ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

တစ္စံုတည္းသာ႐ွိတဲ့ေက်ာင္း၀တ္စံုကို၀တ္ၿပီး ေရစိုရင္အေၾကာ္ဖိုမွာသြားကင္ရသူ သူမ်ားအိမ္မွာကပ္ေနၿပီး အိမ္႐ွင္ေက်နပ္ေအာင္ေရစည္လွည္းတြန္းခဲ့ရသူ

(18. 5 .2016)ေန႔က ဆုိက္ကားဆရာ ၅၀အတြက္သိန္း၅၀လွဴ ဒါန္းျပီးေနာက္ညေနပုိင္းမွာ မုိးေျပးေလးမ်ားျဖင့္ အလွဴဒါနကုိေရစက္ခ်လိုက္၏။
(19.5.2016) ေန႔မွာ ထပ္မံျပီး ဆုိက္ကားဆရာ ၆၃၀ ေက်ာ္အတြက္ တစ္ေယာက္တစ္သိန္း.ကုိယ္ထိလက္ေရာက္လွဴဒါန္းျပီးသည္ႏွင့္ပ်ဥ္းမနားတျမိဳ႕လုံး ငရဲျပည္မွဆဲြထုတ္သြားသလုိ ခ်က္ခ်င္းေအးစိမ္႔သြားတဲ႔အရသာေအာက္မွာ ကြ်န္ေတာ္အပါအဝင္ ဆုိက္ကားဆရာမ်ားလဲညစာဟင္းေကာင္းတစ္ခြက္နဲ႔အတူ သူ႔အေၾကာင္းေတြးေနၾကမွာမလြဲပါ ။

ပ်ဥ္းမနားျမီဳ႕ေရွာင္လမ္းမၾကီးေဘး ေအာင္းကုန္း ရြာကေလးမွာ ဦးဘုိးၾကြယ္&ေဒၚအမာ မိဘႏွစ္ပါးမွေမြးခဲ႔ျပီး ေမြးခ်င္း၃ေယာက္အနက္ အငယ္ဆုံးသား ။ အေမကလဲဲဆုံး ..အေဖကလည္းက်န္းမာေရးမေကာင္း ,အစ္မၾကီးကလဲ အိမ္ေထာင္ျပဳ အစ္ကုိကလဲအေဝးေရာက္ ။ စာသင္ခ်င္လြန္းလွတဲ႔ဦးစုိးတင့္ အ.ထ.က (၂)သုိ႔ေက်ာင္းတက္ဖုိ႔ေရာက္လာေတာ့ ဝတ္စုံတစုံသာပါလာသည္။ သူမ်ားအိမ္ကေနေက်ာင္းတက္ရသည္မုိ႔ အိမ္ရွင္ေက်နပ္ဖုိ႔ေရခပ္ရသည္။ ေရစည္လွည္းသမားနဲ႔အတူေနာက္ကေန ကူတြန္းရသည္။

မိုးရြာလွ်င္တစုံတည္းရွိေက်ာင္းဝတ္စုံကုိ အေၾကာ္ဖုိသု္ိ့သြားျပီး မီးကင္ရသည္။ စာက်က္ရင္လမ္း ေဘးမီးတုိင္ေအာက္သြားျပီး စာက်က္။
လူၾကီးမ်ားထံမွ မုန္႔ဖုိးေတာင္ဖုိ႔ေဝးစြ တႏွစ္တခါေက်ာင္းထားေပးရင္ကုိ သူဝမ္းသာလွျပီ။

ဆင္းရဲလြန္းလွတဲ႔ ထ/၂ေက်ာင္းသား ဦးစုိးတင့္။ စာအုပ္ဖုိးေငြကုိ သူ႔ဆရာမ်ားက ေထာက္ပံခဲ႔ရသည္။ ရွစ္တန္းတြင္တစ္ဘာသာ
ဂုဏ္ထူး အမွတ္ေကာင္းေကာင္းျဖင့္ သိပၸံလုိင္းမွေအာင္ျမင္ခဲ႔သည္။
၁၉၆၈ခု ယခုလုိေက်ာင္းဖြင့္ရာသီတြင္ ၉တန္း ဆက္မတက္ေတာ့ဘဲ ဆရာမ်ားအၾကံေပးမႈအတုိင္း ရန္ကုန္နတ္ေမာက္T.H.Sေက်ာင္းသုိ႔
EP ျဖင့္တက္ရန္အဝတ္အစားအေဟာင္းႏွစ္စုံ ေခါင္းအုံးပါးပါးေလးကုိ စားပြဲခင္းျဖင့္ထုတ္ျပီး ဆရာမ်ားမွစုျပီးေပးလုိက္ေငြတစ္ေထာင္က်ပ္ကုိ
ေသခ်ာဆုပ္ျပီး ရန္ကုန္တက္ခဲ႔ရသည္။

