×

ဆား၀က္ၿခံေတြ ရွိတဲ့အခါ၊ အမာရြတ္ေတြ က်န္တဲ့အခါ၊ ညႇစ္လို္က္ၿပီး အမည္းစက္ေတြ က်န္တဲ့အခါ တစ္ခ်ိန္လံုး စိတ္ညစ္ရသူ ပ်ိဳေမတို႔အတြက္ အေျခခံကာကြယ္နည္းေလးေတြ  လင္းျပပါရေစ။ အေရျပားေလး ၾကည္လင္သန္႔စင္ေနေစဖို႔၊ ဆား၀က္ၿခံေတြ အမည္းစက္ေတြြ ကာကြယ္ဖို႔ ...

(1)    စိတ္ပိုင္းဆိုင္ရာ

(2)    ႐ုပ္ပိုင္းဆိုင္ရာ ျပဳျပင္ရမယ့္အခ်က္ေလးေတြ  အႀကံျပဳပါရေစေနာ္။

          စိတ္ပို္င္းဆိုင္ရာ က်န္းမာေနမွ အေရျပားကလည္း အလိုလို ၾကည္လင္လာတယ္လို႔ ဆိုပါတယ္။ ဒီေတာ့  က်န္းမာရႊင္လန္းၿပီး ေက်နပ္မႈ အျပည့္အ၀ရွိတဲ့စိတ္ကို ပ်ိဳးေထာင္ၾကရေအာင္။

●        ေန႔စဥ္ ဆယ္မိနစ္ခန္႔ တရားထိုင္ပါ။ တရားထိုင္သူေတြ အသားအေရ လွတယ္ေနာ္။

●        သဘာ၀ကို ျမတ္ႏိုးပါ။ လွပသာယာတဲ့႐ႈခင္းေတြကို အခ်ိန္ေပး ခံစားၾကည့္႐ႈပါ။

●        ကုိယ့္ကိုယ္ကိုယ္ ခ်စ္ဖို႔၊ တန္ဖိုးထားဖို႔ အေရးအႀကီးဆံုးလို႔ အရင္ေတြးပါ။

●        လွပတဲ့အရာေတြကို ခ်ီးက်ဴးသလို ေလာကကို ေက်းဇူးတင္ပါ။

●        အေရးမပါတာေတြ သိပ္မေတြးပါနဲ႔။

●        အေတြးမ်ားတာဟာ ဆား၀က္ၿခံ မ်ားတာနဲ႔ တုိက္႐ိုက္ဆက္စပ္ေနပါတယ္။

●        တင္းတိမ္ေရာင့္ရဲ လြယ္ပါေစ။ မေက်နပ္တာေတြ မ်ားေလ၊ အေရျပားက တံု႔ျပန္ၿပီး အဆီ ပိုထြက္လာတဲ့အတြက္ ဆား၀က္ၿခံေတြ တိုးလာပါတယ္။



>>    ႐ုပ္ပို္င္းဆိုင္ရာ ဘာျပဳျပင္ရမလဲ?

●        ညကို ဖုန္းမေဆာ့၊ ဂိမ္းမစြဲဘဲ ေစာေစာအိပ္ပါ။ တစ္ရက္ 8 နာရီ အိပ္တဲ့သူေတြဟာ အေရျပားက်န္းမာၿပီး ဆား၀က္ၿခံ အထြက္နည္းပါတယ္။

●        ညကို ဗိုက္ဆာတိုင္း တ၀တၿပဲ ထမဆြဲပါနဲ႔။ သိပ္ဆာရင္ ေဖ်ာ္ရည္ေသာက္ပါ။ အသီးစားပါ။ ညဥ့္နက္သန္းေခါင္ ထမင္း၊ ဟင္း၊ မုန္႕ေတြ တနင့္တပိုး ၀ါးၿပီး အနားယူေနတဲ့ အူလမ္းေၾကာင္းကို အလုပ္ေပးေလေလ အေရျပားမွာ ဆိုးက်ိဳး တန္ျပန္သက္ေရာက္လာေလပါပဲ။

●        လတ္ဆတ္တဲ့ အသီးေဖ်ာ္ရည္ ေသာက္ပါ။ သၾကား မထည့္ပါနဲ႔။ ဆား၀က္ၿခံ မေပါက္ခ်င္ရင္  အခ်ိဳ မႀကိဳက္ခ်င္ပါနဲ႔။

