ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

စိတ္ဓာတ္က်တယ္ဆိုတာက စိတ္ပိုင္းဆိုင္ရာပံုမွန္မဟုတ္တဲ့အေျခအေနတစ္ရပ္ပါ။ ဘာလုပ္လုပ္ ဘာကိုင္ကိုင္ စိတ္ဝင္စားမႈမရွိဘဲျဖစ္ေနတဲ့ အနအထားတစ္ရပ္ပါ။ ဒီအေနအထားက လူတစ္ေယာက္ရဲ႕ ေန႔စဥ္ဘဝေပၚမွာ ေတာ္ေတ္ာေလးထိခိုက္မႈျဖစ္ေစႏိုင္ပါတယ္။

စိတ္ဓာတ္က်တာက တစ္ေန႔ထက္တစ္ေန႔ပိုဆိုးလာျပီး ေနာက္ပိုင္းမွာ ျပင္းထန္တဲ့ စိတ္ပိုင္းဆိုင္ရာထိခိုက္မႈျဖစ္လာ ႏိုင္ပါတယ္။ ဒီစိတ္ဓာတ္က်တာနဲ႔ပတ္သက္ျပီး မွားယြင္းသိထားတာမ်ိဳးေတြလည္းရွိေနပါတယ္။

အယူအဆမွားေတြကပ်င္းတဲ့သူေတြက ပိုစိတ္ဓာတ္က်ႏိုင္တယ္

လူေတာ္ေတ္ာမ်ားမ်ားက ေန႔စဥ္ေန႔တိုင္း အလုပ္မ်ားေနတဲ့ သူေတြက အလုပ္မရွိတဲ့သူေတြ အလုပ္မလုပ္ဘဲ ပ်င္းေနတဲ့သူေတြေလာက္ စိတ္ဓာတ္မက်ဘူးလို႔ထင္ေနၾကပါတယ္။ တကယ္ေတာ့ အလုပ္တာဝန္ေတြပိုမ်ား တဲ့သူေတြမွာ ဖိအားေတြလည္း ပိုမ်ားတာေၾကာင့္ သူတို႔ေတြကစိတ္ဓာတ္က်မႈကို ပိုမိုခံစားရႏိုင္ပါတယ္။
အမ်ိဳးသမီးေတြက ပိုစိတ္ဓာတ္က်တတ္တယ္

လူအမ်ားစုက အမ်ိဳးသမီးေတြက ပင္ကိုယ္သဘာဝကိုက အားႏြဲ႔သူေတြျဖစ္တာေၾကာင့္ စိတ္ဓာတ္ေပ်ာ့ညံ႔ၾကသလို စိတ္ဓာတ္က်မႈကိုလည္း ပိုမိုခံစားရႏိုင္တယ္၊လို႔ယူဆေနၾကပါတယ္။ တကယ္ေတာ့ ဒီအယူအဆက မွားပါတယ္။ စိတ္ဓာတ္က်တာက က်ား၊မ မေရြးခံစားရႏိုင္တဲ့ စိတ္အေျခအေနတစ္ရပ္ပါ။ ဘယ္အသက္ရြယ္မဆိုခံစားရႏိုင္တဲ့ အေနအထားတစ္ရပ္ဆိုလည္း မမွားပါဘူး။ အခ်ိန္မေရြး၊ေနရာမေရြး၊အသက္အရြယ္မေရြး ေယာက္်ား၊မိန္းမ မေရြး စိတ္ဓာတ္က်ေဝဒနာကို ခံစားရႏိုင္ပါတယ္။

အားေပးစကားေျပာေပးလည္း စိတ္ဓာတ္က်တာက မသက္သာဘူး

လူတစ္ေယာက္စိတ္ဓာတ္က်ေနရင္ ဘယ္ေလာက္ပဲအားေပးစကားေတြေျပာေျပာ သက္သာလာမွာမဟုတ္ဘူးလို႔ ေတာ္ေတ္ာမ်ားမ်ားလက္ခံထားၾကပါတယ္။ တကယ္ေတာ့မဟုတ္ပါဘူး။ လူတစ္ေယာက္ စိတ္ဓာတ္က်ေနခ်ိန္မွာ ခ်စ္ခင္ရသူတစ္ဦးဦး၊ မိသားစုဝင္တစ္ေယာက္ေယာက္ ဒါမွမဟုတ္ သူငယ္ခ်င္းမိတ္ေဆြတစ္ေယာက္ေယာက္ရဲ႕ အားေပးႏွစ္သိမ့္မႈကိုရရွိမယ္ဆိုရင္ စိတ္ဓာတ္က်တာက အထိုက္အေလ်ာက္သက္သာႏိုင္ပါတယ္။ အားေပးစကားေျပာတကလည္း စိတ္ဓာတ္က်ေနသူကိုေဖးမနည္းတစ္မ်ိဳးပါ။
စိတ္ဓာတ္က်တာနဲ႔ဝမ္းနည္းတာ တူတယ္