ေက်းဇူးၾကီးလွေသာသူ႔ဆရာမ ေဒၚလွစိန္ ႏွင့္ ဆရာဦးရဲျမင့္တုိ႔ကေက်ာင္းျပီးသည္အထိေထာက္ပ့ံခဲ႔ၾကသည္။ရန္ကုန္စည္ပင္တြင္တေန႔ေျခာက္က်ပ္ခဲြ အငယ္တန္းအင္ဂ်င္နီယာရာထူးျဖင့္လုပ္ ကုိင္လာေသာလဲမၾကီးပြားနုိင္သျဖင့္ ထြက္ပစ္ကာအျပင္တြင္လွ်ပ္စစ္နဲ႔ပတ္သက္ေသာကုိယ္ပုိင္အလုပ္ကုိ စလုပ္ခဲ႔သည္။
အထင္မၾကီးပါႏွင့္ဦး. .စစ္လြယ္အိတ္ထဲတြင္ ဝက္အူလွည္႕ပလာယာထဲ့ကာ ပန္ကာေမာ္တာ ေရစက္မုိတာျပင္ရုံသာျဖစ္သည္။
လုပ္ငန္းေလးေကာင္းလာသျဖင့္ ေရႊဂုံတုိင္ ဗန္ဒါပင္ေစ်းနားကအခန္းကုိငွားခ်င္သည္။ စေပၚ ၅၀၀၀မတတ္နုိင္သျဖင့္ ေနာင္တြင္ပါရမီျဖည္ဖက္ျဖစ္လာမည္႕အထည္သည္ မရင္နုထံမွ ေငြေခ်းယူရသည္။ ထုိေခတ္အခ်ိန္ကကုန္ၾကမ္းပစၥည္း အလြန္ရွားသည္။ေရခဲစက္.ဆန္စက္..ဆီစက္မ်ား အသးုံမ်ားလာသျဖင့္ ေမာ္တာေတြအပ်က္ မ်ားလာသည္။အလုပ္ေကာင္းလာသျဖင္႔ အလုပ္သမား၅ဦးခန္႔ပါ ေနလုိ႔ရမည္အိမ္ကုိငွားျပီး အလုပ္လက္ခံသည္။

တေန႔…. ..ဦးစုိးတင့္၏ဘဝကုိအလုံးစုံ ေျပာင္းပစ္ေတာ့မည္႕သူေပၚလာပါသည္…

သူကား ေပ်ာ္ဘြယ္ျမိဳ႕တြင္မသိသူမရွိ ေဘဘီဦးအုန္းေမာင္ ပင္ျဖစ္သည္။ အသားျဖဴျဖဴ ပုပုအျမဲတက္ၾကြေနေသာ ဆီစက္/ဆန္စက္
သူေ႒းၾကီးျဖစ္သည္။ သူ႕တြင္သား၃ ေယာက္ရွိေသာ္လဲ အေဖ့ေျခရာမနင္းနုိင္ၾက ။ သူေ႒းသားသည္ သူေ႒းၾကီးရွာထားေသာေငြကုိျဖံဳးဖုိ႔ေမြးလာသူမ်ားဟုခံယူထားၾကသည္။

သားၾကီးျဖစ္သူကုိေက်ာ္ၾကီး၏ အာမခံမႈေၾကာင့္ ဦးစုိးတင့္ႏွင့္ေတြ႕ျပီးေနာက္ပုိင္း လုပ္ငန္းရွင္တေယာက္ရဲ႕အရည္အခ်င္းမ်ား အေတြးအေခၚမ်ား။ လူတေယာက္ကုိျမင္သည္ႏွင့္သူဘာေျပာခ်င္ေနသည္။ဘာျဖစ္ခ်င္ေနသည္ဆုိသည္႕လူကဲခတ္အတတ္ပညာမ်ားကုိသားအရင္းနဲ႔မျခားညတုိင္းသင္ေပးသည္။ ဦးစုိးတင့္မွလည္း ေသေသခ်ာခ်ာမွတ္သားသည္။ႏႈတ္အားျဖင့္ေစာင္မၾကည့္ရႈသည္သာမဟုတ္။ ေငြအားျဖင့္ ဗုိလ္စိန္မွန္ရပ္ကြက္အတြင္း အုိးပုိိင္အိမ္ပုိင္ျဖစ္ေစရန္ စိုက္ထုတ္အကုန္အက်
ခံေသးသည္။ မႏၲေလးမွ ဆီစက္ဆန္စက္သူေ႒းမ်ားျဖင့္ ခ်ိတ္ဆက္ေပးခဲ႔သည္။

