န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

လူ႔ျပည္မွာ ေယာက္်ားေလးနည္းျပီး

အမ်ိဳးသမီးမ်ားေနတာရယ္,

နတ္ျပည္မွာ နတ္သားနည္းျပီး

နတ္သမီးမ်ားေနတာရယ္,

ႏြားပြဲေစ်းမွာ ႏြားထီးေတြမ်ားျပီး

ႏြားမေတြနည္းေနတာရယ္

ဘာေၾကာင့္လည္းဟု…

ေယာက္်ားေတြ သတိထား စဥ္းစားသင့္ျပီ။

ဘာေၾကာင့္လဲဆိုေတာ့ ေယာက္်ားေတြက

အမ်ိဳ းသမီးေတြထက္ ကုသိုလ္ေစတနာ

နည္းပါးလို႔ေပါ့ …။

၂။ အေတာင္းနွင့္အက်င့္

ျမတ္စြာဘုရားေရွ႕မွာ တေက်ာ္ေက်ာ္နွင့္

မဂ္ဖိုလ္နိဗၺာန္ကို ေပးပါေပးပါလို႔

ေတာင္းေနတာထက္…

ဘုရားေရွ႕မွာ မဂ္တရား ဖိုလ္တရားရေအာင္

က်င့္ေနတာကို ျမတ္ဘုရားက ပိုၾကိဳက္တယ္။

၃။ တန္ဖိုးထားျခင္း

တန္ဖိုးထားတယ္ဆိုတာ…

တန္ဖိုးထားစရာကလဲ တန္ဖိုးရိွရတယ္။

တန္ဖိုးထားသူကလည္း တန္ဖိုးရိွမွန္း သိရတယ္။

တန္ဖိုးရိွမွန္း သိလ်ွင္လည္း တန္ဖိုးထားရတယ္။

၄။ ဆံုးမျခင္း

မသိတတ္လို႔ ကေလးေတြဆိုးတာ

ဆံုးမရတာထက္…

အသိတရားရိွျပီး လူၾကီးေတြကို

ဆိုးလို႔ ဆံုးမရတာ ပိုျပီးခက္တယ္။

ဘာေၾကာင့္လဲဆိုေတာ့…

အရိုးမာျပီး အေခါက္ထူေနလို႔ဘဲျဖစ္တယ္။

၅။ တန္မွရမည္

ျပည္တန္တဲ႔ ပတၲျမားဟာ တန္ဖိုးၾကီးလြန္းလို႔

လူတိုင္း မဝယ္နိုင္ဘူး။

တန္ရာ တန္ေစ်းေပးမွရမည္။

မဂ္တရား ဖိုလ္တရားဟာလည္း

ခ်မ္းသာလြန္းလို႔ လူတိုင္း မက်င့္နိုင္ဘူး။

ျပင္းထန္စြာ အားထုတ္မွရမည္။

၆။ ရိွနိုင္ခဲမႈမ်ား

ေတာတိုင္းမွာ…

သစ္ပင္ေပါင္းမ်ားစြာရိွေပမယ့္

စႏၵကူးရိွနိုင္ခဲတယ္။

ေတာင္တိုင္းမွာ ေက်ာက္ခဲေပါင္း

ေျမာက္မ်ားစြာရိွေပမယ့္ ပတၱျမားရိွနိုင္ခဲတယ္။

လူသားတိုင္း…

ဆင္းရဲစြာ ေသရမည့္သူ မ်ားစြာရိွေပမယ့္

ခ်မ္းသာစြာ ေသမည့္သူ ရိွနိုင္ခဲတယ္။

၇။ သန္႔စင္ေသာစိတ္ရေအာင္

ေရဟာ ရႊံ႕ႏြံႏွင့္ ဘယ္ေလာက္ေရာေရာ

ေက်ာက္ခ်ဥ္နွင့္ ခြဲလိုက္လ်ွင္…

သန္႔စင္ေသာေရျပန္ရတယ္။

