ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ရြာတရြာမွာ သမီးေတြခ်ည္း ၃ ေယာက္ ေမြးထားတဲ့ အေဒၚႀကီး တေယာက္ ရွိတယ္ ။ အဲဒီ ရြာမွာပဲ ၿမိဳ႕ကေန ေရာက္လာတဲ့ အင္မတန္မွ အေျပာေကာင္းၿပီး အလုပ္ မလုပ္ပဲ လိမ္ညာ စားေသာက္ေနတဲ့ ပတ္ခၽြဲႏွပ္ခၽြဲ လူရႈပ္ တေယာက္လည္း ရွိတယ္ ။ အညာေဒသရဲ႕ ဓေလ့စရုိက္ အရ ရြာသူ ရြာသားေတြဟာ အင္မတန္လည္း ရုိးသားၾက ပါတယ္ ။

အဲဒီလုိနဲ႔ပဲ အေဒၚႀကီးရဲ႕ သမီး အႀကီးဆံုးဟာ လူရႈပ္နဲ႔ ညားပါေလေရာ ။ ကိုလူလည္ကလည္း သူ႔ထံုးစံ အတုိင္း ေယာက္ခမ နဲ႔ ခယ္မေတြကိုပါ အဆင္ေျပေအာင္ ေျပာဆုိ စည္းရံုးၿပီး တအိမ္လံုးရဲ႕ေမတၱာကုိ ရေအာင္ ယူထားႏုိင္ခဲ့ ပါတယ္။

တရက္မွာေတာ့ လူရႈပ္ရဲ႕ဇနီးဟာ အမ်ဳိးသမီးေရာဂါတခုနဲ႔ ရုတ္တရက္ ကြယ္လြန္သြား ပါတယ္ ။ မိန္းမျဖစ္သူရဲ႕ အသုဘမွာ ကိုလူရႈပ္ဟာ အမ်ဳိးမ်ိဳးေသာ အလြမ္းအေဆြး တမ္းတမႈေတြနဲ႔ က်ဴက်ဴပါေအာင္ ငုိပါတယ္ ။ ေယာက္ခမၾကီးနဲ႔ ခယ္မေတြသာ မက အသုဘ လာၾကတဲ့ ပရိသတ္ႀကီးကလည္း ကိုလူရႈပ္ရဲ႕ အလြမ္းအေသာေလးေတြကုိ နားေထာင္ရင္း ကရုဏာျဖစ္မိ ၾကတယ္ ။

အသုဘ ကိစၥေတြၿပီးလုိ႔ ရက္လည္ ဆြမ္းသြပ္တဲ့ အခါ အမွ်ေဝရင္း ကိုလူရႈပ္က သူရဲ႕ ေနာက္ဆံုး ငုိေၾကြးတမ္းတျခင္းကုိ ဟန္ပန္ အျပည့္နဲ႔ လုပ္ေဆာင္ခဲ့ ပါတယ္ ။ ” ေအာင္မေလး ေမာင့္အခ်စ္ရဲ႕ … မင္းရဲ့ ေနာက္ဆံုးအခ်ိန္မွာ တတြတ္တြတ္ မွာၾကားခဲ့တဲ့ စကားေလး ကုိ ေမာင္ မေျပာရက္ပါဘူးကြယ္ … ေမာင့္ကုိ ခြင့္လႊတ္ေပးပါေတာ့ … ေနာက္ဘဝမွသာ အျပစ္ေတြ ေက်ေအာင္ ေပးဆပ္ပါရေစ … ေကာင္းမြန္ရာ ဘံုဘဝမွာ ေမာင့္ကုိ ေစာင့္ေနပါ … ေမာင္အေရာက္ လာခဲ့ပါ့မယ္ … တို႔ႏွစ္ဦး ဆံုတဲ့အခါမွသာ ေမာင့္ကုိ အျပစ္တင္ပါေတာ့ ေမာင့္အခ်စ္ေလးရဲ႕ … ” ဆုိၿပီး ၄ ၊ ၅ ႀကိမ္ ေအာ္ဟစ္ ငုိယုိပါေလေရာ ။

