မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×
(၄) သံသယလွန်ကဲခြင်း
Credit: cantwait2say
#Unicode Version#
လူတော်တော်များများ အထီးကျန်နေကြရပါတယ်။ တစ်ခါတစ်လေ ကိုယ်နဲ့ကိုက်ညီမယ့်လူမျိုးကို မတွေ့နိုင်တော့ဘူးလို့ ကျွန်တော်တို့စိတ်ထဲတွေးမိကြတယ်။ တွေ့လိုက်တိုင်း လူတွေနဲ့အဆင်မပြေတော့ ဒီတစ်ဘဝမှာ
တစ်ကိုယ်တည်းအရိုးဆွေးရတော့မယ်ထင်နေတဲ့လူတွေ ဘာကြောင့်
ဒီလိုဖြစ်နေလည်း မျှဝေပေးလိုက်ပါတယ်။
(၇) အသည်းကွဲဒဏ်ရာမပျောက်ခြင်း
” အပူကို အပူနဲ့ငြိမ်းပါ” တဲ့။ ချစ်ရင်တော့ အနည်းနဲ့အများ ပူလောင်မှာပဲ။
ပူမှန်းသိပေမယ့်လည်း ဒီမီးထဲ တိုးချင်နေကြတုန်းမလား ။ ဒါပေမယ့် အရင်က အသည်းကွဲခဲ့ဖူးတာကြောင့် ဒီလူနဲ့လည်း ငါပဲထပ်ခံရဦးမလားလို့ တွေးတတ်ကြတယ်။ ဒီလိုစိတ်ရှိနေရင် ဘယ်သူနဲ့ပဲတွဲတွဲ အဆင်ပြေမှာမဟုတ်ဘူး။ လူတိုင်း တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ဘူး။
ဘယ်သူမှ စိတ်ပင်ပန်း၊ သဝန်တို ၊ ဒေါသထွက်.. စတဲ့ ခံစားချက်တွေ မခံစားချင်ပါဘူး။ မခံစားရအောင်နေရင် မခံစားရဘူးလေ.. အဓိက ကိုယ့်စိတ်ထားတတ်ဖို့ပဲ လိုပါတယ်။
(၆) စိတ်ထဲ ကန့်သတ်ချက်တွေများနေခြင်း
တစ်ချို့မိန်းကလေးတွေက မင်းသားလေးမှ လိုချင်တယ်။ တစ်ချို့ယောကျ်ားလေးတွေလည်း လှတာလေးမှ ချစ်ချင်တယ်။ တကယ့်လက်တွေ့ဘဝမှာတော့ လူတိုင်းမှာ မတူညီတဲ့ဘဝဇာတ်ကြောင်းတွေရှိပါတယ်။ စိတ်ထဲမှာ သတ်မှတ်ထားတာက
ဒီလို…တကယ်တမ်းချစ်မိသွားတာက တလွဲတွေဖြစ်နေအများကြီးရှိတယ်။
ဘယ်လိုပုံစံ၊ ဘယ်လိုချောနေမှ ဆိုတာထက် သူနဲ့အတူရှိနေရင် လွတ်လပ်ပြီး
ယုံကြည်၊ နားလည်မှုတွေတည်ဆောက်ထားတဲ့ Relationship ဆိုပိုပြီး စိတ်ချမ်းသာစရာမကောင်းဘူးလား?
(၅) ပိုင်ရှင်ရှိသူကိုမှ ချစ်မိနေခြင်း
အချိန်ဖြုန်းမနေပါနဲ့။ ပြန်မချစ်နိုင်မှန်းသိရက်နဲ့ စိတ်ကူးယဉ်နေတာတွေ ရပ်လိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် မနှိပ်စက်ပါနဲ့။ ကိုယ်ချစ်ထက် တစ်ခါတစ်လေ
သူချစ်က ပိုပြီး စိတ်ကျေနပ်စရာကောင်းပါတယ်။ ပိုင်ရှင်ရှိတဲ့သူလူကို ချစ်မိနေတာက ကိုယ့်ကိုယ်ကိုယ်မလုံလဲဖြစ်သလိုလည်း မခံစားစေရဘူးလား ? ပင်လယ်ထဲမှာ ငါးတွေအများကြီးပါ..
