န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×
( ဥပမာ- အင်္ကျီတစ်စုံတည်းဖြင့် Location တစ်နေရာတည်းမှာ မျက်နှာပေးမျိုးစုံပေးကာ ( အမှန်ကဒီမျက်နှာက ဒီမျက်နှာပါပဲ) ပုံ နှစ်ဆယ် ၊ သုံးဆယ်ခန့်တင်သူများ၊ Snap မိသည်ဟု ညာရေးကာ Snap ပုံ မြောက်များစွာ တင်သူများ[ တကယ့် Snap ကမိလည်း သုံးပုံပေါ့ဗျာ])
Credit: Pyae Phyo Thu
# Unicode Version ဖြင့် ဖတ်ပါ #
ဖေ့ဘုတ်ပေါ်မှာ ယဉ်ယဉ်လေးရူးနေကြသူများ
1- မိမိလုပ်သမျှ ချီးပါ သေးပေါက်တာက အစ Status / Or/ Photos တင်သူများ။
2- အလကားနေရင်း အရည်မရ အဖတ်မရ မိမိ အရည်အချင်း(သို့) ဂုဏ်ပုဒ်များကို ထိုင်ကြွားနေသူများ။
( ဥပမာ။ ။ ဘဲဥမကြော်တတ်လို့ တူးတာလဲကြွား၊ အိမ်မှုကိစ္စ မနိုင်နင်းတာလည်းကြွား၊ ရည်းစားကို ဘာဝယ်ပေးတာ ညာဝယ်ပေးတာလည်း ခဏခဏကြွား (အမှန်ကမိမိအသုံးမကျကြောင်း လူတွေကို အသိပေးနေတာလေ))😜😜😂
3- မိမိကိုယ်ကို မိမိ လှမှန်းမသိ မလှမှန်းမသိ အလကားနေရင်း ပုံပေါင်းများစွာ တင်တတ်သူများ!
( ဥပမာ- အကျႌတစ်စုံတည်းဖြင့် Location တစ်နေရာတည်းမှာ မျက်နှာပေးမျိုးစုံပေးကာ ( အမှန်ကဒီမျက်နှာက ဒီမျက်နှာပါပဲ) ပုံ နှစ်ဆယ် ၊ သုံးဆယ်ခန့်တင်သူများ၊ Snap မိသည်ဟု ညာရေးကာ Snap ပုံ မြောက်များစွာ တင်သူများ[ တကယ့် Snap ကမိလည်း သုံးပုံပေါ့ဗျာ])
4- ကမ္ဘာပေါ်တွင် လူသေဆုံးမှု များစွာရှိသောလည်း ဘာမှမဖြစ်ပဲ မိမိမွေးထားသော တိရစ္ဆာန် တစ်ကောင် သေဆုံးမှုအပေါ် မပြီးနိုင် မစီးနိုင် ဝမ်းနည်းသတိရခြင်းများရေးကာ အခါခါ Status တင်လို့ မဆုံးဖြစ်နေကြသူများ!
