×

တစ္ခုခ်င္းစီ၏ အဓိပၸါယ္ အက်ဥ္းမ်ားမွာ

(၁) တံခြန္တိုင္ = မာန ( ရတနာေတာ္ျမတ္ ၃ ပါးအား ဖူးေမွ်ာ္မာန္ေလ်ာ့ ကန္ေတာ့ရန္)

(၂) ပန္းတင္ခံု = ပတၳနာ – နိဗၺာန္ေရာက္ေၾကာင္း ဆုေတာင္းရန္

(၃) ရွစ္ေၿမွာင့္ = ေမြးၿခင္း(၄)မ်ိဳး+ ေသၿခင္း(၄) မ်ိဳးကို ႏွလံုးသြင္းဆင္ၿခင္ၾကရန္

(၄) ၾကီ၀င္း-၅ခု = ဂတိ-၅ပါးမွ လြတ္ေအာင္ ၾကိဳးစားၾကရန္

(၅) ခါးစည္း = သီလ/သမာဓိ/ပညာ ဟူေသာ အဓိသိကၡာ-၃ပါးၿဖင့္ ခါးကိုစည္းႏိုင္ၾကရန္

(၆) ေခါင္းေလာင္း = မိမိတို.၏ ကုသိုလ္ေကာင္းမႈမ်ားကို ကုသိုလ္ငတ္မြတ္ေနေသာသတၱ၀ါမ်ားသို႔ မွ်ေ၀ေပးရန္

(၇) ေဖာင္းရစ္-၇ရစ္ = ၀ိသုဒၶိ ၇ပါး(စင္ၾကယ္ၿခင္း ၇မ်ိဳး)ၿပည့္စံုေအာင္ၾကိဳးစားၾကရန္

(၈) သပိတ္ေမွာက္ = တဏွာ/မာန/ဒိဌိ(အယူမွား) ဟူေသာ သံသရာနယ္ခ်ဲ႕တတ္သည့္ပပဥၥတရား(၃)ပါးတို.ကို သပိတ္ေမွာက္ ဆန္႔က်င္ေတာ္လွန္္ၾကရန္

(၉) ဘီလူးပန္းဆြဲ-၁၆ခု = ဥာဏ္စဥ္-၁၆ပါး ရေအာင္ၾကိဳးစားၾကရန္

(၁၀) ၾကာေမွာက္/ၾကာလွန္= ၾကာပန္းသည္ ဗုဒၶျမတ္စြာဘုရား၏သေကၤတ

(၁၁) ထီးေတာ္ဘံု ၇ဆင့္ = ေအးၿငိမ္းသည့္ အရိယာသူေတာ္စင္တို႔ ရရွိခံစားရသည့္မဂ္(၄)တန္+ ဖိုလ္(၄)တန္(ေသာတာပတၱိမဂ္အပါအ၀င္)

(၁၂) ငွက္ၿမတ္နား = ရဟႏၱာအရွင္ၿမတ္တို. ခႏၵာ၀န္မခ်မီ စာေရး စာခ် တရားေဟာ တရားျပ/သာသနာၿပဳသူေတာ္ျမတ္အလုပ္မ်ားၿဖင့္ ေခတၱနားခိုရာ

(၁၃) စိန္ဖူးေတာ္ = စိန္တြင္ အညစ္အေၾကးပါဝင္မႈ ကင္းစင္သလို ကမၻာေပၚတြင္ အမာဆံုးပစၥည္းၿဖစ္သလို၊ စိ္တ္အညစ္အေၾကး
(ကိေလသာ) အားလံုး ကင္းစင္သည့္ နိဗၼာန္တရားေတာ္ၿမတ္

သူေတာ္ေကာင္းတရား လႊမ္းပတ္ကမၻာတည္ပါေစ…ယုတ္မာညစ္ဆိုး ဒုစရိုက္မ်ိဳးကိုသူေတာ္လက္နက္ တရားစက္ျဖင့္ျဖိဳဖ်က္နိုင္ၾကပါေစ…

အေလာင္းအလ်ာ ျဖည့္ေကာင္းရာသည့္
သံုးဖ်ာဆယ္လီ ပါရမီေတာ္တို႔ကို
မလင့္ပံုေသ ျဖည့္က်င့္နိုင္ၾကပါေစကုန္သတည္း…

ေစတီပုထိုး = ေစတိယ

ေစတိယ-သဒၵါသည္ အျမတ္တႏိုး ကိုးကြယ္ရာဟူေသာ အနက္အဓိပၸါယ္ကို ေဟာဆိုပါသည္။ ေစတီ, ပုထိုး ဟူသည္ ဘုရားေစတီ၊ ဘုရားပုထိုး၊ လူ, နတ္, ျဗဟၼာသတၱဝါတို႔ျဖင့္ ျမင့္ျမင့္ေမာက္ေမာက္ တည္ေဆာက္ျပဳလုပ္ေသာ အရာပင္ျဖစ္၏။
ယင္းေစတီကို ပါဠိလို – ေစတိယ၊ ထူပ၊
သကၠတလို – စဲတ်သၱဳပ၊ကိုရီးယားလို – ထပ္ပဲ၊သီဟိုဠ္လို – စဲတ်၊ စယ္ယသၱဳပ၊အဂၤလိပ္လို – Pagoda, Dagoba, Shrine အသီးသီး ေခၚေဝၚၾကသည္။

ဗုဒၶဘာသာဝင္မ်ားက ရုပ္ပြားဆင္းတုေတာ္၊ သစၥာေလးပါး သိျမင္ေတာ္မူရာ ေဗာဓိပင္ႏွင့္ ျမတ္စါာဘုရား၏ သရီရဓာတ္ေတာ္မ်ားကို ဌာပနာသြင္း၍ တည္ထားသည့္ ျမင့္ျမင့္ေမာက္ေမာက္ အေဆာက္အအံုကို ေစတိယ-ေစတီ (သို႔) ထူပ-ေစတီပုထိုး-ဟု ေခၚၾကသည္။

လူ, နတ္, ျဗဟၼာ သတၱဝါတို႔ ေကာင္းစြာျမတ္ႏိုး ဆင့္ဆင့္တိုး၍ ကိုးကြယ္ရာေစတီေတာ္သည္-
၁။ ပရိေဘာဂ ေစတီ၊
၂။ ဓာတု ေစတီ၊
၃။ ဓမၼ ေစတီ -ဟူ၍ သံုးမ်ိဳးရွိသည္။

ျမတ္စြာဘုရား၏ အသံုးအေဆာင္ျဖစ္ေသာ ေရစစ္၊ ခါးပန္း၊ သကၤန္း၊ သပိတ္၊ ပရိကၡရာ စသည္တို႔ကို ထည့္သြင္းဌာပနာအပ္ေသာ ေစတီေတာ္ကို ပရိေဘာဂေစတီဟုေခၚသည္။

သရီရဓာတ္ေတာ္မ်ားကို ထည့္သြင္းဌာပနာ၍ တည္ထားကိုးကြယ္အပ္ေသာ ေစတီကို ဓာတုေစတီဟုေခၚဆိုသည္။

ပဋိစၥသမုပၸါဒ္ အစရွိေသာ တရားေဒသနာေတာ္မ်ား ေရးသားသည့္ ေပစာ၊ ဓမၼကၡႏၶာ တို႔ကို ထည့္သြင္းဌာပနာ၍ တည္ထားအပ္ေသာေစတီကို ဓမၼေစတီဟုေခၚသည္။

တနည္းအားျဖင့္ ေစတီေတာ္သည္—
၁။ ပရိေဘာဂ ေစတီ၊
၂။ ဥဒၵိႆ ေစတီ၊
၃။ ဓာတု ေစတီ (သာရီရိကေစတီ)ဟူ၍ သံုးမ်ိဳးျပား၏။

ထိုတြင္ ဘုရားရွင္အသံုးျပဳေနထိုင္ရာ ေဗာဓိပင္ကို ပရိေဘာဂေစတီဟုေခၚရ၏။
ဘုရားရွင္ကိုယ္စား ရုပ္ပြားဆင္းတုေတာ္ကို ဥဒၵိႆေစတီဟု ေခၚရ၏။

သဗၺညဳ ရွင္ေတာ္ဘုရား၏ ဓာတ္သားေမြသရီေတာ္တို႔ကို ထည့္သြင္းဌာပနာရာေစတီကို ဓာတုေစတီဟု ေခၚဆိုရသည္။

ယခုေခတ္၌ ေဖာ္ျပပါ (၂)နည္းကိုေပါင္းစပ္၍-
၁။ ပရိေဘာဂ ေစတီ၊
၂။ ဥဒၵိႆ ေစတီ၊
၃။ ဓာတု ေစတီ၊
၄။ ဓမၼ ေစတီ-ဟု ၄-မ်ိဳး ေခၚေဝၚသံုးစြဲၾကကုန္၏။

ဘုရားရွင္သည္ ပုဂၢိဳလ္တိုင္း၏ အရိုးဓာတ္ စသည္တို႔ကို ဌာပနာ၍ ေစတီတည္ရန္ ခြင့္ျပဳေတာ္ မမူပါေခ်။
FB_IMG_1528803624212

သဗၺညဳဘုရားရွင္၏ ဓာတ္ေတာ္ စသည္မ်ား၊
ပေစၥကဗုဒၶ၏ သရီရဓာတ္ေတာ္မ်ား၊
ရဟႏၲာပုဂၢိဳလ္၏ သရီရဓာတ္ေတာ္မ်ား၊
စၾကာမင္း၏ အရိုးဓာတ္တို႔ကိုသာ ေစတီတည္ထိုက္၊ တည္ေကာင္းတည္ရမည္ျဖစ္ေၾကာင္း မိန္႔ေတာ္မူသည္ကို သုတ္မဟာဝါပါဠိေတာ္, အဂၤုတၱိဳရ္ပါဠိေတာ္တို႔၌ ေတြ႔ႏိုင္ေလသည္။

ေစတီေတာ္မ်ား၏ ပံုသဏၭာန္မ်ားမွာ ေခါင္းေလာင္းပံု၊ စပါးရိုးပံု၊ ေကာက္ရိုးပံုသဏၭာန္၊ေရျမႇဳပ္ပံု။

