လိုက်ကယ်တော့ နှစ်ယောက်စလုံး ရေနစ်ပြီး သေဆုံးသွားခဲ့ရတာပါ” ဟု ဖားပြိုဆရာတော် ဦးသောဘိတက မိန့်ကြားသည်။

မလှဆန်းအေးအလောင်းအား မေ ၃၁ ရက် မွန်းလွဲ ၂ နာရီတွင် ရရှိပြီး မနှင်းနုချေ အလောင်းကို ည ၆ နာရီတွင် မြစ်ထဲမှ ဆယ်ယူရရှိသည်ဟု သိရသည်။

“ အလောင်းတွေကို မနေ့က ရတာနဲ့ မင်းပြားဆေးရုံကို ပို့ဆောင်တယ်။ ပီးရင် ချက်ချင်းဘဲ ရွာကို ပြန်သယ်လာပြီး သဂြိၤုလ်လိုက်ပါတယ်။ မိသားစုတွေက အရမ်းပူဆွေးနေကြပါတယ်။ မနှင်းနုချေမှာက အမေတစ်ခု သမီးတစ်ခုပါ။ အဖေမရှိဘူး။ မလှဆန်းအေးမှာတော့ မိစုံဖစုံနဲ့ ညီအစ်ကို မောင်နှမတွေ သုံးလေးယောက် ရှိပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

ဖားပြိုရွာမှ မိန်းခလေး တစ်ဦးက “ သူတို့နှစ်ယောက်က ခုနှစ်တန်းတက်မှာပါ။ ကျောင်းသုံး စာအုပ်တွေလည်း ရထားကြပါပြီ။ သူတို့က ကျောက်တင်တဲ့သူတွေ မဟုတ်ပါ။ မြစ်နားမှာ ပလစတစ်ပုံးတွေကို သွားဆေးရာကနေ ရေနစ်သွားတာလို့ သိရပါတယ်” ဟု ပြောကြားသည်။

ဖားပြိုရွာ မူလွန်ကျောင်းကို အလက(ခွဲ) တိုးမြှင့်ခံရသည့် ယခုနှစ်တွင် ကျောင်းသူ နှစ်ဦး ရေနစ်သေဆုံးသွားသဖြင့် တစ်ရွာလုံး စိတ်မကောင်း ဖြစ်နေကြရသည်ဟု အဆိုပါ မိန်းခလေးငယ်က ပြောဆိုသည်။

(ဓာတ်ပုံ- Lay Mro CJ News)
Narinjara

ဖိုးသူတော် (www.phothutaw.com)
Credit: နိရဉ္စရာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top