စိတ္ထိခိုက္ဝမ္းနည္းတာနဲပ စိတ္ဓာတ္က်တာကို အတူတူပဲလို႔ထင္ေနၾကတာမ်ိဳးရွိပါတယ္။ အမွန္ေတာ့ ဒီခံစားခ်က္ႏွစ္ခု ကလံုးဝကြဲျပားေနပါတယ္။ ဝမ္းနည္းတာက တဒဂႍခံစားမႈတစ္ခုသာျဖစ္ျပီး စိတ္ဓာတ္က်တာ ကေတာ့ဦးေႏွာက္ထဲက ဓာတုပစၥည္းေတြေျပာင္းလဲမႈေၾကာင့္ျဖစ္တဲ့ စိတ္အေျခအေနတစ္ရပ္ျဖစ္ျပီး အျပဳအမူ၊ အေတြးအေခၚေတြကိုပါ ထိခိုက္ေစႏိုင္ပါတယ္။ အဆိုးဆံုးအေနနဲ႔ ေန႔စဥ္ဘဝကိုထိခိုက္ေစႏိုင္တာပါ။

စိတ္ဓာတ္က်တာနဲ႔ ကိုယ္လက္ေလ့က်င့္ခန္းလုပ္တာၾကားမွာ ဆက္စပ္မႈမရွိဘူး

လူေတာ္ေတ္ာမ်ားမ်ားက ကိုယ္လက္ေလ့က်င့္ခန္းလုပ္တာက စိတ္အေျခအေနေပၚမွာ သက္ေရာက္မႈမရွိဘုူးလို႔ ထင္မွတ္ေနၾကပါတယ္။ တကယ္ေတာ့ ကိုယ္လက္လႈပ္ရွားမႈလုပ္တာက စိတ္ပိုင္းဆိုင္ရာအေပၚမွာ သက္ေရာက္မႈ ရွိပါတယ္။ တစ္ေန႔ကို (၁၅) မိနစ္ေလာက္ပံုမွန္ေလ့က်င့္ခန္းလုပ္ေပးမယ္ဆိုရင္ ရုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာမွာပါ တိုးတက္မႈရွိလာျပီး အာရံုစူးစိုက္ႏိုင္စြမ္းလည္းတိုးလာမွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မေအးသီမြန္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
စိတ်ဓာတ်ကျတယ်ဆိုတာက စိတ်ပိုင်းဆိုင်ရာပုံမှန်မဟုတ်တဲ့အခြေအနေတစ်ရပ်ပါ။ ဘာလုပ်လုပ် ဘာကိုင်ကိုင် စိတ်ဝင်စားမှုမရှိဘဲဖြစ်နေတဲ့ အနအထားတစ်ရပ်ပါ။ ဒီအနေအထားက လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝပေါ်မှာ တော်တေ်ာလေးထိခိုက်မှုဖြစ်စေနိုင်ပါတယ်။

စိတ်ဓာတ်ကျတာက တစ်နေ့ထက်တစ်နေ့ပိုဆိုးလာပြီး နောက်ပိုင်းမှာ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်လာ နိုင်ပါတယ်။ ဒီစိတ်ဓာတ်ကျတာနဲ့ပတ်သက်ပြီး မှားယွင်းသိထားတာမျိုးတွေလည်းရှိနေပါတယ်။

အယူအဆမှားတွေကပျင်းတဲ့သူတွေက ပိုစိတ်ဓာတ်ကျနိုင်တယ်

လူတော်တေ်ာများများက နေ့စဉ်နေ့တိုင်း အလုပ်များနေတဲ့ သူတွေက အလုပ်မရှိတဲ့သူတွေ အလုပ်မလုပ်ဘဲ ပျင်းနေတဲ့သူတွေလောက် စိတ်ဓာတ်မကျဘူးလို့ထင်နေကြပါတယ်။ တကယ်တော့ အလုပ်တာဝန်တွေပိုများ တဲ့သူတွေမှာ ဖိအားတွေလည်း ပိုများတာကြောင့် သူတို့တွေကစိတ်ဓာတ်ကျမှုကို ပိုမိုခံစားရနိုင်ပါတယ်။
အမျိုးသမီးတွေက ပိုစိတ်ဓာတ်ကျတတ်တယ်

