iMyanmarHouse.com - Best Property Website for Myanmar
×

မိုးကုတ္ၿမိဳ႕နယ္ ပန္လင္ေက်းရြာရိွ ေအာင္ခ်မ္းသာ အထက ၃ ေက်ာင္းခြဲမွာ ဇြန္ ၁ ရက္ေန႔ မနက္ ၉ နာရီေလာက္အခ်ိန္က ႏွစ္ထပ္စာသင္ေဆာင္ ေကာ္ရစ္တာၿပိဳက်မႈ ျဖစ္ပြားခဲ့ပါတယ္။

အခုလို စာသင္ေဆာင္ ေကာ္ရစ္တာၿပိဳက်တာဟာ ၂၀၁၈ – ၂၀၁၉ ပညာသင္ႏွစ္အတြက္ ေက်ာင္းစဖြင့္တဲ့ရက္မွာ ျဖစ္ပြားခဲ႔တာပါ။

စာသင္ေက်ာင္းေဆာင္ၿပိဳက်မႈေၾကာင့္ ေက်ာင္းသားတဦး အနည္းငယ္ ဒဏ္ရာရရိွသြားၿပီး တျခားအေသေပ်ာက္ေတာ့ မရိွခဲ႔ဘူးလို႔ မိုးကုတ္ၿမိဳ႕နယ္ ေျပာင္ေခါင္းလူမႈကူညီေရးအသင္းမွ တာဝန္ရိွသူတဦးက ေျပာပါတယ္။

“အေသေပ်ာက္မရိွပါဘူး။ ဒဏ္ရာရတဲ႔ ကေလးကို ဓာတ္မွန္႐ုိက္တယ္။ စိုးရိမ္စရာ မရိွဘူးလို႔ သိရတယ္။ စာသင္ေဆာင္သက္တမ္းကေတာ့ ၾကာပါၿပီ ” လို႔ ေျပာပါတယ္။

အဆိုပါ စာသင္ေဆာင္အေဆာက္ဦရိွ ဒုတိယထပ္မွာ စာသင္ခန္း ၆ ခန္းရိွၿပီး ေကာ္ရစ္တာၿပိဳက်တာဟာ စာသင္ခန္း ၂ ခန္းရဲ႕ ေရွ႕ဘက္အျခမ္းေနရာက ၿပိဳက်တာ ျဖစ္ပါတယ္။

ေကာ္ရစ္တာၿပိဳက်တဲ႔ စာသင္ေက်ာင္းေဆာင္ဟာ ၁၉၇၄ ခုႏွစ္က တည္ေဆာက္ထားတဲ့ အေဆာက္ဦလို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ရန္နိုင္စိုး
# Unicode Version ျဖင့္ ဖတ္ပါ #
မိုးကုတ်မြို့နယ် ပန်လင်ကျေးရွာရှိ အောင်ချမ်းသာ အထက ၃ ကျောင်းခွဲမှာ ဇွန် ၁ ရက်နေ့ မနက် ၉ နာရီလောက်အချိန်က နှစ်ထပ်စာသင်ဆောင် ကော်ရစ်တာပြိုကျမှု ဖြစ်ပွားခဲ့ပါတယ်။

အခုလို စာသင်ဆောင် ကော်ရစ်တာပြိုကျတာဟာ ၂၀၁၈ – ၂၀၁၉ ပညာသင်နှစ်အတွက် ကျောင်းစဖွင့်တဲ့ရက်မှာ ဖြစ်ပွားခဲ့တာပါ။

စာသင်ကျောင်းဆောင်ပြိုကျမှုကြောင့် ကျောင်းသားတဦး အနည်းငယ် ဒဏ်ရာရရှိသွားပြီး တခြားအသေပျောက်တော့ မရှိခဲ့ဘူးလို့ မိုးကုတ်မြို့နယ် ပြောင်ခေါင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အသေပျောက်မရှိပါဘူး။ ဒဏ်ရာရတဲ့ ကလေးကို ဓာတ်မှန်ရိုက်တယ်။ စိုးရိမ်စရာ မရှိဘူးလို့ သိရတယ်။ စာသင်ဆောင်သက်တမ်းကတော့ ကြာပါပြီ ” လို့ ပြောပါတယ်။

အဆိုပါ စာသင်ဆောင်အဆောက်ဦရှိ ဒုတိယထပ်မှာ စာသင်ခန်း ၆ ခန်းရှိပြီး ကော်ရစ်တာပြိုကျတာဟာ စာသင်ခန်း ၂ ခန်းရဲ့ ရှေ့ဘက်အခြမ်းနေရာက ပြိုကျတာ ဖြစ်ပါတယ်။

ကော်ရစ်တာပြိုကျတဲ့ စာသင်ကျောင်းဆောင်ဟာ ၁၉၇၄ ခုနှစ်က တည်ဆောက်ထားတဲ့ အဆောက်ဦလို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ရန်နိုင်စိုး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top