ျမန္မာႏိုင္ငံ ေတာင္ပိုင္းေဒသမ်ား တြင္ မိုး႐ြာသြန္းမႈအားေကာင္းေနၿပီး မြန္ျပည္နယ္တစ္ခုလံုး ေရႀကီးေရလွ်ံမႈမ်ားျဖစ္ကာ ေမာ္လၿမိဳင္၊ ေရး၊ မုတၱမ၊ သံျဖဴဇရပ္ၿမိဳ႕မ်ားသည္လည္း အေျခအေန ဆိုးဆိုး႐ြား႐ြား ႀကံဳေနရေၾကာင္း ေမာ္လၿမိဳင္ၿမိဳ႕တြင္ ေနထိုင္သည့္သတင္းေထာက္က သတင္းေပးပို႔သည္။

ေမာ္လၿမိဳင္ရွိ သမိုင္းဝင္တန္ခိုးႀကီး က်ိဳက္သလႅံ ေစတီေတာ္ႀကီးမွာ ေျမၿပိဳမႈေတြ အမ်ားအျပား ျဖစ္ေပၚၿပီး၊ ေစတီေတာ္ အေရွ႕ဘက္မုခ္မွ ဓာက္ေလွကားလည္း ေစာင္းသြားေၾကာင္း၊ ရင္ျပင္ေတာ္ေပၚမွ သာသနိကအေဆာက္အအံု အေတာ္မ်ားမ်ားပ်က္စီးခဲ့ၿပီး မုခ္ဦးတိုင္လံုးႀကီးေတြလည္း ကြဲအက္ေနေၾကာင္း၊ အနိမ့္ပိုင္း ရပ္ကြက္မ်ားအားလံုး ေရျမဳပ္ေနေၾကာင္းလည္း ၎က ေျပာဆိုသည္။သံျဖဴဇရပ္ ေမာ္လၿမိဳင္လမ္းၾကားတြင္ ေတာင္က်ေရမ်ား အေျခအေနဆိုး ေနၿပီး ေမာ္လၿမိဳင္ဘက္ကို လူအခ်ိဳ႕ ေျပာင္းေ႐ႊ႕ေနၾကေၾကာင္းလည္း သံျဖဴဇရပ္ကို ေရာက္ေနသူတစ္ဦးက ေျပာသည္။

မြန္ျပည္နယ္ ေမာ္လၿမိဳင္၊ မုတၱမ၊ မုဒံု၊ သံျဖဴဇရပ္၊ ေရးအပါအဝင္ ၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္တြင္ မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ ဇြန္လ ၁၇ ရက္ နံနက္အေစာပိုင္းမွစ၍ ေရႀကီးနစ္ျမဳပ္ခဲ့ရာ ေရေဘးသင့္သူ ၃၀၀၀ ေက်ာ္ကို ေဘးလြတ္ရာသို႔ ေျပာင္းေ႐ႊ႕ထားရေၾကာင္း သဘာဝေဘး စီမံခန္႔ခြဲမႈ ဦးစီးဌာန၊ ၫြန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာကိုကိုႏိုင္က ေျပာသည္။

