ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ဘယ္ေလာက္ပဲ လန္းေနေန၊ မိုက္ေနေန လံုး၀ မပတ္သင့္တဲ့ ေယာက္်ားေတြ ရွိပါတယ္။ ကိုယ့္အနားမွာ ဒီလိုလူမ်ိဳးက မိတ္ေဆြ သူငယ္ခ်င္းအျဖစ္ ရွိေနရင္ မိတ္ေဆြ ဆက္ဆံေရး အတိုင္းပဲ ထားပါ။ လံုး၀ကို ကိုယ့္ဘ၀ထဲ၊ကိုယ့္ႏွလံုးသားထဲ အ၀င္္မခံပါနဲ႔။ တတ္ႏိုင္ရင္ေတာ့ အေနနီးၿပီး စိတ္ယိမ္းယိုင္တာမ်ိဳး မျဖစ္ရေအာင္ ေရွာင္ပါ။ လံုး၀ ေရွာင္သင့္တဲ့ ေယာက္်ား အမ်ိဳးအစားေတြကေတာ့

(၁) ခ်စ္သူရွိသူ
~~~~~~~~
ဘယ္ေလာက္ပဲ လန္းေနေန၊ ေတာ္ေနေန လံုး၀ ေရွာင္သင့္တဲ့ ေယာက္်ား အမ်ိဳးအစားထဲမွာ ဒီလိုလူမ်ိဳး ပါပါတယ္။ ခ်စ္သူ ရွိႏွင့္ေနၿပီး ျဖစ္တဲ့ ေယာက္်ားမ်ိဳးဆိုရင္ ဘယ္ေလာက္ပဲ စိတ္ထဲက သေဘာက်မိေနေန လံုး၀ ေရွ႕မတိုးပဲ ေရွာင္ပါ။

(၂) အလုပ္မရွိတဲ့သူ
~~~~~~~~~~~
ဒီလို လူမ်ိဳးကလည္း ေရွာင္သင့္တဲဲ့ အထဲမွာ ပါပါတယ္။ ေက်ာင္းၿပီးခါစ အလုပ္ ရွာေဖြေနတဲ့ သူမ်ိဳးေတြကို ဆိုလိုခ်င္တာ မဟုတ္ပါဘူး။ေက်ာင္းၿပီးတာ ေတာ္ေတာ္ၾကာတဲ့ အထိ ဘာအလုပ္ကိုမွ မယ္မယ္ရရ မလုပ္ပဲ အိမ္က မိဘလုပ္စာကို ထိုင္စားေနတဲ့ သူမ်ိဳးကို ဆိုလိုခ်င္တာပါ။ အဲ့ဒီလို ေယာက္်ားမ်ိဳးဟာ သင့္အတြက္ ဘယ္ေတာ့မွ ခ်စ္သူေကာင္း ဘ၀ လက္တြဲေဖာ္ေကာင္း ျဖစ္လာမွာ မဟုတ္ပါဘူး။

(၃) ေငြျဖဳန္းတီးသူ
~~~~~~~~~~
ဒီလုိ လူမ်ိဳးကလည္း မပတ္သင့္တဲဲ့ အထဲမွာ  ပါပါတယ္။ အားအားရွိ ပါတီတက္၊ ကလပ္တက္လိုက္နဲ႔ ေသာက္ေသာက္ စားစား အခ်ိန္ကုန္တတ္တဲ့ သူမ်ိဳးကို ဆိုရင္္ လံုး၀ေရွာင္ပါ။ ဒီလို လူမ်ိဳးဟာ ကိုယ့္္ဘ၀ တိုးတက္ရာ တိုးတက္ေၾကာင္းကို ဘယ္ေတာ့မွ မႀကံဆပဲ ဒီအတိုင္းပဲ အခ်ိန္ကုန္ေနမယ့္ သူမ်ိဳးပါ။

(၄) အခ်စ္ကို ကစားစရာ ေလာက္ပဲျမင္သူ
~~~~~~~~~~~~~~~~~~~~~~
မိန္းမတကာနဲ႔ လွည့္ပတ္တြဲေနၿပီး အခ်စ္ကို ကစားစရာေလာက္ပဲ သေဘာထားတဲ့ သူမ်ိဳးကို ေရွာင္ပါ။ဒီလုိလူမ်ိဳးဟာ ေကာင္မေလး ေတာ္ေတာ္မ်ားမ်ားကို က်ေအာင္ ေျပာတတ္ပါတယ္။ သူတို႔နဲ႔ ေတြ႔ရင္ ေ၀းေ၀းက ေရွာင္တာ အေကာင္းဆံုးပါ။သူ႔စိတ္ထဲမွာက အခ်စ္ကိစၥဆိုတာ sex ကိစၥသာသာ ေလာက္ပဲလို႔ သေဘာထားတတ္သူပါ။

