ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အသက္လတ္ပိုင္းလူတစ္ေယာက္ဟာ ခပ္လွမ္းလွမ္းအကြာမွာ မိန္းမငယ္ေလးႏွစ္ေယာက္ရွိေနေပမယ့္ ဆႏၵကိုသိကၡာနဲ႕မထိန္းႏိုင္ေလေတာ့ ေနာက္ဆံုးလူမိပီး အရွက္တကြဲအက်ိဳးနည္းျဖစ္ရေတာ့တာေပါ့။ ထိုလူကို အသက္ ၂၃ႏွစ္အရြယ္ Nagina Khan ဆိုသူက ထိုလူ ဆင္းရဲသားကားၾကည့္ေနတာကို လက္ပူးလက္ၾကပ္မိခဲ့တာပါ။

သူမဟာ ဒါကိုသိသိျခင္း မွတ္တမ္းတင္ပါေတာ့တယ္။ ဒါကိုေတြ႕တဲ့ ထုိလူက သူ႕ကို ဘာလို႕ ဗီဒီယိုမွတ္တမ္းတင္ေနတာလဲလို႕ေတာင္ ရုပ္တည္နဲ႕ျပန္ေမးခဲ့ပါေသးတယ္တဲ့။ Nagina Khan ဟာ စာၾကည့္တုိက္ကို သူမရဲ့အမ်ိဳးသားအျပင္ သူမရဲ့ တူေလး နဲ႕အတူလာရင္းထုိျမင္ကြင္းကို ေတြ႕ခဲ့တာပါ။ Nagina Khan ရဲ့မွတ္ခ်က္ကေတာ့ လူၾကားထဲမွာ ဒီလိုလုပ္တာ ေတာ္ေတာ္ရႊ႕့ံဖို႕ေကာင္းတယ္တဲ့။

ေနာက္ပီးထုိလူအနီးက ကေလးမေလးေတြဟာ ေျခာက္ႏွစ္အရြယ္ေလာက္သာရွိပီး ထုိစာၾကည့္တိုက္ကို ကေလးအမ်ားစု လာေရာက္ၾကပီး လူၾကီးေတြအေရာက္အေပါက္နည္းပါတယ္။ က်ြန္မ သူ႕ကိုေတြ႕ေတြ႕ခ်င္း ရန္ေတြ႕ခဲ့တာပါ။

Nagina Khan ကထိုအျဖစ္အပ်က္ကို ျမင္ပီးေတာ္ေတာ္ေလးေဒါသထြက္ေနကာ စာၾကည့္တိုက္၀န္ထမ္းေတြကိုလည္း ထုိလိုလူမ်ိဳးကိုေပး၀င္ခဲ့လို႕ ေ၀ဖန္ခဲ့ပါတယ္။ တာ၀န္ရွိသူေတြကလည္း လူၾကီးလူေကာင္းပံုေပါက္ေနတဲ့ထိုလူက ကြန္ပ်ဴတာထဲမွာ ေလ့လာစရာရွိတယ္ဆိုလို႕ ခြင့္ျပဳလုိက္တာပါလို႕ေျပာပါတယ္။ ထုိလူဟာ Nagina Khan ကိုေတြ႕တာေတာင္ site ကိုမပိတ္ခဲ့ပဲ အေတာ္ၾကာမွ စားပြဲမွ ထကာ အျခားေနရာမွာ သတင္းစာသြားဖတ္ေနခဲ့ပါတယ္။

တာ၀န္ရွိသူေတြက “ က်ြန္ေတာ္တို႕စနစ္မွာ ထိုsite ေတြကို ၀င္မရေအာင္ကာကြယ္ထားေပမယ့္ တခ်ိဳ႕ကေက်ာ္၀င္ၾကပါတယ္။ အခုေတာ့ ထုိလူကို Slough libraries အားလံုး၀င္ခြင့္ပိတ္လုိက္ပီျဖစ္ပီး သူ႕အခ်က္အလက္ေတြကိုလည္း စာၾကည့္တုိက္စာရင္းကပယ္ဖ်က္လိုက္ပါပီ” လို႕ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: စပြန႔္ (Daily Hot News)

