ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

Marlin Kundang ဆိုတယ့္ လုလင္
ပ်ိဳဟာ သူမေမြးခင္ကတည္းက ဖခင္ဆံုးပါး
သြားတာေၾကာင္ ့ မိခင္ႀကီးက သူ႔သားကို
အစစအရာရာ အလိုလိုက္ခဲ့ပါတယ္။အရပ္
တကာလွည့္ကာ ေစ်းေရာင္းခ်လ်က္ျဖင့္
လည္းေကာင္း ၊ အမ်ားတကာ အိမ္တြင္
အ၀တ္အထည္မ်ား အငွားေလ်ွာ္လ်က္ျဖင့္
လည္းေကာင္း ထိန္းသိမ္းေစာင့္ေရွာက္ခဲ့
ပါတယ္။ သိတတ္စအ႐ြယ္မွာ သေဘၤာမ်ား
ပိုင္ဆိုင္ေသာ သူေဌးတစ္ဦးက မိခင္ႀကီး၏
ဒုကၡမ်ားကို ေတြ႕ျမင္ကာ သနားသျဖင့္
သားျဖစ္သူအား ေမြးစားခြင့္ေတာင္းရာ
မိခင္ျဖစ္သူက လက္မခံခ်င္ေသာ္လည္း
သားျဖစ္သူက မရမက ပူဆာေသာေၾကာင့္
သူေဌးထံ ထည့္လႊတ္လိုက္ရပါတယ္။ အဲဒီ
အခ်ိန္ကတည္းက သားျဖစ္သူဟာ မိခင္ထံ
ကို တစ္ေခါက္မ်ွ ျပန္မလာေတာ့ပါဘူး။

ဒါေၾကာင့္ မိခင္ဟာ သားျဖစ္သူကိုျပန္ေတြ႕
ရနိုးနိုးျဖင့္ ၿမိဳ႕တကာၿမိဳ႕ရဲ႕ဆိပ္ကမ္းေတြမွာ
နွစ္အေတာ္ၾကာၾကာ ရွာေဖြေနခဲ့ပါတယ္။
သားျဖစ္တယ့္ Marlin Kundang က
ေတာ့ သူေဌးရဲ႕သမီးနဲ႔ နိကာဟ္ထိမ္းျမားခဲ့
ၿပီး ကိုယ္ပိုင္သေဘၤာရဲ႕မာလိန္းမွဴ း တစ္ဦး
ပင္ ျဖစ္ေနပါၿပီ။
မိခင္ႀကီးခမ်ာ အသက္အ႐ြယ္အိုမင္း
လာလို႔ လုပ္ကိုင္စားေသာက္ဖို ႔ အဆင္
မေျပေတာ့တယ့္အတြက္ ဆိပ္ကမ္းေတြမွာ
ေတာင္းရမ္း စားေသာက္ကာ သားျဖစ္သူ
ကို မေသခင္ေတြ႕ရလိမ့္မည္ဟူေသာ ေမ်ွာ္
လင့္ခ်က္ျဖင့္ အစာေရဆာ မ၀တ၀ျဖင့္ ရွင္
သန္ ရပ္တည္ေနခဲ့ပါတယ္။
တစ္ေန႔ေတာ့ Pandang ဆိပ္ကမ္းမွာ
သားျဖစ္သူကို အမွတ္မထင္ ေတြ႕ရွိလိုက္
ရတယ့္အတြက္ ၀မ္းသာအားရနဲ႔ နံမည္ကို
ေခၚလ်က္ သြားေရာက္ခဲ့ပါတယ္။ ဖခင္နွင့္
ခြၽတ္စြပ္တူေၾကာင္းနွင့္ မ်က္နွာေပၚရွိ ထင္
ရွားေသာ မွဲ႔ေၾကာင့္ သူမ၏သားျဖစ္သူကို
လြယ္လင့္တကူမွတ္မိ၍ လာေရာက္ နႈတ္
ဆက္ဖို႔ လာျခင္းကလြဲ၍ အျခားေမ်ွာ္လင့္
ခ်က္မရွိေၾကာင္း ေျပာဆိုပါတယ္။သားျဖစ္
သူကလည္း မွတ္မိပါလ်က္ ၊ မိခင္ရင္းအား
ေမာက္မာစြာျဖင့္ ……….

