×

အခုတေလာ စိတ္ရႈပ္ ေခါင္းရႈပ္ ေနရတာလည္းေပါ႔ပါးသြက္လက္တယ္လုိ႔မထင္ရ က်န္းမာေရးလည္းမေကာင္းဘူးလုိ႔ ထင္ေနရင္ ၅ မိနစ္နဲ႔က်န္းမာေအာင္လုပ္ၾကည္႔ၾကမယ္ေလ။ တကယ္ေတာ႔ လူက်န္းမာဖုိ႔ ေပါ႔ပါးရႊင္လန္းဖုိ႔စိတ္ကအဓိကက်တဲ႔အရာျဖစ္ျပီး ေသးငယ္တဲ႔ဂရုစိုက္မႈေလးေတြ(ဥပမာ- မနက္စာစားတာ) မ်ိဳးကလည္း ကိုယ္႔ကိုတစ္ေန႔တာလံုး က်န္းမာသြက္လက္စြာအလုပ္လုပ္ႏိုင္ဖုိ႔ အေထာက္အကူအမ်ားၾကီးေပးပါတယ္။ ၅ မိနစ္အတြင္းက်န္းမာဖုိ႔ လုပ္ေဆာင္ရမယ္႔အခ်က္ေတြက လြယ္ကူရိုးရွင္းပါတယ္။

မွတ္စုစာအုပ္ဖြင္႔

မွတ္စုစာအုပ္ဖြင္႔ဆုိလို႔ ေျပာထားတဲ႔အခ်က္ေတြလိုက္မွတ္ရေတာ႔မယ္လုိ႔မေတြးနဲ႔ေနာ္။ အရင္ဆံုးစိတ္ကိုရွင္းရမွာမုိ႔ စာအုပ္ေပၚခ်ေရးခိုင္းတာပါ။ ဒီေန႔ငါဘာေတြလုပ္ရမွာလဲဆုိတဲ႔ To Do List ကိုခ်ေရးပါ။ လုပ္ရမယ္႔အလုပ္ေတြခ်ေရးျပီးရင္ ဘာေတြလုပ္ခ်င္ေသးလဲ ဆုိတာေရးပါ။ ျပီးေတာ႔ စိတ္ဖိစီးမႈျဖစ္ေနေစတဲ႔ စိုးရိမ္ေနေစတဲ႔အရာကဘာလဲဆုိတာခ်ေရးပါ။ ျပီးရင္ အေျဖရွာပါ။ ဘယ္လိုေျဖရွင္းလုိ႔ရႏိုင္မလဲဆုိတာခ်ေရးပါ။ ကဲ…ခုဆုိရင္ေတာ႔ ေတာ္ေတာ္ေလး စိတ္ရွင္းသြားေလာက္ပါျပီ။ ဘာလုပ္ရမယ္ဆုိတာရယ္ ဘယ္လုိလုပ္သင္႔တယ္ဆုိတာရယ္ကို သိသြားျပီေလ။ စိတ္ညစ္လာခ်ိန္တိုင္း ဒီလုိခ်ေရးျပီးအေျဖရွာတဲ႔အက်င္႔ကိုလုပ္ၾကည္႔ပါ။ တစ္ေန႔ကို ၂ ၾကိမ္ေလာက္လုပ္သင္႔ပါတယ္ေနာ္။
ေရေႏြးမ်ားမ်ားေသာက္

