ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ငယ္ငယ္က က်ေနာ္တုိ႔တစ္ေတြဟာ ဖားတစ္ပုိင္းငါးတစ္ပုိင္းလုိ႔သာ ၾကားခဲ့ဖူးၾကပါလိမ့္မယ္။ မ်ိဳးဗီဇေပါင္းစပ္ထားတဲ့ သတၱဝါေတြထဲမွာေတာ့ လင္းတစ္ပုိင္းငန္းတစ္ပုိင္း ေျမြကုိေတာ့ စာေရးသူ ကုိယ္တုိင္ျမင္ခဲ့ဖူးပါတယ္။ လင္းေျမြတစ္ပိုင္း ငန္းေစာင္းတစ္ပိုင္း သတၱဝါကိုေတာ့ လင္းတစ္ပုိင္းငန္းတစ္ပုိင္းလုိ႔ ေခၚတာပါ။ ငန္းေစာင္းဆုိတာကလည္း အဆိပ္ျပင္းတဲ့ ေျမြမ်ိဳးႏြယ္တစ္ခုပါ။ ဒါေပမယ့္ သူတုိ႔ ေပါင္းစပ္မႈက ေျမြဆုိတဲ့မ်ိဳးႏြယ္ တူေနပါေသးတယ္။

အခု တ႐ုတ္တံငါသည္တစ္ဦး ဖမ္းမိခဲ့တဲ့ငါးကေတာ့ ေကာင္းကင္းက ပ်ံေနတဲ့ငွက္က တစ္ပုိင္း၊ ေရထဲကို ကူးတဲ့ငါးက တစ္ပိုင္းျဖစ္ေနလုိ႔ ငါးတစ္ပုိင္းငွက္တစ္ပုိင္း သတၱဝါလုိ႔ ဆုိႏုိင္ပါတယ္။ ဒီဗြီဒီယုိဖုိင္ဟာ တ႐ုတ္လူမႈကြန္ယက္မွာ အျငင္းပြားစရာ ျဖစ္ခဲ့ၿပီး ဓာတ္ပုံမဟုတ္ဘဲ ဗြီဒီယုိျဖစ္ေနလုိ႔ အတုလုပ္ထားတာလုိ႔လည္း ေျပာလုိ႔မရပါဘူး။

ဒါေပမယ့္ ေရထဲမွာ ဒီလုိသတၱဝါေတြ ေတာ္ေတာ္ရွိပါတယ္။ ဒါက တကယ့္ ဗြီဒီယုိဖုိင္အစစ္ျဖစ္ၿပီး တစ္ျခား ဘာပညာနဲ႔မွ ျပဳျပင္ထားတာမ်ိဳး မရွိပါဘူး။ တစ္ခ်ိဳ႕က ဦးေခါင္းဟာ ငွက္ထက္ လင္းပုိင္နဲ႔ ပုိတူတယ္လုိ႔ ေျပာေနၾကပါတယ္။ တစ္ခ်ိဳကကေတာ့ ငါးၾကင္းနဲ႔ လင္းပုိင္စပ္ထားတဲ့ မ်ိဳးလုိ႔ ဆုိၾကပါတယ္။ အျခားတစ္ဦးကေတာ့ ငါးဟာ ေရဒီယုသတၱိၾကြမႈကုိ ခံစားေနရတဲ့ ငါးလုိ႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

တကယ္ေတာ့ ဒီငါးရဲ႕ဦးေခါင္းက ပုံစံအားျဖင့္သာ  ငွက္နဲ႔တူေနေပမယ့္ ငါးသတၱဝါရဲ႕ ဦးေခါင္းအစစ္ ျဖစ္ပါတယ္။ The Guizhou Urban Daily သတင္းစာကေတာ့ ဒီငါးဟာ မ်ိဳးဗီဇေျပာင္းသြားတဲ့ ငါးတစ္ေကာင္ျဖစ္ၿပီး တ႐ုတ္ႏုိင္ငံအေနာက္ေတာင္ပုိင္းက ေဒသတြင္း ျမစ္ေတြထဲမွာ ဒီလုိ ဗီဇေျပာင္းငါးေတြ မ်ားစြာရွိေနေၾကာင္း အတည္ျပဳခဲ့ပါတယ္။ ဒီငါးဟာ အဲဒီလုိ ဗီဇေျပာင္းငါးေတြထဲက တစ္ေကာင္ျဖစ္ေၾကာင္း အတည္ျပဳေရးသားခဲ့ပါတယ္။

ဒါေပမယ့္ Guizhou Fisheries Research Institute မွ ေရေနသတၱဝါကၽြမး္က်င္ ပညာရွင္ Yang Xing က Guizhou Urban Daily သတင္းစာနဲ႔ေတြ႕ဆုံစဥ္မွာ သူမရဲ႕ အျမင္ကို ေျပာခဲ့ပါတယ္။ သူမက ” ဒါက ငါးပါဘဲ .. ဒီလုိ ျဖစ္ရတာ ျဖစ္ႏုိင္ေခ်က ႏွစ္မ်ိဳးရွိပါတယ္ … ဒီငါးဟာ သေႏၶသားေလာင္းဘဝမွာ ထိခုိက္မႈတစ္ခုခု ရွိခဲ့တာေလလား … ေနာက္တစ္မ်ိဳးကေတာ့ ေအာက္စီဂ်င္မလုံေလာက္ျခင္းေပါ့ … ေျပာရရင္ ငါးဖမ္းလုပ္ငန္းေတြ အလြန္အက်ဴးလုပ္ကုိင္ေနရာကေန သူတုိ႔တစ္ေတြ ေအာက္ဆီဂ်င္ လုံလုံေလာက္ေလာက္ မရလုိ႔ …ဒါေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္ “လုိ႔ သူမရဲ႕ အျမင္ကုိ ေျပာျပခဲ့ပါတယ္။

