ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ယိုးဒယားခေလးေတြေပ်ာက္သြားတဲ့ လိႈင္ဂူဟာ ရွမ္းျပည္နယ္အေရွ့ပိုင္း တာခ်ီလိတ္ျမိဳ႔နယ္ထဲက ျမန္မာျပည္နယ္နိမိတ္နဲ႔ အေတာ္နီးနီးကပ္ကပ္ရွိေနတဲ့လိႈင္ဂူပါပဲ။

လိႈင္ဂူရွိရာ ေတာင္တန္းၾကီးရဲ့အမည္ကို ျမန္မာလို ဘာသာျပန္ရမယ္ဆိုရင္ “မင္းသမီးလဲေလ်ာင္းေတာင္ “ လို႔ပဲဆိုရမယ္။ ဒီနာမည္တြင္ရတဲ့ ဒ႑ာရီဟာလည္း စိတ္ဝင္စားစရာ၊ဒ႑ာရီအရ တ႐ုတ္ျပည္ ဆစ္ေဆာင္ပန္နားေဒသမွာ ဘုရင့္သမီးေတာ္တစ္ပါးနဲ႔ ဘုရင့္ျမင္းထိန္းတစ္ဦးတို႔ရဲ႕ အခ်စ္ဇတ္လမ္းပါပဲ။

ဘုရင္သမီးကိုယ္ေလးလက္ဝန္ရွိလာတဲ့အခါ ဘုရင္ႀကီးသိသြားျပီး ေဒါသူပုန္ထ၊ ခ်စ္သူႏွစ္ဦးက ေၾကာက္လန္႔ၿပီး ေတာင္ဘက္အရပ္ကိုထြက္ေျပး၊ေတာနက္ထဲမွာ မင္းသမီးဆာေလာင္လာလို႔ ခင္ပြန္းကသူ႔ကိုတစ္ေနရာမွာ တစ္ေယာက္ထဲထားခဲ့ၿပီး အစာထြက္ရွာတယ္ေပါ့

အဲဒီအခ်ိန္မွာ ေနာက္ကလိုက္လာတဲ့ ဘုရင့္တပ္သားေတြက မင္းသမီးရဲ႕ခင္ပြန္းက ျကိုးခ်ည္ထားတဲ့ ျမင္းကို အရင္ေတြ႕ရာကေန ျမင္းထိန္းကိုလည္း ေနာက္ဆုံးရွာေတြ႕ျပီး တခါတည္းသတ္ျဖတ္လိုက္ျကတယ္တဲ့၊

ေနာက္ေတာ့မင္းသမီးကိုလည္း ရွာေဖြေတြ႕ရွိခဲ့ျပီး ခမည္းေတာ္ရွိရာေနျပည္ေတာ္ကို ဘုရင့္တပ္သားေတြက ျပန္ေခၚဖို႔ ေလွ်ာက္ထားေပမယ့္ သူ႔ခင္ပြန္းအသတ္ခံခဲ့ရတာသိၿပီး ေနာက္မင္းသမီးဟာလည္း သူ႔ဆံထုံးမွာထိုးထားတဲ့ဆံထိုးကို ဆြဲႏႈတ္ၿပီးေတာ့ သူ႔လည္ပင္းထဲကို ထိုးစိုက္ၿပီးဘုရင့္ရဲမက္ေတြေရွ႕မွာပဲ သတ္ေသခဲ့တယ္၊မင္းသမီးကိုယ္က စီးထြက္သြားတဲ့
ေသြးဟာ ေခ်ာင္းေရအျဖစ္ေျပာင္းသြားခဲ့ၿပီးေတာ့ အခုေခတ္တာခ်ီလိတ္- မယ္ဆိုင္ၿမိဳ႕အၾကား စီးဆင္းေနတဲ့ နယ္စပ္မ်ဥ္းေပၚက မယ္ဆိုင္ေခ်ာင္းျဖစ္ပါသတဲ့။