၁၉၈၈..န.ဝ..တ ေခတ္တြင္မေအာင္ျမင္ေသာစီမံကိန္းမ်ားမွ အပုံအပင္ပစ္ထားေသာ ထရန္စေေဖာ္မာၾကီးမ်ား။ အသစ္ဝယ္ရန္လဲအစုိးရမွာ ေဒၚလာ မရွိ။ ပ်က္တာေလးေလာက္မွာျပန္ေတာ့ ေမာ္ဒယ္ကေအာက္ ။ ဦးစုိးျမင့္ကုိဘဲ အားကုုိးရေတာ့သည္။ နုိင္ငံအတြက္ အဓိကလုိအပ္ေနေသာ ဟာကြက္ကုိသိရွိျပီးေနာက္ စုိးလွ်ပ္စစ္္ႏွင့္စက္္ကရ္ိယာကုမၸဏီ တည္ေထာင္ျပီးရဲရဲေတြး ရဲရဲလုပ္ကာ ကုိယ္ပုိင္ SOE တံဆိပ္ျဖင့္ထရန္စေဖာ္မာမ်ားထုတ္လုပ္ခဲ႔ပါသည္။
ဆင္းရဲလြန္းခဲ႔ေသာသူ႕ဘဝ။ သူ႔လုိဆင္းရဲမွာကုိေနာက္ဘယ္ေတာ့မျဖစ္ေစရန္ရည္ရြယ္ျပီး သူေနခဲ႔တဲ႔ရြာ ။ သူစာသင္ခဲ႔တဲ႔ေက်ာင္း သူ႕အေပၚေက်းဇူးရွိတဲ႔ျမိဳ႕ ။ သူ႔ဆရာသမားေတြကုိ ဆက္တုိက္ ဆက္တုိက္ လမျခား ႏွစ္မျခားေတာ့ဘဲ လႈစရာေနရာမက်န္ေတာ့ေအာင္ကုိလွဴဒါန္းေနတာလဲ ပ်ဥ္းမနားျမိဳ႕လုံးသိ။
ပညာေရးပုိင္းတြင္ ေခတ္မီမူလြန္ေက်ာင္းေလးမ်ားကုိ ေနရာအႏံွ့ခုိင္ခန္႔သပ္ယပ္စြာေဆာက္ေပးထားသည္။ သူေနခဲ႔သည္႕ေက်ာင္းကုိလဲ
ေနရာက်ဥ္းက်ဥ္းေလးကုိဘဲ အမိအရေလး ထပ္လန္ပ်ံထြက္သြားေအာင္ ဘာမ်ွေတာင္းဆုိစရာမလုိေအာင္ကုိ လွဴဒါန္းေရစက္ခ်ခဲ႔သည္။ေနရာက်ယ္ဝန္းသည္႕ ထ/၁တြင္ ဓမၼာရုံၾကီးကုိ ဟီးထေနေအာင္ေဆာက္လုပ္လႈဒါန္းခဲ့ျပီး ။ ပညာေရးတြင္ထူးခ်ြန္သူမ်ားကုိစုိးလွ်ပ္စစ္ပညာေရးေဖာင္ေဒးရွင္းမွ ေက်ာင္းျပီးအလုပ္ရသည္အထိတာဝန္ယူခဲ႔သည္။ အခမဲ႔ကြန္ျပဴတာသင္တန္းမ်ားကုိလဲဖြင့္လွစ္သည္မွာ အပတ္စဥ္ (17)ေတာင္ေရာက္ျပီျဖစ္။

ဘာသာေရးအပုိင္းတြင္…….
ေအာင္းကုန္းေက်းရြာတြင္ဓမၸာရုံၾကီးတလုံး။ဂုဏ္မင္းအုိင္ေက်းရြာတြင္ ဘုရားဒါယကာၾကီးဦးစုိးတင့္ &ဘုရားဒါယိကာမၾကီး ေဒၚရီရီမာ(ခ)ေဒၚရင္ရင္နု သား..ဦးေက်ာ္မင္းထြန္း &ေဒၚမ်ိဳးမ်ိဳးခုိင္….ေျမး…ေမာင္သုခစုိးမိသားစုတုိ႔မွ ေအးျငိမ္းခ်မ္းသာဆုေတာင္းျပည္႕ေစတီေတာ္ၾကီးကုိလွဴဒါန္းခဲ႔ျပီး။
ေဟာင္ႏြမ္းယုိယြင္းေနေသာ ဝတ္ျဖဴေတာ္ ၈ သင္းမွ ဓမၼရုံ ၈ ခုကုိလဲအပုိင္ေနရာမရွိေသးပါက ေျမပါအျပီးအျပတ္ဝယ္လွဴကာ ေခတ္မီခန္႔ညားထည္ဝါလွသည္႕ ဓမၼၸာရုံၾကီးမ်ားမွာလည္း တခ်ိန္တည္းအျပိဳင္ေဆာက္ကာအေခ်ာသပ္ေနၾကျပီျဖစ္သည္။ထုိဓမၼရုံၾကီးမ်ားတြင္စဥ္ဆက္မျပတ္လုပ္လာခဲ႔ၾကသည္႕ ၇၀ ေက်ာ္အဖုိးအဖြားမ်ားရဟန္းသံဃာေတာ္မ်ား/ သီလရွင္ဆရာၾကီးမ်ား အေယာက္ ၁၀၀ကုိလဲ ဗုဒၶဂါယာ သုိ႔ဘုရားဖူးခရီးစဥ္တြင္ က်မ္းမာေရးအတြက္ဆရာဝန္တစ္ဦးပါထဲ႔ေပးျပီး ဟုိနုိင္ငံေရာက္ပါက လွဴဒါန္းနုိင္ရန္ရည္ရြယ္၍ ေဒၚလာေငြ ၁၀၀စီကုိအေသးစိတ္ လုိေလေသးမရွိကုသိုလ္ျပဳပုိ႔ေဆာင္ေပးခဲ႔ပါသည္။
ပ်ဥ္းမနားသံဃာ့ေဆးရုံအတြက္လဲ မျပတ္လွူဒါန္းေနသလုိ။ ျပီးခဲ႔သည္႕ေမြးေန႔အလႈတြင္ည္း ပင့္သံဃာ အပါး ၁၅၀၀အတြက္တစိပါးလွ်င္ ဝထၳဳေငြ ငါးေသာင္းက်ပ္အျပင္လႈဖြယ္ပစၥည္းစုံလင္စြာျဖင့္လႈဒါန္းခဲျပီးျဖစ္၏