ေမာ္လၿမိဳင္ၿမိဳ႕နယ္တြင္ ဇြန္လ ၁၇ ရက္ နံနက္ ၃ နာရီခန္႔မွစ၍ မိုးသည္းထန္စြာ ႐ြာသြန္းျခင္း၊ ေလျပင္းတိုက္ခတ္မႈေၾကာင့္ ၿမိဳင္သာယာ၊ သီရိၿမိဳင္၊ ဖက္ခင္း၊ ေဇယ်ာၿမိဳင္၊ ေတာင္ဝိုင္းရပ္ကြက္တို႔တြင္ ေရႀကီးနစ္ျမဳပ္ေၾကာင္း၊ ေရႀကီးမႈေၾကာင့္ ေနအိမ္၊ ကာ၊ ဆိုင္ကယ္တို႔ ေရႀကီးနစ္ျမဳပ္ၿပီး အခ်ိဳ႕ေနရာမ်ားတြင္ လူတစ္ရပ္ေက်ာ္ခန္႔ ေရႀကီးနစ္ျမဳပ္ခဲ့သည္။ေမာ္လၿမိဳင္ၿမိဳ႕၊ ေတာင္ဝိုင္း ဥယ်ာဥ္ လမ္းနယ္ေျမထဲမွာ ေရႀကီးေနမႈေၾကာင့္ လူ ၂၀၀ နီးပါးခန္႔ကို ေတာင္ဝိုင္းရပ္ရွိ ဓမၼ ရကၡိတစာသင္တိုက္တြင္ ေရေဘးေရွာင္စခန္း ဖြင့္လွစ္ကာ ယာယီထားရွိၿပီး လူမႈကူညီ ေရးအဖြဲ႔မ်ားက အစားအေသာက္မ်ားကို ကူညီေပးလ်က္ရွိသည္။

“အရင္က ဒီလိုမျဖစ္ဖူးဘူး၊ ေရတက္ရင္လည္း နည္းနည္းပဲတက္တယ္၊ အခုလို အိမ္ျမဳပ္တဲ့အထိျဖစ္တာ မရွိဘူး၊ ၄ နာရီေလာက္က ေနလို႔မရေတာ့ဘူး၊ အဲဒါနဲ႔ ကူတဲ့လူေတြ ေရာက္လာေတာ့ ပစၥည္းေတြ ဝိုင္းေ႐ႊ႕ကူညီေပးၾကတယ္”ဟု ေရေဘးေရွာင္သူ ေဒၚသန္းသန္းေဝက ေျပာသည္။ေမာ္လၿမိဳင္တြင္ ေနထိုင္သူတို႔က ယခုေရႀကီးမႈမွာ ႏွစ္ေပါင္း ၆၀ ခန္႔အတြင္း အဆိုး႐ြားဆံုး ေရႀကီးမႈဟုလည္း ေျပာဆိုၾကသည္။ေတာင္ဝိုင္း ဥယ်ာဥ္လမ္း နယ္ေျမထဲတြင္ ေရႀကီးကာ ပိတ္မိေနေသာ ေဒသခံ ၁၅၀ ေက်ာ္ကို ေရေဘးကင္းလြတ္ရာသို႔ စက္ေလွမ်ားျဖင့္ ကယ္ဆယ္ေရး အဖြဲ႔ဝင္မ်ားက ရွာေဖြကယ္ဆယ္ခဲ့ရေၾကာင္း ကယ္ဆယ္ေရး ေဆာင္႐ြက္ခဲ့ေသာ ဘိုဘိုဝင္း (လူမႈကယ္ဆယ္ေရးအဖြဲ႔) က ေျပာသည္။ယင္းအျပင္ ေမာ္လၿမိဳင္ ေတာင္႐ိုးတန္း က်ိဳက္သလႅံေစတီ အေရွ႕ဘက္မုခ္အနီး ေျမသားနံရံၿပိဳက်ကာ အုတ္တံတိုင္းၿပိဳက်ျခင္းႏွင့္ အေဆာက္အအံုအခ်ိဳ႕ ထိခိုက္ပ်က္စီးခဲ့ေၾကာင္း၊ ယင္းအျပင္ ျမေစတီ ရဲေက်ာင္း အုတ္တံတိုင္း၊ ဘိုကုန္း သံလြင္ ဥယ်ာဥ္အနီး ဟိႏၵဴဘုရားေက်ာင္း အုတ္တံတိုင္း၊ ေမာင္ငံရပ္ အလက-၂ အုတ္တံတိုင္းမ်ား ၿပိဳက်ပ်က္စီးခဲ့သည္။

အဆိုပါ ေရႀကီးနစ္ျမဳပ္မႈမ်ားေၾကာင့္ ေမာ္လၿမိဳင္ မုတၱမ-သံလြင္တံတားကို ၃ နာရီေက်ာ္ၾကာ ပိတ္ထားၿပီး ေမာ္ေတာ္ ယာဥ္မ်ားကို အလွည့္က် ျဖတ္သန္းသြားလာခြင့္ေပးထားသည္။