Black Tea ၊ Green Tea အားလံုးက အင္တီေအာက္ဆီဒင္႔ပါပါတယ္။ ပါးစပ္ဆုိတာ အက်င္႔လုပ္ရင္ ျဖစ္ပါတယ္။ ဒါေၾကာင္႔ အလုပ္မွာပဲျဖစ္ျဖစ္ အိမ္မွာပဲျဖစ္ျဖစ္ ေကာ္ဖီအစား ေရေႏြးေျပာင္းေသာက္ၾကည္႔ပါ။ ေရေႏြးဆုိရင္လည္း ေသာက္ခ်င္စရာ အန႔ံအရသာေလးေတြ အမ်ားၾကီပါေနာ္။ စံပယ္န႔႔ံ၊ လိေမၼာ္ခြံန႔ံ၊ စပါးလင္န႔ံ ေလးေတြေသာက္ၾကည္႔လုိ႔ရပါတယ္။ ေကာ္ဖီကို သူငယ္ခ်င္းေတြနဲ႔ အျပင္ထြက္ သြားလာမွေသာက္ေပါ႔။ ကဖင္းျဖတ္ျပီး အင္တီေအာက္ဆီဒင္႔ၾကြယ္ဝတဲ႔ ေရေႏြးေလးေသာက္ၾကည္႔ရံုနဲ႔ တစ္လအတြင္းမွာ အသားအေရေတြ ဘယ္လုိၾကည္လာလဲဆုိတာ လက္ေတြ႔ျမင္ရမွာပါ။ တစ္လပဲစမ္းၾကည္႔ပါေနာ္။ မလွလာရင္ ၾကိဳက္သလုိေျပာ။
သန္႔ရွင္းမႈကို ဂရုစိုက္မယ္

ဘတ္စကားစီးလာတာပဲျဖစ္ျဖစ္ တက္စီစီးလာတာပဲျဖစ္ျဖစ္ ရံုးေရာက္တာနဲ႔လက္ေဆးမယ္။ ကိုယ္႔အလုပ္စားပြဲကို ၁ မိနစ္ေလာက္အခ်ိန္ေပးျပီး သန္႔ရွင္းေရးေလးလုပ္လုိက္မယ္။ ဒါေလးေတြလုပ္ရတာ ဘယ္ေလာက္မွမၾကာပါဘူးေနာ္။ ဒါေပမဲ႔ မျမင္ႏိုင္တဲ႔ဗက္တီးရီးယားေတြကိုဖယ္ရွားျပီးသားျဖစ္တာေၾကာင္႔ ပိုက်န္းမာလာပါလိမ္႔မယ္။ ဒီအေလ႔အက်င္႔ေသးေသးေလးကေနစျပီး ပိုမိုသန္႔ရွင္းသပ္ရပ္တဲ႔သူျဖစ္လာမယ္၊ ပိုက်န္းမာတဲ႔သူျဖစ္လာပါလိမ္႔မယ္။
ဖုန္းပြတ္တာေလွ်ာ႔ပါ

ဖုန္းဖြင္႔ ေဖ႔စ္ဘြတ္ဖြင္႔လုိက္ခ်ိန္ကို သတိျပဳပါ။ ကိုယ္ကအမွတ္မထင္ ေဖ႔စ္ဘြတ္ဖြင္႔သံုးလုိက္ေပမယ္႔ ကိုယ္႔ရဲ႕ၾကည္လင္ေနတဲ႔စိတ္ကိုေရာတန္ဖိုးရွိတဲ႔အခ်ိန္ေတြကိုေရာ သူကဆြဲယူသြားပါလိမ္႔မယ္။ ျပီးေတာ႔ ဂိမ္းပါ။ ဂိမ္းေဆာ႔တာကိုစည္းကမ္းေလးနဲ႔ ထိန္းၾကည္႔ပါ။ ကိုယ္႔ရဲ႕စိတ္၊ ခႏၶာကိုယ္အေၾကာင္းနဲ႔ တကယ္လုပ္ရမယ္႔အလုပ္ေတြအေၾကာင္းေတြးဖုိ႔ သူတုိ႔ကအေႏွာင္႔အယွက္ျဖစ္ေနတာအေသအခ်ာပါ။ ၅ မိနစ္အတြင္း ၾကည္လင္တဲ႔စိတ္နဲ႔ အားေကာင္းတဲ႔အေတြးစိတ္ကူးကိုရယူဖုိ႔ အခုပဲဖုန္းကိုပိတ္ျပီး အတြင္းကအသံကိုတခ်က္ျငိမ္ျငိမ္ေလး နားေထာင္ၾကည္႔လုိက္ပါေနာ္။