(၅) ေယာက်ၤား၀ါဒကို အရမ္းလက္ကိုင္ထားသူ
~~~~~~~~~~~~~~~~~~~~~~~
ေယာက္်ား၀ါဒကို အရမ္း လက္ကိုင္ထားတတ္တဲ့ သူမ်ိဳးကိုလည္း တတ္ႏုိင္သမွ် ေရွာင္ပါ။သူ႔အတြက္ကေတာ့ မိန္းမဆိုုတာ မီးဖိုေခ်ာင္၀င္ဖို႔ ကေလးေမြးေပးဖို႔ ေလာက္ပဲ အသံုး၀င္သူလို႔ ထင္ေနမွာပါ။မီးဖိုေခ်ာင္ ခ်က္ေရးျပဳတ္ေရး ကိစၥကို ၀င္ကူဖို႔ မဆိုထားနဲ႔ သင္ တစ္ေယာက္တည္းကပဲ အကုန္သိမ္းႀကံဳး လုပ္ရမွာပါ။

(၆) အေမခ်စ္သား
~~~~~~~~~
သူတို႔ကေတာ့ အရမ္းႀကီး ျပသနာႀကီးတာေတာ့ မဟုတ္ေပမယ့္ နည္းနည္းေလးေတာ့ ျပသနာ ေပးႏုိင္တဲဲ့ သူေတြပါ။ အေမမွအေမ ျဖစ္ေနလြန္းရင္လည္း သင့္အတြက္ထက္ သူ႔မိိဘကိုပဲ အခ်ိန္ပိုေပးေနမယ့္ သူမ်ိဳးပါ။သူ႔ဘ၀အတြက္က သူ႔အေမကသာ အေရးႀကီးဆံုးပါ။ သူ႔အေမနဲ႔မွ တည့္ေအာင္ ေပါင္းႏိုင္မယ္လုိ႔ ကိုယ့္ကိုယ္ကို ယံုၾကည္ခ်က္ မရွိရင္ေတာ့ ဒီလိုလူမ်ိဳးနဲ႔ မပတ္သက္တာ အေကာင္းဆံုးပါ။