ေရႀကီးနစ္ျမဳပ္မႈႏွင့္ ပတ္သက္၍ တာဝန္ရွိသူမ်ား စာရင္းေကာက္ခံေနၿပီး လူမႈကယ္ဆယ္ေရး အဖြဲ႔မ်ားကလည္း ကူညီေထာက္ပံ့မႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း၊ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္က ေဆးကုသမႈႏွင့္ ေစာင္၊ အဝတ္အစားမ်ားကို ကူညီေထာက္ပံ့ေပးမည္ ျဖစ္ေၾကာင္း မြန္ျပည္နယ္ အစိုးရအဖြဲ႔ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးဝင္းႏိုင္ဦးက ေျပာၾကားသည္။ေပါင္ၿမိဳ႕နယ္ မုတၱမၿမိဳ႕ရွိ ေမတၱာမြန္၊ ခ်မ္းသာႀကီး၊ ဝါတီ႐ွဴး အပါအဝင္ ရပ္ကြက္ ၅ ခုႏွင့္ မုတၱမတိုက္နယ္ ေဆး႐ံုတြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္ဦးစီးဌာနထံမွ သိရသည္။မုတၱမတိုက္နယ္ေဆး႐ံုထဲသို႔ ေရ ၃ ေပခန္႔ ဝင္ေရာက္သျဖင့္ ေဆး႐ံုလူနာမ်ားႏွင့္ လူနာေစာင့္မ်ားႏွင့္ လူ ၅၀ ေက်ာ္ကို ေရေဘးကင္းလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းထားေၾကာင္း ေဒသခံတစ္ဦးထံမွ သိရသည္။

“အသက္ ၇၀ ရွိၿပီ တစ္ခါမွ ဒီေလာက္ ေရႀကီးတာ မျမင္ဖူးဘူး”ဟု မုတၱမၿမိဳ႕တြင္ ေနထိုင္သူတစ္ဦးက ဆိုသည္။

သံျဖဴဇရပ္ -ေမာ္လၿမိဳင္ကားလမ္း ႏွီးပေဒါေက်း႐ြာအနီးတြင္ ကားလမ္းေရေက်ာ္ကာ ေျမသားၿပိဳက်မႈမ်ားျဖစ္ပြားရာ ယာဥ္သြားလာေရး ခက္ခဲေနေၾကာင္း၊ ယင္းအျပင္ က်ိဳက္မေရာ-မုဒံုကားလမ္း ဘုရားႏွစ္ဆူအနီးတြင္ တံတားေရတိုက္စားၿပီး ကမ္းပါးၿပိဳသျဖင့္ လမ္းေခတၱ ပိတ္ထားရေၾကာင္း ေမာ္လၿမိဳင္- မုဒံုလမ္းပိုင္း ေက်ာက္တစ္လံုးေတာင္အနီးတြင္လည္း လမ္းေပၚ ေရ ၄ ေပခန္႔ တက္သည့္အတြက္ ယာဥ္သြားလာရန္ ခက္ခဲေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။အလားတူ မုဒံုၿမိဳ႕ႏွင့္ ေရးၿမိဳ႕နယ္တို႔ တြင္လည္း မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေရႀကီးေရလွ်ံမႈျဖစ္ကာ ႏွစ္၂၀ေက်ာ္တြင္ အဆိုးဝါးဆံုး ျဖစ္ခဲ့ေၾကာင္း၊ မုဒံုၿမိဳ႕ႏွင့္ ေရးၿမိဳ႕နယ္ရွိ ရပ္ကြက္၊ ေက်း႐ြာအခ်ိဳ႕တြင္ ေရ ၄ ေပခန္႔ ျမင့္တက္ေနေၾကာင္း ေဒသခံအခ်ိဳ႕ထံမွ သိရသည္။