ဟိုဒီေလွ်ာက္မယ္

အလုပ္က ထိုင္ခံုမွာထိုင္ျပီး ဘူပိတ္ေနမယ္႔အစား ၅ မိနစ္ေလာက္ လမ္းေလွ်ာက္ပါ။ ေလေကာင္းေလသန္႔ရွဴပါ။ ရံုးမွာ ထားထားတဲ႔အပင္ေလးေတြၾကည္႔ပါ။ ေရေလာင္းခြင္႔ရွိတယ္ဆုိရင္ စပေရးဘူးေလးနဲ႔ေရဖ်န္းလုိက္ပါဦး။ အဲလုိမလုပ္ခ်င္ရင္ ထိုင္ခံုမွာထိုင္ နဖူးေလးေတြ နားထင္ေလးေတြကို ခပ္ဖြဖြႏွိပ္နယ္ပါ။ မ်က္လံုးေလးခဏမွိတ္ျပီး ထြက္ေလဝင္ေလမွတ္ပါ။ ကဲ..နည္းနည္းေတာ႔ Relax ျဖစ္သြားတယ္ဟုတ္။

က်န္းမာေပ်ာ္ရႊင္တယ္ဆုိတဲ႔ေနရာမွာ စိတ္ကအခရာက်ေနပါတယ္။ ဒါေၾကာင္႔ ကိုယ္႔ကိုယ္ကိုယ္မက်န္းမာမေပ်ာ္ရႊင္ဘူးထင္တုိင္း အေတြးေတြကို အရင္ရွင္းၾကည္႔ပါ။ ခႏၶာကိုယ္အတြက္ တကယ္တန္ဖိုးၾကီးေသာအစားအေသာက္ေတြကိုျဖည္႔သြင္းလုိက္ပါ။ ေသခ်ာတာက ၅ မိနစ္အခ်ိန္ေပးျပီးပိုမုိေပ်ာ္ရႊင္က်န္းမာတဲ႔သူအျဖစ္ၾကိဳးစားရင္းနဲ႔ ကိုယ္႔ Lifestyle တစ္ခုလံုးကိုပါ ေျပာင္းလဲလာႏိုင္ပါလိမ္႔မယ္။ ၅ မိနစ္ေလးေတြကိုအရင္စတင္ၾကည္႔ၾကပါစို႔ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: celesarmyar
# Unicode Version ျဖင့္ ဖတ္ပါ #
အခုတလော စိတ်ရှုပ် ခေါင်းရှုပ် နေရတာလည်းပေါ့ပါးသွက်လက်တယ်လို့မထင်ရ ကျန်းမာရေးလည်းမကောင်းဘူးလို့ ထင်နေရင် ၅ မိနစ်နဲ့ကျန်းမာအောင်လုပ်ကြည့်ကြမယ်လေ။ တကယ်တော့ လူကျန်းမာဖို့ ပေါ့ပါးရွှင်လန်းဖို့စိတ်ကအဓိကကျတဲ့အရာဖြစ်ပြီး သေးငယ်တဲ့ဂရုစိုက်မှုလေးတွေ(ဥပမာ- မနက်စာစားတာ) မျိုးကလည်း ကိုယ့်ကိုတစ်နေ့တာလုံး ကျန်းမာသွက်လက်စွာအလုပ်လုပ်နိုင်ဖို့ အထောက်အကူအများကြီးပေးပါတယ်။ ၅ မိနစ်အတွင်းကျန်းမာဖို့ လုပ်ဆောင်ရမယ့်အချက်တွေက လွယ်ကူရိုးရှင်းပါတယ်။


