မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

တစ္ေန႔ထက္တစ္ေန႔ ရုပ္ေခ်ာလာရျခင္းတဲ့။ အယ္လယ္။ အလန္းေနာ္။ တစ္ေန႔ထက္တစ္ေန႔ ရုပ္ေခ်ာလာတာပဲ၊ မႀကိဳက္တဲ့သူရွိလုိ႔လား။ ေခ်ာခ်င္သေလာက္သာ ေခ်ာစမ္းပါေစ။ ဒီလုိပဲ ေျပာၾကမွာပဲေလ။ စာဖတ္သူေတြကေတာ့ ေျပာမွာေပါ့။ ပုိၿပီး ရုပ္ေခ်ာလာတယ္ဆုိတာ ဘယ္လုိသက္ေသျပမလဲ ဘာညာ။ ဒါက ကုိယ္သက္ေသျပစရာ မလုိပါဘူး။ ေဘးကေန ေဆးထုိးေပးမယ့္လူေတြပဲ လုိပါတယ္။

အေျမာက္ႀကိဳက္တယ္ဆုိတာ ပစ္လုိ႔ရတဲ့အေျမွာက္ႀကီးကုိ ႀကိဳက္တာ မဟုုတ္ဘူးေနာ္။ ကုိယ့္ကုိ လူေတြက ေျမာက္ေျပာတာကုိ ႀကိဳက္လာတာ။ တစ္ေယာက္ေယာက္က လမ္းမွာေတြ႕လုိ႔ “ဟယ္ ပုိေခ်ာလာလုိက္တာ” လုိ႔ေျပာၿပီဆုိရင္ ကုိယ့္မွာ ၿပဳံးၿပဳံး ၿပဳံးၿပဳံးနဲ႔။ မုန္႔ေကၽြးမယ္ေတြ ဘာေတြ ျဖစ္ကုန္ေရာ။ တကယ္မုန္႔ေကၽြးရေတာ့က် ပုိက္ဆံေတြကုန္ေရာ။

(၂)။ အလွကုန္ပစၥည္းဖုိးေတြကုန္တာ
သူမ်ားေတြက ေခ်ာလာတယ္လုိ႔ ေျပာမွေတာ့ ကုိယ့္ကုိယ္ကုိယ္ ျပင္ရဆင္ရေတာ့မယ္ေလ။ ကုိယ့္ရဲ႕ ဒီ ေခ်ာလာတဲ့ မ်က္ႏွာေလး ဆက္ၿပီး ေခ်ာေနေအာင္။ ဒီေတာ့ နဂုိက သနပ္ခါးေလးနဲ႔ ေက်နပ္ေနတဲ့သူက အခုက်မွ Day Cream ေတြ၊ Night Cream ေတြ၊ မ်က္ႏွာေပါင္းတင္တာေတြ စသျဖင့္ မ်ိဳးစုံေတြ လုပ္ရၿပီး ကုိယ့္ရဲ႕ေခ်ာေနျခင္းကုိ ဆက္ထိန္းဖုုိ႔ ႀကိဳးစားရေတာ့တာပါပဲ။ ဒီေတာ့ အလွကုန္ပစၥည္းဖုိးေတြ ကုန္ၿပီေပါ့။

(၃)။ မနာလုိတတ္လာတာ
အရင္တုန္းကေတာ့ ကိုယ္က ေအးေအးေဆးေဆးေလးပါ။ ဒါေပမယ့္ ပုိေခ်ာလာတယ္လုိ႔ အေျပာခံရၿပီးတဲ့ေနာက္၊ ကုိယ့္ကုိယ္ကုိယ္ ပုိေခ်ာလာတယ္လုိ႔ ယုံၾကည္လုိက္ရၿပီးတဲ့ေနာက္ေတာ့ ကုိယ့္ထက္ ပုိေခ်ာေနတယ္လုိ႔ ထင္မိတဲ့သူေတြကုိ မနာလုိေတာ့တာပါပဲ။ ဘယ္ေလာက္ေတာင္လဲဆုိရင္ မင္းသမီးေတြကုိေတာင္ ဒီေလာက္ေခ်ာေနရလားဆိုၿပီး မနာလုိမိတဲ့အထိေတြ ျဖစ္လာ။ အဲဒီေတာ့ သိတယ္မုိ႔လား၊ မနာလုိရတာ စိတ္ပင္ပန္းတယ္ေလ။ မနာလုိစိတ္ေတြ ၀င္လာၿပီဆုိမွေတာ့ စိတ္ပင္ပန္းၿပီေပါ့။