(၇) သ၀န္တို တတ္တဲ့သူ
~~~~~~~~~~~~~~~
ဒီလို လူမ်ိဳးကေတာ့ တကယ့္ ျပသနာပါ။ ေနရာတစ္ကာမွာ လိုက္ၿပီး သ၀န္တို တတ္တဲ့ ေယာက္်ားမ်ိဳးက လုပ္ငန္းခြင္မွာ အမ်ိဳးသားေတြနဲ႔ ရင္ေဘာင္ တန္း အလုပ္လုပ္ေနၾကရတဲ့ မိိန္းကေလးေတြ အတြက္ေတာ့ လံုး၀ ေရွာင္ပါ။ေနရာတကာ လိုက္ထိန္းခ်ဳပ္ ခ်င္ေနတဲ့ သူ႔စိတ္က သင္တို႔ ၾကားမွာ အေႏွာင့္အယွက္ အတားအဆီးပါ။ ဘယ္သူနဲ႔ မေပါင္းနဲ႔၊ ဘာလိုမ်ိဳးေတြ မ၀တ္နဲ႔ ဆိုတာေတြက ေရရွည္မွာ ဘယ္လိုမွ အဆင္ေျပမွာ မဟုတ္ပါဘူး။

တျခားေရွာင္္သင့္တ့ဲ ေယာက္်ား အမ်ိဳးအစား ေတြကေတာ့ အပ်င္းထူတတ္သူ၊ အတၱႀကီးသူ၊ကိုယ့္အျပစ္ကို မ၀န္ခံရဲတဲ့ သူမ်ိဳးေတြကိုလည္း ေ၀းေ၀းက ေရွာင္္သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  original

#Unicode Version#
ဘယ်လောက်ပဲ လန်းနေနေ၊ မိုက်နေနေ လုံး၀ မပတ်သင့်တဲ့ ယောက်ျားတွေ ရှိပါတယ်။ ကိုယ့်အနားမှာ ဒီလိုလူမျိုးက မိတ်ဆွေ သူငယ်ချင်းအဖြစ် ရှိနေရင် မိတ်ဆွေ ဆက်ဆံရေး အတိုင်းပဲ ထားပါ။ လုံးဝကို ကိုယ့်ဘဝထဲ၊ကိုယ့်နှလုံးသားထဲ အဝင်မခံပါနဲ့။ တတ်နိုင်ရင်တော့ အနေနီးပြီး စိတ်ယိမ်းယိုင်တာမျိုး မဖြစ်ရအောင် ရှောင်ပါ။ လုံး၀ ရှောင်သင့်တဲ့ ယောက်ျား အမျိုးအစားတွေကတော့

(၁) ချစ်သူရှိသူ
~~~~~~~~
ဘယ်လောက်ပဲ လန်းနေနေ၊ တော်နေနေ လုံး၀ ရှောင်သင့်တဲ့ ယောက်ျား အမျိုးအစားထဲမှာ ဒီလိုလူမျိုး ပါပါတယ်။ ချစ်သူ ရှိနှင့်နေပြီး ဖြစ်တဲ့ ယောက်ျားမျိုးဆိုရင် ဘယ်လောက်ပဲ စိတ်ထဲက သဘောကျမိနေနေ လုံး၀ ရှေ့မတိုးပဲ ရှောင်ပါ။

(၂) အလုပ်မရှိတဲ့သူ
~~~~~~~~~~~
ဒီလို လူမျိုးကလည်း ရှောင်သင့်တဲ့ အထဲမှာ ပါပါတယ်။ ကျောင်းပြီးခါစ အလုပ် ရှာဖွေနေတဲ့ သူမျိုးတွေကို ဆိုလိုချင်တာ မဟုတ်ပါဘူး။ကျောင်းပြီးတာ တော်တော်ကြာတဲ့ အထိ ဘာအလုပ်ကိုမှ မယ်မယ်ရရ မလုပ်ပဲ အိမ်က မိဘလုပ်စာကို ထိုင်စားနေတဲ့ သူမျိုးကို ဆိုလိုချင်တာပါ။ အဲ့ဒီလို ယောက်ျားမျိုးဟာ သင့်အတွက် ဘယ်တော့မှ ချစ်သူကောင်း ဘ၀ လက်တွဲဖော်ကောင်း ဖြစ်လာမှာ မဟုတ်ပါဘူး။

(၃) ငွေဖြုန်းတီးသူ
~~~~~~~~~~
ဒီလို လူမျိုးကလည်း မပတ်သင့်တဲ့ အထဲမှာ  ပါပါတယ်။ အားအားရှိ ပါတီတက်၊ ကလပ်တက်လိုက်နဲ့ သောက်သောက် စားစား အချိန်ကုန်တတ်တဲ့ သူမျိုးကို ဆိုရင် လုံးဝရှောင်ပါ။ ဒီလို လူမျိုးဟာ ကိုယ့်ဘ၀ တိုးတက်ရာ တိုးတက်ကြောင်းကို ဘယ်တော့မှ မကြံဆပဲ ဒီအတိုင်းပဲ အချိန်ကုန်နေမယ့် သူမျိုးပါ။

