×














# Unicode Version ဖြင့် ဖတ်ပါ #
အသက် ၂၄ နှစ်အရွယ် ရုရှားမော်ဒယ် Kira Mayer ဟာ မော်စကိုမြို့မှာ ကားမောင်းနေခဲ့တဲ့အချိန်မှာ လိုင်စင်မဲ့ကားမောင်းမှုကြောင့်အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

သူ့ကိုဖမ်းတဲ့ရဲနှစ်ဦးကို ကိုယ်ထိလက်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာတော့ အမှုမစွဲအောင် ရဲနှစ်ဦးကို သူနဲ့အတူအိပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်တဲ့။

ရဲအရာရှိတွေကတော့ ကမ်းလှမ်းချက်ကို ငြင်းဆိုပြီး သူ့ကို ဖမ်းဆီးခဲ့ကြပါတယ်။

ဒါကတော့ ရဲတွေနဲ့ သွားညှိခဲ့တဲ့ အသက် ၂၄နှစ်အရွယ်ရုရှားမော်ဒယ် Kira Mayer ပါ။

မော်ဒယ်ဟာသတင်းထောက်တွေကို ဘာတစ်ခွန်းမှပြန်လည်ဖြေကြားခြင်းမရှိပါဘူး။
တရားရုံးမှာ ကြားနာမှုမစခင်မှာလည်း မျက်နှာကို ကွယ်ထားခဲ့ပါတယ်။ မသင့်တော်တဲ့ကိစ္စတွေပါနေခဲ့တာကိုး။

Mayer ဟာ အခုချိန်မှာဆိုရင် ရဲအရာရှိကို ကိုယ်ထိလက်ရောက်စော်ကားမှုနဲ့ပါတရားစွဲခံနေရပါပြီ။
တာဝန်ကျရဲအရာရှိကို ထိခိုက်ဒဏ်ရာရစေမှုနဲ့သူ့ကို စွဲချက်တင်ထားတာဖြစ်ကြောင်း အမှုအခင်းကော်မတီအပြောအရသိရပါတယ်။

ရဲအရာရှိက သူ့ကိုကားထပ်မောင်းခွင့်မရှိတော့ဘူးလို့ပြောတဲ့နောက်မှာတော့ သူက ဒေါသထွက်ပြီး ကန်ကြောက်ကုတ်ခြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၅ လတုန်းက အခင်းဖြစ်နေရာကထွက်ပြေးတဲ့အမှုနဲ့ ဒီမော်ဒယ်ကိုကားမောင်းခွင့်ပိတ်ထားတာဖြစ်ပါတယ်။

သူမဟာ အော်ဟစ်ပြီးတော့ ရဲအရာရှိတွေရဲ့ စာရွက်စာတမ်းတွေကိုပါ လုခဲ့ပါသေးတယ်တဲ့။

သူ အရာရှိတွေကို လက်သည်းနဲ့ကုတ်ခြစ်တယ် ၊ဆဲဆိုပြီးတော့ မောင်းပြေးဖို့တောင်ကြိုးစားသေးတယ်။ဒါပေမယ့်မလွတ်ခဲ့ပါဘူး။

ဒီနောက်မှာတော့ သူ့ကို ဖမ်းတဲ့ရဲအရာရှိနှစ်ဦးကို တစ်ယောက်ချင်းစီဖြစ်စေ အတူတူဖြစ်စေ အတူအိပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်တဲ့။
ဒါပေမယ့် အရာရှိတွေက ကမ်းလှမ်းမှုကို လက်မခံပဲ ဒီမော်ဒယ်ကိုဖမ်းဆီးခဲ့ပါတယ်။

Mayer ရဲ့ အင်စတာကောင့်မှာ Followers ပေါင်း ၁၄၈၀၀ လောက်ရှိပြီးတော့ သူဟာ မကြာခနဆိုသလို ဒူဘိုင်းကို အလည်သွားတတ်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

“ပျော်စရာ ဘဝမှာနေရတာပျင်းလာတဲ့အခါမှာတော့အခြားလူတွေလို အိမ်ထောင်ပြုပြီး ဒုက္ခတွေခံစားဦးမယ်” လို့ သူ့အကောင့်မှာရေးသားထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Min Thu (Daily Hot News)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top