#Unicode Version#

အသက်လတ်ပိုင်းလူတစ်ယောက်ဟာ ခပ်လှမ်းလှမ်းအကွာမှာ မိန်းမငယ်လေးနှစ်ယောက်ရှိနေပေမယ့် ဆန္ဒကိုသိက္ခာနဲ့မထိန်းနိုင်လေတော့ နောက်ဆုံးလူမိပီး အရှက်တကွဲအကျိုးနည်းဖြစ်ရတော့တာပေါ့။ ထိုလူကို အသက် ၂၃နှစ်အရွယ် Nagina Khan ဆိုသူက ထိုလူ ဆင်းရဲသားကားကြည့်နေတာကို လက်ပူးလက်ကြပ်မိခဲ့တာပါ။

သူမဟာ ဒါကိုသိသိခြင်း မှတ်တမ်းတင်ပါတော့တယ်။ ဒါကိုတွေ့တဲ့ ထိုလူက သူ့ကို ဘာလို့ ဗီဒီယိုမှတ်တမ်းတင်နေတာလဲလို့တောင် ရုပ်တည်နဲ့ပြန်မေးခဲ့ပါသေးတယ်တဲ့။ Nagina Khan ဟာ စာကြည့်တိုက်ကို သူမရဲ့အမျိုးသားအပြင် သူမရဲ့ တူလေး နဲ့အတူလာရင်းထိုမြင်ကွင်းကို တွေ့ခဲ့တာပါ။ Nagina Khan ရဲ့မှတ်ချက်ကတော့ လူကြားထဲမှာ ဒီလိုလုပ်တာ တော်တော်ရွှ့ံ့ဖို့ကောင်းတယ်တဲ့။

နောက်ပီးထိုလူအနီးက ကလေးမလေးတွေဟာ ခြောက်နှစ်အရွယ်လောက်သာရှိပီး ထိုစာကြည့်တိုက်ကို ကလေးအများစု လာရောက်ကြပီး လူကြီးတွေအရောက်အပေါက်နည်းပါတယ်။ ကျွန်မ သူ့ကိုတွေ့တွေ့ချင်း ရန်တွေ့ခဲ့တာပါ။

Nagina Khan ကထိုအဖြစ်အပျက်ကို မြင်ပီးတော်တော်လေးဒေါသထွက်နေကာ စာကြည့်တိုက်ဝန်ထမ်းတွေကိုလည်း ထိုလိုလူမျိုးကိုပေးဝင်ခဲ့လို့ ဝေဖန်ခဲ့ပါတယ်။ တာဝန်ရှိသူတွေကလည်း လူကြီးလူကောင်းပုံပေါက်နေတဲ့ထိုလူက ကွန်ပျူတာထဲမှာ လေ့လာစရာရှိတယ်ဆိုလို့ ခွင့်ပြုလိုက်တာပါလို့ပြောပါတယ်။ ထိုလူဟာ Nagina Khan ကိုတွေ့တာတောင် site ကိုမပိတ်ခဲ့ပဲ အတော်ကြာမှ စားပွဲမှ ထကာ အခြားနေရာမှာ သတင်းစာသွားဖတ်နေခဲ့ပါတယ်။

တာဝန်ရှိသူတွေက “ ကျွန်တော်တို့စနစ်မှာ ထိုsite တွေကို ဝင်မရအောင်ကာကွယ်ထားပေမယ့် တချို့ကကျော်ဝင်ကြပါတယ်။ အခုတော့ ထိုလူကို Slough libraries အားလုံးဝင်ခွင့်ပိတ်လိုက်ပီဖြစ်ပီး သူ့အချက်အလက်တွေကိုလည်း စာကြည့်တိုက်စာရင်းကပယ်ဖျက်လိုက်ပါပီ” လို့ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: စပွန့် (Daily Hot News)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top