……..”ခင္ဗ်ားႀကီး- ေတာင္းစားမယ္ဆိုရင္
ေအးေအးေဆးေဆးပဲ ေတာင္းစားစမ္းပါ။
ဟိုလိမ္ ဒီလိမ္နဲ ႔ အမ်ိဳးလာ မေတာ္ေနနဲ႔ ။
ခင္ဗ်ားႀကီးကို က်ဳပ္မသိဘူး” ဟု ရင့္ရင့္
သီးသီးျငင္းလႊတ္ပါတယ္။
မိခင္ႀကီးကေတာ့ လူၾကားထဲမွာ အရွက္
ခြဲခံရလို႔ ေဒါသထြက္ခ်င္ပါေသာ္လည္း ၊
စိတ္နာခ်င္ပါေသာ္လည္း မိမိ၏သား ဒုကၡ
ေရာက္မည္စိုးရိမ္၍ မ်က္ရည္မက်ေအာင္
အတတ္နိုင္ဆံုး က်ိတ္မွိတ္ကာျဖင့္ ေအာင့္
အီးသည္းညည္းခံေနခဲ့သလို က်ိန္စာတိုက္
ျခင္းလည္း မရွိခဲ့ပါေပ။ သို႔ေသာ္………….
……………သားျဖစ္သူက ကုန္ပစၥည္းမ်ား
တင္ေဆာင္ၿပီး၍ သေဘၤာထြက္ခါနီးတြင္
မိခင္၏ အနီးသို႔လာေရာက္ကာ”က်ဳပ္မိခင္
က….. ခင္ဗ်ားလို လူမြဲတစ္ေယာက္ ျဖစ္ပါ
တယ္” ဟု ခနဲ႔တဲ့တဲ့ လာေရာက္ေျပာဆို
လိုက္တယ့္အတြက္ ရုတ္တရက္ မိခင္က
စိတ္မထိန္းနိုင္ဘဲ “နင္ဟာေလ ၊ မိခင္ရင္း
ကို ေစာ္ကားတယ့္ေကာင္ ။ ေက်ာက္တံုး
လို လူပဲ !!!!!!!!!နင္ေရာ နင့္သေဘၤာေရာ
ေက်ာက္တံုး ေတြမ်ားလား” လို႔ပဲ ထင္မိ
တယ္ ဆိုၿပီး ေခ်ပေျပာဆိုလိုက္မိပါတယ္။

မၾကာမီ သေဘာၤထြက္ခါနီးမွာ မေမ်ွာ္လင့္ဘဲ မိုးေမွာင္က်လာျပီး
မိုးၾကိဳးတစ္ခ်က္ ထိမွန္ျပီးေနာက္ သေဘာၤနွင့္ သေဘာၤေပၚတြင္
ပါေသာ ပစၥည္းႏွင့္လူမ်ားအားလံုး
ေက်ာက္တံုးအျဖစ္သို့ေျပာင္းလဲသြားပါေတာ့တယ္။