( တခါတခါ ဖတ်ရတာ ကြောင်စီစီနဲ့ သမီးလေးရယ် သားလေးရယ် ခွဲခွာသွားတာ ဘာဖြစ်တယ် ညာဖြစ်တယ်ရေးတော့ အဟုတ်မှတ်ပြီး ခံစား နောက်ဆုံးကျမှ အိမ်မွေးတိရစ္ဆာန် ဖြစ်နေတယ် ၊ ရူးချင်ပါတယ် 😂😂😂)
5- မိမိစားသောက်သမျှကို အချိန်အခါမရွေး ပုံတင်ကြွားတတ်သူများ! ( ထူးထူးဆန်းဆန်း အစားအသောက်ဆိုလည်း တင်ပါ အခုဟာက ထမင်းကြော် တို့ ခေါက်ဆွဲပြုတ်စားတာကအစ တင်နေတော့ အံ့သြမိပြီလေ)
6- ကိုယ့်ကိုယ်ကို သတင်းကြေငြာသူအဖြစ် သတ်မှတ်နေကြသူများ ( ဥပမာ/ မိုးရွာနေပြီ ၊ နေပူလိုက်တာ၊ မီးလောင်နေတယ်၊ ကားတိုက်ပြန်ပြီ၊ လမ်းပိတ်နေလို့ ၊ မီးပျက်တာကြာပြီ၊ ဟိုဆိုင်တွေ မသွားနဲ့ ဒီဆိုင်ပဲကောင်းတယ်၊ စသည်ဖြင့် …ပတ်ဝန်းကျင်ရှိ (သို့) အကောင့်ထဲရှိလူများကို ဆွံ့အ နားမကြား ၊ မျက်မမြင်ဟု သတ်မှတ်ကာ ပြောပြနေသလားတောင် ထင်ရသူများ)
7- မိမိ၏ မလှမပပုံများကိုတင်ကာ မိမိချောလား မေးတတ်ကြသူများ (သို့) မိမိကိုယ်မိမိ သရုပ်ဆောင်နဲ့ တူကြောင်း ရေးတင်တတ်ကြသူများ။ ( ဖွေးစိန်နဲ့တူသွားရင်ဆောရီးပါ၊ ငါက အူဝဲနဲ့ဘာလို့အရမ်းတူနေတာလည်း မသိဘူး? မီးက ကစ်ကစ်နဲ့ ဆင်လားဟင်? ) 😝😝😝
8- ဘာကို ချပြချင်မှန်းမသိ၊ ဘာပြောချင်မှန်းမသိအောင် ၊နာမးလည်အောင် Status ရေးကာ ၊ မကြာခဏ တင်တတ်သူများ ၊ ( ရှိမှာပါ တစ်နေ့တစ်နေ့ ဘာတွေတင်မှန်းမသိဘူးလို့ သတ်မှတ်ခံရတဲ့ လူတန်းစားတွေ) 😂😂😂
9- မိမိရည်းစားနှင့် မိမိ မိသားစု၏ အကြောင်းများကို ခဏခဏအတွင်းကျကျ ရေးသားဖော်ပြ တတ်သူများ ( ကျော်ဆို အဲ့လိုလူတွေကို မသိမသာ Unfriend လိုက်တာမနည်းဘူး)
10- အလကားနေရင်း ကြောက်ပြ လန့်ပြတတ်သူများ။
11- မိမိပိုင်ဆိုင်မှုများကို နေ့တိုင်းကြွားတတ်ကြသူများ။
( တခါတရံမှ ကြွားခြင်းကို မဆိုလိုပါ) 😁😁😁
12- ပုံရိုက်တိုင်း လျှာထုတ်ပြီးရိုက်သူများ။ ( သူငယ်နာမစင်တဲ့ လက္ခဏာမို့ အရူးစာရင်းသွင်းသည်)
13- အသံသေး အသံညှောင်ဖြင့် သီချင်းမကြာခဏသီဆိုပြကာ Live လွှင့်ပြသူများ ( Mention ခေါ်ကြပါ) 😜😜😜
14- ဘယ်သူကမှ မမေးမြန်းရပါပဲ ဆရာကြီးလုပ်လွန်းသူများ ( ကျွန်တော်ပါပါသည် 😂😂😂😂😂)
15- မတရားသောက်သော အရက်သမားများ ( မူးမှတော့ ရူးမှာလည်း သေချာပါတယ်) 😝😝😝
16- အရွယ် မကြီးမငယ်နှင့် ခေတ်ဆန်ဆန် ဟိုပေါ်ဒီပေါ် ပုံရိုက်ပြသူများ ( လက်မောင်းသားတွေ ပါးရေနားရေတွေ တွန့်နေပြီး ခလေးတွေလို ပုံရိုက်ပြီးတင်သူများ )
မိမိသိသေးပါက ထပ်ပြင်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။
ယျေဘုယျအားဖြင့် ၈၀% မှန်ကန်ကြောင်းသိရပါသည်။
သတိ……။ မိမိမဟုတ်ပါက မနာကြပါနဲ့ ၊ မခံယူကြပါနဲ့လို့ သတိပေးရင်း…..
ဖိုးသူတော် (www.phothutaw.com)
Credit: Pyae Phyo Thu
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top