ေရးၿမိဳ႕နယ္ရွိ ေက်ာင္း႐ြာ၊ ရန္ႀကီးေအာင္ အပါအဝင္ ေက်း႐ြာ ၄ ႐ြာတြင္ အိမ္ေျခ ၃၅၀ေက်ာ္ ေရဝင္နစ္ျမဳပ္ေနၿပီး ၿမိဳ႕နယ္ အားကစား႐ံုတြင္ ကယ္ဆယ္ေရးစခန္းဖြင့္ထားသည္။မုဒံုၿမိဳ႕နယ္ရွိ ခိုင္ေ႐ႊဝါလမ္းႏွင့္ အုတ္ က်င္းရပ္ကြက္တို႔တြင္ ေရအျမင့္ ၅ ေပခန္႔ ျမင့္တက္မႈေၾကာင့္ အိမ္ေျခ ၅၀၀ ေက်ာ္ နစ္ျမဳပ္ခဲ့ၿပီး သက္ဆိုင္ရာ ဌာနအဖြဲ႔အစည္းမ်ားႏွင့္ ကယ္ဆယ္ေရး အသင္းအဖြဲ႔မ်ားမွ ရွာေဖြကယ္ဆယ္ကာ ေရေဘးသင့္ျပည္သူမ်ားကို နီးစပ္ရာဘုန္းႀကီးေက်ာင္းမ်ားသို႔ ပို႔ေဆာင္ေပးခဲ့ကာ အသင္းအဖြဲ႔မ်ားမွ ထမင္းထုပ္မ်ားေဝကာ ကူညီေဆာင္႐ြက္ေနေၾကာင္း မုဒံုေဒသခံ ဦးစိုးပိုင္က ေျပာၾကားသည္။မြန္ျပည္နယ္တြင္ ဇြန္လ ၁၇ ရက္က ေရႀကီးမႈေၾကာင့္ က်ိဳက္မေရာ-မုဒံု၊ ခုနစ္ ေခြလမ္းတြင္လည္း လမ္းေျမၿပိဳမႈမ်ား ျဖစ္ပြား၍ လမ္းကိုေခတၱပိတ္ထားၿပီး ကဒါ – ကၽြန္း႐ြာ – မုဒံု လမ္းမႀကီးတစ္ေလွ်ာက္တြင္လည္း ေရႀကီးျခင္းေၾကာင့္ ေမာ္ေတာ္ယာဥ္မ်ား ျဖတ္သန္းလာခြင့္ မျပဳေတာ့ေၾကာင္း ေဒသခံျပည္သူမ်ားထံမွ သိရသည္။

“မုဒံုၿမိဳ႕မွာ ေရႀကီးမႈေၾကာင့္ လူ ေသဆံုးတာ၊ ထိခိုက္တာေတြေတာ့ မရွိပါဘူး။ ေရႀကီးေတာ့ လမ္းေတြေရေက်ာ္ေနတဲ့အတြက္ ယာဥ္ေတြ ျဖတ္သန္းသြားလာခြင့္ေတာ့ ေခတၱ ပိတ္တာေတြေတာ့ရွိတယ္။ အသင္းအဖြဲ႔ေတြက ကယ္ဆယ္ေရးေတြလည္း ေဆာင္႐ြက္ေပးေနပါတယ္”ဟု မုဒံုၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္ (၂) မွ မြန္ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမ်ိဳးထြန္းကဆိုသည္။မုဒံုၿမိဳ႕နယ္၊ ႏွီးပေဒါေက်း႐ြာႏွင့္ ေရာင္းေဒါင္းေက်း႐ြာ ေမာ္သံလမ္းတြင္ ေရႀကီးမႈေၾကာင့္ ကားမ်ား ျဖတ္သန္းသြားလာ၍မရဘဲ မုဒံုၿမိဳ႕ေပၚရွိ လမ္းမမ်ားႏွင့္ ေက်ာင္းေနာက္ရပ္၊ ေပၚေတာ္မူရပ္ကြက္၊ အုတ္က်င္းရပ္ကြက္ႏွင့္ အျခားရပ္ကြက္၊ ေက်း႐ြာအခ်ိဳ႕တြင္လည္း ေရႀကီးနစ္ျမဳပ္မႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္းႏွင့္ ေရးၿမိဳ႕နယ္ရွိ လမ္းမေပၚမ်ား၊ ေမာ့ကနင္း႐ြာ၊ ႐ြာသာယာရပ္ကြက္ႏွင့္ အျခားရပ္ကြက္ေက်း႐ြာမ်ားတြင္လည္း ေရႀကီးနစ္ျမဳပ္မႈမ်ား ျဖစ္ေပၚခဲ့သည္။