ျမင္းမိုရ္ေတာင္ပံု၊ လျခမ္းထက္ဝက္ပံု၊ ပဒုမၼာၾကာပန္းပံု စသည္ျဖင့္ တိုင္းျပည္၏ ယဥ္ေက်းမႈအလိုက္ အမ်ိဳးမ်ိဳး တည္ေဆာက္ၾက၏။

ေစတီ, ပုထိုး တည္ထားကိုးကြယ္ေသာ အေလ့အထမွာ ဘုရားပြင့္ရာကမၻာတိုင္း အလြန္ေရွးက်လွျပီျဖစ္ေသာ ကမၻာအဆက္ဆက္ကပင္ ရွိခဲ့ဖူးေၾကာင္း ဗုဒၶဝံသပါဠိ၊ ဗုဒၶဝံသ႒ကထာ စသည့္က်မ္းဂန္တို႔၏ အဆိုအမိန္႔ျဖင့္ သိႏိုင္ေလသည္။

ေဂါတမဘုရားရွင္လက္ထက္တြင္ ဘုရားရွင္ကိုယ္စား ေစတီ, ပုထိုးမ်ားႏွင့္ သာဝကတို႔၏ ဓာတ္ေတာ္မ်ား ဌာပနာေသာ ေစတီ, ပုထိုးအမ်ားအျပား တည္ရွိခဲ့သည္။ ထိုေစတီေတာ္မ်ားအနက္ တာဝတႎသာနတ္ျပည္မွ စူဠာမဏိေစတီသည္ ေဂါတမဘုရားလက္ထက္တြင္ အစဆံုးေစတီျဖစ္သည္။

အေလာင္းေတာ္သည္ ကပိလနန္းျမိဳ႔ေတာ္မွ ေတာထြက္ခဲ့ရာ ယူဇနာ (၃၀) ကြာလွမ္းသည့္ အေနာ္မာျမစ္တဖက္ သဲေသာင္ေပၚတြင္ ဥေသွ်ာင္ေတာ္(ဆံေတာ္ကို) သံလ်က္ျဖင့္ ျဖတ္ေတာ္မူ၍ ဘုရားျဖစ္မည္မွန္လွ်င္ ေကာင္းကင္၌ တည္ေစသတည္းဟု ဓိ႒ာန္၍ ပစ္ေျမႇာက္ေတာ္မူလိုက္၏။ အေလာင္းေတာ္၏ ဥေသွ်ာင္ေတာ္သည္ တစ္ယူဇနာကြာေသာေကာင္းကင္၌ ပန္းဆိုင္းပမာ တည္ေနေလသည္။

သိၾကားမင္းသည္ ဥေသွ်ာင္ေတာ္ျမတ္ကို ရတနာကလာပ္ျဖင့္ ပင့္ယူကာ တာဝတႎသာနတ္ျပည္၌ (၃)ယူဇနာအျမင့္ရွိေသာ ေစတီတည္လ်က္ ဌာပနာကိုးကြယ္ခဲ့သည္။ ယင္းေစတီ၌ စြယ္ေတာ္၊ လက္ယာညႇပ္ရိုးေတာ္တို႔ ကိန္းဝပ္ေတာ္မူခဲ့သည္။

တဖန္ အေလာင္းေတာ္သည္ မိမိဝတ္ဆင္ထားသည့္ ကာသိတိုင္းျဖစ္ ပုဆိုးအဝတ္ေတာ္၌ ဤကာသိတိုင္းျဖစ္ အယတ္ေတာ္သည္ ေကာင္းလြန္းလွသည္။ အဖိုးတန္လြန္းလွသည္။ ေခ်ာေမြ႔လြန္းလွသည္။ လွပလြန္းလွသည္။ အေရာင္တလွ်မ္းလွ်မ္းျဖင့္လည္း ရဟန္းတို႔အား မသင့္ေလ်ာ္ပါေခ်-ဟု ၾကံစည္စဥ္းစားစဥ္ မိတ္ေဆြ ဃဋိကာရျဗဟၼာသည္ ပရိကၡရာ ၈-ပါးကို ယူေဆာင္ခဲ့၍ အေလာင္းေတာ္ျမတ္အား ဆက္ကပ္လွဴဒါန္းေလသည္။

အေလာင္းေတာ္သည္ ဃဋိကာရျဗဟၼာ လွဴဒါန္းေသာ သကၤန္းျဖင့္ ရဟန္းအသြင္ယူကာ ပုဆိုးအစံုကို ေကာင္းကင္သို႔ ပစ္ေျမႇာက္ေတာ္မူျပန္သည္။ မဟာျဗဟၼာသည္ ပုဆိုးအစံုကို ပင့္ယူ၍ ျဗဟၼာျပည္၌ ရတနာအမ်ိဳးမ်ိဳးတို႔ျဖင့္ျပီးေသာ (၁၂)ယူဇနာ အျမင့္ ေစတီတည္၍ ဝတ္လဲေတာ္ကို ဌာပနာကာ ကိုးကြယ္ခဲ့ေလသည္။ ထိုေစတီသည္ ျဗဟၼာ့ျပည္မွ ဒုႆေစတီျဖစ္ေလသည္။ လက္ဝဲညႇပ္ရိုးေတာ္ဓာတ္လည္း ျဗဟၼာ့ျပည္၌ ကိန္းဝပ္ေၾကာင္း ျဗဟၼေလာေကစဝါမကံ-ဟူေသာ ဗုဒၶဝံသပါဠိျဖင့္ သိသာသည္။

မဇၩိမေဒသ၊ ဂယာျမိဳ႔မွ (၇)မိုင္အကြာ၌ တည္ရွိေသာ ေဗာဓိပင္သည္လည္း ဘုရားရွင္ႏွင့္အတူ ဖြားျမင္ခဲ့ေသာ ဖြားဖက္ေတာ္ ကိုးကြယ္ရာ ပရိေဘာဂေစတီျဖစ္ျပီး ပလႅင္ေတာ္မွာ ဘုရားျဖစ္ခါနီးတြင္ ျဖစ္ေပၚလာေသာ ပရိေဘာဂေစတီပင္ ျဖစ္ေလသည္။
FB_IMG_1528803626365

ျမတ္စြာဘုရား၏ ဓာတ္ေတာ္မ်ားမွာ ဘုရားျဖစ္စကပင္ ေလာကအတြင္း ပ်ံ႔ႏွံ႔ကိန္းဝပ္ တည္ရွိေတာ္မူကုန္၏။ ဘုရားျဖစ္ေတာ္မူျပီးေနာက္ ေဗာဓိပင္အနီး၌ ခုနစ္သတၱာဟ (၄၉)ရက္ သီတင္းသံုးေတာ္မူခိုက္ ျမန္မာျပည္ ေအာက္ပိုင္း ရာမညတိုင္း၊ ဥကၠလာပဇနပုဒ္ (အသိတဥၨနျမိဳ႔)မွ လွည္းငါးရာျဖင့္လာေသာ တပုႆ ႏွင့္ ဘလႅိက ကုန္သည္ညီေနာင္တို႔သည္ ပ်ားမုန္႔ဆုပ္ႏွင့္ မုန္႔ၾကြက္က်စ္တို႔ကို လွဴဒါန္း၍ သရဏဂံုေဆာက္တည္ျပီး ကိုးကြယ္ရာေတာင္းေသာအခါ ဘုရားရွင္က ဆံေတာ္ရွစ္ဆူ ေပးသနားေတာ္မူ၏။

မိမိတို႔ဇနပုဒ္သို႔ေရာက္၍ အဆိုပါ ဆံေတာ္ရွစ္ဆူကို ဌာပနာ၍ ေစတီတည္ၾကေလသည္။ ထိုေစတီကား ယခုအခါ ရန္ကုန္ျမိဳ႔ရွိ ေရႊေတာင္ႀကီးတမွ် ခမ္းနားလွသည့္ ေရႊတိဂံု ေစတီေတာ္ႀကီးပင္ ျဖစ္၏။

ဘုရားရွင္သည္ ဘုရားျဖစ္ေတာ္မူ၍ ၉-လေျမာက္ ျပာသိုလ္ျပည့္ေန႔တြင္ သီဟိုဠ္ကၽြန္းသို႔ ၾကါေတာ္မူ၍ ဘီလူးတို႔အား တရားေဟာ၍ ကၽြတ္တန္းဝင္ေစေတာ္မူခဲ့သည္။ မဟာသုမနနတ္မင္း၏ေလွ်ာက္ထားခ်က္အရ ဆံေတာ္တစ္ဆုပ္ ခ်ီးျမႇင့္ေတာ္မူသည္။ ယင္းကို ဌာပနာ၍ ေစတီတည္ခဲ့ၾကရာ ယင္းေစတီသည္ မဟီယဂၤဏေစတီ-ဟု ယေနပတိုင္ သာသနာတြင္ ထင္ရွားေလသည္။

၅-ဝါေျမာက္တြင္လည္း သီဟိုဠ္နာဂဒီပသို႔ ၾကြေရာက္၍ ပတၱျမားပလႅင္အတြက္ စစ္ျဖစ္ၾကသည့္ စူေဠာဒရ၊ မဟာဒရ နဂါး တူအရီးတို႔အား ေခ်ခၽြတ္ေတာ္မူခဲ့သည္။ ပတၱျမားပလႅင္ကို အလွဴခ့၍ သီတင္းသံုးေတာ္မူခဲ့သည္။ နဂါးတို႔သည္ ပတၱျမားပလႅင္ကို ဌာပနာ၍ ေစတီတည္ခဲ့ရာ ယင္းေစတီေတာ္သည္ နာဂဒီပေစတီဟု ထင္ရွားေလသည္။

မဟာသကၠရာဇ္ (၁၄၈)ခုႏွစ္ ကဆုန္လျပည့္၊ အဂၤါေန႔တြင္ ဘုရားရွင္ ပရိနိဗၺာန္စံဝင္ေတာ္မူခဲ့ပါသည္။ အေလာင္းေတာ္ကို မီးသျဂိဳဟ္ျပီး မီးမ်ားျငိမ္းသြား၍ ေရႊတလားႀကီးဖြင့္လိုက္ေသာအခါ ျပိဳးျပိဳးျပက္ျပက္ အေရာင္မ်ား ထြက္ေနေသာ ဓာတ္ေတာ္ (၁)တင္းသား က်န္ပါသည္။