source : thesun.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေနသူရိန္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ငယ်ငယ်က ကျနော်တို့တစ်တွေဟာ ဖားတစ်ပိုင်းငါးတစ်ပိုင်းလို့သာ ကြားခဲ့ဖူးကြပါလိမ့်မယ်။ မျိုးဗီဇပေါင်းစပ်ထားတဲ့ သတ္တဝါတွေထဲမှာတော့ လင်းတစ်ပိုင်းငန်းတစ်ပိုင်း မြွေကိုတော့ စာရေးသူ ကိုယ်တိုင်မြင်ခဲ့ဖူးပါတယ်။ လင်းမြွေတစ်ပိုင်း ငန်းစောင်းတစ်ပိုင်း သတ္တဝါကိုတော့ လင်းတစ်ပိုင်းငန်းတစ်ပိုင်းလို့ ခေါ်တာပါ။ ငန်းစောင်းဆိုတာကလည်း အဆိပ်ပြင်းတဲ့ မြွေမျိုးနွယ်တစ်ခုပါ။ ဒါပေမယ့် သူတို့ ပေါင်းစပ်မှုက မြွေဆိုတဲ့မျိုးနွယ် တူနေပါသေးတယ်။

အခု တရုတ်တံငါသည်တစ်ဦး ဖမ်းမိခဲ့တဲ့ငါးကတော့ ကောင်းကင်းက ပျံနေတဲ့ငှက်က တစ်ပိုင်း၊ ရေထဲကို ကူးတဲ့ငါးက တစ်ပိုင်းဖြစ်နေလို့ ငါးတစ်ပိုင်းငှက်တစ်ပိုင်း သတ္တဝါလို့ ဆိုနိုင်ပါတယ်။ ဒီဗွီဒီယိုဖိုင်ဟာ တရုတ်လူမှုကွန်ယက်မှာ အငြင်းပွားစရာ ဖြစ်ခဲ့ပြီး ဓာတ်ပုံမဟုတ်ဘဲ ဗွီဒီယိုဖြစ်နေလို့ အတုလုပ်ထားတာလို့လည်း ပြောလို့မရပါဘူး။

ဒါပေမယ့် ရေထဲမှာ ဒီလိုသတ္တဝါတွေ တော်တော်ရှိပါတယ်။ ဒါက တကယ့် ဗွီဒီယိုဖိုင်အစစ်ဖြစ်ပြီး တစ်ခြား ဘာပညာနဲ့မှ ပြုပြင်ထားတာမျိုး မရှိပါဘူး။ တစ်ချို့က ဦးခေါင်းဟာ ငှက်ထက် လင်းပိုင်နဲ့ ပိုတူတယ်လို့ ပြောနေကြပါတယ်။ တစ်ချိုကကတော့ ငါးကြင်းနဲ့ လင်းပိုင်စပ်ထားတဲ့ မျိုးလို့ ဆိုကြပါတယ်။ အခြားတစ်ဦးကတော့ ငါးဟာ ရေဒီယုသတ္တိကြွမှုကို ခံစားနေရတဲ့ ငါးလို့ မှတ်ချက်ပေးခဲ့ပါတယ်။

တကယ်တော့ ဒီငါးရဲ့ဦးခေါင်းက ပုံစံအားဖြင့်သာ  ငှက်နဲ့တူနေပေမယ့် ငါးသတ္တဝါရဲ့ ဦးခေါင်းအစစ် ဖြစ်ပါတယ်။ The Guizhou Urban Daily သတင်းစာကတော့ ဒီငါးဟာ မျိုးဗီဇပြောင်းသွားတဲ့ ငါးတစ်ကောင်ဖြစ်ပြီး တရုတ်နိုင်ငံအနောက်တောင်ပိုင်းက ဒေသတွင်း မြစ်တွေထဲမှာ ဒီလို ဗီဇပြောင်းငါးတွေ များစွာရှိနေကြောင်း အတည်ပြုခဲ့ပါတယ်။ ဒီငါးဟာ အဲဒီလို ဗီဇပြောင်းငါးတွေထဲက တစ်ကောင်ဖြစ်ကြောင်း အတည်ပြုရေးသားခဲ့ပါတယ်။

ဒါပေမယ့် Guizhou Fisheries Research Institute မှ ရေနေသတ္တဝါကျွမ်းကျင် ပညာရှင် Yang Xing က Guizhou Urban Daily သတင်းစာနဲ့တွေ့ဆုံစဉ်မှာ သူမရဲ့ အမြင်ကို ပြောခဲ့ပါတယ်။ သူမက ” ဒါက ငါးပါဘဲ .. ဒီလို ဖြစ်ရတာ ဖြစ်နိုင်ချေက နှစ်မျိုးရှိပါတယ် … ဒီငါးဟာ သန္ဓေသားလောင်းဘဝမှာ ထိခိုက်မှုတစ်ခုခု ရှိခဲ့တာလေလား … နောက်တစ်မျိုးကတော့ အောက်စီဂျင်မလုံလောက်ခြင်းပေါ့ … ပြောရရင် ငါးဖမ်းလုပ်ငန်းတွေ အလွန်အကျူးလုပ်ကိုင်နေရာကနေ သူတို့တစ်တွေ အောက်ဆီဂျင် လုံလုံလောက်လောက် မရလို့ …ဒါကြောင့်လည်း ဖြစ်နိုင်ပါတယ် “လို့ သူမရဲ့ အမြင်ကို ပြောပြခဲ့ပါတယ်။

source : thesun.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နေသူရိန် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top