မြန္ျပည္နယ္ရွိ ၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္တြင္ ေရႀကီးမႈေၾကာင့္ ကယ္ဆယ္ေရး စခန္း ၂၉ ခု ဖြင့္လွစ္ကာ ေရေဘးသင့္မႈမ်ားကို ေဘးလႊတ္ရာသို႔ ေ႐ႊ႕ေျပာင္းထားေၾကာင္း မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံက ေျပာသည္။အစိုးရဘက္ကမူ မြန္ျပည္နယ္ ေရႀကီးေရလွ်ံမႈအတြက္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား လုပ္ကိုင္ရန္ သြားေရာက္ေနၿပီျဖစ္ေၾကာင္း ေျပာဆိုၿပီး လတ္တေလာ အေရးေပၚ အေျခအေန ေၾကညာရန္မရွိေသးေၾကာင္း ေျပာဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  The Voice
#Unicode Version#
မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ တွင် မိုးရွာသွန်းမှုအားကောင်းနေပြီး မွန်ပြည်နယ်တစ်ခုလုံး ရေကြီးရေလျှံမှုများဖြစ်ကာ မော်လမြိုင်၊ ရေး၊ မုတ္တမ၊ သံဖြူဇရပ်မြို့များသည်လည်း အခြေအနေ ဆိုးဆိုးရွားရွား ကြုံနေရကြောင်း မော်လမြိုင်မြို့တွင် နေထိုင်သည့်သတင်းထောက်က သတင်းပေးပို့သည်။

မော်လမြိုင်ရှိ သမိုင်းဝင်တန်ခိုးကြီး ကျိုက်သလ္လံ စေတီတော်ကြီးမှာ မြေပြိုမှုတွေ အများအပြား ဖြစ်ပေါ်ပြီး၊ စေတီတော် အရှေ့ဘက်မုခ်မှ ဓာက်လှေကားလည်း စောင်းသွားကြောင်း၊ ရင်ပြင်တော်ပေါ်မှ သာသနိကအဆောက်အအုံ အတော်များများပျက်စီးခဲ့ပြီး မုခ်ဦးတိုင်လုံးကြီးတွေလည်း ကွဲအက်နေကြောင်း၊ အနိမ့်ပိုင်း ရပ်ကွက်များအားလုံး ရေမြုပ်နေကြောင်းလည်း ၎င်းက ပြောဆိုသည်။သံဖြူဇရပ် မော်လမြိုင်လမ်းကြားတွင် တောင်ကျရေများ အခြေအနေဆိုး နေပြီး မော်လမြိုင်ဘက်ကို လူအချို့ ပြောင်းရွှေ့နေကြကြောင်းလည်း သံဖြူဇရပ်ကို ရောက်နေသူတစ်ဦးက ပြောသည်။

မွန်ပြည်နယ် မော်လမြိုင်၊ မုတ္တမ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးအပါအဝင် မြို့နယ် ၇ မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇွန်လ ၁၇ ရက် နံနက်အစောပိုင်းမှစ၍ ရေကြီးနစ်မြုပ်ခဲ့ရာ ရေဘေးသင့်သူ ၃၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရကြောင်း သဘာဝဘေး စီမံခန့်ခွဲမှု ဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ပြောသည်။

