ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

စစ္ကုိင္းတုိင္းေဒသႀကီး၊ ကေလးၿမိဳ႕နယ္၊ အင္ဒုိင္းကုန္းေက်းရြာမွာ ဇြန္ ၂၄ ရက္ ညပိုင္းက ၁၁ နွစ္အရြယ္ အႁမႊာညီအစ္မ ၂ ဦးအား အဓမၼျပဳက်င့္ဖုိ႔ ႀကံစည္မႈနဲ႔ ဦးေလးအရင္းကုိ ဖမ္းဆီးစစ္ေဆးေနတယ္လို႔ ကေလးၿမိဳ႕မရဲစခန္းက တာဝန္ရွိ ရဲဝန္ထမ္းတဦးက ေျပာပါတယ္။

“တရားခံကို ၂၆ ရက္ေန႔ တိုင္ခ်က္ဖြင့္တဲ့ေန႔ပဲ သြားဖမ္းခဲ့တယ္။ စစ္ေဆးေနတယ္” လို႔ ကေလးၿမိဳ႕ ရဲစခန္းက တာဝန္ရွိ ရဲတပ္ဖြဲ႔ဝင္တဦးက ေျပာပါတယ္။

အႁမႊာညီအမ ၂ ဦးက ဦးေလးျဖစ္သူ ထန္းထြားမာရဲ႕ ေနအိမ္မွာ သြားေရာက္ညအိပ္ခဲ့ရာ ဦးေလးက အစ္မျဖစ္သူရဲ႕ ေပါင္ကို လက္နဲ႔ ပြတ္သပ္ခဲ့သလုိ ညီမျဖစ္သူရဲ႕ ရင္သားနဲ႔ခႏၶာကုိယ္အႏွံ႔ မဖြယ္မရာျပဳလုပ္ခဲ့ၿပီး အဓမၼျပဳက်င့္ဖို႔ ႀကိဳးစားခဲ့တာေၾကာင့္ ညီအစ္မ ၂ ဦး ေနအိမ္ကုိ ျပန္ေျပးလာခဲ့ၿပီး ဖခင္ျဖစ္သူအား ေျပာျပခဲ့ေၾကာင္း ရဲစခန္း ထြက္ဆိုခ်က္အရ သိရပါတယ္။

ဒီအမႈကို ကေလးၿမိဳ႕ အထက္ခ်င္းတြင္း လူငယ္ကြန္ရက္က ကူညီေနၿပီး ကြန္ရက္ရဲ႕ ပေရာဂ်က္ ဒါ႐ိုက္တာ ကိုေက်ာ္သက္ဝင္းက ခုလို ေျပာပါတယ္။

“ျဖစ္ပြားတာကေတာ့ ၂၄ ရက္ေန႔ ညပုိင္းကျဖစ္တာပါ။ စခန္းကုိ ၂၆ ရက္ေန႔မွာ အမႈဖြင့္ထားတယ္။ အခုလက္ရွိမွာ ႀကံစည္မႈနဲ႔အမႈဖြင့္ထားတယ္။ ကေလးကုိ ဒီေန႔ ျပည္သူ႔ေဆး႐ံုမွာ စစ္ေဆးသြားမယ္။ ေဆးစစ္ခ်က္ေတြယူၿပီးေတာ့ တကယ္လုိ႔ မုဒိမ္းေျမာက္ရင္ ဥပေဒအတိုင္း ကူညီသြားမယ္” လို႔ ေျပာပါတယ္။

ကေလးၿမိဳ႕မရဲစခန္းမက တရားခံ ထန္းထြားမာကို ရာဇသတ္ႀကီးပုဒ္မ – ၃၅၄/၃၇၆/၅၁၁ နဲ႔ အမႈဖြင့္ စစ္ေဆးေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: dvb
# Unicode Version ျဖင့္ ဖတ္ပါ #
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အင်ဒိုင်းကုန်းကျေးရွာမှာ ဇွန် ၂၄ ရက် ညပိုင်းက ၁၁ နှစ်အရွယ် အမြွှာညီအစ်မ ၂ ဦးအား အဓမ္မပြုကျင့်ဖို့ ကြံစည်မှုနဲ့ ဦးလေးအရင်းကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကလေးမြို့မရဲစခန်းက တာဝန်ရှိ ရဲဝန်ထမ်းတဦးက ပြောပါတယ်။

“တရားခံကို ၂၆ ရက်နေ့ တိုင်ချက်ဖွင့်တဲ့နေ့ပဲ သွားဖမ်းခဲ့တယ်။ စစ်ဆေးနေတယ်” လို့ ကလေးမြို့ ရဲစခန်းက တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အမြွှာညီအမ ၂ ဦးက ဦးလေးဖြစ်သူ ထန်းထွားမာရဲ့ နေအိမ်မှာ သွားရောက်ညအိပ်ခဲ့ရာ ဦးလေးက အစ်မဖြစ်သူရဲ့ ပေါင်ကို လက်နဲ့ ပွတ်သပ်ခဲ့သလို ညီမဖြစ်သူရဲ့ ရင်သားနဲ့ခန္ဓာကိုယ်အနှံ့ မဖွယ်မရာပြုလုပ်ခဲ့ပြီး အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တာကြောင့် ညီအစ်မ ၂ ဦး နေအိမ်ကို ပြန်ပြေးလာခဲ့ပြီး ဖခင်ဖြစ်သူအား ပြောပြခဲ့ကြောင်း ရဲစခန်း ထွက်ဆိုချက်အရ သိရပါတယ်။

ဒီအမှုကို ကလေးမြို့ အထက်ချင်းတွင်း လူငယ်ကွန်ရက်က ကူညီနေပြီး ကွန်ရက်ရဲ့ ပရောဂျက် ဒါရိုက်တာ ကိုကျော်သက်ဝင်းက ခုလို ပြောပါတယ်။

“ဖြစ်ပွားတာကတော့ ၂၄ ရက်နေ့ ညပိုင်းကဖြစ်တာပါ။ စခန်းကို ၂၆ ရက်နေ့မှာ အမှုဖွင့်ထားတယ်။ အခုလက်ရှိမှာ ကြံစည်မှုနဲ့အမှုဖွင့်ထားတယ်။ ကလေးကို ဒီနေ့ ပြည်သူ့ဆေးရုံမှာ စစ်ဆေးသွားမယ်။ ဆေးစစ်ချက်တွေယူပြီးတော့ တကယ်လို့ မုဒိမ်းမြောက်ရင် ဥပဒေအတိုင်း ကူညီသွားမယ်” လို့ ပြောပါတယ်။

ကလေးမြို့မရဲစခန်းမက တရားခံ ထန်းထွားမာကို ရာဇသတ်ကြီးပုဒ်မ – ၃၅၄/၃၇၆/၅၁၁ နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top