၁။ ေသြးကျဖစ္လာေသာ ဓာတ္ေတာ္ဆုိလွ်င္ အနီေရာင္ ျဖစ္ပါသည္။
၂။ အရိုးကျဖစ္ေသာ ဓာတ္ေတာ္ဆိုလွ်င္ အျဖဴေရာင္ ျဖစ္ပါသည္။
၃။ အသား၊ အသည္း၊ အဆုတ္၊ ႏွလံုးကျဖစ္ေသာ ဓာတ္ေတာ္ဆိုလွ်င္ အညိဳေရာင္ျဖစ္ပါသည္။

လြန္ခဲ့ေသာ အႏွစ္ႏွစ္ေထာင့္ငါးရာ ေခတ္အခါက ကုသိနာရံုအရပ္မွာ တစ္စိတ္ဆိုလွ်င္ ႏွစ္ျပည္ပဲ ရွိပါသည္။ ျမန္မာႏိုင္ငံမွာကဲ့သို႔ ေလးျပည္တစ္စိတ္ မေခၚပါ။ ႏွစ္ျပည္ကို တစ္စိတ္ဟု ေခၚပါသည္။ ထိုဓာတ္ေတာ္ (၈)စိတ္တို႔ကို ေဒါဏပုဏၰားသည္ အသီးသီးေဝငွေလသည္။

ဓာတ္ေတာ္ေဝစုရေသာ မင္းတို႔သည္ အသီးသီး ေစတီတည္ၾကသည္မွာ (၁၀)ဆူ အေရအတြက္ရွိသည္။
၄င္းတို႔မွာ—
၁။ ရာဇျဂိဳဟ္ျပည္၌ ၁-ဆူ
၂။ ေဝသာလီျပည္၌ ၁-ဆူ
၃။ ကပလဝတ္ျပည္၌ ၁-ဆူ
၄။ အလႅကပၸျပည္၌ ၁-ဆူ
၅။ ရာမရြာ၌ ၁-ဆူ
၆။ ေဝဌဒီပကတိုင္း၌ ၁-ဆူ
၇။ ပါေဝယ်ကတိုင္း၌ ၁-ဆူ
၈။ ကုသိနာရံု၌ ၁-ဆူ
(ယင္း ေစတီ ၈-ဆူကို ဓာတ္ေတာ္ တစ္စိတ္သားစီ ဌာပနာသည္)။
၉။ ပိပၸလိတိုင္း၌ မီးေသြးဌာပနာ ၁-ဆူ
၁၀။ ေဒါဏပုဏၰား ဓာတ္ေတာ္ျခင္သည့္ ျပည္ေတာင္း ဌာပနာ၍ တည္ေသာေစတီ ၁-ဆူ အားျဖင့္ ၁၀-ဆယ္တို႔ ျဖစ္ကုန္၏။

မီးမေလာင္ဘဲနဲ႔ က်န္ေနေသာ ဓာတ္(၇)ပါး ရွိပါသည္။
နဖူးသင္းက်စ္ရိုး ၁-ခု
ညႇပ္ရိုး ၂-ေခ်ာင္း
စြယ္ေတာ္ ၄-ဆူ ဤ (၇)ခုတို႔သည္ မပ်က္မစီး တစ္သားတည္း တည္ရွိေနပါသည္။ ပါဠိလို အသမၻိႏၵဓာတု-ဟုေခၚပါသည္။ ပင္ကို သရီရကာယျဖစ္ေသာ အေသြး၊ အသား၊ အရိုးေတာ္မ်ားသည္ အလံုးကေလး (ဓာတ္ေတာ္) ျဖစ္သြားခဲ့၍ ပါဠိဘာသာအားျဖင့္ သမၻိႏၵဓာတု-ဟုေခၚသည္။

သိၾကားမင္းသည္ ေဒါဏပုဏၰား၏ ေခါင္းေပါင္းထဲ ညႇပ္ထားေသာ လက္ယာအထက္ စြယ္ေတာ္တစ္ဆူကို ယူ၍ တာဝတႎသာနတ္ျပည္မွ စူဠာမဏိ္ေစတီ၌ ဌာပနာ၍ ကိုးကြယ္သည္။

ေဇယ်ေသန နဂါးမင္းသည္ ျပာႏွင့္ဖံုးထားေသာ လက္ယာေအာက္ စြယ္ေတာ္ကို တန္ခိုးျဖင့္ပင့္ယူ၍ ႀကီးက်ယ္ခမ္းနားစြာ ကိုးကြယ္ေလသည္။ ယင္းစြယ္ေတာ္သည္ ေနာက္-သီဟိုဠ္ကၽြန္း၊ ပုလတၳိပုရျမို႔ ေသာမာယတီ၌ ကိန္းဝပ္သည္ဟု အဆိုရွိသည္။

ဂႏၶာရတိုင္း၌ေနဖူးေသာ ဗ်ာဒိတ္ေတာ္ရ ရဟန္းေတာ္တပါးသည္ ေဒါပုဏၰား ခါးပိုက္ထဲထည့္ထားသည့္ လက္ဝဲအထက္ စြယ္ေတာ္တဆူကို ကုသိုလ္စိတ္ျဖင့္ ပင့္ယူ၍ ဂႏၶာရတိုင္း၊ ေစတိယေတာအုပ္၌ ေစတီတည္ထား ကိုးကြယ္ခဲ့ေလသည္။ ဂႏၶာရတိုင္းသို႔ ေရာက္သြားေသာ စြယ္ေတာ္သည္ ဂႏၶာရတိုင္း သာသနာပ်က္ေသာအခါ တရုတ္ျပည္မွ ဘုန္းႀကီးမ်ား လာပင့္သြားသည္။

အရွင္သာရိပုတၱရာ၏တပည့္ ေခမာမည္ေသာ ရဟႏၲာအရွင္ျမတ္သည္ ေခါင္းတလားကို မဖြင့္ခင္ကပင္ လက္ဝဲေအာက္စြယ္ေတာ္ကို တန္ခိုးျဖင့္ပင့္၍ ျဗဟၼဒတ္မင္းသို႔ အပ္ႏွင္းခဲ့သည္။

ကလိဂၤတိုင္းမွာ စစ္ျဖစ္၍ ေစတီ, ပုထိုးမ်ား အကုန္လံုး အဖ်က္ဆီးခံရေသာအခ်ိန္မွာ မင္းသမီးတပါးက ဆံထံုးထဲထည့္ျပီး ပင္လယ္ထဲ သေဘၤာႏွင့္ထြက္ေျပးကာ သီဟိုဠ္သို႔ ပို႔လိုက္သည္။ ယခုအခါ သီဟိုဠ္ကၽြန္း ကႏၷီအမည္ရွိေသာျမိဳ႔၌ ကိန္းဝပ္ေတာ္မူလ်က္ ရွိပါသည္။

ဗုဒၶဘာသာတရားကို ရိုေသကိုင္းရႈိင္းေသာ ဘုရင္မ်ားသည္ ႏိုင္ငံအရပ္ရပ္၌ ေစတီတည္ျပီး ျငိမ္းေအးေသာ ဗုဒၶဓာတ္ေတာ္ကို ဌာပနာတည္ထားကိုးကြယ္ၾကသည္။
အေသာကမင္းလက္ထက္ ေရာက္ေသာအခါ ဓာတုေစတီ (၈)ဆူသည္ ႏွစ္(၂၀၀)ၾကာျပီျဖစ္ေသာေၾကာင့္
ေဆြးျပီးျပိဳက်ခဲ့ပါသည္။ ခ့်ဳထဲ၊ ေတာထဲ ေရာက္ကုန္ပါသည္။ အေသာကဘုရင္သည္ ေန႔စဥ္ အိႏၵိယျပည္ကို သြားျပီး ေစတီေတာ္မ်ားကို ရွာပါသည္။ အေသာကဘုရင္ႏွင့္ ျမတ္စါာဘုရား ပရိနိဗၺာန္စံျပီးၾကားမွာ ႏွစ္ေပါင္း (၂၀၀)ၾကာပါသည္။ ဓာတ္ေတာ္မ်ားကို ျပန္တူးရာ တစ္တင္းသား အကုန္လံုး ျပန္ရပါသည္။

ရွစ္ဆူေသာေစတီေတာ္မ်ားထဲမွ ဓာတ္ေတာ္တစ္တင္းကို (၈၄၀၀၀)ပံုျပီးအသီးသီးျဖန္႔ျပီး ဌာပနာတို္က္မွာ ထားေသာအခါ ကမၻာေျမႀကီးေပၚမွာ ဘုရားဓာတ္ေတာ္မ်ား ျပန္႔သြားပါသည္။ ေစတီေပါင္း (၈၄၀၀၀)တည္ေဆာက္ခဲ့ရာ ယခုတိုင္ ဖူးျမင္ႏိုင္ပါေသးသည္။

ယခုျမန္မာျပည္တြင္ ဗုဒၶဘာသာ၀င္ ျမန္မာလူမ်ိဳးတို႔သည္ ေစတီအေဆာက္အဦးတို႔ကို အတင့္အတယ္၊ အလွအပမ်ားျဖင့္ ျပဳလုပ္၍ ကိုးကြယ္ျခင္းနည္းလမ္းမ်ားမွာ အဘယ္ကဆင္းသက္လာေသာနည္းမ်ားျဖစ္ပါသနည္းဟုဆိုရေသာ္၊ ေရွးမာဂဓလူမ်ိဳးမ်ားကပင္ ဆင္းသက္လာေသာနည္းမ်ားပင္ျဖစ္ေလသည္။