နာေရးလာတဲ့ ပရိသတ္ေတြနဲ႔ ဆြမ္းစားၾကြတဲ့ သံဃာေတာ္ေတြလည္း ကရုဏာသက္ရင္း ျပန္သြားၾကပါသတဲ့ ။ နာေရး ကိစၥၿပီးေတာ့ ေယာက္ခမႀကီးက သမီးၾကီးျဖစ္သူရဲ႕ ေနာက္ဆံုး ဆႏၵကုိ လုိက္ေလ်ာခ်င္တာေၾကာင့္ ကိုေရႊသားမက္ကုိ ေခၚၿပီး ” သမီးၾကီးက ေနာက္ဆံုး ဘာမွာ ခဲ့သလဲ သား … အားမနာနဲ႔ အေမ့ကုိေျပာပါ … ဘာပဲ ျဖစ္ျဖစ္ လုပ္ေပးပါ့မယ္ … အေမ့သမီးေလး သူ႔ခရီးကုိ ေကာင္းေကာင္း သြားပါေစကြယ္ ” လုိ႔ ေျပာတယ္။

ကိုေရႊသားမက္ ကလည္း အပူရုပ္ကုိ ဟန္လုပ္ရင္း ” က်ေနာ္ မေျပာရက္ပါဘူး အေမရယ္ ” လုိ႔ မ်က္ရည္ေလး တစမ္းစမ္း အသံ တုိးတုိး ညင္းညင္းေလး နဲ႔ ေျပာရွာတယ္ ။ အဲဒီလုိ ႀကိမ္ဖန္မ်ားစြာ အားနာဖုိ႔ မလုိေၾကာင္း ေယာက္ခမျဖစ္သူက ေျပာေလေတာ့ ေဘးက ခယ္မ အလတ္ေလးကုိ လွမ္းၾကည့္ရင္း ” နားနဲ႔ မနာဖဝါးနဲ႔ နာပါ အေမ … အေမ့သမီးက သူမရွိတဲ့ ေနာက္ပုိင္းမွာ ဒီအိမ္ကေန ဘယ္ကုိမွ ထြက္မသြားပဲ ညီမေလးနဲ႔ က်ေနာ္႔ကုိ လက္ထပ္ပါလုိ႔ ေသေသ ခ်ာခ်ာ မွာသြားတယ္ … ဒါေပမယ့္ က်ေနာ္ ဘယ္လုိ ေျပာရက္မွာလဲ အေမရယ္ ” လုိ႔ ေျပာရင္း ေျပာရင္း ငုိခ်ပါေလေရာ။

သမီးၾကီး ျဖစ္သူကုိ ခ်စ္ျခင္းေၾကာင့္ ေယာက္ခမႀကီးခမ်ာ မၾကာခင္မွာပဲ သားမက္ျဖစ္သူကုိ သမီးအလတ္နဲ႔ ေနရာခ်ေပး ပါေလေရာ ။ သားမက္ လူရႈပ္ကလည္း ေရွးကထက္ တုိးလုိ႔ ကြယ္လြန္သူ ဇနီးစကားကုိ အေလးထားၿပီး မိသားစု အေပၚမွာ အရင္ကထက္ ပုိၿပီး ၾကင္ၾကင္နာနာ ဆက္ဆံပါတယ္ ။ ဒါေပမဲ႔ မၾကာခင္မွာ သမီးအလတ္ေလးလည္း အမ်ဳိးသမီးေရာဂါ နဲ႔ ကြယ္လြန္သြားျပန္ ပါေလေရာ …

အဲဒီ အခါမွာေတာ့ သားမက္ဟာ သူရဲ႕ ငုိခ်င္းကုိ အရွိန္ ပုိျမွင့္ၿပီး သူ႔ဘဝ ကံဆုိးေၾကာင္းေတြေရာ သူ႔ကုိ ၾကင္နာသူ မွန္သမွ် လူ႔ေလာကႀကီးက ေစာေစာစီးစီး ထြက္သြားတတ္ေၾကာင္းေတြ ကုိေရာ သူဟာ မေကာင္းေသာ ၿဂိဳလ္ေကာင္ႀကီးသာ ျဖစ္ေၾကာင္း ဇနီးမ်ားရဲ႕ ကုိယ္စား သူသာ ေသလုိက္ခ်င္ေၾကာင္း ေတြကုိ စီကာပတ္ကံုး ဖဲြ႕ႏဲြ႕ျပီး ငုိေၾကြးေနပါတယ္ ။

ရြာက ရြာသူ ရြာသားေတြလည္း မယားႏွေယာက္ ဆက္တုိက္ ယူႏုိင္ျခင္းကုိ ေမ့ေပ်ာက္ၿပီး ဒီေကာင္ေလး ကံဆုိးလုိက္တာ ဆုိတဲ့ မွတ္ခ်က္ေလးျပဳရင္း ကရုဏာ သက္ၾကျပန္ပါတယ္ ။

