iMyanmarHouse.com - Best Property Website for Myanmar
×

ေလာကမွာ မိခင္ကသာ သားသမီ:အေပၚအႏြံတာခံ ေမတၱာထားသည္မဟုတ္ ဖခင္ကလည္း သူ႔ဝတစ္ခုလုံး စုတ္ျပတ္သတ္သြားပါေစ သားသမီးနဲ႔ပက္သက္လာရင္ အရာအားလုံးကို ရင္ဆိုင္ဖို႔ ေပးဆပ္ဖို႔ အသင့္ရွိေနတယ္ ဆိုတာကို အခုသတင္းေလးက ေဖာ္ညႊန္းေနပါတယ္။

“ကၽြန္ေတာ့္ရဲ့ အရွက္နဲ႔သိကၡာဆိုတာ ဘာမွအသုံးမဝင္ေတာ့ပါဘူးဗ်ာ.. ကၽြန္ေတာ္သမီးေလးရဲ့ အသက္ကို ကယ္နိုင္မယ္ဆိုရင္ ကူညီၾကမယ့္လူေတြကို ကၽြန္ေတာ္ဘာေတြပဲ ေပးဆပ္ရ ေပးဆပ္ရ ေပးဆက္သြားပါ့မယ္” လို႔ မ်က္ရည္စေတြနဲ႔ ဝမ္းနည္းေၾကကြဲစြာ ေျပာဆိုေနတဲ့ အမ်ိဳးသားတစ္ဦးဟာ ႏွုတ္ခမ္းနီ၊ ပါးနီေတြ ရဲေနေအာင္ဆိုးထားၿပီး “ဘဝၾကင္ေဖာ္ရွာေနပါတယ္” ဆိုတဲ့ ဆိုင္းဘုတ္ေဘးမွာ မဂၤလာသတို႔သမီးဝတ္စုံကို အခ်ိဳးစားနား မက်နစြာ ဝတ္ဆင္လၽွက္ လူစည္ကားရာ လမ္းမႀကီးေဘးမွာ မတ္တပ္ရပ္လို႔ေနပါတယ္။

 အသက္ ၄၅ ႏွစ္အရြယ္ “Guo Anquan” ဆိုသူဟာ လက္သမားတစ္ဦးျဖစ္ခဲ့ေပမယ့္ သူ႔ရဲ့ ၄ ႏွစ္သမီးငယ္ေလး ေသြးကင္ဆာေရာဂါကို ကုသဖို႔စရိတ္အတြက္ စီခၽြမ္းၿမိဳ႕ရဲ့ လူစည္ကားရာ လမ္းမႀကီးေပၚမွာ အခုလိုပုံစံနဲ႔ အကူညီေတာင္းခံေနတာျဖစ္ပါတယ္။

သမီးေလးဟာ ေမြးရာပါေသြးကင္ဆာ ေရာဂါေၾကာင့္ ေတာက္ေလၽွာက္ေဆးကုသမွု ခံယူခဲ့ရတဲ့အတြက္ သူအလုပ္လုပ္ရင္း တစ္ေလၽွာက္လုံးစုေဆာင္းလာတဲ့ ပိုက္ဆံေတြအျပင္ အေပါင္းအသင္းေတြဆီကပါ ယြမ္ေငြ တစ္ေသာင္းေက်ာ္ခန႔္ ေခ်းငွားခဲ့ရၿပီး ေဆး႐ုံစရိတ္ေတြ ရွင္းေပးခဲ့ရပါတယ္။ ကီမိုသာရဖီ ကုထုံးနဲ႔ ၈ ႀကိမ္ေလာက္ ကုသၿပီးတဲ့အခ်ိန္မွာေတာ့ သမီးေလးရဲ့ ေရာဂါသက္သာလာခဲ့ပါတယ္။