အဘယ္အရာကိုေထာက္၍ ေရွးအစဥ္အဆက္က ေစတီရွိေၾကာင္းကို သိရသနည္းဆိုလွ်င္ ရွင္ေဂါတမရွိစဥ္အခါကပင္ ေ၀သာလီျပည္၏ ျမိဳ႕ေထာင့္တြင္၊ စပေလေစတီရွိသည္။ ေရွးမာဂဓ အဘယ္အရာကို အထိမ္းအမွတ္ျပဳ၍ ေစတီျပဳလုပ္ပါသနည္းဆိုေသာ္ မာဂဓလူမ်ိဳးတို႔သည္ မိမိတို႔ၿမိဳ႕သည္ စည္ပင္ဖြံ႕ၿဖိဳး၍ လူေနအေႁခြအရံ အုတ္အုတ္ေသာင္းေသာင္း မရွိေစျခင္းငွါ၎၊ ၎ၿမိဳ႕၏ အဆက္မပ်က္မစီး ရွည္ေစျခင္းငွါ၎ ၿမိဳ႕ရိုးျပင္ဘက္၊ ၿမိဳ႕ေထာင့္တို႔၌ ေစတီအေဆာက္အဦးကိုျပဳလုပ္တတ္ၾကေလသည္။ ၎ေစတီအတြင္း၌ အဘယ္အရာကို ဌာပနာျပဳလုပ္ၾကပါသနည္းဆိုေသာ္၊ ေဗဒင္က်မ္းလာ နကၡတ္တို႔လာသည့္အတိုင္း အခ်ိန္၊ အခါ၊ ကာလ၊ စသည္တို႔ကို ေရြးခ်ယ္၍ ယဇ္နတ္ပူေဇာ္ရန္ ေရတြင္းမွ်ေလာက္၊ အက်ယ္အ၀န္း၊ အနက္ရွိေသာ တြင္းႀကီးထဲသို႔ ေဘာဇဥ္ခဲဘြယ္ႏွင့္တကြ အစားအေသာက္အျပည့္အစံုတို႔ကို ျပင္ဆင္ျပီးလွ်င္၊ ၎တြင္းေပၚက အုတ္ျဖင့္စီမံ၍ စပါးပံုသ႑ာန္ျဖစ္ေစ၊ ခ်ည္၀င္ပံုသ႑ာန္ျဖစ္ေစ အဂၤေတသရြက္တို႔ျဖင့္ မြမ္းမံျပီးလွ်င္ အတင့္အတယ္ အဘြယ္အရာျပဳလုပ္ထားတတ္ၾကေလသည္။ ၎အရာကို ၿမိဳ႕စေတးသည္ဟူ၍လည္းေခၚၾကသည္။ ေစတီဟူ၍လည္းေခၚၾကသည္။

ထူပါရံုဟုလည္းေခၚသည္။ ပါသာဒဟူ၍လည္းေခၚသည္။ ကူဟူ၍လည္းေခၚသည္။
၎အေၾကာင္းကို သာ၍ထင္ရွားေစျခင္းငွါ သက္ေသခံက်မ္းဂန္ပါဠိတို႕ႏွင့္ျပေပဦးမည္။ ၎ေရွးအထက္က မာဂဓလူမ်ိဳးတို႕ အသံုးအစြဲျပဳေသာ နာမပညတ္၊ ေ၀ါဟာရ အရပ္ရပ္တို႕ကို ဓါတ္ပစၥည္းနည္းႏွင့္တကြ ေမာဂၢလာန္မဂဓသဒၵါက်မ္း၌ ထိုသို႕ေသာျမိဳ႕ကို အေၾကာင္းျပဳ၍။ ။ယုထုကူနံဒီေဃာစ၊ ဟူ၍သဒၵါက်မ္း၌ ေလ့လာေသာအခါ ေနာင္လာေနာက္သားတို႕ လိမၼာကၽြမ္းက်င္ေစရန္ ဥဒါဟရုဏ္ ထုတ္ေဆာင္၍ သုတ္တင္ျပေလသည္မွာ။ ။ထုအဘိတၱေ၀။ ကုသေဒၵ။ ။ဧေတဟိေပါေဟာတိ။ ဧေတသံဒီေဃာစ။ ဒီဃ၀ိဓါနသာမတၱိယာၾသတၱဘာေ၀ါ။ ။ေစတီယံ။ ။ကပႏၱိနဒႏၱိဧတၳာတိကူေပါ။ ။ဥဒါပနံ။ ဤကား ယုထုကူနံဒီေဃာစ၊ ဟူ၍ပါဠိလာရွိသည္ႏွင့္အညီ သုတ္၏ အရာအတိတ္ကိုထုတ္ေဆာင္၍ အစိတ္ျပေသာ ဥဒါဟရုဏ္သုတ္၏ အစဥ္ပါဠိမ်ားျဖစ္သတည္း။ ၎အရာတြင္ သိသာရံုမ်သာ။ ျမန္မာလို ျပန္ဆို၍ျပပါမည္။

ဧတၳ ဤၿမိဳ႕၌။ ယုမိႆေနာ၊ အေႁခြအရံမ်ားေစျခင္းငွါ၎။ ထုအဘိတၱေ၀၊ တင့္တယ္ဘြယ္ရာ အသေရရွိေစျခင္းငွါ၎။ ကုသေဒၵ၊ အသံမစဲေစျခင္းငွါ၎။ ဒီဃ၀ိဓါနသာမတၱိယာ၊ အရွည္သျဖင့္ အစီအရင္ႏွင့္ျပည့္စံု၍။ ၾသတၱဘာေ၀ါ၊ စိုးရိမ္ေၾကာက္ရႊံ႕ဘြယ္ မရွိေစျခင္းငွါ၎။ ဧတၳတိ၊ ဤၿမိဳ႕၌။ ယု၀ႏၱိသဟာ၀တၱႏၱိ၊ တၿပိဳင္နက္တည္းႏွင့္တကြစီရင္ေသာ။ ယူေပါ၊ လူေယာက်ၤား၏။ ယညယဌိ၊ ယဇ္ပူေဇာ္ေသာဌာနကို။ ပါသာေဒါ၊ ျပႆဒ္ဟူ၍၎။ ထ၀ိယတီတိ၊ ထိုသို႕တည္ထားရာအရပ္ကို။ ထူေပါ၊ ထူပါရံုဟူ၍၎။ ေစတိယံ ေစတီဟူ၍၎။ ဧတၳတိ၊ ဤအရပ္၌။ ကပႏၱိနဒႏၱိ၊ ငိုေႂကြးျမည္တမ္းျခင္းေၾကာင့္လည္း။ ကူေပါ၊ ကူ (ဂူ)လည္းမည္ကုန္၏။ ဥဒပါနံ၊ ေရတြင္းလည္းရ၏။ ဧေတဟိ၊ ထိုအလံုးစံုတို႕ကို။ ေပါ၊ ပစၥည္းသက္သည္။ ေဟာတိ၊ ျဖစ္၏။

ေပါ၊ ပစၥည္းသက္၏ ဟူ၍ျပဆိုေသာ သဒၵါ၏ပရိယာယ္အဓိပၸါယ္မွာ၊ ၿမိဳ႕ရြာစီရင္ျခင္း၊ အသေရရွိေစျခင္း၊ ေဘးရန္ကင္းေစျခင္း အက်ိဳးကိုရျခင္းသည္၊ ၿမိဳ႕စေတးခံရေသာ ( ေပါေသာ) ေယာက်ၤား၏ အေၾကာင္းခံေၾကာင့္ျဖစ္သတည္းဟု ဆိုလ္ိုသတည္း။

၎ျပင္လည္း ထူပါရံု၊ ေစတီ၊ ကူ (ဂူ) ဟူ၍ အစရွိေသာ နာမည္တို႔သည္လည္း ၎အစရွိေသာ နာမည္ကိုအစြဲျပဳ၍ေခၚဆိုေလသတည္း။ မဂဓေခၚ ပါသဒဟူေသာအရာ၏အမည္ကို ျမန္မာျပႆဒ္ဟူေသာအမည္ႏွင့္ ႏႈိင္းယွဥ္၍ေခၚသည္။ ထူေပါ ဆိုေသာ အမည္ကို ျမန္မာ၌ႏႈိင္းယွဥ္စရာမရွိေသာေၾကာင့္ ၎မာဂဓအမည္ကိုပင္ ေၾကာင္းတူသံကြဲ၊ ထူပါရံုဟူ၍၎ မည့္ေခၚေလသည္။ ေစတီ၊ ကူ (ဂူ) ဆိုေသာအရာ၏ အမည္မွ်ားသည္ ျမန္မာ၌ ႏႈိင္းယွဥ္စရာ မရွိေသာေၾကာင့္ အထက္ပါနည္းအတိုင္း ေၾကာင္းတူသံကြဲအသံစြဲကာ မည့္ေခၚေသာအမည္မ်ားပင္ျဖစ္ေလသည္။ ၎ျမန္မာအေခၚ အမည္နာမ စကားအခ်ိဳ႕တို႕သည္ မာဂဓပါဠိပ်က္စကားျဖစ္ကုန္၏။
ထို႕ေၾကာင့္ ျမန္မာျပည္၌ ျပႆဒ္၊ ေစတီ၊ ထူပါရံု၊ ကူ (ဂူ) ဟူ၍ေခၚၿပီးသမုတ္ၾကေလသည္။ ၎အရပ္ဌာန အမည္တို႕သည္ မာဂဓ လူမ်ိဳးတို႕က ဆင္းသက္ေၾကာင္းကို ထင္ရွားေစသည္ကို အေၾကာင္းျပဳ၍ မည့္ေခၚၾကျခင္းပင္ျဖစ္သည္။ ၎ကို ေမာဂၢလံမာဂဓသဒၵါက်မ္းကျပဆိုသည့္အတိုင္းသိရေလသည္။

ျမန္မာျပည္မွာလည္း ေရွးအထက္က က်န္ရစ္မင္းသည္၊ အာနႏၵာေစတီကို တည္လုပ္စဥ္အခါက ေမာင္ညိဳသား ေမာင္ျဖဴကို၊ ဌာပနာတိုက္သြင္းေၾကာင္းကို နတ္ရာဇ၀င္ေဟာင္တစ္ေစာင္တြင္ ေတြ႕ရေလသည္။ သထံုရွင္ဘုရင္ မႏူဟာမင္းလက္ထက္တြင္လည္း လူစြမ္းေကာင္း ကုလား ဗ်တ္၀ိကို ဖမ္းဆီး၍ သတ္ျပီးလွ်င္ လက္ႏွစ္ဖက္၊ ေျခႏွစ္ဖက္တို႕ကို ျမိဳ႕ေထာင့္ေလးေထာင့္မွာ စေတးျပီးလွ်င္ ဥေကၡာင္းကို ျမိဳ႕တံခါး၀မွာ ျမဳပ္၍ ကိုယ္အေသြးအသားတို႔ကို ၿမိဳ႕ရိုးပတ္လည္မွာလွည့္ေစ၍ လိမ္းက်န္သည္ဟု ရာမညရာဇ၀င္သ စာတန္းေဟာင္းတစ္ေစာင္တြင္ ေတြ႔ဘူးေလသည္။ ဤကား ေစတီ၏ မူလျပဳလုပ္ျခင္း အေၾကာင္းအရာတို႔ကို စစ္ေဆး၍ျပသလိုက္ျခင္းပင္ျဖစ္ေလသည္။