(၄)။ အေခ်တစ္လုိင္းျဖစ္လာတာ
ကုိယ့္ကုိကုိယ္ ေခ်ာလာတယ္လုိ႔ ထင္တာနဲ႔အမွ် အေခ်လုိင္းဖက္ကုိ မသိမသာေလးေရာက္သြားတတ္ၾကပါတယ္။ ပုံမွန္တြဲေနၾက သူငယ္ခ်င္းေတြနဲ႔ မတြဲေတာ့ပဲ ပုိၿပီး ၾကည့္ေကာင္းတဲ့ သူငယ္ခ်င္းေတြနဲ႔ အျပင္သြားတတ္လာတယ္။ အ၀တ္အစားျဖစ္သလုိ ၀တ္ထားတဲ့ သူငယ္ခ်င္းနဲ႔ေတြ႕ရင္ ႏွာေခါင္းရႈံ႕တတ္လာတယ္၊ ကုိယ့္နားကုိ ကပ္လာရင္ေတာင္ “ၾကည့္ရတာ စုတ္စုတ္ျပတ္ျပတ္နဲ႔ ေ၀းေ၀းသြားေနစမ္း” ဘာညာေတြ ျဖစ္ကုန္တယ္။ အေခ်တစ္လုိင္းေပါ့။ တကယ္ေတာ့ အေခ်လုိင္းက မေကာင္းဘူးေနာ္။ ေခ်လြန္းအားႀကီးရင္ လူေတြနဲ႔ တျဖည္းျဖည္းေ၀းသြားၿပီး အထီးက်န္ဘ၀ကုိ ေရာက္သြားႏုိင္လုိ႔ Admin ကေတာ့ သိပ္မေခ်ဖုိ႔ သတိေပးပါရေစ။
(၅)။ မွန္မၾကည့္ရမေနႏုိင္ျဖစ္လာတယ္

ကုိယ္က ပုိေခ်ာလာတယ္ ဆုိမွေတာ့ အဲဒီမ်က္ႏွာေလးကုိ ျပန္ၾကည့္ၿပီး သာယာေနဖုိ႔ လုိၿပီေလ။ ဒီေတာ့ ပုိေခ်ာလာတာကုိ သိဖုိ႔ မွန္ၾကည့္ဖုိ႔ လုိၿပီေပါ့။ ဒီလုိနဲ႔ မွန္မၾကည့္ရ မေနႏုိင္ ျဖစ္ေတာ့တာပါပဲ။ ဘယ္ေနရာမွာ မွန္ ေတြ႕ေတြ႕ ၾကည့္ကုိ ၾကည့္ရမွ။ အလုပ္ထဲမွာဆုိလည္း တစ္ေန႔ကုိ (၁၅) ခါေလာက္ မွန္ၾကည့္။ ကုိယ့္မွာ ပါလာတဲ့ မွွန္အေသးေလးကုိၾကည့္။ အားမရရင္ အိမ္သာထဲက မွန္ကုိ ေျပးၾကည့္။ အလုပ္က ျပန္ေတာ့လည္း လမ္းမွာေတြ႕သမွ် မွန္ေတြၾကည့္သြား။ စတစ္ကာ အနက္ကပ္ထားတဲ့ ကားေတြေတြ႕ရင္လည္း အထဲမွာ လူရွိ၊ မရွိ မသိပဲ မွန္ကုိ ျပဴးၿပဲၾကည့္။ ဒီလုိနဲ႔ပဲ လူေတြၾကားမွာ ဟာသလုပ္စရာ ျဖစ္လာပါလိမ့္မယ္။ ဒီေတာ့ ကုိယ္ေခ်ာလာတယ္ဆုိတာ သိရင္ေတာင္ သမာဓိေလးနဲ႔ မွန္ၾကည့္ၾကပါ။