ေရႊဟာ အျခားသတၳဳ ေတြနွင့္

ဘယ္ေလာက္ေရာေရာ

ငရဲမီးနွင့္ ဓာတ္ခြဲလိုက္လ်ွင္

သန္႔စင္ေသာ ေရႊျပန္ရတယ္။

စိတ္ဟာ ကိေလသာနွင့္

ဘယ္ေလာက္ေရာေရာ

မဂၢင္ရွစ္ပါးနွင့္ ပယ္သတ္လိုက္ရင္

သန္႔ရွင္းေသာ စိတ္ရတယ္။

၈။ မဂၢင္တန္ခိုး

ျမင္းကိုနိုင္တာ ဇက္ၾကိဳး

ႏြားကိုနိုင္တာ နဖားၾကိဳး

ေၾကာင္ကိုနိုင္တာ ဇက္ပိုး

တဏွာကိုနိုင္တာ မဂၢင္တန္ခိုး…

၉။ အေျမွာက္နွစ္မ်ိဳး

အသံထြက္ျပီး အဆံမထြက္တဲ့

သၾကၤန္အေျမွာက္ရယ္၊

အသံေရာ အဆံေရာထြက္တဲ႔

အဂၤလန္အေျမွာက္ရယ္ဟု နွစ္မ်ိဳ းရိွတယ္။

အသံထြက္ျပီး အဆံမထြက္ေတာ့

အသံနဲ႔လွန္႔တဲ႔ အေျမွာက္ အျဖစ္ဘဲ

အသံုးျပဳၾကတယ္။

အဆံေရာ အသံေရာထြက္တဲ့

အေျမွာက္က ရန္သူကို…

ေသေၾကပ်က္ဆီးနိုင္တယ္။

ပညာမဲ႔တို႔သည္ အသံေကာင္းလႊင့္ျပီး

ေျပာဆိုေနေပမယ့္…

အက်ိဳ းသက္ေရာက္မႈမရိွ၊

ပညာရိွတို႔ေျပာဆိုေသာ အသံသည္

အကိ်ဳး စီးပြားတည္းဟူေသာ အဆံပါလာသည္။

၁၀။ ရွာမႈသံုးမ်ိဳး

လင္းတငွက္တို႔သည္…

လူေသေကာင္ပုပ္ကို ရွာၾကသည္။

ပုထုဇဥ္တို႔သည္…

လူရွင္ေကာင္ပုပ္ကို ရွာၾကသည္။

သူေတာ္ေကာင္းတို႔သည္…

အသခၤတဓာတ္ကိုရွာၾကသည္။

၁၁။ ဝန္မေလးမႈသံုးမ်ိဳး

ငွက္တို႔ လိုရာပ်ံေတာ့မည္ဆိုလ်ွင္

အကိုင္းကို ကန္ရန္ ဝန္မေလးဘူး။

လူမိုက္တို႔ လိုရာဆန္ေတာ့မည္ဆိုလ်ွင္

သခင္ကို ကန္ရန္ဝန္မေလးဘူး။

အရိယာတို႔ လိုရာဆန္ေတာ့မည္ဆိုလ်ွင္

ကိေလသာကို ကန္ရန္ဝန္မေလးဘူး။

၁၂။ အၾကိဳ က္သံုးမ်ိဳး

ေခြး, ဝက္တို႔သည္ လူတို႔စြန္႔ေသာ မစင္ကို

ၾကိဳက္နွစ္သက္ၾကသည္။

လူမိုက္တို႔သည္ လူလိမၼာတို႔ စြန္႔ေသာ

အရက္ကို ၾကိဳက္နွစ္သက္ၾကသည္။

ပုထုဇဥ္တို႔သည္ အရိယာတို႔ စြန္႔ေသာ

ကာမဂုဏ္ကို ၾကိဳက္နွစ္သက္ၾကသည္။
[ဆရာေတာ္ဘုရားၾကီးအားရိွခိုးဦးခိုက္လ်ွက္]
ဖိုးသူေတာ္ (www.phothutaw.com)
Credit: ကမၼ႒ာနစရိယဆရာတာ္ အရွင္စႏၵိမာ