မော်လမြိုင်မြို့နယ်တွင် ဇွန်လ ၁၇ ရက် နံနက် ၃ နာရီခန့်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် မြိုင်သာယာ၊ သီရိမြိုင်၊ ဖက်ခင်း၊ ဇေယျာမြိုင်၊ တောင်ဝိုင်းရပ်ကွက်တို့တွင် ရေကြီးနစ်မြုပ်ကြောင်း၊ ရေကြီးမှုကြောင့် နေအိမ်၊ ကာ၊ ဆိုင်ကယ်တို့ ရေကြီးနစ်မြုပ်ပြီး အချို့နေရာများတွင် လူတစ်ရပ်ကျော်ခန့် ရေကြီးနစ်မြုပ်ခဲ့သည်။မော်လမြိုင်မြို့၊ တောင်ဝိုင်း ဥယျာဉ် လမ်းနယ်မြေထဲမှာ ရေကြီးနေမှုကြောင့် လူ ၂၀၀ နီးပါးခန့်ကို တောင်ဝိုင်းရပ်ရှိ ဓမ္မ ရက္ခိတစာသင်တိုက်တွင် ရေဘေးရှောင်စခန်း ဖွင့်လှစ်ကာ ယာယီထားရှိပြီး လူမှုကူညီ ရေးအဖွဲ့များက အစားအသောက်များကို ကူညီပေးလျက်ရှိသည်။

“အရင်က ဒီလိုမဖြစ်ဖူးဘူး၊ ရေတက်ရင်လည်း နည်းနည်းပဲတက်တယ်၊ အခုလို အိမ်မြုပ်တဲ့အထိဖြစ်တာ မရှိဘူး၊ ၄ နာရီလောက်က နေလို့မရတော့ဘူး၊ အဲဒါနဲ့ ကူတဲ့လူတွေ ရောက်လာတော့ ပစ္စည်းတွေ ဝိုင်းရွှေ့ကူညီပေးကြတယ်”ဟု ရေဘေးရှောင်သူ ဒေါ်သန်းသန်းဝေက ပြောသည်။မော်လမြိုင်တွင် နေထိုင်သူတို့က ယခုရေကြီးမှုမှာ နှစ်ပေါင်း ၆၀ ခန့်အတွင်း အဆိုးရွားဆုံး ရေကြီးမှုဟုလည်း ပြောဆိုကြသည်။တောင်ဝိုင်း ဥယျာဉ်လမ်း နယ်မြေထဲတွင် ရေကြီးကာ ပိတ်မိနေသော ဒေသခံ ၁၅၀ ကျော်ကို ရေဘေးကင်းလွတ်ရာသို့ စက်လှေများဖြင့် ကယ်ဆယ်ရေး အဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ခဲ့ရကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သော ဘိုဘိုဝင်း (လူမှုကယ်ဆယ်ရေးအဖွဲ့) က ပြောသည်။ယင်းအပြင် မော်လမြိုင် တောင်ရိုးတန်း ကျိုက်သလ္လံစေတီ အရှေ့ဘက်မုခ်အနီး မြေသားနံရံပြိုကျကာ အုတ်တံတိုင်းပြိုကျခြင်းနှင့် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ယင်းအပြင် မြစေတီ ရဲကျောင်း အုတ်တံတိုင်း၊ ဘိုကုန်း သံလွင် ဥယျာဉ်အနီး ဟိန္ဒူဘုရားကျောင်း အုတ်တံတိုင်း၊ မောင်ငံရပ် အလက-၂ အုတ်တံတိုင်းများ ပြိုကျပျက်စီးခဲ့သည်။

အဆိုပါ ရေကြီးနစ်မြုပ်မှုများကြောင့် မော်လမြိုင် မုတ္တမ-သံလွင်တံတားကို ၃ နာရီကျော်ကြာ ပိတ်ထားပြီး မော်တော် ယာဉ်များကို အလှည့်ကျ ဖြတ်သန်းသွားလာခွင့်ပေးထားသည်။

