×

၂၀၁၈ ႐ုရွား ကမၻာ့ဖလား ေဘာလုံးပြဲအတြက္ အြန္လိုင္းမွေန၍ ေလာင္းကစားျခင္းကို တရားမဝင္ ေၾကာ္ျငာေပး ေနသည့္ ထိုင္းအမ်ိဳးသမီးငယ္ ၁၀၀၀ေက်ာ္ကို ဖမ္းဝရမ္းထုတ္ထားေၾကာင္း ထိုင္း ဒုရဲခ်ဳပ္ ခ်ာလမ္ကီယတ္ ဆရီဝိုရာကန္၏ ေျပာဆိုခ်က္ကို ကိုးကား၍ Khaosad သတင္းကဆိုသည္။

ေထာင္ႏွင့္ခ်ီသည့္ ဝက္ဆိုက္မ်ားမွ အြန္လိုင္း ေလာင္းကစားေၾကာ္ျငာမ်ားတြင္ သ႐ုပ္ေဆာင္ခဲ့ေသာ အလွပေဂး ထိုင္းေမာ္ဒယ္ အမ်ိဳသမီး ၁၀၀၀ ေက်ာ္အတြက္ ဖမ္းဝရမ္းထားထုတ္ထားၿပီးျဖစ္ေၾကာင္း၊ ထိုဝက္ဘ္ဆိုက္မ်ား လုပ္ကိုင္သူမ်ားကိုလည္း ေဖာ္ထုတ္ၿပီး ပိတ္ပင္ရန္ တရား႐ုံးအမိန႔္ ရယူ သြားမည္ ဟုလည္း ဆိုသည္။

ေလာင္းကစားသည္ဟု အျပစ္ရွိေၾကာင္း ေတြ႕ရွိပါက ထိုေမာ္ဒယ္မ်ားအပါအဝင္ ပါဝင္ပတ္သက္သူမ်ား သည္ ေထာင္ဒဏ္ ၁ ႏွစ္ သို႔မဟုတ္ ဒဏ္ေငြ ဘတ္ ၁၀၀၀ သို႔မဟုတ္ ႏွစ္ခုစလုံး က်ခံရနိုင္သည္။

ကမၻာ့ဖလားေလာင္းကစားျခင္းေၾကာင့္ ေငြေၾကးဆုံးရွုံးသူမ်ားအား ျပင္ပေငြတိုးေခ်းသူမ်ားက တရားမဝင္နည္း ျဖင့္ ေငြထုတ္ေခ်းျခင္းမျပဳနိုင္ေအာင္လည္း တားဆီးမည္ဟု ရဲတပ္ဖြဲ႕ကေျပာသည္။

ထိုင္းနိုင္ငံ၌ ေဘာလုံးေလာင္းကစားျခင္းသည္ တရားမဝင္ေသာ္လည္း လူႀကိဳက္အမ်ားဆုံးႏွင့္ အက်ိဳးအျမတ္ အမ်ားဆုံး ေလာင္းကစားနည္းျဖစ္သည္။ အစိုးရထီလက္မွတ္ႏွင့္ ျမင္းပြဲေလာင္းျခင္းမွ အပ ေလာင္းကစား အားလုံးကို ထိုင္းနိုင္ငံတြင္ တားျမစ္ပိတ္ပင္ထားသည္။

၂၀၁၄ ခုႏွစ္ ကမၻာ့ဖလားၿပိဳင္ပြဲအတြင္းကလည္း ရဲတပ္ဖြဲ႕သည္ ေဘာလုံးေကာင္းကစား ဂိုဏ္မ်ားႏွင့္ ပတ္သက္ ေသာ လူ ၅၀၀၀ ေက်ာ္ကို ဖမ္းဆီးခဲ့သည္။

၂၀၁၈ ႐ုရွား ကမၻာဖလား ေဘာလုံးၿပိဳင္ပြဲကို လာမည့္ ဇြန္လ ၁၄ရက္ေန႔မွ ဇူလိုင္လ ၁၅ရက္ေန႔အထိ တလၾကာက်င္းပမည္ ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဧရာ၀တီ
# Unicode Version ျဖင့္ ဖတ္ပါ #
၂၀၁၈ ရုရှား ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် အွန်လိုင်းမှနေ၍ လောင်းကစားခြင်းကို တရားမဝင် ကြော်ငြာပေး နေသည့် ထိုင်းအမျိုးသမီးငယ် ၁၀၀၀ကျော်ကို ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်း ဒုရဲချုပ် ချာလမ်ကီယတ် ဆရီဝိုရာကန်၏ ပြောဆိုချက်ကို ကိုးကား၍ Khaosad သတင်းကဆိုသည်။

ထောင်နှင့်ချီသည့် ဝက်ဆိုက်များမှ အွန်လိုင်း လောင်းကစားကြော်ငြာများတွင် သရုပ်ဆောင်ခဲ့သော အလှပဂေး ထိုင်းမော်ဒယ် အမျိုသမီး ၁၀၀၀ ကျော်အတွက် ဖမ်းဝရမ်းထားထုတ်ထားပြီးဖြစ်ကြောင်း၊ ထိုဝက်ဘ်ဆိုက်များ လုပ်ကိုင်သူများကိုလည်း ဖော်ထုတ်ပြီး ပိတ်ပင်ရန် တရားရုံးအမိန့် ရယူ သွားမည် ဟုလည်း ဆိုသည်။

လောင်းကစားသည်ဟု အပြစ်ရှိကြောင်း တွေ့ရှိပါက ထိုမော်ဒယ်များအပါအဝင် ပါဝင်ပတ်သက်သူများ သည် ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ၁၀၀၀ သို့မဟုတ် နှစ်ခုစလုံး ကျခံရနိုင်သည်။

ကမ္ဘာ့ဖလားလောင်းကစားခြင်းကြောင့် ငွေကြေးဆုံးရှုံးသူများအား ပြင်ပငွေတိုးချေးသူများက တရားမဝင်နည်း ဖြင့် ငွေထုတ်ချေးခြင်းမပြုနိုင်အောင်လည်း တားဆီးမည်ဟု ရဲတပ်ဖွဲ့ကပြောသည်။

ထိုင်းနိုင်ငံ၌ ဘောလုံးလောင်းကစားခြင်းသည် တရားမဝင်သော်လည်း လူကြိုက်အများဆုံးနှင့် အကျိုးအမြတ် အများဆုံး လောင်းကစားနည်းဖြစ်သည်။ အစိုးရထီလက်မှတ်နှင့် မြင်းပွဲလောင်းခြင်းမှ အပ လောင်းကစား အားလုံးကို ထိုင်းနိုင်ငံတွင် တားမြစ်ပိတ်ပင်ထားသည်။

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းကလည်း ရဲတပ်ဖွဲ့သည် ဘောလုံးကောင်းကစား ဂိုဏ်များနှင့် ပတ်သက် သော လူ ၅၀၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။

၂၀၁၈ ရုရှား ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲကို လာမည့် ဇွန်လ ၁၄ရက်နေ့မှ ဇူလိုင်လ ၁၅ရက်နေ့အထိ တလကြာကျင်းပမည် ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဧရာဝတီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top