iMyanmarHouse.com - Best Property Website for Myanmar
×

ဂီတတူရိယာတခုခုတီးခတ္တာေတြ၊ သီခ်င္းဆိုတာေတြဟာ သာမန္လူသားေတြ အဖို႔ေတာင္ ခက္ခဲမွာ ျဖစ္ေပမယ့္ ဒီခ်စ္စရာေကာင္းတဲ့ ေခြးကေလးကေတာ့ အံ့ၾသစရာ ေကာင္းေအာင္ စြမ္းရည္ျပသႏိုင္ခဲ့ပါတယ္။

အဲဒီေခြးကေလးရဲ႕ အမည္ကုိေတာ့ ဘတ္ဒီလို႔ သိရၿပီး သူ႕ရဲ႕ သီခ်င္းသီဆို စႏၵ ယားတီးတဲ့ ရုပ္သံဗြီဒီယိုဖိုင္ကိုေတာ့ စီဂ်ီတီအန္သတင္းဌာနရဲ႕ ေဖ့စ္ဘြတ္ခ္အင္တာနက္ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ေဖာ္ျပထားခဲ့တာ ျဖစ္ပါတယ္။

႐ုပ္သံဗြီဒီယိုဖိုင္ထဲမွာေတာ့ ဘတ္ဒီဟာ ေနာက္ေျခ ၂ ဘက္ကို ေထာက္ထားၿပီး ေရွ႕လက္ ၂ ဘက္ကေတာ့ စႏၵရားခလုတ္ခံုေတြေပၚမွာ တီးခတ္ကာ သီခ်င္းသီဆိုဟန္နဲ႔ ေအာ္ေနခဲ့တာကို ေတြ႔ရမွာပါ။

အဆိုပါ ႐ုပ္သံဗြီဒီယိုဖိုင္ဟာ နာရီပိုင္းအတြင္းမွာ ၀င္ေရာက္ၾကည့္ရႈၾကတဲ့ ပရိသတ္ ၉ ေသာင္း ၅ ေထာင္ေက်ာ္သြားခဲ့ၿပီ ျဖစ္ပါတယ္။

ဘတ္ဒီဟာ အေမရိကန္ႏိုင္ငံမွ စြန္႔ပစ္ခံေခြးကေလးတေကာင္ျဖစ္ၿပီး သခင့္မိသားစုဆီ ၂၀၁၆ ခုႏွစ္တည္းက ေရာက္ရွိလာခဲ့တာလုိ႔ ဆိုပါတယ္။

ခ်စ္စရာေကာင္းတဲ့ သူ႔ရဲ႕ အျပဳအမူေတြေၾကာင့္ Americas Funniest Home Videos ေပ့ခ်္မွာ နာမည္ႀကီးေနခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ ကိုယ္ပိုင္ယူက်ဳဘ္ခ်န္နယ္လ္ဟာလည္း ေရပန္းစားေနခဲ့တာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
ဂီတတူရိယာတခုခုတီးခတ်တာတွေ၊ သီချင်းဆိုတာတွေဟာ သာမန်လူသားတွေ အဖို့တောင် ခက်ခဲမှာ ဖြစ်ပေမယ့် ဒီချစ်စရာကောင်းတဲ့ ခွေးကလေးကတော့ အံ့သြစရာ ကောင်းအောင် စွမ်းရည်ပြသနိုင်ခဲ့ပါတယ်။

အဲဒီခွေးကလေးရဲ့ အမည်ကိုတော့ ဘတ်ဒီလို့ သိရပြီး သူ့ရဲ့ သီချင်းသီဆို စန္ဒ ယားတီးတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကိုတော့ စီဂျီတီအန်သတင်းဌာနရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဘတ်ဒီဟာ နောက်ခြေ ၂ ဘက်ကို ထောက်ထားပြီး ရှေ့လက် ၂ ဘက်ကတော့ စန္ဒရားခလုတ်ခုံတွေပေါ်မှာ တီးခတ်ကာ သီချင်းသီဆိုဟန်နဲ့ အော်နေခဲ့တာကို တွေ့ရမှာပါ။

အဆိုပါ ရုပ်သံဗွီဒီယိုဖိုင်ဟာ နာရီပိုင်းအတွင်းမှာ ဝင်ရောက်ကြည့်ရှုကြတဲ့ ပရိသတ် ၉ သောင်း ၅ ထောင်ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဘတ်ဒီဟာ အမေရိကန်နိုင်ငံမှ စွန့်ပစ်ခံခွေးကလေးတကောင်ဖြစ်ပြီး သခင့်မိသားစုဆီ ၂၀၁၆ ခုနှစ်တည်းက ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။

ချစ်စရာကောင်းတဲ့ သူ့ရဲ့ အပြုအမူတွေကြောင့် Americas Funniest Home Videos ပေ့ချ်မှာ နာမည်ကြီးနေခဲ့တာဖြစ်ပြီး သူ့ရဲ့ ကိုယ်ပိုင်ယူကျုဘ်ချန်နယ်လ်ဟာလည်း ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top