(၄) အချစ်ကို ကစားစရာ လောက်ပဲမြင်သူ
~~~~~~~~~~~~~~~~~~~~~~
မိန်းမတကာနဲ့ လှည့်ပတ်တွဲနေပြီး အချစ်ကို ကစားစရာလောက်ပဲ သဘောထားတဲ့ သူမျိုးကို ရှောင်ပါ။ဒီလိုလူမျိုးဟာ ကောင်မလေး တော်တော်များများကို ကျအောင် ပြောတတ်ပါတယ်။ သူတို့နဲ့ တွေ့ရင် ဝေးဝေးက ရှောင်တာ အကောင်းဆုံးပါ။သူ့စိတ်ထဲမှာက အချစ်ကိစ္စဆိုတာ sex ကိစ္စသာသာ လောက်ပဲလို့ သဘောထားတတ်သူပါ။

(၅) ယောင်္ကျားဝါဒကို အရမ်းလက်ကိုင်ထားသူ
~~~~~~~~~~~~~~~~~~~~~~~
ယောက်ျားဝါဒကို အရမ်း လက်ကိုင်ထားတတ်တဲ့ သူမျိုးကိုလည်း တတ်နိုင်သမျှ ရှောင်ပါ။သူ့အတွက်ကတော့ မိန်းမဆိုုတာ မီးဖိုချောင်ဝင်ဖို့ ကလေးမွေးပေးဖို့ လောက်ပဲ အသုံးဝင်သူလို့ ထင်နေမှာပါ။မီးဖိုချောင် ချက်ရေးပြုတ်ရေး ကိစ္စကို ဝင်ကူဖို့ မဆိုထားနဲ့ သင် တစ်ယောက်တည်းကပဲ အကုန်သိမ်းကြုံး လုပ်ရမှာပါ။

(၆) အမေချစ်သား
~~~~~~~~~
သူတို့ကတော့ အရမ်းကြီး ပြသနာကြီးတာတော့ မဟုတ်ပေမယ့် နည်းနည်းလေးတော့ ပြသနာ ပေးနိုင်တဲ့ သူတွေပါ။ အမေမှအမေ ဖြစ်နေလွန်းရင်လည်း သင့်အတွက်ထက် သူ့မိဘကိုပဲ အချိန်ပိုပေးနေမယ့် သူမျိုးပါ။သူ့ဘဝအတွက်က သူ့အမေကသာ အရေးကြီးဆုံးပါ။ သူ့အမေနဲ့မှ တည့်အောင် ပေါင်းနိုင်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ချက် မရှိရင်တော့ ဒီလိုလူမျိုးနဲ့ မပတ်သက်တာ အကောင်းဆုံးပါ။

(၇) သဝန်တို တတ်တဲ့သူ
~~~~~~~~~~~~~~~
ဒီလို လူမျိုးကတော့ တကယ့် ပြသနာပါ။ နေရာတစ်ကာမှာ လိုက်ပြီး သဝန်တို တတ်တဲ့ ယောက်ျားမျိုးက လုပ်ငန်းခွင်မှာ အမျိုးသားတွေနဲ့ ရင်ဘောင် တန်း အလုပ်လုပ်နေကြရတဲ့ မိန်းကလေးတွေ အတွက်တော့ လုံး၀ ရှောင်ပါ။နေရာတကာ လိုက်ထိန်းချုပ် ချင်နေတဲ့ သူ့စိတ်က သင်တို့ ကြားမှာ အနှောင့်အယှက် အတားအဆီးပါ။ ဘယ်သူနဲ့ မပေါင်းနဲ့၊ ဘာလိုမျိုးတွေ မဝတ်နဲ့ ဆိုတာတွေက ရေရှည်မှာ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။

တခြားရှောင်သင့်တဲ့ ယောက်ျား အမျိုးအစား တွေကတော့ အပျင်းထူတတ်သူ၊ အတ္တကြီးသူ၊ကိုယ့်အပြစ်ကို မဝန်ခံရဲတဲ့ သူမျိုးတွေကိုလည်း ဝေးဝေးက ရှောင်သင့်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:  original
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top