 ဒါေပမယ့္ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလကစၿပီး ကင္ဆာေရာဂါရဲ့ အေျခေနျပန္စလာျပန္ပါတယ္။ အေႂကြးေတြပိေနတဲ့ သူ႔အတြက္ေတာ့ ဒီတစ္ႀကိမ္ ဘယ္သူကမွ ကူညီနိုင္မွာ မဟုတ္ေတာ့မွန္းသိတဲ့အတြက္ အခုလို မဂၤလာသဆို႔သမီးဝတ္စုံႀကီးဝတ္ကာ ထူးျခားတဲ့အသြင္ဟန္ကိုယူရင္း လမ္းမလယ္မွာ လူအမ်ားရဲ့ အကူအညီကို ေတာင္းခံေနတာျဖစ္ပါတယ္။

သူ႔ရဲ့အစီစဥ္ အလုပ္ျဖစ္တယ္လို႔ ဆိုရမွာပါ။ သမီးေဆးကုဖို႔ ယြမ္ ၁၆,၀၀၀ ေလာက္ ရရွိခဲ့ပါတယ္။ သူ႔ရဲ့သမီးေလး အသက္ကို ကယ္တင္နိုင္သေလာက္ သူ႔ရဲ့အရွက္နဲ႔ သိကၡာကို မငဲ့ကြက္ပဲ သမီးေလးအတြက္ ႀကိဳးစားသြားမယ္လို႔ ဆိုပါတယ္။

“ကၽြန္ေတာ့္ရဲ့ အရွက္နဲ႔သိကၡာဆိုတာ ဘာမွအသုံးမဝင္ေတာ့ပါဘူးဗ်ာ.. ကၽြန္ေတာ္သမီးေလးရဲ့ အသက္ကို ကယ္နိုင္မယ္ဆိုရင္ ကူညီၾကမယ့္လူေတြကို ကၽြန္ေတာ္ဘာေတြပဲ ေပးဆပ္ရ ေပးဆပ္ရ ေပးဆက္သြားပါ့မယ္” လို႔ မ်က္ရည္စေတြနဲ႔ ဆိုပါတယ္။

ဒီအေၾကာင္း လူမွုကြန္ယက္မွာ ပ်ံ႕ႏွံ့ခဲ့ၿပီးေနာက္ သူတို႔သားအဖကို ကူညီရန္ အြန္လိုင္းေပၚကေန အလွူရွင္မ်ားကို ဖိတ္ေခၚမွုေတြရွိလာပါတယ္။ လွူဒါန္းခ်င္သူေတြအေနနဲ႔ေတာ့ ေဖာ္ျပပါ QR Code ကို စကန္ဖတ္ၿပီး လွူဒါန္းနိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
လောကမှာ မိခင်ကသာ သားသမီ:အပေါ်အနွံတာခံ မေတ္တာထားသည်မဟုတ် ဖခင်ကလည်း သူ့ဝတစ်ခုလုံး စုတ်ပြတ်သတ်သွားပါစေ သားသမီးနဲ့ပက်သက်လာရင် အရာအားလုံးကို ရင်ဆိုင်ဖို့ ပေးဆပ်ဖို့ အသင့်ရှိနေတယ် ဆိုတာကို အခုသတင်းလေးက ဖော်ညွှန်းနေပါတယ်။

“ကျွန်တော့်ရဲ့ အရှက်နဲ့သိက္ခာဆိုတာ ဘာမှအသုံးမဝင်တော့ပါဘူးဗျာ.. ကျွန်တော်သမီးလေးရဲ့ အသက်ကို ကယ်နိုင်မယ်ဆိုရင် ကူညီကြမယ့်လူတွေကို ကျွန်တော်ဘာတွေပဲ ပေးဆပ်ရ ပေးဆပ်ရ ပေးဆက်သွားပါ့မယ်” လို့ မျက်ရည်စတွေနဲ့ ဝမ်းနည်းကြေကွဲစွာ ပြောဆိုနေတဲ့ အမျိုးသားတစ်ဦးဟာ နှုတ်ခမ်းနီ၊ ပါးနီတွေ ရဲနေအောင်ဆိုးထားပြီး “ဘဝကြင်ဖော်ရှာနေပါတယ်” ဆိုတဲ့ ဆိုင်းဘုတ်ဘေးမှာ မင်္ဂလာသတို့သမီးဝတ်စုံကို အချိုးစားနား မကျနစွာ ဝတ်ဆင်လျှက် လူစည်ကားရာ လမ်းမကြီးဘေးမှာ မတ်တပ်ရပ်လို့နေပါတယ်။

