န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

နာမည္ေက်ာ္ မင္းသားဘ႐ုပ္စ္စလီ ေသခဲ့ရတဲ့ အဓိကအေၾကာင္းအရင္း
ဘရုစလီ (၁၉၄၀ ႏိုဝင္ဘာ ၂၇ – ၁၉၇၃ ဂ်ဴလိုင္ ၂၀) ကို ေဟာင္ေကာင္ရုပ္ရွင္သရုပ္ေဆာင္ ကြန္ဖူးဖိုက္တင္သရုပ္ေဆာင္တစ္ေယာက္အျဖစ္နဲ႕ Jeet Kune Do ကြန္ဖူးကုိတည္ေထာင္သူအျဖစ္လူသိမ်ားၾကပါတယ္။

သူဟာ ကန္တုန္ေအာ္ပရာစတား Lee Hoi Chuen ရဲ႕သားတစ္ေယာက္ျဖစ္တဲ့အတြက္ အႏုပညာယဥ္ေက်းမႈအေမႊအႏွစ္ၾကားမွာ ၾကီးျပင္းလာတဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္။ အာရွက ရုပ္ရွင္ေတြအေမရိကမွာ ျပသႏုိင္ခဲ့တဲ့အေၾကာင္းျပခ်က္တစ္ခုကလည္း ဘရုစလီေၾကာင့္ပါပဲ။

ဘရုစလီကုိ ႏိုဝင္ဘာ ၂၇ ရက္ေန႕ ၁၉၄၀ ခုႏွစ္မွာ ဆန္ဖရန္စစ္စကိုကတရုတ္တန္းမွာေမြးဖြားခဲ့တာျဖစ္ျပီးေတာ့ ေဟာင္ေကာင္ျမိဳ႕ Kowloon မွာၾကီးျပင္းလာခဲ့တာပဲျဖစ္ပါတယ္။ သူ႕ကုိရုပ္ရွင္ေလာကနဲ႕မိတ္ဆက္ေပးခဲ့သူဟာ သူ႕အေဖျဖစ္ျပီး ကေလးသရုပ္ေဆာင္အျဖစ္ရုပ္ရွင္ေတာ္ေတာ္မ်ားမ်ားမွာပါဝင္သရုပ္ေဆာင္ခဲ့ပါတယ္။

အသက္ ၁၈ ႏွစ္မွာဝါရွင္တန္ေကာလိပ္ကိုသြားေရာက္ပညာသင္ၾကားခဲ့တဲ့အခ်ိန္မွာပဲ ေဟာင္ေကာင္ကြန္ဖူးကိုလည္းတစ္ခ်ိန္ထဲမွာသင္ယူခဲ့တာပဲျဖစ္ပါတယ္။ ၁၉၇၀ ေနာက္ပုိင္းမွာေတာ့ သူနဲ႕သူ႕ရဲ႕ ကြန္ဖူးဇာတ္ကားေတြဟာ အေမရိက နဲ႕ ေဟာင္ေကာင္မွာအျပင္ ကမၻာတစ္ဝွမ္းမွာေရပန္းစားလာခဲ့ပါတယ္။

ဘရြတ္စလီဟာ ဒီရုပ္ရွင္ကား ၅ ကားနဲ႕နာမည္ၾကီးသြားခဲ့ျပီး ကမၻာတစ္ဝွမ္းေရပန္းစားတဲ့သူတစ္ေယာက္ျဖစ္လာခဲ့ပါတယ္။ သူဟာ ဝိုင္းခ်န္ ကြန္ဖူးနဲ႕ သူတတ္ထားတဲ့ ကြန္ဖူးေတြက္ုိေပါင္းစပ္ျပီးေတာ့ ဂ်ဳကြန္ဒို ကြန္ဖူးကုိလည္းတီထြက္ခဲ့ပါေသးတယ္။

ဘရုစလီဟာ ေဟာင္ေကာင္ ၊အေမရိကန္ ဖက္စပ္ႏုိင္ငံသားတစ္ဦးလည္းျဖစ္ပါတယ္။1973 ခုႏွစ္ အသက္ ၃၂ ႏွစ္အရြယ္မွာ Kowloon Tong မွာဆံုးပါးသြားခဲ့တာပဲျဖစ္ပါတယ္။ Lee ဟာ နဂါးႏွစ္နဲ႕ နဂါးနာရီတုိက္တဲ့အခ်ိန္မွာေမြးတဲ့အတြက္ ကံေကာင္းတဲ့နကၡတ္လႊမ္းမိုးမႈခံရတဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္။