လူမႈေရးအပုိင္းတြင္လည္းအက်ယ္ ၆ဧကရွိေျမတြင္ က်ပ္သိန္းေပါင္းႏွစ္ေသာင္းငါးေထာင္အကုန္အက်ခံကာ ေအးျငိမ္းခ်မ္းသာဂိလာနဘုိးဘြားရိပ္သာၾကီး
တည္ေဆာက္ျပီး အဖုိးအဖြားမ်ားအတြက္ စားေရးေသာက္ေရးက်မ္းမာေရးမ်ား အလုံးစုံတာဝန္ယူျပီး အျမဲခန္႔ဝန္ထမ္းမ်ားျဖင့္ မလစ္ဟင္းေအာင္ေဆာင္ရြက္လွ်က္ရွိပါသည္။
ႏွစ္ေပါင္းမ်ားစြာရိပ္သာၾကီး အဓြန္႔ရွည္ေစရန္ မ်ားျပားလွေသာေငြေၾကးမ်ား မတည္ထားရွိျပီး သက္ဝင္လႈပ္ရွားေနေစရန္ ေခတ္မီစိတ္ကူးတခုျဖစ္သည္႕………….မီးခုိးတလူလူ စက္သံတေဘာင္းေဘာင္းျဖင့္ ၅ ႏွစ္ခန္႔ေမာင္းႏွင္ေနသည္႕ပ်ဥ္းမနားသား စစ္စစ္ အေယာက္ ၅၀ ကိုလဲ ေခတ္မီ Hijetကားျဖင့္အလကားလဲလွယ္ေပးျပီး ရိပ္သာၾကီးေနာင္ေရးအတြက္စိတ္ေအးရေအာင္လုပ္ေပးခဲ႔သည္။
ျမိဳ႔လူထုအတြက္ေဆာင္ရြက္ခဲ႔ရာတြင္ ေတာင္/ေျမာက္ဆက္သြယ္ထားသည္႔ ငလုိက္ေခ်ာင္းကူးတံတားအသစ္ၾကီးကုိ ၂လမ္းထိပ္တြင္ေဆာက္လုပ္ေနျပီး က်ဥ္းလြန္းလွေသာ ၆လမ္းတံတားကုိ သံကူကြန္ကရစ္ျဖင့္ ၄လမ္းသြားတံတားျဖစ္ေအာင္ေဆာက္ေနကာ ျပီးစီးပါက ၉ လမ္းတံတား ႏွင့္ ၈၅ တံတားၾကီးကုိပါ ထပ္ခ်ဲ႕မည္ျဖစ္ပါသည္။
အားကစားဖက္တြင္လည္း စိုးလွ်ပ္စစ္ေဖာင္ေဒးရွင္းဖလားကုိ ႏွစ္စဥ္မပ်က္က်င္းပနုိင္ေအာင္မတည္ ရံပုံေငြထာရွိျပီးျဖစ္သည္ႏွစ္က်ပ္ရွစ္ဆူပဲြနီးလာပါက အဆုိေတာ္ငွားရျခင္း,တိီးဝုိင္းငွားရျခင္း ,ဆုိင္းဝုိင္းငွားျခင္း ဒုကၡကင္းေဝးေစရန္ ျမိဳ႕ေပၚရြာစာဆရာၾကီးမ်ား/ ေခတ္ေပၚဂီတပညာရွင္မ်ား/အသံပုိင္းဆုိင္ရာပညာရွင္မ်ားျဖင့္လည္း ေတြ႔ဆုံခဲ႔ျပီးျဖစ္သည္။ငယ္ကေပါင္းဖက္သူငယ္ခ်င္းမ်ားကုိလဲေဖးမကူညီေစာင့္ေရွာက္ခဲ႔ျပီးျဖစ္သည္။ေရးလုိ႔ကုန္မည္မဟုတ္ပါ။ ကြ်န္ေတာ္မသိတာ
ေတြေျမာက္မ်ားစြာ က်န္ေနပါလိမ္႔မည္။ FB ေပၚ တက္လာသမွ်ေလးသာ ျဖစ္ပါသည္။

လြန္ခဲ႔သည္႕ ၄ရက္ခန္႔က အက္စီးဒင့္တခုေၾကာင့္ကြယ္လြန္ခဲ႔သည္႕ ပင္လုံေဆးရုံ,….ေရႊဂုံတုိင္ေဆးရုံ,…ဥတၱရသီရိိေဆးရုံ ႏွင့္
Universal Medical Centre Co,Ltdတုိိ႔ရဲ႕ပုိင္ရွင္ ခရုိနီဟုသမုတ္ခံသူတဦးကြယ္လြန္ခဲ႔ရာတြင္ သူ႕ဇာတိေျမ ဝါးခယ္မျမိဳ႕အတြက္ေဆးရုံႏွင့္သက္ဆုိင္ေသာ
အလႈေသးေသးေလးတခုသာလွဴဒါန္းနုိင္ခဲ႔သည္။ေက်က္စိမ္းဘုရားၾကီးလုိကမၻာေက်ာ္ေအာင္လွဴဒါန္းခဲ႔ေသာ ဘုရားဒါယကာသည္လည္း ခရုိနီမဟုတ္ပါ။

