iMyanmarHouse.com - Best Property Website for Myanmar
×

 

ျဖစ္စဥ္မွာ ဇြန္လ ၁၀ ရက္ေန႔ ညပိုင္းက ၿမိတ္ၿမိဳ႕၊ ေရပုန္းနယ္ေျမ၊ ေအာင္ခ်မ္းသာရပ္ကြက္၊ ငုဝါ (၁)လမ္းတြင္ေနထိုင္သူ ေဒၚေအးသိမ္ ( ၅၁ )ႏွင့္ သားျဖစ္သူ ေမာင္စိုးနိုင္(၁၃)ႏွစ္တို႔ ေနအိမ္ တြင္ တီဗီၾကည့္ေနစဥ္ အိမ္ေရွ႕မ်က္ႏွာခ်င္းဆိုင္တြင္ ေနထိုင္ေသာ သားႀကီး(ခ)ၿဖိဳးနိုင္ဝင္း( ဘ)ဦးၾကည္ ဝင္းဆိုသူက ေနအိမ္အတြင္းသို႔ဝင္လာၿပီး သားအမိႏွစ္ဦးစလုံးအား ဓာတ္ဆီမ်ားႏွင့္ ပက္ဖ်န္းကာ မီးရွို႔ၿပီးထြက္ေျပးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ေဒၚေအးသိမ္ႏွင့္ သားျဖစ္သူေမာင္စိုးနိုင္မွာ မီးေလာင္ဒဏ္ရာမ်ားရရွိၿပီး ျပည္သူ႔ေဆး႐ုံႀကီးတြင္ စိုးရိမ္ရသည့္အေျခေနျဖင့္ ကုသမွုခံယူေနရာမွ ဇြန္လ ၁၁ ရက္ေန႔တြင္ ေဒၚေအးသိမ္မွာ ရရွိထားေသာဒဏ္ရာမ်ားျဖင့္ ေသဆုံးသြားေၾကာင္းသိရွိရသည္။ သားျဖစ္သူေမာင္စိုးနိုင္မွာလည္း စိုးရိမ္ရသည့္အေနထားျဖင့္ အတြင္းလူနာေဆာင္တြင္ ကုသေပးလၽွက္ရွိေၾကာင္း သိရွိရသည္။

ေနအိမ္ထဲအထိက်ဴးေက်ာ္ဝင္ေရာက္ပီး မီးရွို႔လူသတ္ခဲ့သည့္ သားႀကီး(ခ)ၿဖိဳးနိုင္ဝင္း ( ၃၀ )ႏွစ္ (ဘ) ဦးၾကည္ဝင္း အား ၿမိတ္ၿမိဳ႕မရဲစခန္းမွ (ပ)၈၉၈/၂၀၁၈၊ရာဇသတ္ႀကီးပုဒ္မ ၄၅၂/၃၂၆/၃၀၂ ျဖင့္ အမွုဖြင့္ကာ ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနေၾကာင္းသိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမတ္ထြဋ္( ၿမိတ္ )

ၿမိတ္ၿမိဳ႕တြင္ သားအမိႏွစ္ဦးအား အိမ္ေပၚတက္ကာ ဓာတ္ဆီပက္ဖ်န္းၿပီး မီးရွို႔ခဲ့သူ လူသတ္တရားခံတစ္ဦး လြတ္ေျမာက္ေနေၾကာင္း သတင္းရရွိသည္။

#Unicode Version#
 မြိတ်မြို့တွင် သားအမိနှစ်ဦးအား အိမ်ပေါ်တက်ကာ ဓာတ်ဆီပက်ဖျန်းပြီး မီးရှို့ခဲ့သူ လူသတ်တရားခံတစ်ဦး လွတ်မြောက်နေကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၀ ရက်နေ့ ညပိုင်းက မြိတ်မြို့၊ ရေပုန်းနယ်မြေ၊ အောင်ချမ်းသာရပ်ကွက်၊ ငုဝါ (၁)လမ်းတွင်နေထိုင်သူ ဒေါ်အေးသိမ် ( ၅၁ )နှင့် သားဖြစ်သူ မောင်စိုးနိုင်(၁၃)နှစ်တို့ နေအိမ် တွင် တီဗီကြည့်နေစဉ် အိမ်ရှေ့မျက်နှာချင်းဆိုင်တွင် နေထိုင်သော သားကြီး(ခ)ဖြိုးနိုင်ဝင်း( ဘ)ဦးကြည် ဝင်းဆိုသူက နေအိမ်အတွင်းသို့ဝင်လာပြီး သားအမိနှစ်ဦးစလုံးအား ဓာတ်ဆီများနှင့် ပက်ဖျန်းကာ မီးရှို့ပြီးထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒေါ်အေးသိမ်နှင့် သားဖြစ်သူမောင်စိုးနိုင်မှာ မီးလောင်ဒဏ်ရာများရရှိပြီး ပြည်သူ့ဆေးရုံကြီးတွင် စိုးရိမ်ရသည့်အခြေနေဖြင့် ကုသမှုခံယူနေရာမှ ဇွန်လ ၁၁ ရက်နေ့တွင် ဒေါ်အေးသိမ်မှာ ရရှိထားသောဒဏ်ရာများဖြင့် သေဆုံးသွားကြောင်းသိရှိရသည်။ သားဖြစ်သူမောင်စိုးနိုင်မှာလည်း စိုးရိမ်ရသည့်အနေထားဖြင့် အတွင်းလူနာဆောင်တွင် ကုသပေးလျှက်ရှိကြောင်း သိရှိရသည်။

နေအိမ်ထဲအထိကျူးကျော်ဝင်ရောက်ပီး မီးရှို့လူသတ်ခဲ့သည့် သားကြီး(ခ)ဖြိုးနိုင်ဝင်း ( ၃၀ )နှစ် (ဘ) ဦးကြည်ဝင်း အား မြိတ်မြို့မရဲစခန်းမှ (ပ)၈၉၈/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၄၅၂/၃၂၆/၃၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်းသိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: မြတ်ထွဋ်( မြိတ် )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top