နာေရး ကိစၥၿပီးလုိ႔ ရက္လည္ ဆြမ္းသြပ္တဲ့ အခါ အမွ်ေဝရင္း ကိုလူရႈပ္က သူရဲ႕ ဒုတိယေျမာက္ ေနာက္ဆံုးငုိေၾကြး တမ္းတျခင္းကုိ အရင္က ထက္ ပုိတဲ့ဟန္နဲ႔ ထပ္ၿပီး လုပ္ေဆာင္ခဲ့ျပန္ ပါတယ္။

” ေအာင္မေလး ညီမေလးရဲ႕ … မင္းကလည္း မင္းအစ္မလုိ အကုိ႔ကုိ ေနာက္ဆံုး အခ်ိန္မွာ တတြတ္တြတ္မွာၾကားခဲ့တဲ့ စကားကုိ အကုိ ဘယ္လုိ ေျပာထြက္ပါ့ မတုန္းကြယ္ … အကုိ႔ကုိ ခြင့္လႊတ္ေပးပါေတာ့ … ေနာက္ဘဝမွာ အျပစ္ေတြ ေက်ေအာင္ ဆပ္ပါရေစ … ေကာင္းမြန္ရာ ဘံုဘဝမွာ အကုိ႔ကုိ ေစာင့္ေနပါ … အကုိတုိ႔ ဆံုတဲ့အခါ မွသာ ၾကိဳက္သေလာက္ အျပစ္တင္ပါေတာ့ ” ဆုိၿပီး ေရွးနည္း အတုိင္း ၄ ၊ ၅ ႀကိမ္ အသံျပာေအာင္ ေအာ္ဟစ္ ငုိယုိျပန္ ပါတယ္ ။ ပရိသတ္ေတြနဲ႔ ဆြမ္းစားၾကြတဲ့ သံဃာေတာ္ေတြလည္း ယခင္အတုိင္း ကရုဏာ သက္ရင္း ျပန္သြားၾကပါတယ္ ။

ဒီလုိနဲ႔ နာေရး ကိစၥၿပီးေတာ့ ေယာက္ခမႀကီးက သမီးျဖစ္သူရဲ႕ ေနာက္ဆံုး ဆႏၵကုိ ရိပ္စားမိတာ ေၾကာင့္ သားမက္ကုိ ေခၚရင္း ” သူ႔ အစ္မလုိပဲ မွာခဲ့ေလသလား သား ” လုိ႔ ေမးရွာသတဲ့ ကိုေရႊသားမက္ ကလည္း မ်က္ဝန္း တဝိုက္က မေျခာက္ေသးတဲ့ မ်က္ရည္ စက္ေတြကုိ အက်ႌလက္နဲ႔ သုတ္ရင္း ငုိသံေလးနဲ႔ ” ဟုတ္ကဲ့ပါ အေမ ” လုိ႔ ေျပာရင္း တရႈံ႕ရံႈ႕ ငုိေၾကြးေလတယ္ ။ မိခင္ႀကီးကလည္း ” ဘယ္တတ္ႏုိင္ မလဲကြယ္ … သြားေလသူေတြရဲ႕ ဆႏၵ ကုိေတာ့ လိုက္ေလ်ာေပးရမွာေပါ့ ” လုိ႔ေျပာရင္း သားမက္ ကိုလူရႈပ္ကုိ သမီးအငယ္ဆံုးေလးနဲ႔ ေနရာ ခ်ထားေပးျပန္ သတဲ့ ။

