မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×

တစ်ခါလုပ်ရင် စက္ကန့်သုံးဆယ်ကနေ (၅)မိနစ်ကြားပြုလုပ်ပေးရုံနဲ့ ကျစ်လျစ်သွယ်လျပြီး ချပ်ရပ်တဲ့ဗိုက်သားလေးကို အမြန်ဆုံးရရှိစေမယ့် ဗိုက်ညှစ်လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းဟာ ဘယ်လောက်တောင် အကျိုးသက်ရောက်မှုမြန်ဆန်ပြီး အာနိသင်ရှိလဲဆိုတာ ကိုယ်တိုင်စမ်းကြည့်လိုက်ပါ။

ဒီလေ့ကျင့်ခန်းတစ်မျိုးတည်းကို (၂၁)ရက် ပြုလုပ်ပေးရင် ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ ဗိုက်အဆီတွေ ကျသွားတဲ့အပြင် ခန္ဓာကိုယ်လှခြင်း၊ ဝမ်းမှန်စေခြင်း၊ ရောဂါကာကွယ်ပေးခြင်း၊ ကျန်းမာကြံခိုင်စေခြင်း စတဲ့အကျိုးဇူးတွေကိုလည်း ရရှိစေပါတယ်။

ဒါဟာ ခန္ဓာကိုယ်ရဲ့ညှစ်အားကို အသုံးပြုရတာဖြစ်တာကြောင့် ကျောနာ၊ ခါးနာရှိတဲ့သူတွေ၊ ဆီးချိုသွေးချိုရှိတဲ့သူတွေနဲ့ နှလုံးရောဂါရှိတဲ့သူတွေကတော့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီးမှ ဒီလေ့ကျင့်ခန်းကို ပြုလုပ်ပေးပါ။

ပြုလုပ်နည်း

ဒီလေ့ကျင့်ခန်းကိုပြုလုပ်တော့မယ်ဆိုရင် (၂၁)ရက်ကြာမြင့်မှာဖြစ်ပြီး တစ်ရက်ချင်းစီမှာ လေ့ကျင့်ခန်းပြုလုပ်ဖို့ သီးသန့်အချိန်တစ်ခု ထားရမှာဖြစ်ပါတယ်။

ဒါမှ ထိရောက်တဲ့အာနိသင်နဲ့ ရလဒ်ကို ရရှိမှာဖြစ်ပါတယ်။ ဒါဟာကြွက်သားကို ညှစ်တဲ့လေ့ကျင့်ခန်းဖြစ်တာကြောင့် တစ်ကိုယ်လုံးကို ကျစ်လျစ်စေပါတယ်။

ပထမအပတ်မှာ တစ်ရက်ကို စက္ကန့်သုံးဆယ် ညှစ်ပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ သင်လုပ်နိုင်သေးတယ်ဆိုရင်တော့ တစ်မိနစ်အထိ ပြုလုပ်ပေးလို့ရပါတယ်။

ဒုတိယအပတ်မှာတော့ တစ်ရက်ကို တစ်မိနစ်(မနားတမ်း) ညှစ်ပေးရပါမယ်။ တကယ်လို့ သင်ထပ်လုပ်နိုင်သေးရင်တော့ တစ်မိနစ်နဲ့ သုံးလေးခါလောက်ပြုလုပ်နိုင်ပါတယ်။

တတိယအပတ်မှာတော့ သင်ဟာ တစ်ရက်ကို (၂)မိနစ် မနားတမ်း ညှစ်ပေးရမှာဖြစ်ပြီး တစ်ကယ်လို့ သင်ဆက်နေနိုင်ရင် (၅) မိနစ်အထိ နေပေးလို့ရပါတယ်။

စိတ်ရှည်ရှည်နဲ့ (၂၁) ရက်ကြာပြုလုပ်အပြီးမှာ သင်ကိုယ်တိုင် အံ့သြရလောက်တဲ့ ရလဒ်ကိုရရှိမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Em Em
# Unicode Version ဖြင့် ဖတ်ပါ #











ဖိုးသူတောျ (www.phothutaw.com)
Credit: Em Em
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top