မှတ်စုစာအုပ်ဖွင့်

မှတ်စုစာအုပ်ဖွင့်ဆိုလို့ ပြောထားတဲ့အချက်တွေလိုက်မှတ်ရတော့မယ်လို့မတွေးနဲ့နော်။ အရင်ဆုံးစိတ်ကိုရှင်းရမှာမို့ စာအုပ်ပေါ်ချရေးခိုင်းတာပါ။ ဒီနေ့ငါဘာတွေလုပ်ရမှာလဲဆိုတဲ့ To Do List ကိုချရေးပါ။ လုပ်ရမယ့်အလုပ်တွေချရေးပြီးရင် ဘာတွေလုပ်ချင်သေးလဲ ဆိုတာရေးပါ။ ပြီးတော့ စိတ်ဖိစီးမှုဖြစ်နေစေတဲ့ စိုးရိမ်နေစေတဲ့အရာကဘာလဲဆိုတာချရေးပါ။ ပြီးရင် အဖြေရှာပါ။ ဘယ်လိုဖြေရှင်းလို့ရနိုင်မလဲဆိုတာချရေးပါ။ ကဲ…ခုဆိုရင်တော့ တော်တော်လေး စိတ်ရှင်းသွားလောက်ပါပြီ။ ဘာလုပ်ရမယ်ဆိုတာရယ် ဘယ်လိုလုပ်သင့်တယ်ဆိုတာရယ်ကို သိသွားပြီလေ။ စိတ်ညစ်လာချိန်တိုင်း ဒီလိုချရေးပြီးအဖြေရှာတဲ့အကျင့်ကိုလုပ်ကြည့်ပါ။ တစ်နေ့ကို ၂ ကြိမ်လောက်လုပ်သင့်ပါတယ်နော်။
ရေနွေးများများသောက်

Black Tea ၊ Green Tea အားလုံးက အင်တီအောက်ဆီဒင့်ပါပါတယ်။ ပါးစပ်ဆိုတာ အကျင့်လုပ်ရင် ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်မှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် ကော်ဖီအစား ရေနွေးပြောင်းသောက်ကြည့်ပါ။ ရေနွေးဆိုရင်လည်း သောက်ချင်စရာ အနံ့အရသာလေးတွေ အများကြီပါနော်။ စံပယ်န့ံ့၊ လိမ္မော်ခွံနံ့၊ စပါးလင်နံ့ လေးတွေသောက်ကြည့်လို့ရပါတယ်။ ကော်ဖီကို သူငယ်ချင်းတွေနဲ့ အပြင်ထွက် သွားလာမှသောက်ပေါ့။ ကဖင်းဖြတ်ပြီး အင်တီအောက်ဆီဒင့်ကြွယ်ဝတဲ့ ရေနွေးလေးသောက်ကြည့်ရုံနဲ့ တစ်လအတွင်းမှာ အသားအရေတွေ ဘယ်လိုကြည်လာလဲဆိုတာ လက်တွေ့မြင်ရမှာပါ။ တစ်လပဲစမ်းကြည့်ပါနော်။ မလှလာရင် ကြိုက်သလိုပြော။
သန့်ရှင်းမှုကို ဂရုစိုက်မယ်

ဘတ်စကားစီးလာတာပဲဖြစ်ဖြစ် တက်စီစီးလာတာပဲဖြစ်ဖြစ် ရုံးရောက်တာနဲ့လက်ဆေးမယ်။ ကိုယ့်အလုပ်စားပွဲကို ၁ မိနစ်လောက်အချိန်ပေးပြီး သန့်ရှင်းရေးလေးလုပ်လိုက်မယ်။ ဒါလေးတွေလုပ်ရတာ ဘယ်လောက်မှမကြာပါဘူးနော်။ ဒါပေမဲ့ မမြင်နိုင်တဲ့ဗက်တီးရီးယားတွေကိုဖယ်ရှားပြီးသားဖြစ်တာကြောင့် ပိုကျန်းမာလာပါလိမ့်မယ်။ ဒီအလေ့အကျင့်သေးသေးလေးကနေစပြီး ပိုမိုသန့်ရှင်းသပ်ရပ်တဲ့သူဖြစ်လာမယ်၊ ပိုကျန်းမာတဲ့သူဖြစ်လာပါလိမ့်မယ်။
ဖုန်းပွတ်တာလျှော့ပါ