 အသက် ၄၅ နှစ်အရွယ် “Guo Anquan” ဆိုသူဟာ လက်သမားတစ်ဦးဖြစ်ခဲ့ပေမယ့် သူ့ရဲ့ ၄ နှစ်သမီးငယ်လေး သွေးကင်ဆာရောဂါကို ကုသဖို့စရိတ်အတွက် စီချွမ်းမြို့ရဲ့ လူစည်ကားရာ လမ်းမကြီးပေါ်မှာ အခုလိုပုံစံနဲ့ အကူညီတောင်းခံနေတာဖြစ်ပါတယ်။

သမီးလေးဟာ မွေးရာပါသွေးကင်ဆာ ရောဂါကြောင့် တောက်လျှောက်ဆေးကုသမှု ခံယူခဲ့ရတဲ့အတွက် သူအလုပ်လုပ်ရင်း တစ်လျှောက်လုံးစုဆောင်းလာတဲ့ ပိုက်ဆံတွေအပြင် အပေါင်းအသင်းတွေဆီကပါ ယွမ်ငွေ တစ်သောင်းကျော်ခန့် ချေးငှားခဲ့ရပြီး ဆေးရုံစရိတ်တွေ ရှင်းပေးခဲ့ရပါတယ်။ ကီမိုသာရဖီ ကုထုံးနဲ့ ၈ ကြိမ်လောက် ကုသပြီးတဲ့အချိန်မှာတော့ သမီးလေးရဲ့ ရောဂါသက်သာလာခဲ့ပါတယ်။

 ဒါပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ကင်ဆာရောဂါရဲ့ အခြေနေပြန်စလာပြန်ပါတယ်။ အကြွေးတွေပိနေတဲ့ သူ့အတွက်တော့ ဒီတစ်ကြိမ် ဘယ်သူကမှ ကူညီနိုင်မှာ မဟုတ်တော့မှန်းသိတဲ့အတွက် အခုလို မင်္ဂလာသဆို့သမီးဝတ်စုံကြီးဝတ်ကာ ထူးခြားတဲ့အသွင်ဟန်ကိုယူရင်း လမ်းမလယ်မှာ လူအများရဲ့ အကူအညီကို တောင်းခံနေတာဖြစ်ပါတယ်။

သူ့ရဲ့အစီစဉ် အလုပ်ဖြစ်တယ်လို့ ဆိုရမှာပါ။ သမီးဆေးကုဖို့ ယွမ် ၁၆,၀၀၀ လောက် ရရှိခဲ့ပါတယ်။ သူ့ရဲ့သမီးလေး အသက်ကို ကယ်တင်နိုင်သလောက် သူ့ရဲ့အရှက်နဲ့ သိက္ခာကို မငဲ့ကွက်ပဲ သမီးလေးအတွက် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

“ကျွန်တော့်ရဲ့ အရှက်နဲ့သိက္ခာဆိုတာ ဘာမှအသုံးမဝင်တော့ပါဘူးဗျာ.. ကျွန်တော်သမီးလေးရဲ့ အသက်ကို ကယ်နိုင်မယ်ဆိုရင် ကူညီကြမယ့်လူတွေကို ကျွန်တော်ဘာတွေပဲ ပေးဆပ်ရ ပေးဆပ်ရ ပေးဆက်သွားပါ့မယ်” လို့ မျက်ရည်စတွေနဲ့ ဆိုပါတယ်။

ဒီအကြောင်း လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် သူတို့သားအဖကို ကူညီရန် အွန်လိုင်းပေါ်ကနေ အလှူရှင်များကို ဖိတ်ခေါ်မှုတွေရှိလာပါတယ်။ လှူဒါန်းချင်သူတွေအနေနဲ့တော့ ဖော်ပြပါ QR Code ကို စကန်ဖတ်ပြီး လှူဒါန်းနိုင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: popolay


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top