အဲ ဒီလုိနဲ႔ သမီးအငယ္ဆံုးေလး မဂၤလာေဆာင္ၿပီး တဲ့ည အိပ္ခန္းထဲ မဝင္မီမွာ မိခင္ျဖစ္သူက သမီးနဲ႔ သားမက္ကုိ ေခၚၿပီး ” သမီးေလးရယ္ … အခု အေမ့မွာလည္း သမီး တေယာက္ပဲ ရွိေတာ့တယ္ သမီး … က်န္းမာေရးကုိ အထူး ဂရုစုိက္ပါ … က်န္းမာေအာင္ ေနပါ … အေမ အထူး မွာခ်င္တာကေတာ့ တကယ္လုိ႔ သမီးလည္း သမီးအစ္မေတြလုိ ေသဆံုးခဲ့ရမယ္ ဆုိရင္ … ေနာက္ဆံုး စကားေလးကုိေတာ့ ဆင္ဆင္ျခင္ျခင္ေျပာခဲ့ပါ … သမီး ေသဆံုးသြားရင္ အေမပဲ က်န္ခဲ့ေတာ့မွာေလ … မလုပ္ေကာင္းတာ ေတြကုိ မမွာခဲ့ပါနဲ႔ သမီးရယ္ … ေနာ္ ” လုိ႔ ဆံုးမစကားကုိ ေျပာၾကားလုိက္ပါေတာ့ သတည္း …. ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thutastar
# Unicode Version ျဖင့္ ဖတ္ပါ #
ရွာတရွာမှာ သမီးတွေချည်း ၃ ယောက် မွေးထားတဲ့ အဒေါ်ကြီး တယောက် ရှိတယ် ။ အဲဒီ ရွာမှာပဲ မြို့ကနေ ရောက်လာတဲ့ အင်မတန်မှ အပြောကောင်းပြီး အလုပ် မလုပ်ပဲ လိမ်ညာ စားသောက်နေတဲ့ ပတ်ချွဲနှပ်ချွဲ လူရှုပ် တယောက်လည်း ရှိတယ် ။ အညာဒေသရဲ့ ဓလေ့စရိုက် အရ ရွာသူ ရွာသားတွေဟာ အင်မတန်လည်း ရိုးသားကြ ပါတယ် ။

အဲဒီလိုနဲ့ပဲ အဒေါ်ကြီးရဲ့ သမီး အကြီးဆုံးဟာ လူရှုပ်နဲ့ ညားပါလေရော ။ ကိုလူလည်ကလည်း သူ့ထုံးစံ အတိုင်း ယောက်ခမ နဲ့ ခယ်မတွေကိုပါ အဆင်ပြေအောင် ပြောဆို စည်းရုံးပြီး တအိမ်လုံးရဲ့မေတ္တာကို ရအောင် ယူထားနိုင်ခဲ့ ပါတယ်။

တရက်မှာတော့ လူရှုပ်ရဲ့ဇနီးဟာ အမျိုးသမီးရောဂါတခုနဲ့ ရုတ်တရက် ကွယ်လွန်သွား ပါတယ် ။ မိန်းမဖြစ်သူရဲ့ အသုဘမှာ ကိုလူရှုပ်ဟာ အမျိုးမျိုးသော အလွမ်းအဆွေး တမ်းတမှုတွေနဲ့ ကျူကျူပါအောင် ငိုပါတယ် ။ ယောက်ခမကြီးနဲ့ ခယ်မတွေသာ မက အသုဘ လာကြတဲ့ ပရိသတ်ကြီးကလည်း ကိုလူရှုပ်ရဲ့ အလွမ်းအသောလေးတွေကို နားထောင်ရင်း ကရုဏာဖြစ်မိ ကြတယ် ။

အသုဘ ကိစ္စတွေပြီးလို့ ရက်လည် ဆွမ်းသွပ်တဲ့ အခါ အမျှဝေရင်း ကိုလူရှုပ်က သူရဲ့ နောက်ဆုံး ငိုကြွေးတမ်းတခြင်းကို ဟန်ပန် အပြည့်နဲ့ လုပ်ဆောင်ခဲ့ ပါတယ် ။ ” အောင်မလေး မောင့်အချစ်ရဲ့ … မင်းရဲ့ နောက်ဆုံးအချိန်မှာ တတွတ်တွတ် မှာကြားခဲ့တဲ့ စကားလေး ကို မောင် မပြောရက်ပါဘူးကွယ် … မောင့်ကို ခွင့်လွှတ်ပေးပါတော့ … နောက်ဘဝမှသာ အပြစ်တွေ ကျေအောင် ပေးဆပ်ပါရစေ … ကောင်းမွန်ရာ ဘုံဘဝမှာ မောင့်ကို စောင့်နေပါ … မောင်အရောက် လာခဲ့ပါ့မယ် … တို့နှစ်ဦး ဆုံတဲ့အခါမှသာ မောင့်ကို အပြစ်တင်ပါတော့ မောင့်အချစ်လေးရဲ့ … ” ဆိုပြီး ၄ ၊ ၅ ကြိမ် အော်ဟစ် ငိုယိုပါလေရော ။