သက္ေတာ္ထင္ရွား ဘုရားရွင္ႏွင့္မျခား ေစတီေတာ္၌ ၾကည္ညိဳစိတ္ထားပါလွ်င္ တူညီေသာအက်ိဳးမ်ား ရရွိႏိုင္ေၾကာင္း ဝိမာနဝတၳဳပါဠိေတာ္တို႔၌ လာရွိပါသည္။

ထို႔ေၾကာင့္ ေျမာက္ျမားလွစြာေသာ ကမၻာအရပ္ရပ္ရွိ ေစတီ, ပုထိုး တို႔ကို ဘုရားတပည့္ေတာ္တို႔သည္ အရပ္ဌာနအားလံုးတို႔၌ တည္ရွိေသာ အလံုးစံုေသာ ဓာတ္ေတာ္ကိန္းေအာင္ ေစတီေတာ္အေပါင္းကို၄င္း၊ သာရီရိကေမြေတာ္ႏွင့္ မဟာေဗာဓိပင္အေပါင္းကို၄င္း၊ အလံုးစံုေသာ ဆင္းတုေတာ္ဟူ အဆူဟူသမွ်ကို၄င္း ေန႔,ညဥ့္မျပတ္ အခါခပ္သိမ္း ဆယ္လက္ေျမႇာက္မိုး ရွိခိုးဦးခ် ကန္ေတာ့ၾကပါကုန္စို႔-ဟူ၍ အၾကံျပဳလ်က္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Phyo thu
# Unicode Version ျဖင့္ ဖတ္ပါ #
တစ်ခုချင်းစီ၏ အဓိပ္ပါယ် အကျဉ်းများမှာ

(၁) တံခွန်တိုင် = မာန ( ရတနာတော်မြတ် ၃ ပါးအား ဖူးမျှော်မာန်လျော့ ကန်တော့ရန်)

(၂) ပန်းတင်ခုံ = ပတ္ထနာ – နိဗ္ဗာန်ရောက်ကြောင်း ဆုတောင်းရန်

(၃) ရှစ်မြှောင့် = မွေးခြင်း(၄)မျိုး+ သေခြင်း(၄) မျိုးကို နှလုံးသွင်းဆင်ခြင်ကြရန်

(၄) ကြီဝင်း-၅ခု = ဂတိ-၅ပါးမှ လွတ်အောင် ကြိုးစားကြရန်

(၅) ခါးစည်း = သီလ/သမာဓိ/ပညာ ဟူသော အဓိသိက္ခာ-၃ပါးဖြင့် ခါးကိုစည်းနိုင်ကြရန်

(၆) ခေါင်းလောင်း = မိမိတို.၏ ကုသိုလ်ကောင်းမှုများကို ကုသိုလ်ငတ်မွတ်နေသောသတ္တဝါများသို့ မျှဝေပေးရန်

(၇) ဖောင်းရစ်-၇ရစ် = ဝိသုဒ္ဓိ ၇ပါး(စင်ကြယ်ခြင်း ၇မျိုး)ပြည့်စုံအောင်ကြိုးစားကြရန်

(၈) သပိတ်မှောက် = တဏှာ/မာန/ဒိဌိ(အယူမှား) ဟူသော သံသရာနယ်ချဲ့တတ်သည့်ပပဉ္စတရား(၃)ပါးတို.ကို သပိတ်မှောက် ဆန့်ကျင်တော်လှန်ကြရန်

(၉) ဘီလူးပန်းဆွဲ-၁၆ခု = ဉာဏ်စဉ်-၁၆ပါး ရအောင်ကြိုးစားကြရန်

(၁၀) ကြာမှောက်/ကြာလှန်= ကြာပန်းသည် ဗုဒ္ဓမြတ်စွာဘုရား၏သင်္ကေတ

(၁၁) ထီးတော်ဘုံ ၇ဆင့် = အေးငြိမ်းသည့် အရိယာသူတော်စင်တို့ ရရှိခံစားရသည့်မဂ်(၄)တန်+ ဖိုလ်(၄)တန်(သောတာပတ္တိမဂ်အပါအဝင်)

(၁၂) ငှက်မြတ်နား = ရဟန္တာအရှင်မြတ်တို. ခန္ဒာဝန်မချမီ စာရေး စာချ တရားဟော တရားပြ/သာသနာပြုသူတော်မြတ်အလုပ်များဖြင့် ခေတ္တနားခိုရာ

(၁၃) စိန်ဖူးတော် = စိန်တွင် အညစ်အကြေးပါဝင်မှု ကင်းစင်သလို ကမ္ဘာပေါ်တွင် အမာဆုံးပစ္စည်းဖြစ်သလို၊ စိတ်အညစ်အကြေး
(ကိလေသာ) အားလုံး ကင်းစင်သည့် နိဗ္မာန်တရားတော်မြတ်

သူတော်ကောင်းတရား လွှမ်းပတ်ကမ္ဘာတည်ပါစေ…ယုတ်မာညစ်ဆိုး ဒုစရိုက်မျိုးကိုသူတော်လက်နက် တရားစက်ဖြင့်ဖြိုဖျက်နိုင်ကြပါစေ…

အလောင်းအလျာ ဖြည့်ကောင်းရာသည့်
သုံးဖျာဆယ်လီ ပါရမီတော်တို့ကို
မလင့်ပုံသေ ဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်း…

စေတီပုထိုး = စေတိယ

စေတိယ-သဒ္ဒါသည် အမြတ်တနိုး ကိုးကွယ်ရာဟူသော အနက်အဓိပ္ပါယ်ကို ဟောဆိုပါသည်။ စေတီ, ပုထိုး ဟူသည် ဘုရားစေတီ၊ ဘုရားပုထိုး၊ လူ, နတ်, ဗြဟ္မာသတ္တဝါတို့ဖြင့် မြင့်မြင့်မောက်မောက် တည်ဆောက်ပြုလုပ်သော အရာပင်ဖြစ်၏။
ယင်းစေတီကို ပါဠိလို – စေတိယ၊ ထူပ၊
သက္ကတလို – စဲတျသ္တုပ၊ကိုရီးယားလို – ထပ်ပဲ၊သီဟိုဠ်လို – စဲတျ၊ စယ်ယသ္တုပ၊အင်္ဂလိပ်လို – Pagoda, Dagoba, Shrine အသီးသီး ခေါ်ဝေါ်ကြသည်။

ဗုဒ္ဓဘာသာဝင်များက ရုပ်ပွားဆင်းတုတော်၊ သစ္စာလေးပါး သိမြင်တော်မူရာ ဗောဓိပင်နှင့် မြတ်စါာဘုရား၏ သရီရဓာတ်တော်များကို ဌာပနာသွင်း၍ တည်ထားသည့် မြင့်မြင့်မောက်မောက် အဆောက်အအုံကို စေတိယ-စေတီ (သို့) ထူပ-စေတီပုထိုး-ဟု ခေါ်ကြသည်။

လူ, နတ်, ဗြဟ္မာ သတ္တဝါတို့ ကောင်းစွာမြတ်နိုး ဆင့်ဆင့်တိုး၍ ကိုးကွယ်ရာစေတီတော်သည်-
၁။ ပရိဘောဂ စေတီ၊
၂။ ဓာတု စေတီ၊
၃။ ဓမ္မ စေတီ -ဟူ၍ သုံးမျိုးရှိသည်။

မြတ်စွာဘုရား၏ အသုံးအဆောင်ဖြစ်သော ရေစစ်၊ ခါးပန်း၊ သင်္ကန်း၊ သပိတ်၊ ပရိက္ခရာ စသည်တို့ကို ထည့်သွင်းဌာပနာအပ်သော စေတီတော်ကို ပရိဘောဂစေတီဟုခေါ်သည်။

သရီရဓာတ်တော်များကို ထည့်သွင်းဌာပနာ၍ တည်ထားကိုးကွယ်အပ်သော စေတီကို ဓာတုစေတီဟုခေါ်ဆိုသည်။

ပဋိစ္စသမုပ္ပါဒ် အစရှိသော တရားဒေသနာတော်များ ရေးသားသည့် ပေစာ၊ ဓမ္မက္ခန္ဓာ တို့ကို ထည့်သွင်းဌာပနာ၍ တည်ထားအပ်သောစေတီကို ဓမ္မစေတီဟုခေါ်သည်။

တနည်းအားဖြင့် စေတီတော်သည်—
၁။ ပရိဘောဂ စေတီ၊
၂။ ဥဒ္ဒိဿ စေတီ၊
၃။ ဓာတု စေတီ (သာရီရိကစေတီ)ဟူ၍ သုံးမျိုးပြား၏။

ထိုတွင် ဘုရားရှင်အသုံးပြုနေထိုင်ရာ ဗောဓိပင်ကို ပရိဘောဂစေတီဟုခေါ်ရ၏။
ဘုရားရှင်ကိုယ်စား ရုပ်ပွားဆင်းတုတော်ကို ဥဒ္ဒိဿစေတီဟု ခေါ်ရ၏။

သဗ္ဗညု ရှင်တော်ဘုရား၏ ဓာတ်သားမွေသရီတော်တို့ကို ထည့်သွင်းဌာပနာရာစေတီကို ဓာတုစေတီဟု ခေါ်ဆိုရသည်။

ယခုခေတ်၌ ဖော်ပြပါ (၂)နည်းကိုပေါင်းစပ်၍-
၁။ ပရိဘောဂ စေတီ၊
၂။ ဥဒ္ဒိဿ စေတီ၊
၃။ ဓာတု စေတီ၊
၄။ ဓမ္မ စေတီ-ဟု ၄-မျိုး ခေါ်ဝေါ်သုံးစွဲကြကုန်၏။

ဘုရားရှင်သည် ပုဂ္ဂိုလ်တိုင်း၏ အရိုးဓာတ် စသည်တို့ကို ဌာပနာ၍ စေတီတည်ရန် ခွင့်ပြုတော် မမူပါချေ။
FB_IMG_1528803624212