သူလဲက်သြားခဲ့တဲ့ေနရာဟာ ျမန္မာလို “မင္းသမီးလဲေလ်ာင္းေတာင္” လို႔အဓိပၸါယ္ရတဲ့ ဒြိဳင္နန္းေနာင္း ေတာင္ တန္းႀကီးျဖစ္သြားပါသတဲ့။ အဲဒီေတာင္ရဲ့ေအာက္ေျခမွာရွိတဲ့ လိႈင္ဂူျကီးကေတာ့ မင္းသမီးရဲ့ေမြးလမ္းေျကာင္းျဖစ္ပါသတဲ့။ ျမန္မာေတြအသိမ်ားတဲ့ ဘုရင္မပန္းျခံရွိရာ ဒိြဳင္တုံး ေတာင္ကေတာ့မင္းသမီးရဲ့ ကိုယ္ဝန္ဗိုက္ျကီးျဖစ္ပါသတဲ့ ။

အခု ယိုးဒယားခေလးေတြေပ်ာက္သြားတဲ့ေနရာဟာ မင္းသမီးရဲ့ေမြးလမ္းေျကာင္းလို႔ ေျပာတဲ့လိႈင္ဂူထဲမွာပဲ။ ဟုတ္ေသာ္ရွိမဟုတ္ေသာ္ရွိ ေဒသခံေတြကေတာ့ သူတို႔ခေလးေတြကို ျပန္ေပးဖို႔ အဲမင္းသမီးကို ေတာင္းပန္ေနျကျပီ။ လူေတြစိတ္ဝင္စားတဲ့ သတင္းေနာက္ကြယ္က ဒ႑ာရီဇတ္လမ္းေလးတစ္ပုဒ္ေပါ့။ယုံျကည္တာမယုံျကည္တာကေတာ့
တစ္ဦးခ်င္းစီနဲ႔ဆိုင္တဲ့ ကိုယ္ပိုင္လြတ္လပ္ခြင့္ပါေလ။

#မွတ္ခ်က္#
ဒီကေန႔ညေနအထိ ခေလးအုပ္စုကိုရွာလို႔မေတြ႔ေသးပါ ၂၃ ရက္ညေနကတည္းကလိႈင္ဂူထဲဝင္သြားတဲ့အတြက္ ေမ်ွာ္လင့္ခ်က္ကေတာ့စကၠန္႔နဲ႔အမ်ွ အလြန္အေရးၾကီးေနျပီလို႔ ခ်င္းရိုင္ ခရိုင္အုပ္ခ်ဳဳပ္ေရးမဴွးက
ေတာ့ေျပာပါျပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kyaw Tun Oo
# Unicode Version ျဖင့္ ဖတ္ပါ #
ယိုးဒယားခလေးတွေပျောက်သွားတဲ့ လှိုင်ဂူဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်ထဲက မြန်မာပြည်နယ်နိမိတ်နဲ့ အတော်နီးနီးကပ်ကပ်ရှိနေတဲ့လှိုင်ဂူပါပဲ။

လှိုင်ဂူရှိရာ တောင်တန်းကြီးရဲ့အမည်ကို မြန်မာလို ဘာသာပြန်ရမယ်ဆိုရင် “မင်းသမီးလဲလျောင်းတောင် “ လို့ပဲဆိုရမယ်။ ဒီနာမည်တွင်ရတဲ့ ဒဏ္ဍာရီဟာလည်း စိတ်ဝင်စားစရာ၊ဒဏ္ဍာရီအရ တရုတ်ပြည် ဆစ်ဆောင်ပန်နားဒေသမှာ ဘုရင့်သမီးတော်တစ်ပါးနဲ့ ဘုရင့်မြင်းထိန်းတစ်ဦးတို့ရဲ့ အချစ်ဇတ်လမ်းပါပဲ။

ဘုရင်သမီးကိုယ်လေးလက်ဝန်ရှိလာတဲ့အခါ ဘုရင်ကြီးသိသွားပြီး ဒေါသူပုန်ထ၊ ချစ်သူနှစ်ဦးက ကြောက်လန့်ပြီး တောင်ဘက်အရပ်ကိုထွက်ပြေး၊တောနက်ထဲမှာ မင်းသမီးဆာလောင်လာလို့ ခင်ပွန်းကသူ့ကိုတစ်နေရာမှာ တစ်ယောက်ထဲထားခဲ့ပြီး အစာထွက်ရှာတယ်ပေါ့