လူအများစုက အမျိုးသမီးတွေက ပင်ကိုယ်သဘာဝကိုက အားနွဲ့သူတွေဖြစ်တာကြောင့် စိတ်ဓာတ်ပျော့ညံ့ကြသလို စိတ်ဓာတ်ကျမှုကိုလည်း ပိုမိုခံစားရနိုင်တယ်၊လို့ယူဆနေကြပါတယ်။ တကယ်တော့ ဒီအယူအဆက မှားပါတယ်။ စိတ်ဓာတ်ကျတာက ကျား၊မ မရွေးခံစားရနိုင်တဲ့ စိတ်အခြေအနေတစ်ရပ်ပါ။ ဘယ်အသက်ရွယ်မဆိုခံစားရနိုင်တဲ့ အနေအထားတစ်ရပ်ဆိုလည်း မမှားပါဘူး။ အချိန်မရွေး၊နေရာမရွေး၊အသက်အရွယ်မရွေး ယောက်ျား၊မိန်းမ မရွေး စိတ်ဓာတ်ကျဝေဒနာကို ခံစားရနိုင်ပါတယ်။

အားပေးစကားပြောပေးလည်း စိတ်ဓာတ်ကျတာက မသက်သာဘူး

လူတစ်ယောက်စိတ်ဓာတ်ကျနေရင် ဘယ်လောက်ပဲအားပေးစကားတွေပြောပြော သက်သာလာမှာမဟုတ်ဘူးလို့ တော်တေ်ာများများလက်ခံထားကြပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ လူတစ်ယောက် စိတ်ဓာတ်ကျနေချိန်မှာ ချစ်ခင်ရသူတစ်ဦးဦး၊ မိသားစုဝင်တစ်ယောက်ယောက် ဒါမှမဟုတ် သူငယ်ချင်းမိတ်ဆွေတစ်ယောက်ယောက်ရဲ့ အားပေးနှစ်သိမ့်မှုကိုရရှိမယ်ဆိုရင် စိတ်ဓာတ်ကျတာက အထိုက်အလျောက်သက်သာနိုင်ပါတယ်။ အားပေးစကားပြောတကလည်း စိတ်ဓာတ်ကျနေသူကိုဖေးမနည်းတစ်မျိုးပါ။
စိတ်ဓာတ်ကျတာနဲ့ဝမ်းနည်းတာ တူတယ်

စိတ်ထိခိုက်ဝမ်းနည်းတာနဲပ စိတ်ဓာတ်ကျတာကို အတူတူပဲလို့ထင်နေကြတာမျိုးရှိပါတယ်။ အမှန်တော့ ဒီခံစားချက်နှစ်ခု ကလုံးဝကွဲပြားနေပါတယ်။ ဝမ်းနည်းတာက တဒင်္ဂံခံစားမှုတစ်ခုသာဖြစ်ပြီး စိတ်ဓာတ်ကျတာ ကတော့ဦးနှောက်ထဲက ဓာတုပစ္စည်းတွေပြောင်းလဲမှုကြောင့်ဖြစ်တဲ့ စိတ်အခြေအနေတစ်ရပ်ဖြစ်ပြီး အပြုအမူ၊ အတွေးအခေါ်တွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ အဆိုးဆုံးအနေနဲ့ နေ့စဉ်ဘဝကိုထိခိုက်စေနိုင်တာပါ။

စိတ်ဓာတ်ကျတာနဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာကြားမှာ ဆက်စပ်မှုမရှိဘူး

လူတော်တေ်ာများများက ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက စိတ်အခြေအနေပေါ်မှာ သက်ရောက်မှုမရှိဘုူးလို့ ထင်မှတ်နေကြပါတယ်။ တကယ်တော့ ကိုယ်လက်လှုပ်ရှားမှုလုပ်တာက စိတ်ပိုင်းဆိုင်ရာအပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ တစ်နေ့ကို (၁၅) မိနစ်လောက်ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ တိုးတက်မှုရှိလာပြီး အာရုံစူးစိုက်နိုင်စွမ်းလည်းတိုးလာမှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: မအေးသီမွန် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top