အင္ဒိုနီးရွားနိုင္ငံ၊အေနာက္ ဆူမားၾတား
ကြၽန္း ေတာင္ဘက္ျခမ္းရွိ Pasar Paya
Pandang ဆိပ္ကမ္းအနီးတြင္ …. ခရစ္
သကၠရာဇ္ ၁၈၀၅ခုနွစ္မွာ အမွန္တစ္ကယ္
ျဖစ္ပ်က္ခဲ့တယ့္ ဇာတ္လမ္းတစ္ခုပါ။
ဂ်ကာတာၿမိဳ႕ေတာ္ရွိတယ့္ Jawaကြၽန္း
မွ Sundaေရလက္ၾကားကို Ferryျဖင့္ကူး
ျဖတ္လ်ွင္ ဆူမားၾတားကြၽန္းသို႔ေရာက္ရွိၿပီး၊
Pandang ဆိပ္ကမ္းကို ကားစီးသြားရပါ
မယ္။ Marlin ေက်ာက္သားရွိတယ့္ေနရာ
က ဆိပ္ကမ္းနဲ႔ ၁၂ကီလိုမီတာပဲ ေ၀းေပ
မယ္ ့ မတ္ေစာက္ေကြ႕ေကာက္တယ့္လမ္း
ျဖစ္ေနလို႔ ေျခလ်င္ျဖစ္ေစ ၊ ဆိုင္ကယ္နဲ႔ျဖစ္
ေစ သြားေရာက္ၾကပါတယ္ ။ ကမာၻလွည့္
ခရီးသြား အမ်ားအျပား ကို ဆြဲေဆာင္ရာ
ေနရာ တစ္ခုလည္း ျဖစ္ေနပါတယ္။
မိခင္ကိုျပစ္မွားလို႔ ေက်ာက္ရုပ္ျဖစ္သြား
ရတယ့္ျဖစ္ရပ္မွန္ကို အင္ဒိုနီးရွားတစ္နိုင္ငံ
လံုးက လူမ်ိဳးျခား ဘာသာျခားမ်ားကလည္း
လက္သင့္ခံယံုၾကည္လ်က္ မိမိတို႔ရဲ႕ သား
သမီးမ်ားကို ဥပမာေပးကာ ဆံုးမသြန္သင္
ၾကပါတယ္။ျဖစ္ရပ္မွန္ စာအုပ္ေတြအမ်ားစု
တြင္ ပံုျပင္သဖြယ္ ေရးသားထားၾကၿပီး ၊
မည္သည့္ကာလတုန္းက မည္ကဲ့သို႔ျဖစ္
ပ်က္ခဲ့ျခင္း ျဖစ္ေၾကာင္း အေသးစိတ္ေရး
သားထားသည္မရွိေသာ္လည္း အင္ဒိုနီး
ရွားနိုင္ငံ၏ အစၥလာမ့္သမိုင္းကို ေဆြစဥ္
မ်ိဳးဆက္ ေျပာၾကားေနၾကေသာ ဘာသာ
တရားေလးစားေနၾကေသာသူတို႔၏ မွတ္
တမ္းတြင္ ခရစ္သကၠရာဇ္ ၁၈၀၅ခုနွစ္မွာ
ျဖစ္ပ်က္ခဲ့တယ္လို႔ ေရးသားထားပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Overall Knowledge

#Unicode Version#
Marlin Kundang ဆိုတယ့် လုလင်
ပျိုဟာ သူမမွေးခင်ကတည်းက ဖခင်ဆုံးပါး
သွားတာကြောင့် မိခင်ကြီးက သူ့သားကို
အစစအရာရာ အလိုလိုက်ခဲ့ပါတယ်။အရပ်
တကာလှည့်ကာ ဈေးရောင်းချလျက်ဖြင့်
လည်းကောင်း ၊ အများတကာ အိမ်တွင်
အဝတ်အထည်များ အငှားလျှော်လျက်ဖြင့်
လည်းကောင်း ထိန်းသိမ်းစောင့်ရှောက်ခဲ့
ပါတယ်။ သိတတ်စအရွယ်မှာ သင်္ဘောများ
ပိုင်ဆိုင်သော သူဌေးတစ်ဦးက မိခင်ကြီး၏
ဒုက္ခများကို တွေ့မြင်ကာ သနားသဖြင့်
သားဖြစ်သူအား မွေးစားခွင့်တောင်းရာ
မိခင်ဖြစ်သူက လက်မခံချင်သော်လည်း
သားဖြစ်သူက မရမက ပူဆာသောကြောင့်
သူဌေးထံ ထည့်လွှတ်လိုက်ရပါတယ်။ အဲဒီ
အချိန်ကတည်းက သားဖြစ်သူဟာ မိခင်ထံ
ကို တစ်ခေါက်မျှ ပြန်မလာတော့ပါဘူး။