#Unicode Version#
လူ့ပြည်မှာ ယောက်ျားလေးနည်းပြီး

အမျိုးသမီးများနေတာရယ်,

နတ်ပြည်မှာ နတ်သားနည်းပြီး

နတ်သမီးများနေတာရယ်,

နွားပွဲဈေးမှာ နွားထီးတွေများပြီး

နွားမတွေနည်းနေတာရယ်

ဘာကြောင့်လည်းဟု…

ယောက်ျားတွေ သတိထား စဉ်းစားသင့်ပြီ။

ဘာကြောင့်လဲဆိုတော့ ယောက်ျားတွေက

အမျို းသမီးတွေထက် ကုသိုလ်စေတနာ

နည်းပါးလို့ပေါ့ …။

၂။ အတောင်းနှင့်အကျင့်

မြတ်စွာဘုရားရှေ့မှာ တကျော်ကျော်နှင့်

မဂ်ဖိုလ်နိဗ္ဗာန်ကို ပေးပါပေးပါလို့

တောင်းနေတာထက်…

ဘုရားရှေ့မှာ မဂ်တရား ဖိုလ်တရားရအောင်

ကျင့်နေတာကို မြတ်ဘုရားက ပိုကြိုက်တယ်။

၃။ တန်ဖိုးထားခြင်း

တန်ဖိုးထားတယ်ဆိုတာ…

တန်ဖိုးထားစရာကလဲ တန်ဖိုးရှိရတယ်။

တန်ဖိုးထားသူကလည်း တန်ဖိုးရှိမှန်း သိရတယ်။

တန်ဖိုးရှိမှန်း သိလျှင်လည်း တန်ဖိုးထားရတယ်။

၄။ ဆုံးမခြင်း

မသိတတ်လို့ ကလေးတွေဆိုးတာ

ဆုံးမရတာထက်…

အသိတရားရှိပြီး လူကြီးတွေကို

ဆိုးလို့ ဆုံးမရတာ ပိုပြီးခက်တယ်။

ဘာကြောင့်လဲဆိုတော့…

အရိုးမာပြီး အခေါက်ထူနေလို့ဘဲဖြစ်တယ်။

၅။ တန်မှရမည်

ပြည်တန်တဲ့ ပတ္တမြားဟာ တန်ဖိုးကြီးလွန်းလို့

လူတိုင်း မဝယ်နိုင်ဘူး။

တန်ရာ တန်ဈေးပေးမှရမည်။

မဂ်တရား ဖိုလ်တရားဟာလည်း

ချမ်းသာလွန်းလို့ လူတိုင်း မကျင့်နိုင်ဘူး။

ပြင်းထန်စွာ အားထုတ်မှရမည်။

၆။ ရှိနိုင်ခဲမှုများ

တောတိုင်းမှာ…

သစ်ပင်ပေါင်းများစွာရှိပေမယ့်

စန္ဒကူးရှိနိုင်ခဲတယ်။

တောင်တိုင်းမှာ ကျောက်ခဲပေါင်း

မြောက်များစွာရှိပေမယ့် ပတ္တမြားရှိနိုင်ခဲတယ်။

လူသားတိုင်း…

ဆင်းရဲစွာ သေရမည့်သူ များစွာရှိပေမယ့်

ချမ်းသာစွာ သေမည့်သူ ရှိနိုင်ခဲတယ်။

၇။ သန့်စင်သောစိတ်ရအောင်

ရေဟာ ရွှံ့နွံနှင့် ဘယ်လောက်ရောရော

ကျောက်ချဉ်နှင့် ခွဲလိုက်လျှင်…

သန့်စင်သောရေပြန်ရတယ်။

ရွှေဟာ အခြားသတ္ထု တွေနှင့်

ဘယ်လောက်ရောရော