နာရေးလာတဲ့ ပရိသတ်တွေနဲ့ ဆွမ်းစားကြွတဲ့ သံဃာတော်တွေလည်း ကရုဏာသက်ရင်း ပြန်သွားကြပါသတဲ့ ။ နာရေး ကိစ္စပြီးတော့ ယောက်ခမကြီးက သမီးကြီးဖြစ်သူရဲ့ နောက်ဆုံး ဆန္ဒကို လိုက်လျောချင်တာကြောင့် ကိုရွှေသားမက်ကို ခေါ်ပြီး ” သမီးကြီးက နောက်ဆုံး ဘာမှာ ခဲ့သလဲ သား … အားမနာနဲ့ အမေ့ကိုပြောပါ … ဘာပဲ ဖြစ်ဖြစ် လုပ်ပေးပါ့မယ် … အမေ့သမီးလေး သူ့ခရီးကို ကောင်းကောင်း သွားပါစေကွယ် ” လို့ ပြောတယ်။

ကိုရွှေသားမက် ကလည်း အပူရုပ်ကို ဟန်လုပ်ရင်း ” ကျနော် မပြောရက်ပါဘူး အမေရယ် ” လို့ မျက်ရည်လေး တစမ်းစမ်း အသံ တိုးတိုး ညင်းညင်းလေး နဲ့ ပြောရှာတယ် ။ အဲဒီလို ကြိမ်ဖန်များစွာ အားနာဖို့ မလိုကြောင်း ယောက်ခမဖြစ်သူက ပြောလေတော့ ဘေးက ခယ်မ အလတ်လေးကို လှမ်းကြည့်ရင်း ” နားနဲ့ မနာဖဝါးနဲ့ နာပါ အမေ … အမေ့သမီးက သူမရှိတဲ့ နောက်ပိုင်းမှာ ဒီအိမ်ကနေ ဘယ်ကိုမှ ထွက်မသွားပဲ ညီမလေးနဲ့ ကျနော့်ကို လက်ထပ်ပါလို့ သေသေ ချာချာ မှာသွားတယ် … ဒါပေမယ့် ကျနော် ဘယ်လို ပြောရက်မှာလဲ အမေရယ် ” လို့ ပြောရင်း ပြောရင်း ငိုချပါလေရော။

သမီးကြီး ဖြစ်သူကို ချစ်ခြင်းကြောင့် ယောက်ခမကြီးခမျာ မကြာခင်မှာပဲ သားမက်ဖြစ်သူကို သမီးအလတ်နဲ့ နေရာချပေး ပါလေရော ။ သားမက် လူရှုပ်ကလည်း ရှေးကထက် တိုးလို့ ကွယ်လွန်သူ ဇနီးစကားကို အလေးထားပြီး မိသားစု အပေါ်မှာ အရင်ကထက် ပိုပြီး ကြင်ကြင်နာနာ ဆက်ဆံပါတယ် ။ ဒါပေမဲ့ မကြာခင်မှာ သမီးအလတ်လေးလည်း အမျိုးသမီးရောဂါ နဲ့ ကွယ်လွန်သွားပြန် ပါလေရော …

အဲဒီ အခါမှာတော့ သားမက်ဟာ သူရဲ့ ငိုချင်းကို အရှိန် ပိုမြှင့်ပြီး သူ့ဘဝ ကံဆိုးကြောင်းတွေရော သူ့ကို ကြင်နာသူ မှန်သမျှ လူ့လောကကြီးက စောစောစီးစီး ထွက်သွားတတ်ကြောင်းတွေ ကိုရော သူဟာ မကောင်းသော ဂြိုလ်ကောင်ကြီးသာ ဖြစ်ကြောင်း ဇနီးများရဲ့ ကိုယ်စား သူသာ သေလိုက်ချင်ကြောင်း တွေကို စီကာပတ်ကုံး ဖွဲ့နွဲ့ပြီး ငိုကြွေးနေပါတယ် ။

ရွာက ရွာသူ ရွာသားတွေလည်း မယားနှယောက် ဆက်တိုက် ယူနိုင်ခြင်းကို မေ့ပျောက်ပြီး ဒီကောင်လေး ကံဆိုးလိုက်တာ ဆိုတဲ့ မှတ်ချက်လေးပြုရင်း ကရုဏာ သက်ကြပြန်ပါတယ် ။