သဗ္ဗညုဘုရားရှင်၏ ဓာတ်တော် စသည်များ၊
ပစ္စေကဗုဒ္ဓ၏ သရီရဓာတ်တော်များ၊
ရဟန္တာပုဂ္ဂိုလ်၏ သရီရဓာတ်တော်များ၊
စကြာမင်း၏ အရိုးဓာတ်တို့ကိုသာ စေတီတည်ထိုက်၊ တည်ကောင်းတည်ရမည်ဖြစ်ကြောင်း မိန့်တော်မူသည်ကို သုတ်မဟာဝါပါဠိတော်, အင်္ဂုတ္တိုရ်ပါဠိတော်တို့၌ တွေ့နိုင်လေသည်။

စေတီတော်များ၏ ပုံသဏ္ဌာန်များမှာ ခေါင်းလောင်းပုံ၊ စပါးရိုးပုံ၊ ကောက်ရိုးပုံသဏ္ဌာန်၊ရေမြှုပ်ပုံ။

မြင်းမိုရ်တောင်ပုံ၊ လခြမ်းထက်ဝက်ပုံ၊ ပဒုမ္မာကြာပန်းပုံ စသည်ဖြင့် တိုင်းပြည်၏ ယဉ်ကျေးမှုအလိုက် အမျိုးမျိုး တည်ဆောက်ကြ၏။

စေတီ, ပုထိုး တည်ထားကိုးကွယ်သော အလေ့အထမှာ ဘုရားပွင့်ရာကမ္ဘာတိုင်း အလွန်ရှေးကျလှပြီဖြစ်သော ကမ္ဘာအဆက်ဆက်ကပင် ရှိခဲ့ဖူးကြောင်း ဗုဒ္ဓဝံသပါဠိ၊ ဗုဒ္ဓဝံသဋ္ဌကထာ စသည့်ကျမ်းဂန်တို့၏ အဆိုအမိန့်ဖြင့် သိနိုင်လေသည်။

ဂေါတမဘုရားရှင်လက်ထက်တွင် ဘုရားရှင်ကိုယ်စား စေတီ, ပုထိုးများနှင့် သာဝကတို့၏ ဓာတ်တော်များ ဌာပနာသော စေတီ, ပုထိုးအများအပြား တည်ရှိခဲ့သည်။ ထိုစေတီတော်များအနက် တာဝတိံသာနတ်ပြည်မှ စူဠာမဏိစေတီသည် ဂေါတမဘုရားလက်ထက်တွင် အစဆုံးစေတီဖြစ်သည်။

အလောင်းတော်သည် ကပိလနန်းမြို့တော်မှ တောထွက်ခဲ့ရာ ယူဇနာ (၃၀) ကွာလှမ်းသည့် အနော်မာမြစ်တဖက် သဲသောင်ပေါ်တွင် ဥသျှောင်တော်(ဆံတော်ကို) သံလျက်ဖြင့် ဖြတ်တော်မူ၍ ဘုရားဖြစ်မည်မှန်လျှင် ကောင်းကင်၌ တည်စေသတည်းဟု ဓိဋ္ဌာန်၍ ပစ်မြှောက်တော်မူလိုက်၏။ အလောင်းတော်၏ ဥသျှောင်တော်သည် တစ်ယူဇနာကွာသောကောင်းကင်၌ ပန်းဆိုင်းပမာ တည်နေလေသည်။

သိကြားမင်းသည် ဥသျှောင်တော်မြတ်ကို ရတနာကလာပ်ဖြင့် ပင့်ယူကာ တာဝတိံသာနတ်ပြည်၌ (၃)ယူဇနာအမြင့်ရှိသော စေတီတည်လျက် ဌာပနာကိုးကွယ်ခဲ့သည်။ ယင်းစေတီ၌ စွယ်တော်၊ လက်ယာညှပ်ရိုးတော်တို့ ကိန်းဝပ်တော်မူခဲ့သည်။

တဖန် အလောင်းတော်သည် မိမိဝတ်ဆင်ထားသည့် ကာသိတိုင်းဖြစ် ပုဆိုးအဝတ်တော်၌ ဤကာသိတိုင်းဖြစ် အယတ်တော်သည် ကောင်းလွန်းလှသည်။ အဖိုးတန်လွန်းလှသည်။ ချောမွေ့လွန်းလှသည်။ လှပလွန်းလှသည်။ အရောင်တလျှမ်းလျှမ်းဖြင့်လည်း ရဟန်းတို့အား မသင့်လျော်ပါချေ-ဟု ကြံစည်စဉ်းစားစဉ် မိတ်ဆွေ ဃဋိကာရဗြဟ္မာသည် ပရိက္ခရာ ၈-ပါးကို ယူဆောင်ခဲ့၍ အလောင်းတော်မြတ်အား ဆက်ကပ်လှူဒါန်းလေသည်။

အလောင်းတော်သည် ဃဋိကာရဗြဟ္မာ လှူဒါန်းသော သင်္ကန်းဖြင့် ရဟန်းအသွင်ယူကာ ပုဆိုးအစုံကို ကောင်းကင်သို့ ပစ်မြှောက်တော်မူပြန်သည်။ မဟာဗြဟ္မာသည် ပုဆိုးအစုံကို ပင့်ယူ၍ ဗြဟ္မာပြည်၌ ရတနာအမျိုးမျိုးတို့ဖြင့်ပြီးသော (၁၂)ယူဇနာ အမြင့် စေတီတည်၍ ဝတ်လဲတော်ကို ဌာပနာကာ ကိုးကွယ်ခဲ့လေသည်။ ထိုစေတီသည် ဗြဟ္မာ့ပြည်မှ ဒုဿစေတီဖြစ်လေသည်။ လက်ဝဲညှပ်ရိုးတော်ဓာတ်လည်း ဗြဟ္မာ့ပြည်၌ ကိန်းဝပ်ကြောင်း ဗြဟ္မလောကေစဝါမကံ-ဟူသော ဗုဒ္ဓဝံသပါဠိဖြင့် သိသာသည်။

မဇ္ဈိမဒေသ၊ ဂယာမြို့မှ (၇)မိုင်အကွာ၌ တည်ရှိသော ဗောဓိပင်သည်လည်း ဘုရားရှင်နှင့်အတူ ဖွားမြင်ခဲ့သော ဖွားဖက်တော် ကိုးကွယ်ရာ ပရိဘောဂစေတီဖြစ်ပြီး ပလ္လင်တော်မှာ ဘုရားဖြစ်ခါနီးတွင် ဖြစ်ပေါ်လာသော ပရိဘောဂစေတီပင် ဖြစ်လေသည်။
FB_IMG_1528803626365

မြတ်စွာဘုရား၏ ဓာတ်တော်များမှာ ဘုရားဖြစ်စကပင် လောကအတွင်း ပျံ့နှံ့ကိန်းဝပ် တည်ရှိတော်မူကုန်၏။ ဘုရားဖြစ်တော်မူပြီးနောက် ဗောဓိပင်အနီး၌ ခုနစ်သတ္တာဟ (၄၉)ရက် သီတင်းသုံးတော်မူခိုက် မြန်မာပြည် အောက်ပိုင်း ရာမညတိုင်း၊ ဥက္ကလာပဇနပုဒ် (အသိတဉ္ဇနမြို့)မှ လှည်းငါးရာဖြင့်လာသော တပုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ပျားမုန့်ဆုပ်နှင့် မုန့်ကြွက်ကျစ်တို့ကို လှူဒါန်း၍ သရဏဂုံဆောက်တည်ပြီး ကိုးကွယ်ရာတောင်းသောအခါ ဘုရားရှင်က ဆံတော်ရှစ်ဆူ ပေးသနားတော်မူ၏။

မိမိတို့ဇနပုဒ်သို့ရောက်၍ အဆိုပါ ဆံတော်ရှစ်ဆူကို ဌာပနာ၍ စေတီတည်ကြလေသည်။ ထိုစေတီကား ယခုအခါ ရန်ကုန်မြို့ရှိ ရွှေတောင်ကြီးတမျှ ခမ်းနားလှသည့် ရွှေတိဂုံ စေတီတော်ကြီးပင် ဖြစ်၏။

ဘုရားရှင်သည် ဘုရားဖြစ်တော်မူ၍ ၉-လမြောက် ပြာသိုလ်ပြည့်နေ့တွင် သီဟိုဠ်ကျွန်းသို့ ကြါတော်မူ၍ ဘီလူးတို့အား တရားဟော၍ ကျွတ်တန်းဝင်စေတော်မူခဲ့သည်။ မဟာသုမနနတ်မင်း၏လျှောက်ထားချက်အရ ဆံတော်တစ်ဆုပ် ချီးမြှင့်တော်မူသည်။ ယင်းကို ဌာပနာ၍ စေတီတည်ခဲ့ကြရာ ယင်းစေတီသည် မဟီယင်္ဂဏစေတီ-ဟု ယနေပတိုင် သာသနာတွင် ထင်ရှားလေသည်။

၅-ဝါမြောက်တွင်လည်း သီဟိုဠ်နာဂဒီပသို့ ကြွရောက်၍ ပတ္တမြားပလ္လင်အတွက် စစ်ဖြစ်ကြသည့် စူဠောဒရ၊ မဟာဒရ နဂါး တူအရီးတို့အား ချေချွတ်တော်မူခဲ့သည်။ ပတ္တမြားပလ္လင်ကို အလှူခ့၍ သီတင်းသုံးတော်မူခဲ့သည်။ နဂါးတို့သည် ပတ္တမြားပလ္လင်ကို ဌာပနာ၍ စေတီတည်ခဲ့ရာ ယင်းစေတီတော်သည် နာဂဒီပစေတီဟု ထင်ရှားလေသည်။

မဟာသက္ကရာဇ် (၁၄၈)ခုနှစ် ကဆုန်လပြည့်၊ အင်္ဂါနေ့တွင် ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပါသည်။ အလောင်းတော်ကို မီးသဂြိုဟ်ပြီး မီးများငြိမ်းသွား၍ ရွှေတလားကြီးဖွင့်လိုက်သောအခါ ပြိုးပြိုးပြက်ပြက် အရောင်များ ထွက်နေသော ဓာတ်တော် (၁)တင်းသား ကျန်ပါသည်။