ဒါကြောင့် မိခင်ဟာ သားဖြစ်သူကိုပြန်တွေ့
ရနိုးနိုးဖြင့် မြို့တကာမြို့ရဲ့ဆိပ်ကမ်းတွေမှာ
နှစ်အတော်ကြာကြာ ရှာဖွေနေခဲ့ပါတယ်။
သားဖြစ်တယ့် Marlin Kundang က
တော့ သူဌေးရဲ့သမီးနဲ့ နိကာဟ်ထိမ်းမြားခဲ့
ပြီး ကိုယ်ပိုင်သင်္ဘောရဲ့မာလိန်းမှူ း တစ်ဦး
ပင် ဖြစ်နေပါပြီ။
မိခင်ကြီးခမျာ အသက်အရွယ်အိုမင်း
လာလို့ လုပ်ကိုင်စားသောက်ဖို့ အဆင်
မပြေတော့တယ့်အတွက် ဆိပ်ကမ်းတွေမှာ
တောင်းရမ်း စားသောက်ကာ သားဖြစ်သူ
ကို မသေခင်တွေ့ရလိမ့်မည်ဟူသော မျှော်
လင့်ချက်ဖြင့် အစာရေဆာ မဝတ၀ဖြင့် ရှင်
သန် ရပ်တည်နေခဲ့ပါတယ်။
တစ်နေ့တော့ Pandang ဆိပ်ကမ်းမှာ
သားဖြစ်သူကို အမှတ်မထင် တွေ့ရှိလိုက်
ရတယ့်အတွက် ဝမ်းသာအားရနဲ့ နံမည်ကို
ခေါ်လျက် သွားရောက်ခဲ့ပါတယ်။ ဖခင်နှင့်
ချွတ်စွပ်တူကြောင်းနှင့် မျက်နှာပေါ်ရှိ ထင်
ရှားသော မှဲ့ကြောင့် သူမ၏သားဖြစ်သူကို
လွယ်လင့်တကူမှတ်မိ၍ လာရောက် နှုတ်
ဆက်ဖို့ လာခြင်းကလွဲ၍ အခြားမျှော်လင့်
ချက်မရှိကြောင်း ပြောဆိုပါတယ်။သားဖြစ်
သူကလည်း မှတ်မိပါလျက် ၊ မိခင်ရင်းအား
မောက်မာစွာဖြင့် ……….


……..”ခင်ဗျားကြီး- တောင်းစားမယ်ဆိုရင်
အေးအေးဆေးဆေးပဲ တောင်းစားစမ်းပါ။
ဟိုလိမ် ဒီလိမ်နဲ့ အမျိုးလာ မတော်နေနဲ့ ။
ခင်ဗျားကြီးကို ကျုပ်မသိဘူး” ဟု ရင့်ရင့်
သီးသီးငြင်းလွှတ်ပါတယ်။
မိခင်ကြီးကတော့ လူကြားထဲမှာ အရှက်
ခွဲခံရလို့ ဒေါသထွက်ချင်ပါသော်လည်း ၊
စိတ်နာချင်ပါသော်လည်း မိမိ၏သား ဒုက္ခ
ရောက်မည်စိုးရိမ်၍ မျက်ရည်မကျအောင်
အတတ်နိုင်ဆုံး ကျိတ်မှိတ်ကာဖြင့် အောင့်
အီးသည်းညည်းခံနေခဲ့သလို ကျိန်စာတိုက်
ခြင်းလည်း မရှိခဲ့ပါပေ။ သို့သော်………….
……………သားဖြစ်သူက ကုန်ပစ္စည်းများ
တင်ဆောင်ပြီး၍ သင်္ဘောထွက်ခါနီးတွင်
မိခင်၏ အနီးသို့လာရောက်ကာ”ကျုပ်မိခင်
က….. ခင်ဗျားလို လူမွဲတစ်ယောက် ဖြစ်ပါ
တယ်” ဟု ခနဲ့တဲ့တဲ့ လာရောက်ပြောဆို
လိုက်တယ့်အတွက် ရုတ်တရက် မိခင်က
စိတ်မထိန်းနိုင်ဘဲ “နင်ဟာလေ ၊ မိခင်ရင်း
ကို စော်ကားတယ့်ကောင် ။ ကျောက်တုံး
လို လူပဲ !!!!!!!!!နင်ရော နင့်သင်္ဘောရော
ကျောက်တုံး တွေများလား” လို့ပဲ ထင်မိ
တယ် ဆိုပြီး ချေပပြောဆိုလိုက်မိပါတယ်။