ပ်ဥ္းမနားျမိဳ႕သည္စာေရးဆရာ,ကဗ်ာဆရာမ်ားထြန္းကားသည့္အေလွ်ာက္ ဆရာၾကီးေသာ္တာေဆြေရးခဲ႔သည့္ “ေငြကုိ ေလလုိသုံးေလသူ´စာအုပ္ေၾကာင့္ မုိးကုတ္ျမေမာင္သည္ကမာၻေက်ာ္ခဲ႔သလုိ ပ်ဥ္းမနားျမိဳ႕အေပၚထားရွိတဲ႔ စုိးလွ်ပ္စစ္ဥကၠဌ ဦးစုိးတင့္အေၾကာင္း ခန္႔ခန္႔ညားညားမွတ္မွတ္ထင္ထင္ကုိ မိ်ဳးဆက္သစ္ကေလး
လူငယ္အေပါင္းတုိ႔ ကုိယ္ရပ္ရြာေကာင္းက်ိဳး ေနာက္မဆုတ္တမ္း အားက်အတုယူလာေစရန္ ေက်ာင္းဆရာ/ဆရာမအေပါင္းက၎
စာေရးဆရာမ်ား ျမိဳ႔လူထုကပါစုေပါင္းျပီး ကြ်န္ေတာ္တုိ႔အေပၚတင္ရွိေနတဲ႔ သူရဲ႕ေက်းဇူး အေၾကြးေတြကုိ ႏုိင္သလုိျပန္ဆပ္ၾကပါစုိ႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မူရင္း
# Unicode Version ျဖင့္ ဖတ္ပါ #
တစ်စုံတည်းသာရှိတဲ့ကျောင်းဝတ်စုံကိုဝတ်ပြီး ရေစိုရင်အကြော်ဖိုမှာသွားကင်ရသူ သူများအိမ်မှာကပ်နေပြီး အိမ်ရှင်ကျေနပ်အောင်ရေစည်လှည်းတွန်းခဲ့ရသူ

(18. 5 .2016)နေ့က ဆိုက်ကားဆရာ ၅၀အတွက်သိန်း၅၀လှူ ဒါန်းပြီးနောက်ညနေပိုင်းမှာ မိုးပြေးလေးများဖြင့် အလှူဒါနကိုရေစက်ချလိုက်၏။
(19.5.2016) နေ့မှာ ထပ်မံပြီး ဆိုက်ကားဆရာ ၆၃၀ ကျော်အတွက် တစ်ယောက်တစ်သိန်း.ကိုယ်ထိလက်ရောက်လှူဒါန်းပြီးသည်နှင့်ပျဉ်းမနားတမြို့လုံး ငရဲပြည်မှဆွဲထုတ်သွားသလို ချက်ချင်းအေးစိမ့်သွားတဲ့အရသာအောက်မှာ ကျွန်တော်အပါအဝင် ဆိုက်ကားဆရာများလဲညစာဟင်းကောင်းတစ်ခွက်နဲ့အတူ သူ့အကြောင်းတွေးနေကြမှာမလွဲပါ ။

ပျဉ်းမနားမြီု့ရှောင်လမ်းမကြီးဘေး အောင်းကုန်း ရွာကလေးမှာ ဦးဘိုးကြွယ်&ဒေါ်အမာ မိဘနှစ်ပါးမှမွေးခဲ့ပြီး မွေးချင်း၃ယောက်အနက် အငယ်ဆုံးသား ။ အမေကလဲဆုံး ..အဖေကလည်းကျန်းမာရေးမကောင်း ,အစ်မကြီးကလဲ အိမ်ထောင်ပြု အစ်ကိုကလဲအဝေးရောက် ။ စာသင်ချင်လွန်းလှတဲ့ဦးစိုးတင့် အ.ထ.က (၂)သို့ကျောင်းတက်ဖို့ရောက်လာတော့ ဝတ်စုံတစုံသာပါလာသည်။ သူများအိမ်ကနေကျောင်းတက်ရသည်မို့ အိမ်ရှင်ကျေနပ်ဖို့ရေခပ်ရသည်။ ရေစည်လှည်းသမားနဲ့အတူနောက်ကနေ ကူတွန်းရသည်။

မိုးရွာလျှင်တစုံတည်းရှိကျောင်းဝတ်စုံကို အကြော်ဖိုသို့သွားပြီး မီးကင်ရသည်။ စာကျက်ရင်လမ်း ဘေးမီးတိုင်အောက်သွားပြီး စာကျက်။
လူကြီးများထံမှ မုန့်ဖိုးတောင်ဖို့ဝေးစွ တနှစ်တခါကျောင်းထားပေးရင်ကို သူဝမ်းသာလှပြီ။

ဆင်းရဲလွန်းလှတဲ့ ထ/၂ကျောင်းသား ဦးစိုးတင့်။ စာအုပ်ဖိုးငွေကို သူ့ဆရာများက ထောက်ပံခဲ့ရသည်။ ရှစ်တန်းတွင်တစ်ဘာသာ
ဂုဏ်ထူး အမှတ်ကောင်းကောင်းဖြင့် သိပ္ပံလိုင်းမှအောင်မြင်ခဲ့သည်။
၁၉၆၈ခု ယခုလိုကျောင်းဖွင့်ရာသီတွင် ၉တန်း ဆက်မတက်တော့ဘဲ ဆရာများအကြံပေးမှုအတိုင်း ရန်ကုန်နတ်မောက်T.H.Sကျောင်းသို့
EP ဖြင့်တက်ရန်အဝတ်အစားအဟောင်းနှစ်စုံ ခေါင်းအုံးပါးပါးလေးကို စားပွဲခင်းဖြင့်ထုတ်ပြီး ဆရာများမှစုပြီးပေးလိုက်ငွေတစ်ထောင်ကျပ်ကို
သေချာဆုပ်ပြီး ရန်ကုန်တက်ခဲ့ရသည်။