ငရဲမီးနှင့် ဓာတ်ခွဲလိုက်လျှင်

သန့်စင်သော ရွှေပြန်ရတယ်။

စိတ်ဟာ ကိလေသာနှင့်

ဘယ်လောက်ရောရော

မဂ္ဂင်ရှစ်ပါးနှင့် ပယ်သတ်လိုက်ရင်

သန့်ရှင်းသော စိတ်ရတယ်။

၈။ မဂ္ဂင်တန်ခိုး

မြင်းကိုနိုင်တာ ဇက်ကြိုး

နွားကိုနိုင်တာ နဖားကြိုး

ကြောင်ကိုနိုင်တာ ဇက်ပိုး

တဏှာကိုနိုင်တာ မဂ္ဂင်တန်ခိုး…

၉။ အမြှောက်နှစ်မျိုး

အသံထွက်ပြီး အဆံမထွက်တဲ့

သင်္ကြန်အမြှောက်ရယ်၊

အသံရော အဆံရောထွက်တဲ့

အင်္ဂလန်အမြှောက်ရယ်ဟု နှစ်မျို းရှိတယ်။

အသံထွက်ပြီး အဆံမထွက်တော့

အသံနဲ့လှန့်တဲ့ အမြှောက် အဖြစ်ဘဲ

အသုံးပြုကြတယ်။

အဆံရော အသံရောထွက်တဲ့

အမြှောက်က ရန်သူကို…

သေကြေပျက်ဆီးနိုင်တယ်။

ပညာမဲ့တို့သည် အသံကောင်းလွှင့်ပြီး

ပြောဆိုနေပေမယ့်…

အကျို းသက်ရောက်မှုမရှိ၊

ပညာရှိတို့ပြောဆိုသော အသံသည်

အကျိုး စီးပွားတည်းဟူသော အဆံပါလာသည်။

၁၀။ ရှာမှုသုံးမျိုး

လင်းတငှက်တို့သည်…

လူသေကောင်ပုပ်ကို ရှာကြသည်။

ပုထုဇဉ်တို့သည်…

လူရှင်ကောင်ပုပ်ကို ရှာကြသည်။

သူတော်ကောင်းတို့သည်…

အသင်္ခတဓာတ်ကိုရှာကြသည်။

၁၁။ ဝန်မလေးမှုသုံးမျိုး

ငှက်တို့ လိုရာပျံတော့မည်ဆိုလျှင်

အကိုင်းကို ကန်ရန် ဝန်မလေးဘူး။

လူမိုက်တို့ လိုရာဆန်တော့မည်ဆိုလျှင်

သခင်ကို ကန်ရန်ဝန်မလေးဘူး။

အရိယာတို့ လိုရာဆန်တော့မည်ဆိုလျှင်

ကိလေသာကို ကန်ရန်ဝန်မလေးဘူး။

၁၂။ အကြို က်သုံးမျိုး

ခွေး, ဝက်တို့သည် လူတို့စွန့်သော မစင်ကို

ကြိုက်နှစ်သက်ကြသည်။

လူမိုက်တို့သည် လူလိမ္မာတို့ စွန့်သော

အရက်ကို ကြိုက်နှစ်သက်ကြသည်။

ပုထုဇဉ်တို့သည် အရိယာတို့ စွန့်သော

ကာမဂုဏ်ကို ကြိုက်နှစ်သက်ကြသည်။
[ဆရာတော်ဘုရားကြီးအားရှိခိုးဦးခိုက်လျှက်]
ဖိုးသူတော် (www.phothutaw.com)
Credit: ကမ္မဋ္ဌာနစရိယဆရာတာ် အရှင်စန္ဒိမာ

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top