တ႐ုတ္အမ်ိဳးသားတစ္ဦး၏ႏွာေခါင္း ေပါက္ထဲ ဝင္ေနသည့္ ေမၽွာ႔အရွင္ကို ဆရာဝန္က ဆြဲထုတ္ေပးလိုက္ပုံ ဗီဒီယို ဖိုင္လူမႈကြန္ရက္တြင္ နာမည္ႀကီးေန သည္။ ဆရာဝန္က ဇာဂနာကိုသုံးၿပီး လူ နာ၏ႏွာေခါင္းေပါက္ထဲမွ ေမၽွာ႔ႀကီးကို ဆြဲ ထုတ္ေပးလိုက္ျခင္းျဖစ္သည္။

ေမၽွာ႔သည္ ၎တို႔ခႏၶာကိုယ္အေလးခ်ိန္ထက္ ငါးဆ မ်ားသည့္ ေသြးကို စုပ္ယူႏိုင္သည္။ သို႔ ေသာ္ ၎တို႔သည္ အ႐ြယ္အစားအားျဖင့္ ႐ုတ္တရက္ခ်က္ခ်င္းဆိုသကဲ့သို႔ ႀကီးထြား လာေလ့မရွိဟု ကၽြမ္းက်င္သူတစ္ဦးက ဆို သည္။ ႏွာေခါင္းထဲတြင္ တစ္မ်ိဳးျဖစ္ေန သျဖင့္ လူနာက ေဆး႐ုံလာၿပီး ေဆးလာ စစ္ျခင္းျဖစ္သည္ဟု တ႐ုတ္သတင္းမ်ား တြင္ ေဖာ္ျပထားသည္။

၎ႏွာေခါင္းထဲ တြင္ ေမၽွာ႔ဝင္ခိုေနေၾကာင္းကို ကာယကံ ရွင္ သိပုံမေပၚေပ။ ၎ႏွာေခါင္းေပါက္ ထဲကို ဆရာဝန္က ၾကည့္လိုက္ၿပီး ဇာဂနာ ယူကာ လူနာ၏ႏွာေခါင္းထဲ ထည့္လိုက္ သည္။

ၿပီးေနာက္ ေမၽွာ႔အရွင္ကို ဆြဲ ထုတ္လိုက္ေတာ့ျခင္းျဖစ္သည္။ ၎ႏွာ ေခါင္းထဲမွ ေမၽွာ႔ႀကီးထြက္လာသည္ကို ေတြ႕လိုက္ရသည့္အခါ လူနာမွာ ေၾကာက္ လန္႔သြားသည္။ နည္းတာႀကီး မဟုတ္ ဘူး ဟု ေဘးလူတစ္ဦးက ေျပာေနသံကို လည္း ဗီဒီယိုဖိုင္တြင္ ၾကားရမည္ျဖစ္သည္။

ထိုအမ်ိဳးသား၏ႏွာေခါင္းထဲ ေမၽွာ႔မည္သို႔ ဝင္သြားသည္ကိုလည္းေကာင္း၊ ႏွာေခါင္း ထဲတြင္ ေမၽွာ႔ဝင္ေနသည္မွာ မည္မၽွၾကာ ေနၿပီဆိုသည္ကိုလည္းေကာင္း မသိရေပ။ ၂၀၁၄ ခုႏွစ္ကလည္း ႏိုင္ငံျခားသူခရီးသြား တစ္ဦး အေရွ႕ေတာင္အာရွကို အလည္ လာရာ ႏွာေခါင္းထဲ ေမၽွာ႔ဝင္သြားၿပီး ထို ေမၽွာ႔က ၎ႏွာေခါင္းထဲ တစ္လၾကာ ခိုေနခဲ့သည္။ ေရကူးစဥ္တြင္ ႏွာေခါင္းထဲ ေမၽွာ႔ဝင္သြားျခင္းျဖစ္မည္ဟု ကာယကံရွင္ က ဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: bahuthuta.ne
# Unicode Version ျဖင့္ ဖတ္ပါ #


တရုတ်အမျိုးသားတစ်ဦး၏နှာခေါင်း ပေါက်ထဲ ဝင်နေသည့် မျှော့အရှင်ကို ဆရာဝန်က ဆွဲထုတ်ပေးလိုက်ပုံ ဗီဒီယို ဖိုင်လူမှုကွန်ရက်တွင် နာမည်ကြီးနေ သည်။ ဆရာဝန်က ဇာဂနာကိုသုံးပြီး လူ နာ၏နှာခေါင်းပေါက်ထဲမှ မျှော့ကြီးကို ဆွဲ ထုတ်ပေးလိုက်ခြင်းဖြစ်သည်။

မျှော့သည် ၎င်းတို့ခန္ဓာကိုယ်အလေးချိန်ထက် ငါးဆ များသည့် သွေးကို စုပ်ယူနိုင်သည်။ သို့ သော် ၎င်းတို့သည် အရွယ်အစားအားဖြင့် ရုတ်တရက်ချက်ချင်းဆိုသကဲ့သို့ ကြီးထွား လာလေ့မရှိဟု ကျွမ်းကျင်သူတစ်ဦးက ဆို သည်။ နှာခေါင်းထဲတွင် တစ်မျိုးဖြစ်နေ သဖြင့် လူနာက ဆေးရုံလာပြီး ဆေးလာ စစ်ခြင်းဖြစ်သည်ဟု တရုတ်သတင်းများ တွင် ဖော်ပြထားသည်။

၎င်းနှာခေါင်းထဲ တွင် မျှော့ဝင်ခိုနေကြောင်းကို ကာယကံ ရှင် သိပုံမပေါ်ပေ။ ၎င်းနှာခေါင်းပေါက် ထဲကို ဆရာဝန်က ကြည့်လိုက်ပြီး ဇာဂနာ ယူကာ လူနာ၏နှာခေါင်းထဲ ထည့်လိုက် သည်။

ပြီးနောက် မျှော့အရှင်ကို ဆွဲ ထုတ်လိုက်တော့ခြင်းဖြစ်သည်။ ၎င်းနှာ ခေါင်းထဲမှ မျှော့ကြီးထွက်လာသည်ကို တွေ့လိုက်ရသည့်အခါ လူနာမှာ ကြောက် လန့်သွားသည်။ နည်းတာကြီး မဟုတ် ဘူး ဟု ဘေးလူတစ်ဦးက ပြောနေသံကို လည်း ဗီဒီယိုဖိုင်တွင် ကြားရမည်ဖြစ်သည်။

ထိုအမျိုးသား၏နှာခေါင်းထဲ မျှော့မည်သို့ ဝင်သွားသည်ကိုလည်းကောင်း၊ နှာခေါင်း ထဲတွင် မျှော့ဝင်နေသည်မှာ မည်မျှကြာ နေပြီဆိုသည်ကိုလည်းကောင်း မသိရပေ။ ၂၀၁၄ ခုနှစ်ကလည်း နိုင်ငံခြားသူခရီးသွား တစ်ဦး အရှေ့တောင်အာရှကို အလည် လာရာ နှာခေါင်းထဲ မျှော့ဝင်သွားပြီး ထို မျှော့က ၎င်းနှာခေါင်းထဲ တစ်လကြာ ခိုနေခဲ့သည်။ ရေကူးစဉ်တွင် နှာခေါင်းထဲ မျှော့ဝင်သွားခြင်းဖြစ်မည်ဟု ကာယကံရှင် က ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: bahuthuta.ne
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top