ကျေးဇူးကြီးလှသောသူ့ဆရာမ ဒေါ်လှစိန် နှင့် ဆရာဦးရဲမြင့်တို့ကကျောင်းပြီးသည်အထိထောက်ပံ့ခဲ့ကြသည်။ရန်ကုန်စည်ပင်တွင်တနေ့ခြောက်ကျပ်ခွဲ အငယ်တန်းအင်ဂျင်နီယာရာထူးဖြင့်လုပ် ကိုင်လာသောလဲမကြီးပွားနိုင်သဖြင့် ထွက်ပစ်ကာအပြင်တွင်လျှပ်စစ်နဲ့ပတ်သက်သောကိုယ်ပိုင်အလုပ်ကို စလုပ်ခဲ့သည်။
အထင်မကြီးပါနှင့်ဦး. .စစ်လွယ်အိတ်ထဲတွင် ဝက်အူလှည့်ပလာယာထဲ့ကာ ပန်ကာမော်တာ ရေစက်မိုတာပြင်ရုံသာဖြစ်သည်။
လုပ်ငန်းလေးကောင်းလာသဖြင့် ရွှေဂုံတိုင် ဗန်ဒါပင်ဈေးနားကအခန်းကိုငှားချင်သည်။ စပေါ် ၅၀၀၀မတတ်နိုင်သဖြင့် နောင်တွင်ပါရမီဖြည်ဖက်ဖြစ်လာမည့်အထည်သည် မရင်နုထံမှ ငွေချေးယူရသည်။ ထိုခေတ်အချိန်ကကုန်ကြမ်းပစ္စည်း အလွန်ရှားသည်။ရေခဲစက်.ဆန်စက်..ဆီစက်များ အသးုံများလာသဖြင့် မော်တာတွေအပျက် များလာသည်။အလုပ်ကောင်းလာသဖြင့် အလုပ်သမား၅ဦးခန့်ပါ နေလို့ရမည်အိမ်ကိုငှားပြီး အလုပ်လက်ခံသည်။

တနေ့…. ..ဦးစိုးတင့်၏ဘဝကိုအလုံးစုံ ပြောင်းပစ်တော့မည့်သူပေါ်လာပါသည်…

သူကား ပျော်ဘွယ်မြို့တွင်မသိသူမရှိ ဘေဘီဦးအုန်းမောင် ပင်ဖြစ်သည်။ အသားဖြူဖြူ ပုပုအမြဲတက်ကြွနေသော ဆီစက်/ဆန်စက်
သူဋ္ဌေးကြီးဖြစ်သည်။ သူ့တွင်သား၃ ယောက်ရှိသော်လဲ အဖေ့ခြေရာမနင်းနိုင်ကြ ။ သူဋ္ဌေးသားသည် သူဋ္ဌေးကြီးရှာထားသောငွေကိုဖြုံးဖို့မွေးလာသူများဟုခံယူထားကြသည်။

သားကြီးဖြစ်သူကိုကျော်ကြီး၏ အာမခံမှုကြောင့် ဦးစိုးတင့်နှင့်တွေ့ပြီးနောက်ပိုင်း လုပ်ငန်းရှင်တယောက်ရဲ့အရည်အချင်းများ အတွေးအခေါ်များ။ လူတယောက်ကိုမြင်သည်နှင့်သူဘာပြောချင်နေသည်။ဘာဖြစ်ချင်နေသည်ဆိုသည့်လူကဲခတ်အတတ်ပညာများကိုသားအရင်းနဲ့မခြားညတိုင်းသင်ပေးသည်။ ဦးစိုးတင့်မှလည်း သေသေချာချာမှတ်သားသည်။နှုတ်အားဖြင့်စောင်မကြည့်ရှုသည်သာမဟုတ်။ ငွေအားဖြင့် ဗိုလ်စိန်မှန်ရပ်ကွက်အတွင်း အိုးပိိုင်အိမ်ပိုင်ဖြစ်စေရန် စိုက်ထုတ်အကုန်အကျ
ခံသေးသည်။ မန္တလေးမှ ဆီစက်ဆန်စက်သူဋ္ဌေးများဖြင့် ချိတ်ဆက်ပေးခဲ့သည်။