ဘရုစလီရဲ႕အေဖကေတာ့ ဟန္တရုတ္အမ်ိဳးသား Lee Hoi Chuen ျဖစ္ျပီး အေမကေတာ့ တရုတ္ေသြးတစ္ဝက္ ေကေကရွန္းေသြးတစ္ဝက္ပါဝင္တဲ့အမ်ိဳးသမီး Grace Ho ပဲျဖစ္ပါတယ္။

ဘရုစလီဟာ ေမြးခ်င္း ၅ ေယာက္မွာ ၄ ေယာက္ေျမာက္သားတစ္ဦးျဖစ္ပါတယ္။သူ႕ေမြးခ်င္းေတြကေတာ့ Phobe Lee , Agnes Lee , Peter Lee , Robert Lee တုိ႕ျဖစ္ၾကျပီး ဘရုစလီ ၃ ေမြႊးျပီးသံုးလအၾကာမွာ သူ႕မိဘေတြက ေဟာင္ေကာင္ကိုျပန္လာခဲ့ၾကတာပဲျဖစ္ပါတယ္။

ဂ်ဴလိုင္ ၂၀ ၁၉၇၃ ခုႏွစ္မွာ ဘရြတ္စလီဟာ ေခါင္းအလြန္ကိုက္ေနတဲ့အတြက္ သူ႕ကုိေဆးတုိက္ခဲ့ပါတယ္။ ဒါေပမယ့္ သူဟာအဲ့ဒီအခ်ိန္ထဲက ကုိမာဝင္သြားျပီးေတာ့ ျပန္သတိမရလာေတာ့ပါဘူး။ သူဟာ အကိုက္အခဲေပ်ာက္ေဆးနဲ႕ဓါတ္မတည့္ တဲ့သူတစ္ေယာက္ျဖစ္တဲ့အတြက္ ဒီေဆးေသာက္လုိက္တဲ့အခ်ိန္မွာ ဦးေနွာက္ထဲမွာအရည္ေတြျပည့္လ်ံသြားခဲ့ျပီးေသဆံုးသြားတာပဲျဖစ္ပါတယ္။

ဘရုစလီရဲ႕ အသုဘကုိေတာ့ လူေပါင္း ၂၅၀၀၀ ေလာက္တက္ေရာက္ခဲ့ၾကျပီး သူ႕ကို Enter The Dragon ဇာတ္ကားထဲမွာ ဝတ္ခဲ့တဲ့ ဝတ္စံုဝတ္ေပးထားခဲ့ပါတယ္။ ဝါရွင္တန္ စီတဲလ္ မွာ အသုဘအခန္းအနားက်င္းပခဲ့တာျဖစ္ျပီး သူ႕အေခါင္းကုိေတာ့ James Coburn , Steve McQueen နဲ႕သူ႕အစ္ကုိ Robert Lee တို႕ကသယ္ေဆာင္ေပးခဲ့ၾကျပီး သျဂိ ၤဳလ္ခဲ့တာပဲျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Min Thu (Daily Hot News)

#Unicode Version#


နာမည်ကျော် မင်းသားဘရုပ်စ်စလီ သေခဲ့ရတဲ့ အဓိကအကြောင်းအရင်း
ဘရုစလီ (၁၉၄၀ နိုဝင်ဘာ ၂၇ – ၁၉၇၃ ဂျူလိုင် ၂၀) ကို ဟောင်ကောင်ရုပ်ရှင်သရုပ်ဆောင် ကွန်ဖူးဖိုက်တင်သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ Jeet Kune Do ကွန်ဖူးကိုတည်ထောင်သူအဖြစ်လူသိများကြပါတယ်။

သူဟာ ကန်တုန်အော်ပရာစတား Lee Hoi Chuen ရဲ့သားတစ်ယောက်ဖြစ်တဲ့အတွက် အနုပညာယဉ်ကျေးမှုအမွှေအနှစ်ကြားမှာ ကြီးပြင်းလာတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ အာရှက ရုပ်ရှင်တွေအမေရိကမှာ ပြသနိုင်ခဲ့တဲ့အကြောင်းပြချက်တစ်ခုကလည်း ဘရုစလီကြောင့်ပါပဲ။

ဘရုစလီကို နိုဝင်ဘာ ၂၇ ရက်နေ့ ၁၉၄၀ ခုနှစ်မှာ ဆန်ဖရန်စစ်စကိုကတရုတ်တန်းမှာမွေးဖွားခဲ့တာဖြစ်ပြီးတော့ ဟောင်ကောင်မြို့ Kowloon မှာကြီးပြင်းလာခဲ့တာပဲဖြစ်ပါတယ်။ သူ့ကိုရုပ်ရှင်လောကနဲ့မိတ်ဆက်ပေးခဲ့သူဟာ သူ့အဖေဖြစ်ပြီး ကလေးသရုပ်ဆောင်အဖြစ်ရုပ်ရှင်တော်တော်များများမှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