(၆)။ ငတ္လာတယ္
ငတ္လာတယ္ဆုိတာ မစားႏုိင္ မေသာက္ႏုိင္လုိ႔ ငတ္တာ မဟုတ္ပါဘူး။ လွလာတယ္ဆုိေတာ့ သိတယ္မုိ႔လား။ ၀က္ၿခံထြက္မွာစုိးလုိ႔ အပူေတြ အစပ္ေတြ မစားဘူးေလ။ ၀လာမွာစုိးလုိ႔ အဆီေတြ အဆိမ့္ေတြလည္း မစားဘူး။ ဒီေတာ့ ငတ္ၿပီေပါ့။ သူမ်ားေတြ အားရပါးရ စားေနၾကခ်ိန္မွာ ကုိယ္ကေတာ့ ကုိယ္လွေနတာေလး ဆုံးရႈံးမွာေၾကာက္ၿပီး သြားရည္က်ေနရတဲ့ အျဖစ္။ ေတြးၾကည့္ပါလား၊ ဘယ္ေလာက္ေတာင္ ငတ္ေနၿပီလဲဆုိတာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: လပ္ကီးျမန္မာ
# Unicode Version ျဖင့္ ဖတ္ပါ #
တစ်နေ့ထက်တစ်နေ့ ရုပ်ချောလာရခြင်းတဲ့။ အယ်လယ်။ အလန်းနော်။ တစ်နေ့ထက်တစ်နေ့ ရုပ်ချောလာတာပဲ၊ မကြိုက်တဲ့သူရှိလို့လား။ ချောချင်သလောက်သာ ချောစမ်းပါစေ။ ဒီလိုပဲ ပြောကြမှာပဲလေ။ စာဖတ်သူတွေကတော့ ပြောမှာပေါ့။ ပိုပြီး ရုပ်ချောလာတယ်ဆိုတာ ဘယ်လိုသက်သေပြမလဲ ဘာညာ။ ဒါက ကိုယ်သက်သေပြစရာ မလိုပါဘူး။ ဘေးကနေ ဆေးထိုးပေးမယ့်လူတွေပဲ လိုပါတယ်။

အမြောက်ကြိုက်တယ်ဆိုတာ ပစ်လို့ရတဲ့အမြှောက်ကြီးကို ကြိုက်တာ မဟုုတ်ဘူးနော်။ ကိုယ့်ကို လူတွေက မြောက်ပြောတာကို ကြိုက်လာတာ။ တစ်ယောက်ယောက်က လမ်းမှာတွေ့လို့ “ဟယ် ပိုချောလာလိုက်တာ” လို့ပြောပြီဆိုရင် ကိုယ့်မှာ ပြုံးပြုံး ပြုံးပြုံးနဲ့။ မုန့်ကျွေးမယ်တွေ ဘာတွေ ဖြစ်ကုန်ရော။ တကယ်မုန့်ကျွေးရတော့ကျ ပိုက်ဆံတွေကုန်ရော။

(၂)။ အလှကုန်ပစ္စည်းဖိုးတွေကုန်တာ
သူများတွေက ချောလာတယ်လို့ ပြောမှတော့ ကိုယ့်ကိုယ်ကိုယ် ပြင်ရဆင်ရတော့မယ်လေ။ ကိုယ့်ရဲ့ ဒီ ချောလာတဲ့ မျက်နှာလေး ဆက်ပြီး ချောနေအောင်။ ဒီတော့ နဂိုက သနပ်ခါးလေးနဲ့ ကျေနပ်နေတဲ့သူက အခုကျမှ Day Cream တွေ၊ Night Cream တွေ၊ မျက်နှာပေါင်းတင်တာတွေ စသဖြင့် မျိုးစုံတွေ လုပ်ရပြီး ကိုယ့်ရဲ့ချောနေခြင်းကို ဆက်ထိန်းဖိုု့ ကြိုးစားရတော့တာပါပဲ။ ဒီတော့ အလှကုန်ပစ္စည်းဖိုးတွေ ကုန်ပြီပေါ့။

(၃)။ မနာလိုတတ်လာတာ
အရင်တုန်းကတော့ ကိုယ်က အေးအေးဆေးဆေးလေးပါ။ ဒါပေမယ့် ပိုချောလာတယ်လို့ အပြောခံရပြီးတဲ့နောက်၊ ကိုယ့်ကိုယ်ကိုယ် ပိုချောလာတယ်လို့ ယုံကြည်လိုက်ရပြီးတဲ့နောက်တော့ ကိုယ့်ထက် ပိုချောနေတယ်လို့ ထင်မိတဲ့သူတွေကို မနာလိုတော့တာပါပဲ။ ဘယ်လောက်တောင်လဲဆိုရင် မင်းသမီးတွေကိုတောင် ဒီလောက်ချောနေရလားဆိုပြီး မနာလိုမိတဲ့အထိတွေ ဖြစ်လာ။ အဲဒီတော့ သိတယ်မို့လား၊ မနာလိုရတာ စိတ်ပင်ပန်းတယ်လေ။ မနာလိုစိတ်တွေ ဝင်လာပြီဆိုမှတော့ စိတ်ပင်ပန်းပြီပေါ့။