●        အဆီအဆိမ့္ ေလွ်ာ့ပါ။ ၀က္သား၊ အမဲသား၊ ငါး ဆီရႊဲရႊဲမွ ႀကိဳက္သူေတြ ဆား၀က္ၿခံ ကာကြယ္ဖို႔ သိပ္မျဖစ္ႏို္င္ပါဘူး။

●        ေနပူထဲသြားတိုင္း အမိုးအကာ၊ လက္ရွည္၊ ေနကာမ်က္မွန္ေတြနဲ႔ အေရျပားကို အတတ္ႏိုင္ဆံုး ကာကြယ္ထားပါ။ ေနေလာင္ထားတဲ့ အသားအေရဟာ အမည္းစက္နဲ႔ ၀က္ၿခံေတြကို ႀကိဳဆိုေလ့ရွိပါတယ္။

●        မပ်င္းပါနဲ႔။ ညအိပ္ရာ ၀င္ခါနီးတိုင္း ဆပ္ျပာအေပ်ာ့စားတစ္ခုခုနဲ႔ မ်က္ႏွာသစ္ပါ။ မသစ္ဘဲေနတဲ့ ညေတြ မ်ားလာေလ ဆား၀က္ၿခံေတြ ဖိတ္ေခၚေလပါပဲ။ မ်က္ႏွာအေရျပားေလးကို ေသခ်ာသန္႔စင္ၿပီးမွ အိပ္ျခင္းျဖင့္ အသားအေရေလး တစ္ညတာ အနားရပါေစ။

 တကယ္လို႔ ကို္ယ္က ဆယ္ေက်ာ္သက္အရြယ္ ဆိုရင္ေတာ့ ေဟာ္မုန္းမညီမွ်ဘဲ အေျပာင္းအလဲ ရွိလာလို႔ ဆား၀က္ၿခံေတြ ထြက္လာတတ္ပါတယ္။ ဒါဆိုရင္ေတာ့ ဘာမွသိပ္လုပ္လို႔ မရေပမယ့္ အသက္ 20 ေက်ာ္သြားရင္ ေသြးသား တည္ၿငိမ္သြားၿပီး သူ႕အလိုလို ၀က္ၿခံေတြ ကင္းလာၿပီး အေရျပား ျပန္ေကာင္းလာတတ္ပါတယ္ ဆိုတာေလးပါ မွတ္သားၾကဖို႔ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)
# Unicode Version ျဖင့္ ဖတ္ပါ #
ဆားဝက်ခြံတွေ ရှိတဲ့အခါ၊ အမာရွတ်တွေ ကျန်တဲ့အခါ၊ ညှစ်လိုက်ပြီး အမည်းစက်တွေ ကျန်တဲ့အခါ တစ်ချိန်လုံး စိတ်ညစ်ရသူ ပျိုမေတို့အတွက် အခြေခံကာကွယ်နည်းလေးတွေ  လင်းပြပါရစေ။ အရေပြားလေး ကြည်လင်သန့်စင်နေစေဖို့၊ ဆားဝက်ခြံတွေ အမည်းစက်တွေ ကာကွယ်ဖို့ ...


(1)    စိတ်ပိုင်းဆိုင်ရာ

(2)    ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ရမယ့်အချက်လေးတွေ  အကြံပြုပါရစေနော်။



          စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေမှ အရေပြားကလည်း အလိုလို ကြည်လင်လာတယ်လို့ ဆိုပါတယ်။ ဒီတော့  ကျန်းမာရွှင်လန်းပြီး ကျေနပ်မှု အပြည့်အဝရှိတဲ့စိတ်ကို ပျိုးထောင်ကြရအောင်။

●        နေ့စဉ် ဆယ်မိနစ်ခန့် တရားထိုင်ပါ။ တရားထိုင်သူတွေ အသားအရေ လှတယ်နော်။

●        သဘာဝကို မြတ်နိုးပါ။ လှပသာယာတဲ့ရှုခင်းတွေကို အချိန်ပေး ခံစားကြည့်ရှုပါ။

●        ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့၊ တန်ဖိုးထားဖို့ အရေးအကြီးဆုံးလို့ အရင်တွေးပါ။

