န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×



Credit: buzzy.com.mm

#Unicode Version#
အမေရိကန်မှာနေထိုင်သူအမျိုးသားတစ်ဦးဟာ Accident တစ်ခုကြောင့်ခြေထောက်တစ်ဖက်ကိုဖြတ်တောက်ခဲ့ရပါတယ်။ ကြီးမားတဲ့ Accident ကြောင့်ခြေထောက်တစ်ဖက်ဖြတ်တောက်ခဲ့ရပင်မဲ့ ကျန်ရှိနေတဲ့ခြေထောက်တစ်ဖက်နဲ့ကြံ့ ကြံ့ခံကာဖြတ်သန်းနေသူတစ်ဦးပါ။ ဒီလိုပုံမှန်စိတ်ပဲရှိတဲ့အမျိုးသားဟာ ဘာကြောင့်ဒီလိုရူးကြောင်ကြောင်အလုပ်မျိုးကိုလုပ်ခဲ့လည်းဆိုတာကတော့ စဉ်းစားစရာပါပဲ။ သူခြေထောက်ဖြတ်တောက်ပြီး ဆေးရုံကဆင်းကာသုံးပတ်အကြာမှာတော့ သူ့အခင်ဆုံးသူငယ်ချင်း(၁၁) ယောက်ကို ညစာဖိတ်ကျွေးဖို့ဖိတ်ကြားခဲ့ပါတယ်။ သူ့ရဲ့ညစာမှာတည်းခင်းဧည့်ခံမဲ့အစားစာတွေထဲကတစ်ခုကတော့ သူ့ရဲ့ဖြတ်တောက်ထားတဲ့ခြေထောက်ကိုခုတ်ပိုင်းပြီး အမွှေးနံ့သာတွေနဲ့ချက်ပြုတ်ထားတာပဲဖြစ်ပါတယ်။

အခါအခွင့်ကြုံရင်လူသားစားကြည့်ရအောင်လို့ပြောထားဖူးတဲ့သူတို့သူငယ်ချင်းတွေရဲ့အရင်တုန်းကဟာသစကားတစ်ခုကိုမှတ်သားထားပြီးအခုလိုချက်ပြုတ်ကျွေးတာဖြစ်တယ်လို့လည်းသိရပါတယ်။ ဒီလို ချက်ကျွေးရဲတဲ့သတ္တိကိုလည်းအင်မတန်အံ့သြတဲ့အပြင်စားရဲကြတဲ့သူရဲ့အခင်ဆုံးသူငယ်ချင်း (၁၁) ယောက်ရဲ့စိတ်တွေကိုလည်း မူမှန်ရဲ့လားလို့တောင်ပြန်မေးလိုက်ချင်ပါတော့တယ်။စားပြီးတဲ့သူရဲ့သူငယ်ချင်းတွေပြောကြားချက်အရတော့ လူရဲ့ခြေထောက်သားဟာ နူးအိနေပြီး ထူးကဲတဲ့အရသာရှိကာ ဝက်ဝံသားကိုစားနေရသလို၊ ဝက်သားစားနေရသလိုခံစားရတယ်လို့သိရှိရပါတယ်။ ဒါကိုသိရှိတဲ့ အမေရိကန်ကရဲအရာရှိတွေကတော့ ဒီချက်ကျွေးတဲ့အမျိုးသားကို ဇာတ်တူသားစားပြီးစိတဓာတ်ကြမ်းကြုတ်မှုကြောင့် သက်ဆိုင်ရာပုဒ်မနဲ့ရအရေးယူဖမ်းဆီးခဲ့တယ်လို့လည်းသိရပါတယ်။ ဘယ်လိုစိတ်တွေကြောင့်ဒီလိုထူးထူးဆန်းဆန်းအလုပ်တွေကိုဒီလူတွေလုပ်ခဲ့ကြတာလည်းဆိုတာ စဉ်းစားလို့ကို မဆုံးနိုင်လောက်အောင်ပါပဲ…


ဖိုးသူတော် (www.phothutaw.com)
Credit: buzzy.com.mm
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top