န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×





Credit: သတင်းဦး
# Unicode Version ဖြင့် ဖတ်ပါ #
ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင် ဝေဠုကျော်ဟာဆိုရင် ပရိသတ်ချစ်ခင်အားပေးရတဲ့ဝါရင့် သရုပ်ဆောင်မင်းသားပဲဖြစ်ပါတယ်။ ဝေဠုကျော်သရုပ်ဆောငွရိုက်ကူးခဲ့တဲ့ဇာတ်ကားပေါင်းများစွာလည်းရှိတာကြောင့် ပရိသတ်အခိုင်အမာရရှိထားသူ ပဲဖြစ်ပါတယ်။သူကသရုပ်ဆောင်အပြင် တိုင်းပြည်နဲ့လူမျိုးကို အကျိုးပြုသူ၊ ပရဟိတအလုပ်နိုင်ဆုံးသူလည်းဖြစ်ပါတယ်။ အခုတခါမှာတော့ သူက အထက်မြန်မာပြည် ကယ်ဆယ်ရေးအတွက် သင်တန်းပေးခဲ့တယ်လို့လည်း သိရပါတယ်။ မိုမိုလေးရဲ့ပရိသတ်တွေအတွက် ဝေဠုကျော်ဦးဆောင်တဲ့ ကယ်ဆယ်ရေးသင်တန်းပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါ တယ်နော်။

“ဝေဠုကျော်ဖောင်ဒေးရှင်း မှကိုဝေဠုကျော် ဦးဆောင် ၍ အထက်မြန်မာပြည် ကယ်ဆယ်ရေး သမားများ အတွက် ရေပြင်အသက်ကယ် သင်တန်းကို ၇မိုင် အပန်းဖြေစခန်း၌ သင်တန်း ပေးခဲ့ပါသည်။ကူညီသင်တန်း ပြပေးပါသော သရုပ်ဆောင် သူထူးစံအား

ဖောင်ဒေးရှင်း မှ ကျေးဇူး အထူးတင်ရှိပါတယ်” လို့ရေးထားတာပဲဖြစ်ပါတယ်။

ဝေဠုကျော်နဲ့အတူ သရုပ်ဆောင် သူထူးစံကလည်းပါဝင်သင်တန်းပေးခဲ့တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သတင်းဦး
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top