၁။ သွေးကဖြစ်လာသော ဓာတ်တော်ဆိုလျှင် အနီရောင် ဖြစ်ပါသည်။
၂။ အရိုးကဖြစ်သော ဓာတ်တော်ဆိုလျှင် အဖြူရောင် ဖြစ်ပါသည်။
၃။ အသား၊ အသည်း၊ အဆုတ်၊ နှလုံးကဖြစ်သော ဓာတ်တော်ဆိုလျှင် အညိုရောင်ဖြစ်ပါသည်။

လွန်ခဲ့သော အနှစ်နှစ်ထောင့်ငါးရာ ခေတ်အခါက ကုသိနာရုံအရပ်မှာ တစ်စိတ်ဆိုလျှင် နှစ်ပြည်ပဲ ရှိပါသည်။ မြန်မာနိုင်ငံမှာကဲ့သို့ လေးပြည်တစ်စိတ် မခေါ်ပါ။ နှစ်ပြည်ကို တစ်စိတ်ဟု ခေါ်ပါသည်။ ထိုဓာတ်တော် (၈)စိတ်တို့ကို ဒေါဏပုဏ္ဏားသည် အသီးသီးဝေငှလေသည်။

ဓာတ်တော်ဝေစုရသော မင်းတို့သည် အသီးသီး စေတီတည်ကြသည်မှာ (၁၀)ဆူ အရေအတွက်ရှိသည်။
၎င်းတို့မှာ—
၁။ ရာဇဂြိုဟ်ပြည်၌ ၁-ဆူ
၂။ ဝေသာလီပြည်၌ ၁-ဆူ
၃။ ကပလဝတ်ပြည်၌ ၁-ဆူ
၄။ အလ္လကပ္ပပြည်၌ ၁-ဆူ
၅။ ရာမရွာ၌ ၁-ဆူ
၆။ ဝေဌဒီပကတိုင်း၌ ၁-ဆူ
၇။ ပါဝေယျကတိုင်း၌ ၁-ဆူ
၈။ ကုသိနာရုံ၌ ၁-ဆူ
(ယင်း စေတီ ၈-ဆူကို ဓာတ်တော် တစ်စိတ်သားစီ ဌာပနာသည်)။
၉။ ပိပ္ပလိတိုင်း၌ မီးသွေးဌာပနာ ၁-ဆူ
၁၀။ ဒေါဏပုဏ္ဏား ဓာတ်တော်ခြင်သည့် ပြည်တောင်း ဌာပနာ၍ တည်သောစေတီ ၁-ဆူ အားဖြင့် ၁၀-ဆယ်တို့ ဖြစ်ကုန်၏။

မီးမလောင်ဘဲနဲ့ ကျန်နေသော ဓာတ်(၇)ပါး ရှိပါသည်။
နဖူးသင်းကျစ်ရိုး ၁-ခု
ညှပ်ရိုး ၂-ချောင်း
စွယ်တော် ၄-ဆူ ဤ (၇)ခုတို့သည် မပျက်မစီး တစ်သားတည်း တည်ရှိနေပါသည်။ ပါဠိလို အသမ္ဘိန္ဒဓာတု-ဟုခေါ်ပါသည်။ ပင်ကို သရီရကာယဖြစ်သော အသွေး၊ အသား၊ အရိုးတော်များသည် အလုံးကလေး (ဓာတ်တော်) ဖြစ်သွားခဲ့၍ ပါဠိဘာသာအားဖြင့် သမ္ဘိန္ဒဓာတု-ဟုခေါ်သည်။

သိကြားမင်းသည် ဒေါဏပုဏ္ဏား၏ ခေါင်းပေါင်းထဲ ညှပ်ထားသော လက်ယာအထက် စွယ်တော်တစ်ဆူကို ယူ၍ တာဝတိံသာနတ်ပြည်မှ စူဠာမဏိစေတီ၌ ဌာပနာ၍ ကိုးကွယ်သည်။

ဇေယျသေန နဂါးမင်းသည် ပြာနှင့်ဖုံးထားသော လက်ယာအောက် စွယ်တော်ကို တန်ခိုးဖြင့်ပင့်ယူ၍ ကြီးကျယ်ခမ်းနားစွာ ကိုးကွယ်လေသည်။ ယင်းစွယ်တော်သည် နောက်-သီဟိုဠ်ကျွန်း၊ ပုလတ္ထိပုရမြို့ သောမာယတီ၌ ကိန်းဝပ်သည်ဟု အဆိုရှိသည်။

ဂန္ဓာရတိုင်း၌နေဖူးသော ဗျာဒိတ်တော်ရ ရဟန်းတော်တပါးသည် ဒေါပုဏ္ဏား ခါးပိုက်ထဲထည့်ထားသည့် လက်ဝဲအထက် စွယ်တော်တဆူကို ကုသိုလ်စိတ်ဖြင့် ပင့်ယူ၍ ဂန္ဓာရတိုင်း၊ စေတိယတောအုပ်၌ စေတီတည်ထား ကိုးကွယ်ခဲ့လေသည်။ ဂန္ဓာရတိုင်းသို့ ရောက်သွားသော စွယ်တော်သည် ဂန္ဓာရတိုင်း သာသနာပျက်သောအခါ တရုတ်ပြည်မှ ဘုန်းကြီးများ လာပင့်သွားသည်။

အရှင်သာရိပုတ္တရာ၏တပည့် ခေမာမည်သော ရဟန္တာအရှင်မြတ်သည် ခေါင်းတလားကို မဖွင့်ခင်ကပင် လက်ဝဲအောက်စွယ်တော်ကို တန်ခိုးဖြင့်ပင့်၍ ဗြဟ္မဒတ်မင်းသို့ အပ်နှင်းခဲ့သည်။

ကလိင်္ဂတိုင်းမှာ စစ်ဖြစ်၍ စေတီ, ပုထိုးများ အကုန်လုံး အဖျက်ဆီးခံရသောအချိန်မှာ မင်းသမီးတပါးက ဆံထုံးထဲထည့်ပြီး ပင်လယ်ထဲ သင်္ဘောနှင့်ထွက်ပြေးကာ သီဟိုဠ်သို့ ပို့လိုက်သည်။ ယခုအခါ သီဟိုဠ်ကျွန်း ကန္နီအမည်ရှိသောမြို့၌ ကိန်းဝပ်တော်မူလျက် ရှိပါသည်။

ဗုဒ္ဓဘာသာတရားကို ရိုသေကိုင်းရှိုင်းသော ဘုရင်များသည် နိုင်ငံအရပ်ရပ်၌ စေတီတည်ပြီး ငြိမ်းအေးသော ဗုဒ္ဓဓာတ်တော်ကို ဌာပနာတည်ထားကိုးကွယ်ကြသည်။
အသောကမင်းလက်ထက် ရောက်သောအခါ ဓာတုစေတီ (၈)ဆူသည် နှစ်(၂၀၀)ကြာပြီဖြစ်သောကြောင့်
ဆွေးပြီးပြိုကျခဲ့ပါသည်။ ချ့ုထဲ၊ တောထဲ ရောက်ကုန်ပါသည်။ အသောကဘုရင်သည် နေ့စဉ် အိန္ဒိယပြည်ကို သွားပြီး စေတီတော်များကို ရှာပါသည်။ အသောကဘုရင်နှင့် မြတ်စါာဘုရား ပရိနိဗ္ဗာန်စံပြီးကြားမှာ နှစ်ပေါင်း (၂၀၀)ကြာပါသည်။ ဓာတ်တော်များကို ပြန်တူးရာ တစ်တင်းသား အကုန်လုံး ပြန်ရပါသည်။

ရှစ်ဆူသောစေတီတော်များထဲမှ ဓာတ်တော်တစ်တင်းကို (၈၄၀၀၀)ပုံပြီးအသီးသီးဖြန့်ပြီး ဌာပနာတိုက်မှာ ထားသောအခါ ကမ္ဘာမြေကြီးပေါ်မှာ ဘုရားဓာတ်တော်များ ပြန့်သွားပါသည်။ စေတီပေါင်း (၈၄၀၀၀)တည်ဆောက်ခဲ့ရာ ယခုတိုင် ဖူးမြင်နိုင်ပါသေးသည်။

ယခုမြန်မာပြည်တွင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် စေတီအဆောက်အဦးတို့ကို အတင့်အတယ်၊ အလှအပများဖြင့် ပြုလုပ်၍ ကိုးကွယ်ခြင်းနည်းလမ်းများမှာ အဘယ်ကဆင်းသက်လာသောနည်းများဖြစ်ပါသနည်းဟုဆိုရသော်၊ ရှေးမာဂဓလူမျိုးများကပင် ဆင်းသက်လာသောနည်းများပင်ဖြစ်လေသည်။

အဘယ်အရာကိုထောက်၍ ရှေးအစဉ်အဆက်က စေတီရှိကြောင်းကို သိရသနည်းဆိုလျှင် ရှင်ဂေါတမရှိစဉ်အခါကပင် ဝေသာလီပြည်၏ မြို့ထောင့်တွင်၊ စပလေစေတီရှိသည်။ ရှေးမာဂဓ အဘယ်အရာကို အထိမ်းအမှတ်ပြု၍ စေတီပြုလုပ်ပါသနည်းဆိုသော် မာဂဓလူမျိုးတို့သည် မိမိတို့မြို့သည် စည်ပင်ဖွံ့ဖြိုး၍ လူနေအခြွေအရံ အုတ်အုတ်သောင်းသောင်း မရှိစေခြင်းငှါ၎င်း၊ ၎င်းမြို့၏ အဆက်မပျက်မစီး ရှည်စေခြင်းငှါ၎င်း မြို့ရိုးပြင်ဘက်၊ မြို့ထောင့်တို့၌ စေတီအဆောက်အဦးကိုပြုလုပ်တတ်ကြလေသည်။ ၎င်းစေတီအတွင်း၌ အဘယ်အရာကို ဌာပနာပြုလုပ်ကြပါသနည်းဆိုသော်၊ ဗေဒင်ကျမ်းလာ နက္ခတ်တို့လာသည့်အတိုင်း အချိန်၊ အခါ၊ ကာလ၊ စသည်တို့ကို ရွေးချယ်၍ ယဇ်နတ်ပူဇော်ရန် ရေတွင်းမျှလောက်၊ အကျယ်အဝန်း၊ အနက်ရှိသော တွင်းကြီးထဲသို့ ဘောဇဉ်ခဲဘွယ်နှင့်တကွ အစားအသောက်အပြည့်အစုံတို့ကို ပြင်ဆင်ပြီးလျှင်၊ ၎င်းတွင်းပေါ်က အုတ်ဖြင့်စီမံ၍ စပါးပုံသဏ္ဍာန်ဖြစ်စေ၊ ချည်ဝင်ပုံသဏ္ဍာန်ဖြစ်စေ အင်္ဂတေသရွက်တို့ဖြင့် မွမ်းမံပြီးလျှင် အတင့်အတယ် အဘွယ်အရာပြုလုပ်ထားတတ်ကြလေသည်။ ၎င်းအရာကို မြို့စတေးသည်ဟူ၍လည်းခေါ်ကြသည်။ စေတီဟူ၍လည်းခေါ်ကြသည်။