●        လှပတဲ့အရာတွေကို ချီးကျူးသလို လောကကို ကျေးဇူးတင်ပါ။

●        အရေးမပါတာတွေ သိပ်မတွေးပါနဲ့။

●        အတွေးများတာဟာ ဆားဝက်ခြံ များတာနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။

●        တင်းတိမ်ရောင့်ရဲ လွယ်ပါစေ။ မကျေနပ်တာတွေ များလေ၊ အရေပြားက တုံ့ပြန်ပြီး အဆီ ပိုထွက်လာတဲ့အတွက် ဆားဝက်ခြံတွေ တိုးလာပါတယ်။



>>    ရုပ်ပိုင်းဆိုင်ရာ ဘာပြုပြင်ရမလဲ?

●        ညကို ဖုန်းမဆော့၊ ဂိမ်းမစွဲဘဲ စောစောအိပ်ပါ။ တစ်ရက် 8 နာရီ အိပ်တဲ့သူတွေဟာ အရေပြားကျန်းမာပြီး ဆားဝက်ခြံ အထွက်နည်းပါတယ်။

●        ညကို ဗိုက်ဆာတိုင်း တဝတပြဲ ထမဆွဲပါနဲ့။ သိပ်ဆာရင် ဖျော်ရည်သောက်ပါ။ အသီးစားပါ။ ညဉ့်နက်သန်းခေါင် ထမင်း၊ ဟင်း၊ မုန့်တွေ တနင့်တပိုး ဝါးပြီး အနားယူနေတဲ့ အူလမ်းကြောင်းကို အလုပ်ပေးလေလေ အရေပြားမှာ ဆိုးကျိုး တန်ပြန်သက်ရောက်လာလေပါပဲ။

●        လတ်ဆတ်တဲ့ အသီးဖျော်ရည် သောက်ပါ။ သကြား မထည့်ပါနဲ့။ ဆားဝက်ခြံ မပေါက်ချင်ရင်  အချို မကြိုက်ချင်ပါနဲ့။

●        အဆီအဆိမ့် လျှော့ပါ။ ဝက်သား၊ အမဲသား၊ ငါး ဆီရွှဲရွှဲမှ ကြိုက်သူတွေ ဆားဝက်ခြံ ကာကွယ်ဖို့ သိပ်မဖြစ်နိုင်ပါဘူး။

●        နေပူထဲသွားတိုင်း အမိုးအကာ၊ လက်ရှည်၊ နေကာမျက်မှန်တွေနဲ့ အရေပြားကို အတတ်နိုင်ဆုံး ကာကွယ်ထားပါ။ နေလောင်ထားတဲ့ အသားအရေဟာ အမည်းစက်နဲ့ ဝက်ခြံတွေကို ကြိုဆိုလေ့ရှိပါတယ်။

●        မပျင်းပါနဲ့။ ညအိပ်ရာ ဝင်ခါနီးတိုင်း ဆပ်ပြာအပျော့စားတစ်ခုခုနဲ့ မျက်နှာသစ်ပါ။ မသစ်ဘဲနေတဲ့ ညတွေ များလာလေ ဆားဝက်ခြံတွေ ဖိတ်ခေါ်လေပါပဲ။ မျက်နှာအရေပြားလေးကို သေချာသန့်စင်ပြီးမှ အိပ်ခြင်းဖြင့် အသားအရေလေး တစ်ညတာ အနားရပါစေ။

 တကယ်လို့ ကိုယ်က ဆယ်ကျော်သက်အရွယ် ဆိုရင်တော့ ဟော်မုန်းမညီမျှဘဲ အပြောင်းအလဲ ရှိလာလို့ ဆားဝက်ခြံတွေ ထွက်လာတတ်ပါတယ်။ ဒါဆိုရင်တော့ ဘာမှသိပ်လုပ်လို့ မရပေမယ့် အသက် 20 ကျော်သွားရင် သွေးသား တည်ငြိမ်သွားပြီး သူ့အလိုလို ဝက်ခြံတွေ ကင်းလာပြီး အရေပြား ပြန်ကောင်းလာတတ်ပါတယ် ဆိုတာလေးပါ မှတ်သားကြဖို့ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top