နာရေး ကိစ္စပြီးလို့ ရက်လည် ဆွမ်းသွပ်တဲ့ အခါ အမျှဝေရင်း ကိုလူရှုပ်က သူရဲ့ ဒုတိယမြောက် နောက်ဆုံးငိုကြွေး တမ်းတခြင်းကို အရင်က ထက် ပိုတဲ့ဟန်နဲ့ ထပ်ပြီး လုပ်ဆောင်ခဲ့ပြန် ပါတယ်။

” အောင်မလေး ညီမလေးရဲ့ … မင်းကလည်း မင်းအစ်မလို အကို့ကို နောက်ဆုံး အချိန်မှာ တတွတ်တွတ်မှာကြားခဲ့တဲ့ စကားကို အကို ဘယ်လို ပြောထွက်ပါ့ မတုန်းကွယ် … အကို့ကို ခွင့်လွှတ်ပေးပါတော့ … နောက်ဘဝမှာ အပြစ်တွေ ကျေအောင် ဆပ်ပါရစေ … ကောင်းမွန်ရာ ဘုံဘဝမှာ အကို့ကို စောင့်နေပါ … အကိုတို့ ဆုံတဲ့အခါ မှသာ ကြိုက်သလောက် အပြစ်တင်ပါတော့ ” ဆိုပြီး ရှေးနည်း အတိုင်း ၄ ၊ ၅ ကြိမ် အသံပြာအောင် အော်ဟစ် ငိုယိုပြန် ပါတယ် ။ ပရိသတ်တွေနဲ့ ဆွမ်းစားကြွတဲ့ သံဃာတော်တွေလည်း ယခင်အတိုင်း ကရုဏာ သက်ရင်း ပြန်သွားကြပါတယ် ။

ဒီလိုနဲ့ နာရေး ကိစ္စပြီးတော့ ယောက်ခမကြီးက သမီးဖြစ်သူရဲ့ နောက်ဆုံး ဆန္ဒကို ရိပ်စားမိတာ ကြောင့် သားမက်ကို ခေါ်ရင်း ” သူ့ အစ်မလိုပဲ မှာခဲ့လေသလား သား ” လို့ မေးရှာသတဲ့ ကိုရွှေသားမက် ကလည်း မျက်ဝန်း တဝိုက်က မခြောက်သေးတဲ့ မျက်ရည် စက်တွေကို အကျႌလက်နဲ့ သုတ်ရင်း ငိုသံလေးနဲ့ ” ဟုတ်ကဲ့ပါ အမေ ” လို့ ပြောရင်း တရှုံ့ရှုံ့ ငိုကြွေးလေတယ် ။ မိခင်ကြီးကလည်း ” ဘယ်တတ်နိုင် မလဲကွယ် … သွားလေသူတွေရဲ့ ဆန္ဒ ကိုတော့ လိုက်လျောပေးရမှာပေါ့ ” လို့ပြောရင်း သားမက် ကိုလူရှုပ်ကို သမီးအငယ်ဆုံးလေးနဲ့ နေရာ ချထားပေးပြန် သတဲ့ ။

အဲ ဒီလိုနဲ့ သမီးအငယ်ဆုံးလေး မင်္ဂလာဆောင်ပြီး တဲ့ည အိပ်ခန်းထဲ မဝင်မီမှာ မိခင်ဖြစ်သူက သမီးနဲ့ သားမက်ကို ခေါ်ပြီး ” သမီးလေးရယ် … အခု အမေ့မှာလည်း သမီး တယောက်ပဲ ရှိတော့တယ် သမီး … ကျန်းမာရေးကို အထူး ဂရုစိုက်ပါ … ကျန်းမာအောင် နေပါ … အမေ အထူး မှာချင်တာကတော့ တကယ်လို့ သမီးလည်း သမီးအစ်မတွေလို သေဆုံးခဲ့ရမယ် ဆိုရင် … နောက်ဆုံး စကားလေးကိုတော့ ဆင်ဆင်ခြင်ခြင်ပြောခဲ့ပါ … သမီး သေဆုံးသွားရင် အမေပဲ ကျန်ခဲ့တော့မှာလေ … မလုပ်ကောင်းတာ တွေကို မမှာခဲ့ပါနဲ့ သမီးရယ် … နော် ” လို့ ဆုံးမစကားကို ပြောကြားလိုက်ပါတော့ သတည်း …. ။

ဖိုးသူတော် (www.phothutaw.com)
Credit: thutastar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top