မကြာမီ သဘောၤထွက်ခါနီးမှာ မမျှော်လင့်ဘဲ မိုးမှောင်ကျလာပြီး
မိုးကြိုးတစ်ချက် ထိမှန်ပြီးနောက် သဘောၤနှင့် သဘောၤပေါ်တွင်
ပါသော ပစ္စည်းနှင့်လူများအားလုံး
ကျောက်တုံးအဖြစ်သို့ပြောင်းလဲသွားပါတော့တယ်။

အင်ဒိုနီးရှားနိုင်ငံ၊အနောက် ဆူမားတြား
ကျွန်း တောင်ဘက်ခြမ်းရှိ Pasar Paya
Pandang ဆိပ်ကမ်းအနီးတွင် …. ခရစ်
သက္ကရာဇ် ၁၈၀၅ခုနှစ်မှာ အမှန်တစ်ကယ်
ဖြစ်ပျက်ခဲ့တယ့် ဇာတ်လမ်းတစ်ခုပါ။
ဂျကာတာမြို့တော်ရှိတယ့် Jawaကျွန်း
မှ Sundaရေလက်ကြားကို Ferryဖြင့်ကူး
ဖြတ်လျှင် ဆူမားတြားကျွန်းသို့ရောက်ရှိပြီး၊
Pandang ဆိပ်ကမ်းကို ကားစီးသွားရပါ
မယ်။ Marlin ကျောက်သားရှိတယ့်နေရာ
က ဆိပ်ကမ်းနဲ့ ၁၂ကီလိုမီတာပဲ ဝေးပေ
မယ့် မတ်စောက်ကွေ့ကောက်တယ့်လမ်း
ဖြစ်နေလို့ ခြေလျင်ဖြစ်စေ ၊ ဆိုင်ကယ်နဲ့ဖြစ်
စေ သွားရောက်ကြပါတယ် ။ ကမ္ဘာလှည့်
ခရီးသွား အများအပြား ကို ဆွဲဆောင်ရာ
နေရာ တစ်ခုလည်း ဖြစ်နေပါတယ်။
မိခင်ကိုပြစ်မှားလို့ ကျောက်ရုပ်ဖြစ်သွား
ရတယ့်ဖြစ်ရပ်မှန်ကို အင်ဒိုနီးရှားတစ်နိုင်ငံ
လုံးက လူမျိုးခြား ဘာသာခြားများကလည်း
လက်သင့်ခံယုံကြည်လျက် မိမိတို့ရဲ့ သား
သမီးများကို ဥပမာပေးကာ ဆုံးမသွန်သင်
ကြပါတယ်။ဖြစ်ရပ်မှန် စာအုပ်တွေအများစု
တွင် ပုံပြင်သဖွယ် ရေးသားထားကြပြီး ၊
မည်သည့်ကာလတုန်းက မည်ကဲ့သို့ဖြစ်
ပျက်ခဲ့ခြင်း ဖြစ်ကြောင်း အသေးစိတ်ရေး
သားထားသည်မရှိသော်လည်း အင်ဒိုနီး
ရှားနိုင်ငံ၏ အစ္စလာမ့်သမိုင်းကို ဆွေစဉ်
မျိုးဆက် ပြောကြားနေကြသော ဘာသာ
တရားလေးစားနေကြသောသူတို့၏ မှတ်
တမ်းတွင် ခရစ်သက္ကရာဇ် ၁၈၀၅ခုနှစ်မှာ
ဖြစ်ပျက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit:  Overall Knowledge


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top