(၄) သံသယလွန်ကဲခြင်း
သူတို့အားလုံး အတူတူပဲ.. ။ လူတစ်ယောက်ရဲ့ ရူးလုပ်ခြင်း
ခံရတဲ့လူတစ်ယောက်အနေနဲ့ ထပ်ချစ်ရမှာကို ကြောက်နေမှာမှန်ပေမယ့်
လူတွေအားလုံးကို သိမ်းကျုံးပြီးမပြောစေချင်ဘူး။ သံသယလွန်ကဲနေတာကို ရပ်လိုက်ပါ။ ဒီစိတ်က သင့်ကိုအမြဲတမ်းနှိပ်စက်နေလိမ့်မယ်။ စိတ်လွတ်လက်လွတ်နေပါ။ လုံလောက်တဲ့ ယုံကြည်မှုမျိုးတော့ ထားပါ။
ကိုယ်တိုင် စိတ်ချမ်းသာမှုထက် ဘယ်အရာကပိုအရေးမကြီးဘူး။
(၃) ကြုံတွေ့လာရမယ့် အခက်ခဲတွေကိုကြောက်ရွံနေခြင်း
ချစ်လို့ကြိုက်လို့ လပ်ထက်ပြီးရင် ကြုံတွေ့လာရမယ့်အခက်ခဲတွေကို တွေးပြီးကြောက်နေရင်တော့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဒါဟာ သဘာဝတရားတစ်ခုပါပဲ။ အိမ်ထောင်ပြု ကလေးမွေး အသက်ကြီး သေဆုံးရမှာ ဓမ္မတာပါပဲ ။ ကိုယ့်ဘ၀ ကိုယ်ခံယူချက်နဲ့ လွတ်လပ်စွာရှင်သန်နေထိုင်ရင် ဒီလိုတွေးတော ၊ စိုးရိမ်ကြောင့်ကြနေတာတွေဖြစ်လာမှာမဟုတ်ဘူး။ ချစ်တဲ့လူတစ်ယောက်လုံး ဘေးနားမှာတစ်သက်လုံးရှိနေပြီလေ.. ဘာလိုသေးလဲ ?
(၂) စိတ်မပါတဲ့လူနဲ့ ဒိတ်ခြင်း
ကိုယ်ခံစားချက်မရှိတဲ့လူနဲ့ သွားတွေ့တာမျိုးရှောင်ပါ။ ချစ်ရမယ့်လူမရှိတဲ့အတူ
မထူးဘူး… တွေ့ကြည့်ဦးမှလို့  တွေးနေရင် မှားသွားပြီ။ အချစ်ဆိုတာ လုပ်ယူလို့ရတဲ့အရာမှမဟုတ်တာ။ တစ်ဖက်ကိုလည်း မျှော်လင့်ချက်ပေးသလိုဖြစ်ပါတယ်။ မချစ်နိုင်၊ မတွဲနိုင် အပြတ်သာပြောပါ။
တစ်ဖက်မှာလည်း ခံစားချက်ရှိတယ်လေ။ သင့်ရဲ့ဘာမှမဟုတ်တဲ့ ပေါ့ပျက်ပျက်အမူရာကြောင့် သူတစ်ပါးမနာကျင်စေပါနဲ့။
(၁) အရမ်းမြန်လွန်းခြင်း
တွေ့တာနဲ့ ချစ်တယ်၊ ကြိုက်တယ်ပြောပြီးချက်ချင်းတွဲပစ်လုပ်တယ်လည်း
ပေါ့ပျက်လွန်းပါတယ်။ သင့်စိတ်မြန်မှုက တစ်ဖက်ကိုတစ်မျိုးတွေးသွားစေတယ်။ ဖြေးဖြေးနဲ့မှန်မှန်တစ်ယောက် အကြောင်းတစ်ယောက် လေ့လာပြီး တွဲကြတာက ရေရှည်တည့်တံ့တဲ့ ဆက်ဆံရေးကိုတည်ဆောက်နိုင်ပါမယ်။ အချိန်ယူပြီး စဉ်းစားတာက ဘယ်တော့မှမမှားဘူး။ ဒါပေမယ့် အရမ်းမကြာဖို့တော့ လိုတာပေါ့။
ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top