(၄)။ အချေတစ်လိုင်းဖြစ်လာတာ
ကိုယ့်ကိုကိုယ် ချောလာတယ်လို့ ထင်တာနဲ့အမျှ အချေလိုင်းဖက်ကို မသိမသာလေးရောက်သွားတတ်ကြပါတယ်။ ပုံမှန်တွဲနေကြ သူငယ်ချင်းတွေနဲ့ မတွဲတော့ပဲ ပိုပြီး ကြည့်ကောင်းတဲ့ သူငယ်ချင်းတွေနဲ့ အပြင်သွားတတ်လာတယ်။ အဝတ်အစားဖြစ်သလို ဝတ်ထားတဲ့ သူငယ်ချင်းနဲ့တွေ့ရင် နှာခေါင်းရှုံ့တတ်လာတယ်၊ ကိုယ့်နားကို ကပ်လာရင်တောင် “ကြည့်ရတာ စုတ်စုတ်ပြတ်ပြတ်နဲ့ ဝေးဝေးသွားနေစမ်း” ဘာညာတွေ ဖြစ်ကုန်တယ်။ အချေတစ်လိုင်းပေါ့။ တကယ်တော့ အချေလိုင်းက မကောင်းဘူးနော်။ ချေလွန်းအားကြီးရင် လူတွေနဲ့ တဖြည်းဖြည်းဝေးသွားပြီး အထီးကျန်ဘဝကို ရောက်သွားနိုင်လို့ Admin ကတော့ သိပ်မချေဖို့ သတိပေးပါရစေ။
(၅)။ မှန်မကြည့်ရမနေနိုင်ဖြစ်လာတယ်

ကိုယ်က ပိုချောလာတယ် ဆိုမှတော့ အဲဒီမျက်နှာလေးကို ပြန်ကြည့်ပြီး သာယာနေဖို့ လိုပြီလေ။ ဒီတော့ ပိုချောလာတာကို သိဖို့ မှန်ကြည့်ဖို့ လိုပြီပေါ့။ ဒီလိုနဲ့ မှန်မကြည့်ရ မနေနိုင် ဖြစ်တော့တာပါပဲ။ ဘယ်နေရာမှာ မှန် တွေ့တွေ့ ကြည့်ကို ကြည့်ရမှ။ အလုပ်ထဲမှာဆိုလည်း တစ်နေ့ကို (၁၅) ခါလောက် မှန်ကြည့်။ ကိုယ့်မှာ ပါလာတဲ့ မှှန်အသေးလေးကိုကြည့်။ အားမရရင် အိမ်သာထဲက မှန်ကို ပြေးကြည့်။ အလုပ်က ပြန်တော့လည်း လမ်းမှာတွေ့သမျှ မှန်တွေကြည့်သွား။ စတစ်ကာ အနက်ကပ်ထားတဲ့ ကားတွေတွေ့ရင်လည်း အထဲမှာ လူရှိ၊ မရှိ မသိပဲ မှန်ကို ပြူးပြဲကြည့်။ ဒီလိုနဲ့ပဲ လူတွေကြားမှာ ဟာသလုပ်စရာ ဖြစ်လာပါလိမ့်မယ်။ ဒီတော့ ကိုယ်ချောလာတယ်ဆိုတာ သိရင်တောင် သမာဓိလေးနဲ့ မှန်ကြည့်ကြပါ။

(၆)။ ငတ်လာတယ်
ငတ်လာတယ်ဆိုတာ မစားနိုင် မသောက်နိုင်လို့ ငတ်တာ မဟုတ်ပါဘူး။ လှလာတယ်ဆိုတော့ သိတယ်မို့လား။ ဝက်ခြံထွက်မှာစိုးလို့ အပူတွေ အစပ်တွေ မစားဘူးလေ။ ဝလာမှာစိုးလို့ အဆီတွေ အဆိမ့်တွေလည်း မစားဘူး။ ဒီတော့ ငတ်ပြီပေါ့။ သူများတွေ အားရပါးရ စားနေကြချိန်မှာ ကိုယ်ကတော့ ကိုယ်လှနေတာလေး ဆုံးရှုံးမှာကြောက်ပြီး သွားရည်ကျနေရတဲ့ အဖြစ်။ တွေးကြည့်ပါလား၊ ဘယ်လောက်တောင် ငတ်နေပြီလဲဆိုတာ။

ဖိုးသူတော် (www.phothutaw.com)
Credit: လပ်ကီးမြန်မာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top