၁၉၈၈..န.ဝ..တ ခေတ်တွင်မအောင်မြင်သောစီမံကိန်းများမှ အပုံအပင်ပစ်ထားသော ထရန်စေဖော်မာကြီးများ။ အသစ်ဝယ်ရန်လဲအစိုးရမှာ ဒေါ်လာ မရှိ။ ပျက်တာလေးလောက်မှာပြန်တော့ မော်ဒယ်ကအောက် ။ ဦးစိုးမြင့်ကိုဘဲ အားကိုုးရတော့သည်။ နိုင်ငံအတွက် အဓိကလိုအပ်နေသော ဟာကွက်ကိုသိရှိပြီးနောက် စိုးလျှပ်စစ်နှင့်စက်ကရိယာကုမ္ပဏီ တည်ထောင်ပြီးရဲရဲတွေး ရဲရဲလုပ်ကာ ကိုယ်ပိုင် SOE တံဆိပ်ဖြင့်ထရန်စဖော်မာများထုတ်လုပ်ခဲ့ပါသည်။
ဆင်းရဲလွန်းခဲ့သောသူ့ဘဝ။ သူ့လိုဆင်းရဲမှာကိုနောက်ဘယ်တော့မဖြစ်စေရန်ရည်ရွယ်ပြီး သူနေခဲ့တဲ့ရွာ ။ သူစာသင်ခဲ့တဲ့ကျောင်း သူ့အပေါ်ကျေးဇူးရှိတဲ့မြို့ ။ သူ့ဆရာသမားတွေကို ဆက်တိုက် ဆက်တိုက် လမခြား နှစ်မခြားတော့ဘဲ လှုစရာနေရာမကျန်တော့အောင်ကိုလှူဒါန်းနေတာလဲ ပျဉ်းမနားမြို့လုံးသိ။
ပညာရေးပိုင်းတွင် ခေတ်မီမူလွန်ကျောင်းလေးများကို နေရာအနံှ့ခိုင်ခန့်သပ်ယပ်စွာဆောက်ပေးထားသည်။ သူနေခဲ့သည့်ကျောင်းကိုလဲ
နေရာကျဉ်းကျဉ်းလေးကိုဘဲ အမိအရလေး ထပ်လန်ပျံထွက်သွားအောင် ဘာမျှတောင်းဆိုစရာမလိုအောင်ကို လှူဒါန်းရေစက်ချခဲ့သည်။နေရာကျယ်ဝန်းသည့် ထ/၁တွင် ဓမ္မာရုံကြီးကို ဟီးထနေအောင်ဆောက်လုပ်လှုဒါန်းခဲ့ပြီး ။ ပညာရေးတွင်ထူးချွန်သူများကိုစိုးလျှပ်စစ်ပညာရေးဖောင်ဒေးရှင်းမှ ကျောင်းပြီးအလုပ်ရသည်အထိတာဝန်ယူခဲ့သည်။ အခမဲ့ကွန်ပြူတာသင်တန်းများကိုလဲဖွင့်လှစ်သည်မှာ အပတ်စဉ် (17)တောင်ရောက်ပြီဖြစ်။

ဘာသာရေးအပိုင်းတွင်…….
အောင်းကုန်းကျေးရွာတွင်ဓမ္ပာရုံကြီးတလုံး။ဂုဏ်မင်းအိုင်ကျေးရွာတွင် ဘုရားဒါယကာကြီးဦးစိုးတင့် &ဘုရားဒါယိကာမကြီး ဒေါ်ရီရီမာ(ခ)ဒေါ်ရင်ရင်နု သား..ဦးကျော်မင်းထွန်း &ဒေါ်မျိုးမျိုးခိုင်….မြေး…မောင်သုခစိုးမိသားစုတို့မှ အေးငြိမ်းချမ်းသာဆုတောင်းပြည့်စေတီတော်ကြီးကိုလှူဒါန်းခဲ့ပြီး။
ဟောင်နွမ်းယိုယွင်းနေသော ဝတ်ဖြူတော် ၈ သင်းမှ ဓမ္မရုံ ၈ ခုကိုလဲအပိုင်နေရာမရှိသေးပါက မြေပါအပြီးအပြတ်ဝယ်လှူကာ ခေတ်မီခန့်ညားထည်ဝါလှသည့် ဓမ္မ္ပာရုံကြီးများမှာလည်း တချိန်တည်းအပြိုင်ဆောက်ကာအချောသပ်နေကြပြီဖြစ်သည်။ထိုဓမ္မရုံကြီးများတွင်စဉ်ဆက်မပြတ်လုပ်လာခဲ့ကြသည့် ၇၀ ကျော်အဖိုးအဖွားများရဟန်းသံဃာတော်များ/ သီလရှင်ဆရာကြီးများ အယောက် ၁၀၀ကိုလဲ ဗုဒ္ဓဂါယာ သို့ဘုရားဖူးခရီးစဉ်တွင် ကျမ်းမာရေးအတွက်ဆရာဝန်တစ်ဦးပါထဲ့ပေးပြီး ဟိုနိုင်ငံရောက်ပါက လှူဒါန်းနိုင်ရန်ရည်ရွယ်၍ ဒေါ်လာငွေ ၁၀၀စီကိုအသေးစိတ် လိုလေသေးမရှိကုသိုလ်ပြုပို့ဆောင်ပေးခဲ့ပါသည်။
ပျဉ်းမနားသံဃာ့ဆေးရုံအတွက်လဲ မပြတ်လှူဒါန်းနေသလို။ ပြီးခဲ့သည့်မွေးနေ့အလှုတွင်ည်း ပင့်သံဃာ အပါး ၁၅၀၀အတွက်တစိပါးလျှင် ဝထ္ထုငွေ ငါးသောင်းကျပ်အပြင်လှုဖွယ်ပစ္စည်းစုံလင်စွာဖြင့်လှုဒါန်းခဲပြီးဖြစ်၏