ဖုန်းဖွင့် ဖေ့စ်ဘွတ်ဖွင့်လိုက်ချိန်ကို သတိပြုပါ။ ကိုယ်ကအမှတ်မထင် ဖေ့စ်ဘွတ်ဖွင့်သုံးလိုက်ပေမယ့် ကိုယ့်ရဲ့ကြည်လင်နေတဲ့စိတ်ကိုရောတန်ဖိုးရှိတဲ့အချိန်တွေကိုရော သူကဆွဲယူသွားပါလိမ့်မယ်။ ပြီးတော့ ဂိမ်းပါ။ ဂိမ်းဆော့တာကိုစည်းကမ်းလေးနဲ့ ထိန်းကြည့်ပါ။ ကိုယ့်ရဲ့စိတ်၊ ခန္ဓာကိုယ်အကြောင်းနဲ့ တကယ်လုပ်ရမယ့်အလုပ်တွေအကြောင်းတွေးဖို့ သူတို့ကအနှောင့်အယှက်ဖြစ်နေတာအသေအချာပါ။ ၅ မိနစ်အတွင်း ကြည်လင်တဲ့စိတ်နဲ့ အားကောင်းတဲ့အတွေးစိတ်ကူးကိုရယူဖို့ အခုပဲဖုန်းကိုပိတ်ပြီး အတွင်းကအသံကိုတချက်ငြိမ်ငြိမ်လေး နားထောင်ကြည့်လိုက်ပါနော်။

ဟိုဒီလျှောက်မယ်

အလုပ်က ထိုင်ခုံမှာထိုင်ပြီး ဘူပိတ်နေမယ့်အစား ၅ မိနစ်လောက် လမ်းလျှောက်ပါ။ လေကောင်းလေသန့်ရှူပါ။ ရုံးမှာ ထားထားတဲ့အပင်လေးတွေကြည့်ပါ။ ရေလောင်းခွင့်ရှိတယ်ဆိုရင် စပရေးဘူးလေးနဲ့ရေဖျန်းလိုက်ပါဦး။ အဲလိုမလုပ်ချင်ရင် ထိုင်ခုံမှာထိုင် နဖူးလေးတွေ နားထင်လေးတွေကို ခပ်ဖွဖွနှိပ်နယ်ပါ။ မျက်လုံးလေးခဏမှိတ်ပြီး ထွက်လေဝင်လေမှတ်ပါ။ ကဲ..နည်းနည်းတော့ Relax ဖြစ်သွားတယ်ဟုတ်။

ကျန်းမာပျော်ရွှင်တယ်ဆိုတဲ့နေရာမှာ စိတ်ကအခရာကျနေပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်မကျန်းမာမပျော်ရွှင်ဘူးထင်တိုင်း အတွေးတွေကို အရင်ရှင်းကြည့်ပါ။ ခန္ဓာကိုယ်အတွက် တကယ်တန်ဖိုးကြီးသောအစားအသောက်တွေကိုဖြည့်သွင်းလိုက်ပါ။ သေချာတာက ၅ မိနစ်အချိန်ပေးပြီးပိုမိုပျော်ရွှင်ကျန်းမာတဲ့သူအဖြစ်ကြိုးစားရင်းနဲ့ ကိုယ့် Lifestyle တစ်ခုလုံးကိုပါ ပြောင်းလဲလာနိုင်ပါလိမ့်မယ်။ ၅ မိနစ်လေးတွေကိုအရင်စတင်ကြည့်ကြပါစို့နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: celesarmyar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top