×

ဇြန္လ ၁၃ ရက္ေန႔ ည ၈ နာရီခြဲေလာက္က ရန္ကုန္ေမာ္တင္ စဥ့္အိုးတန္းသမၺန္ဆိပ္ကေန ဒလဘက္ကမ္း ကမာကသြယ္သမၺန္ဆိပ္သို႔ ထြက္ခြာလာတဲ့ ခရီးသည္တင္သမၺန္နစ္ျမဳပ္ၿပီး ေလးဦးေပ်ာက္ဆံုးေနတယ္လုိ႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ရဲ႕ထုတ္ျပန္ခ်က္အရ သိရပါတယ္။

အဆိုပါ သမၺန္ရဲ႕ပန္ကာကုိဒိုက္ပတ္ၿပီး အင္ဂ်င္ရပ္တန္႔ေမ်ာပါကာ ဆူးေလဆိပ္ခံတံတားအမွတ္(၂)နဲ႔  အမွတ္(၃)အၾကားမွာ နစ္ျမဳပ္ခဲ့တာျဖစ္ၿပီး ေမာင္းႏွင္သူအပါအဝင္ ၁၂ ဦးလိုက္ပါလာကာ ဇြန္လ ၁၃ ရက္ ည ၉ နာရီခြဲအထိ ရွစ္ဦးရွာေဖြေတြ႕ရွိၿပီး ေလးဦးေပ်ာက္ဆံုးေနတယ္လုိ႔ သိရပါတယ္။

ေပ်ာက္ဆံုးေနသူေတြကုိ ဆိပ္ကမ္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕၀င္မ်ား၊ ေရေၾကာင္းရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕၀င္ေတြနဲ႔ မီးသတ္တပ္ဖြဲ႕၀င္ေတြက ခရီးသည္(၁၁)ဦးနဲ႔ စက္ေလွေမာင္းတို႔ကုိ လိုက္လံရွာေဖြရာ စက္ေလွေမာင္းအပါ၀င္ ခရီးသည္(၇)ဦး စုစုေပါင္း(၈) ဦးကုိ ရွာေဖြေတြ႕ရွိခ့ဲၿပီး ခရီးသည္
(၄)ဦး ေပ်ာက္ဆုံးေနတယ္လုိ႔ ဆိုပါတယ္။

ေပ်ာက္ဆံုးေနသူေတြကုိ ေရေၾကာင္းရဲတပ္ဖြဲ႕နဲ႔ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ တာဝန္ရွိသူေတြက ဇြန္လ ၁၃ ရက္ေန႔ ည ၁၁ နာရီေက်ာ္အထိ ရွာေဖြေရးေတြ လုပ္ေဆာင္ေနေပမယ့္ မေတြ႕ရွိေသးဘူးလုိ႔ ဆုိပါတယ္။

ဒီျဖစ္စဥ္နဲ႔ ပတ္သတ္ၿပီး စက္ေလွကိုေပါ့ေလ်ာ့စြာ ေမာင္းႏွင္သူ ဒလၿမိဳ႕နယ္၊ ဗုိုလ္ရန္ေျပရပ္ကြက္ေန ေက်ာ္မင္း(၄၄)ႏွစ္ကုိ ၿမိဳ႕မရဲစခန္း(ပ) ၁၃၀/၂၀၁၈ ၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၀/၃၃၇ နဲ႔ အမႈဖြင့္ အေရးယူေဆာင္ရြက္ေနတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ဇွန်လ ၁၃ ရက်နေ့ ည ၈ နာရီခွဲလောက်က ရန်ကုန်မော်တင် စဉ့်အိုးတန်းသမ္ဗန်ဆိပ်ကနေ ဒလဘက်ကမ်း ကမာကသွယ်သမ္ဗန်ဆိပ်သို့ ထွက်ခွာလာတဲ့ ခရီးသည်တင်သမ္ဗန်နစ်မြုပ်ပြီး လေးဦးပျောက်ဆုံးနေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ သမ္ဗန်ရဲ့ပန်ကာကိုဒိုက်ပတ်ပြီး အင်ဂျင်ရပ်တန့်မျောပါကာ ဆူးလေဆိပ်ခံတံတားအမှတ်(၂)နဲ့  အမှတ်(၃)အကြားမှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး မောင်းနှင်သူအပါအဝင် ၁၂ ဦးလိုက်ပါလာကာ ဇွန်လ ၁၃ ရက် ည ၉ နာရီခွဲအထိ ရှစ်ဦးရှာဖွေတွေ့ရှိပြီး လေးဦးပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ပျောက်ဆုံးနေသူတွေကို ဆိပ်ကမ်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရေကြောင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ခရီးသည်(၁၁)ဦးနဲ့ စက်လှေမောင်းတို့ကို လိုက်လံရှာဖွေရာ စက်လှေမောင်းအပါဝင် ခရီးသည်(၇)ဦး စုစုပေါင်း(၈) ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီး ခရီးသည်
(၄)ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

ပျောက်ဆုံးနေသူတွေကို ရေကြောင်းရဲတပ်ဖွဲ့နဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတွေက ဇွန်လ ၁၃ ရက်နေ့ ည ၁၁ နာရီကျော်အထိ ရှာဖွေရေးတွေ လုပ်ဆောင်နေပေမယ့် မတွေ့ရှိသေးဘူးလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး စက်လှေကိုပေါ့လျော့စွာ မောင်းနှင်သူ ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက်နေ ကျော်မင်း(၄၄)နှစ်ကို မြို့မရဲစခန်း(ပ) ၁၃၀/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၂၈၀/၃၃၇ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top