လူမှုရေးအပိုင်းတွင်လည်းအကျယ် ၆ဧကရှိမြေတွင် ကျပ်သိန်းပေါင်းနှစ်သောင်းငါးထောင်အကုန်အကျခံကာ အေးငြိမ်းချမ်းသာဂိလာနဘိုးဘွားရိပ်သာကြီး
တည်ဆောက်ပြီး အဖိုးအဖွားများအတွက် စားရေးသောက်ရေးကျမ်းမာရေးများ အလုံးစုံတာဝန်ယူပြီး အမြဲခန့်ဝန်ထမ်းများဖြင့် မလစ်ဟင်းအောင်ဆောင်ရွက်လျှက်ရှိပါသည်။
နှစ်ပေါင်းများစွာရိပ်သာကြီး အဓွန့်ရှည်စေရန် များပြားလှသောငွေကြေးများ မတည်ထားရှိပြီး သက်ဝင်လှုပ်ရှားနေစေရန် ခေတ်မီစိတ်ကူးတခုဖြစ်သည့်………….မီးခိုးတလူလူ စက်သံတဘောင်းဘောင်းဖြင့် ၅ နှစ်ခန့်မောင်းနှင်နေသည့်ပျဉ်းမနားသား စစ်စစ် အယောက် ၅၀ ကိုလဲ ခေတ်မီ Hijetကားဖြင့်အလကားလဲလှယ်ပေးပြီး ရိပ်သာကြီးနောင်ရေးအတွက်စိတ်အေးရအောင်လုပ်ပေးခဲ့သည်။
မြို့လူထုအတွက်ဆောင်ရွက်ခဲ့ရာတွင် တောင်/မြောက်ဆက်သွယ်ထားသည့် ငလိုက်ချောင်းကူးတံတားအသစ်ကြီးကို ၂လမ်းထိပ်တွင်ဆောက်လုပ်နေပြီး ကျဉ်းလွန်းလှသော ၆လမ်းတံတားကို သံကူကွန်ကရစ်ဖြင့် ၄လမ်းသွားတံတားဖြစ်အောင်ဆောက်နေကာ ပြီးစီးပါက ၉ လမ်းတံတား နှင့် ၈၅ တံတားကြီးကိုပါ ထပ်ချဲ့မည်ဖြစ်ပါသည်။
အားကစားဖက်တွင်လည်း စိုးလျှပ်စစ်ဖောင်ဒေးရှင်းဖလားကို နှစ်စဉ်မပျက်ကျင်းပနိုင်အောင်မတည် ရံပုံငွေထာရှိပြီးဖြစ်သည်နှစ်ကျပ်ရှစ်ဆူပွဲနီးလာပါက အဆိုတော်ငှားရခြင်း,တီးဝိုင်းငှားရခြင်း ,ဆိုင်းဝိုင်းငှားခြင်း ဒုက္ခကင်းဝေးစေရန် မြို့ပေါ်ရွာစာဆရာကြီးများ/ ခေတ်ပေါ်ဂီတပညာရှင်များ/အသံပိုင်းဆိုင်ရာပညာရှင်များဖြင့်လည်း တွေ့ဆုံခဲ့ပြီးဖြစ်သည်။ငယ်ကပေါင်းဖက်သူငယ်ချင်းများကိုလဲဖေးမကူညီစောင့်ရှောက်ခဲ့ပြီးဖြစ်သည်။ရေးလို့ကုန်မည်မဟုတ်ပါ။ ကျွန်တော်မသိတာ
တွေမြောက်များစွာ ကျန်နေပါလိမ့်မည်။ FB ပေါ် တက်လာသမျှလေးသာ ဖြစ်ပါသည်။

လွန်ခဲ့သည့် ၄ရက်ခန့်က အက်စီးဒင့်တခုကြောင့်ကွယ်လွန်ခဲ့သည့် ပင်လုံဆေးရုံ,….ရွှေဂုံတိုင်ဆေးရုံ,…ဥတ္တရသီရိဆေးရုံ နှင့်
Universal Medical Centre Co,Ltdတိို့ရဲ့ပိုင်ရှင် ခရိုနီဟုသမုတ်ခံသူတဦးကွယ်လွန်ခဲ့ရာတွင် သူ့ဇာတိမြေ ဝါးခယ်မမြို့အတွက်ဆေးရုံနှင့်သက်ဆိုင်သော
အလှုသေးသေးလေးတခုသာလှူဒါန်းနိုင်ခဲ့သည်။ကျေက်စိမ်းဘုရားကြီးလိုကမ္ဘာကျော်အောင်လှူဒါန်းခဲ့သော ဘုရားဒါယကာသည်လည်း ခရိုနီမဟုတ်ပါ။

ပျဉ်းမနားမြို့သည်စာရေးဆရာ,ကဗျာဆရာများထွန်းကားသည့်အလျှောက် ဆရာကြီးသော်တာဆွေရေးခဲ့သည့် “ငွေကို လေလိုသုံးလေသူ´စာအုပ်ကြောင့် မိုးကုတ်မြမောင်သည်ကမ္ဘာကျော်ခဲ့သလို ပျဉ်းမနားမြို့အပေါ်ထားရှိတဲ့ စိုးလျှပ်စစ်ဥက္ကဌ ဦးစိုးတင့်အကြောင်း ခန့်ခန့်ညားညားမှတ်မှတ်ထင်ထင်ကို မျိုးဆက်သစ်ကလေး
လူငယ်အပေါင်းတို့ ကိုယ်ရပ်ရွာကောင်းကျိုး နောက်မဆုတ်တမ်း အားကျအတုယူလာစေရန် ကျောင်းဆရာ/ဆရာမအပေါင်းက၎င်း
စာရေးဆရာများ မြို့လူထုကပါစုပေါင်းပြီး ကျွန်တော်တို့အပေါ်တင်ရှိနေတဲ့ သူရဲ့ကျေးဇူး အကြွေးတွေကို နိုင်သလိုပြန်ဆပ်ကြပါစို့။

ဖိုးသူတော် (www.phothutaw.com)
Credit: မူရင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top