အဲဒီအချိန်မှာ နောက်ကလိုက်လာတဲ့ ဘုရင့်တပ်သားတွေက မင်းသမီးရဲ့ခင်ပွန်းက ကြိုးချည်ထားတဲ့ မြင်းကို အရင်တွေ့ရာကနေ မြင်းထိန်းကိုလည်း နောက်ဆုံးရှာတွေ့ပြီး တခါတည်းသတ်ဖြတ်လိုက်ကြတယ်တဲ့၊

နောက်တော့မင်းသမီးကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး ခမည်းတော်ရှိရာနေပြည်တော်ကို ဘုရင့်တပ်သားတွေက ပြန်ခေါ်ဖို့ လျှောက်ထားပေမယ့် သူ့ခင်ပွန်းအသတ်ခံခဲ့ရတာသိပြီး နောက်မင်းသမီးဟာလည်း သူ့ဆံထုံးမှာထိုးထားတဲ့ဆံထိုးကို ဆွဲနှုတ်ပြီးတော့ သူ့လည်ပင်းထဲကို ထိုးစိုက်ပြီးဘုရင့်ရဲမက်တွေရှေ့မှာပဲ သတ်သေခဲ့တယ်၊မင်းသမီးကိုယ်က စီးထွက်သွားတဲ့
သွေးဟာ ချောင်းရေအဖြစ်ပြောင်းသွားခဲ့ပြီးတော့ အခုခေတ်တာချီလိတ်- မယ်ဆိုင်မြို့အကြား စီးဆင်းနေတဲ့ နယ်စပ်မျဉ်းပေါ်က မယ်ဆိုင်ချောင်းဖြစ်ပါသတဲ့။

သူလဲကျသွားခဲ့တဲ့နေရာဟာ မြန်မာလို “မင်းသမီးလဲလျောင်းတောင်” လို့အဓိပ္ပါယ်ရတဲ့ ဒွိုင်နန်းနောင်း တောင် တန်းကြီးဖြစ်သွားပါသတဲ့။ အဲဒီတောင်ရဲ့အောက်ခြေမှာရှိတဲ့ လှိုင်ဂူကြီးကတော့ မင်းသမီးရဲ့မွေးလမ်းကြောင်းဖြစ်ပါသတဲ့။ မြန်မာတွေအသိများတဲ့ ဘုရင်မပန်းခြံရှိရာ ဒွိုင်တုံး တောင်ကတော့မင်းသမီးရဲ့ ကိုယ်ဝန်ဗိုက်ကြီးဖြစ်ပါသတဲ့ ။

အခု ယိုးဒယားခလေးတွေပျောက်သွားတဲ့နေရာဟာ မင်းသမီးရဲ့မွေးလမ်းကြောင်းလို့ ပြောတဲ့လှိုင်ဂူထဲမှာပဲ။ ဟုတ်သော်ရှိမဟုတ်သော်ရှိ ဒေသခံတွေကတော့ သူတို့ခလေးတွေကို ပြန်ပေးဖို့ အဲမင်းသမီးကို တောင်းပန်နေကြပြီ။ လူတွေစိတ်ဝင်စားတဲ့ သတင်းနောက်ကွယ်က ဒဏ္ဍာရီဇတ်လမ်းလေးတစ်ပုဒ်ပေါ့။ယုံကြည်တာမယုံကြည်တာကတော့
တစ်ဦးချင်းစီနဲ့ဆိုင်တဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပါလေ။

#မှတ်ချက်#
ဒီကနေ့ညနေအထိ ခလေးအုပ်စုကိုရှာလို့မတွေ့သေးပါ ၂၃ ရက်ညနေကတည်းကလှိုင်ဂူထဲဝင်သွားတဲ့အတွက် မျှော်လင့်ချက်ကတော့စက္ကန့်နဲ့အမျှ အလွန်အရေးကြီးနေပြီလို့ ချင်းရိုင် ခရိုင်အုပ်ချုုပ်ရေးမူှးက
တော့ပြောပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit: Kyaw Tun Oo
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top