ထူပါရုံဟုလည်းခေါ်သည်။ ပါသာဒဟူ၍လည်းခေါ်သည်။ ကူဟူ၍လည်းခေါ်သည်။
၎င်းအကြောင်းကို သာ၍ထင်ရှားစေခြင်းငှါ သက်သေခံကျမ်းဂန်ပါဠိတို့နှင့်ပြပေဦးမည်။ ၎င်းရှေးအထက်က မာဂဓလူမျိုးတို့ အသုံးအစွဲပြုသော နာမပညတ်၊ ဝေါဟာရ အရပ်ရပ်တို့ကို ဓါတ်ပစ္စည်းနည်းနှင့်တကွ မောဂ္ဂလာန်မဂဓသဒ္ဒါကျမ်း၌ ထိုသို့သောမြို့ကို အကြောင်းပြု၍။ ။ယုထုကူနံဒီဃောစ၊ ဟူ၍သဒ္ဒါကျမ်း၌ လေ့လာသောအခါ နောင်လာနောက်သားတို့ လိမ္မာကျွမ်းကျင်စေရန် ဥဒါဟရုဏ် ထုတ်ဆောင်၍ သုတ်တင်ပြလေသည်မှာ။ ။ထုအဘိတ္တဝေ။ ကုသဒ္ဒေ။ ။ဧတေဟိပေါဟောတိ။ ဧတေသံဒီဃောစ။ ဒီဃဝိဓါနသာမတ္တိယာသြတ္တဘာဝေါ။ ။စေတီယံ။ ။ကပန္တိနဒန္တိဧတ္ထာတိကူပေါ။ ။ဥဒါပနံ။ ဤကား ယုထုကူနံဒီဃောစ၊ ဟူ၍ပါဠိလာရှိသည်နှင့်အညီ သုတ်၏ အရာအတိတ်ကိုထုတ်ဆောင်၍ အစိတ်ပြသော ဥဒါဟရုဏ်သုတ်၏ အစဉ်ပါဠိများဖြစ်သတည်း။ ၎င်းအရာတွင် သိသာရုံမျသာ။ မြန်မာလို ပြန်ဆို၍ပြပါမည်။

ဧတ္ထ ဤမြို့၌။ ယုမိဿနော၊ အခြွေအရံများစေခြင်းငှါ၎င်း။ ထုအဘိတ္တဝေ၊ တင့်တယ်ဘွယ်ရာ အသရေရှိစေခြင်းငှါ၎င်း။ ကုသဒ္ဒေ၊ အသံမစဲစေခြင်းငှါ၎င်း။ ဒီဃဝိဓါနသာမတ္တိယာ၊ အရှည်သဖြင့် အစီအရင်နှင့်ပြည့်စုံ၍။ သြတ္တဘာဝေါ၊ စိုးရိမ်ကြောက်ရွှံ့ဘွယ် မရှိစေခြင်းငှါ၎င်း။ ဧတ္ထတိ၊ ဤမြို့၌။ ယုဝန္တိသဟာဝတ္တန္တိ၊ တပြိုင်နက်တည်းနှင့်တကွစီရင်သော။ ယူပေါ၊ လူယောင်္ကျား၏။ ယညယဌိ၊ ယဇ်ပူဇော်သောဌာနကို။ ပါသာဒေါ၊ ပြဿဒ်ဟူ၍၎င်း။ ထဝိယတီတိ၊ ထိုသို့တည်ထားရာအရပ်ကို။ ထူပေါ၊ ထူပါရုံဟူ၍၎င်း။ စေတိယံ စေတီဟူ၍၎င်း။ ဧတ္ထတိ၊ ဤအရပ်၌။ ကပန္တိနဒန္တိ၊ ငိုကြွေးမြည်တမ်းခြင်းကြောင့်လည်း။ ကူပေါ၊ ကူ (ဂူ)လည်းမည်ကုန်၏။ ဥဒပါနံ၊ ရေတွင်းလည်းရ၏။ ဧတေဟိ၊ ထိုအလုံးစုံတို့ကို။ ပေါ၊ ပစ္စည်းသက်သည်။ ဟောတိ၊ ဖြစ်၏။

ပေါ၊ ပစ္စည်းသက်၏ ဟူ၍ပြဆိုသော သဒ္ဒါ၏ပရိယာယ်အဓိပ္ပါယ်မှာ၊ မြို့ရွာစီရင်ခြင်း၊ အသရေရှိစေခြင်း၊ ဘေးရန်ကင်းစေခြင်း အကျိုးကိုရခြင်းသည်၊ မြို့စတေးခံရသော ( ပေါသော) ယောင်္ကျား၏ အကြောင်းခံကြောင့်ဖြစ်သတည်းဟု ဆိုလိုသတည်း။

၎င်းပြင်လည်း ထူပါရုံ၊ စေတီ၊ ကူ (ဂူ) ဟူ၍ အစရှိသော နာမည်တို့သည်လည်း ၎င်းအစရှိသော နာမည်ကိုအစွဲပြု၍ခေါ်ဆိုလေသတည်း။ မဂဓခေါ် ပါသဒဟူသောအရာ၏အမည်ကို မြန်မာပြဿဒ်ဟူသောအမည်နှင့် နှိုင်းယှဉ်၍ခေါ်သည်။ ထူပေါ ဆိုသော အမည်ကို မြန်မာ၌နှိုင်းယှဉ်စရာမရှိသောကြောင့် ၎င်းမာဂဓအမည်ကိုပင် ကြောင်းတူသံကွဲ၊ ထူပါရုံဟူ၍၎င်း မည့်ခေါ်လေသည်။ စေတီ၊ ကူ (ဂူ) ဆိုသောအရာ၏ အမည်မျှားသည် မြန်မာ၌ နှိုင်းယှဉ်စရာ မရှိသောကြောင့် အထက်ပါနည်းအတိုင်း ကြောင်းတူသံကွဲအသံစွဲကာ မည့်ခေါ်သောအမည်များပင်ဖြစ်လေသည်။ ၎င်းမြန်မာအခေါ် အမည်နာမ စကားအချို့တို့သည် မာဂဓပါဠိပျက်စကားဖြစ်ကုန်၏။
ထို့ကြောင့် မြန်မာပြည်၌ ပြဿဒ်၊ စေတီ၊ ထူပါရုံ၊ ကူ (ဂူ) ဟူ၍ခေါ်ပြီးသမုတ်ကြလေသည်။ ၎င်းအရပ်ဌာန အမည်တို့သည် မာဂဓ လူမျိုးတို့က ဆင်းသက်ကြောင်းကို ထင်ရှားစေသည်ကို အကြောင်းပြု၍ မည့်ခေါ်ကြခြင်းပင်ဖြစ်သည်။ ၎င်းကို မောဂ္ဂလံမာဂဓသဒ္ဒါကျမ်းကပြဆိုသည့်အတိုင်းသိရလေသည်။

မြန်မာပြည်မှာလည်း ရှေးအထက်က ကျန်ရစ်မင်းသည်၊ အာနန္ဒာစေတီကို တည်လုပ်စဉ်အခါက မောင်ညိုသား မောင်ဖြူကို၊ ဌာပနာတိုက်သွင်းကြောင်းကို နတ်ရာဇဝင်ဟောင်တစ်စောင်တွင် တွေ့ရလေသည်။ သထုံရှင်ဘုရင် မနူဟာမင်းလက်ထက်တွင်လည်း လူစွမ်းကောင်း ကုလား ဗျတ်ဝိကို ဖမ်းဆီး၍ သတ်ပြီးလျှင် လက်နှစ်ဖက်၊ ခြေနှစ်ဖက်တို့ကို မြို့ထောင့်လေးထောင့်မှာ စတေးပြီးလျှင် ဥက္ခောင်းကို မြို့တံခါးဝမှာ မြုပ်၍ ကိုယ်အသွေးအသားတို့ကို မြို့ရိုးပတ်လည်မှာလှည့်စေ၍ လိမ်းကျန်သည်ဟု ရာမညရာဇဝင်သ စာတန်းဟောင်းတစ်စောင်တွင် တွေ့ဘူးလေသည်။ ဤကား စေတီ၏ မူလပြုလုပ်ခြင်း အကြောင်းအရာတို့ကို စစ်ဆေး၍ပြသလိုက်ခြင်းပင်ဖြစ်လေသည်။

သက်တော်ထင်ရှား ဘုရားရှင်နှင့်မခြား စေတီတော်၌ ကြည်ညိုစိတ်ထားပါလျှင် တူညီသောအကျိုးများ ရရှိနိုင်ကြောင်း ဝိမာနဝတ္ထုပါဠိတော်တို့၌ လာရှိပါသည်။

ထို့ကြောင့် မြောက်မြားလှစွာသော ကမ္ဘာအရပ်ရပ်ရှိ စေတီ, ပုထိုး တို့ကို ဘုရားတပည့်တော်တို့သည် အရပ်ဌာနအားလုံးတို့၌ တည်ရှိသော အလုံးစုံသော ဓာတ်တော်ကိန်းအောင် စေတီတော်အပေါင်းကို၎င်း၊ သာရီရိကမွေတော်နှင့် မဟာဗောဓိပင်အပေါင်းကို၎င်း၊ အလုံးစုံသော ဆင်းတုတော်ဟူ အဆူဟူသမျှကို၎င်း နေ့,ညဉ့်မပြတ် အခါခပ်သိမ်း ဆယ်လက်မြှောက်မိုး ရှိခိုးဦးချ ကန်တော့ကြပါကုန်စို့-ဟူ၍ အကြံပြုလျက်

ဖိုးသူတော် (www.phothutaw.com)
Credit: Phyo thu
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top