အသက် ၁၈ နှစ်မှာဝါရှင်တန်ကောလိပ်ကိုသွားရောက်ပညာသင်ကြားခဲ့တဲ့အချိန်မှာပဲ ဟောင်ကောင်ကွန်ဖူးကိုလည်းတစ်ချိန်ထဲမှာသင်ယူခဲ့တာပဲဖြစ်ပါတယ်။ ၁၉၇၀ နောက်ပိုင်းမှာတော့ သူနဲ့သူ့ရဲ့ ကွန်ဖူးဇာတ်ကားတွေဟာ အမေရိက နဲ့ ဟောင်ကောင်မှာအပြင် ကမ္ဘာတစ်ဝှမ်းမှာရေပန်းစားလာခဲ့ပါတယ်။

ဘရွတ်စလီဟာ ဒီရုပ်ရှင်ကား ၅ ကားနဲ့နာမည်ကြီးသွားခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရေပန်းစားတဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူဟာ ဝိုင်းချန် ကွန်ဖူးနဲ့ သူတတ်ထားတဲ့ ကွန်ဖူးတွေကိုပေါင်းစပ်ပြီးတော့ ဂျုကွန်ဒို ကွန်ဖူးကိုလည်းတီထွက်ခဲ့ပါသေးတယ်။

ဘရုစလီဟာ ဟောင်ကောင် ၊အမေရိကန် ဖက်စပ်နိုင်ငံသားတစ်ဦးလည်းဖြစ်ပါတယ်။1973 ခုနှစ် အသက် ၃၂ နှစ်အရွယ်မှာ Kowloon Tong မှာဆုံးပါးသွားခဲ့တာပဲဖြစ်ပါတယ်။ Lee ဟာ နဂါးနှစ်နဲ့ နဂါးနာရီတိုက်တဲ့အချိန်မှာမွေးတဲ့အတွက် ကံကောင်းတဲ့နက္ခတ်လွှမ်းမိုးမှုခံရတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ဘရုစလီရဲ့အဖေကတော့ ဟန်တရုတ်အမျိုးသား Lee Hoi Chuen ဖြစ်ပြီး အမေကတော့ တရုတ်သွေးတစ်ဝက် ကေကေရှန်းသွေးတစ်ဝက်ပါဝင်တဲ့အမျိုးသမီး Grace Ho ပဲဖြစ်ပါတယ်။

ဘရုစလီဟာ မွေးချင်း ၅ ယောက်မှာ ၄ ယောက်မြောက်သားတစ်ဦးဖြစ်ပါတယ်။သူ့မွေးချင်းတွေကတော့ Phobe Lee , Agnes Lee , Peter Lee , Robert Lee တို့ဖြစ်ကြပြီး ဘရုစလီ ၃ မွှေးပြီးသုံးလအကြာမှာ သူ့မိဘတွေက ဟောင်ကောင်ကိုပြန်လာခဲ့ကြတာပဲဖြစ်ပါတယ်။

ဂျူလိုင် ၂၀ ၁၉၇၃ ခုနှစ်မှာ ဘရွတ်စလီဟာ ခေါင်းအလွန်ကိုက်နေတဲ့အတွက် သူ့ကိုဆေးတိုက်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာအဲ့ဒီအချိန်ထဲက ကိုမာဝင်သွားပြီးတော့ ပြန်သတိမရလာတော့ပါဘူး။ သူဟာ အကိုက်အခဲပျောက်ဆေးနဲ့ဓါတ်မတည့် တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် ဒီဆေးသောက်လိုက်တဲ့အချိန်မှာ ဦးနှောက်ထဲမှာအရည်တွေပြည့်လျံသွားခဲ့ပြီးသေဆုံးသွားတာပဲဖြစ်ပါတယ်။

ဘရုစလီရဲ့ အသုဘကိုတော့ လူပေါင်း ၂၅၀၀၀ လောက်တက်ရောက်ခဲ့ကြပြီး သူ့ကို Enter The Dragon ဇာတ်ကားထဲမှာ ဝတ်ခဲ့တဲ့ ဝတ်စုံဝတ်ပေးထားခဲ့ပါတယ်။ ဝါရှင်တန် စီတဲလ် မှာ အသုဘအခန်းအနားကျင်းပခဲ့တာဖြစ်ပြီး သူ့အခေါင်းကိုတော့ James Coburn , Steve McQueen နဲ့သူ့အစ်ကို Robert Lee တို့ကသယ်ဆောင်ပေးခဲ့ကြပြီး သဂြိ ၤုလ်ခဲ့တာပဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Min Thu (Daily Hot News)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top