ရေကြီးနစ်မြုပ်မှုနှင့် ပတ်သက်၍ တာဝန်ရှိသူများ စာရင်းကောက်ခံနေပြီး လူမှုကယ်ဆယ်ရေး အဖွဲ့များကလည်း ကူညီထောက်ပံ့မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်က ဆေးကုသမှုနှင့် စောင်၊ အဝတ်အစားများကို ကူညီထောက်ပံ့ပေးမည် ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ပြောကြားသည်။ပေါင်မြို့နယ် မုတ္တမမြို့ရှိ မေတ္တာမွန်၊ ချမ်းသာကြီး၊ ဝါတီရှူး အပါအဝင် ရပ်ကွက် ၅ ခုနှင့် မုတ္တမတိုက်နယ် ဆေးရုံတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ သိရသည်။မုတ္တမတိုက်နယ်ဆေးရုံထဲသို့ ရေ ၃ ပေခန့် ဝင်ရောက်သဖြင့် ဆေးရုံလူနာများနှင့် လူနာစောင့်များနှင့် လူ ၅၀ ကျော်ကို ရေဘေးကင်းလွတ်ရာသို့ ရွှေ့ပြောင်းထားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“အသက် ၇၀ ရှိပြီ တစ်ခါမှ ဒီလောက် ရေကြီးတာ မမြင်ဖူးဘူး”ဟု မုတ္တမမြို့တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

သံဖြူဇရပ် -မော်လမြိုင်ကားလမ်း နှီးပဒေါကျေးရွာအနီးတွင် ကားလမ်းရေကျော်ကာ မြေသားပြိုကျမှုများဖြစ်ပွားရာ ယာဉ်သွားလာရေး ခက်ခဲနေကြောင်း၊ ယင်းအပြင် ကျိုက်မရော-မုဒုံကားလမ်း ဘုရားနှစ်ဆူအနီးတွင် တံတားရေတိုက်စားပြီး ကမ်းပါးပြိုသဖြင့် လမ်းခေတ္တ ပိတ်ထားရကြောင်း မော်လမြိုင်- မုဒုံလမ်းပိုင်း ကျောက်တစ်လုံးတောင်အနီးတွင်လည်း လမ်းပေါ် ရေ ၄ ပေခန့် တက်သည့်အတွက် ယာဉ်သွားလာရန် ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။အလားတူ မုဒုံမြို့နှင့် ရေးမြို့နယ်တို့ တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ကာ နှစ်၂၀ကျော်တွင် အဆိုးဝါးဆုံး ဖြစ်ခဲ့ကြောင်း၊ မုဒုံမြို့နှင့် ရေးမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင် ရေ ၄ ပေခန့် မြင့်တက်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ရေးမြို့နယ်ရှိ ကျောင်းရွာ၊ ရန်ကြီးအောင် အပါအဝင် ကျေးရွာ ၄ ရွာတွင် အိမ်ခြေ ၃၅၀ကျော် ရေဝင်နစ်မြုပ်နေပြီး မြို့နယ် အားကစားရုံတွင် ကယ်ဆယ်ရေးစခန်းဖွင့်ထားသည်။မုဒုံမြို့နယ်ရှိ ခိုင်ရွှေဝါလမ်းနှင့် အုတ် ကျင်းရပ်ကွက်တို့တွင် ရေအမြင့် ၅ ပေခန့် မြင့်တက်မှုကြောင့် အိမ်ခြေ ၅၀၀ ကျော် နစ်မြုပ်ခဲ့ပြီး သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ကယ်ဆယ်ရေး အသင်းအဖွဲ့များမှ ရှာဖွေကယ်ဆယ်ကာ ရေဘေးသင့်ပြည်သူများကို နီးစပ်ရာဘုန်းကြီးကျောင်းများသို့ ပို့ဆောင်ပေးခဲ့ကာ အသင်းအဖွဲ့များမှ ထမင်းထုပ်များဝေကာ ကူညီဆောင်ရွက်နေကြောင်း မုဒုံဒေသခံ ဦးစိုးပိုင်က ပြောကြားသည်။မွန်ပြည်နယ်တွင် ဇွန်လ ၁၇ ရက်က ရေကြီးမှုကြောင့် ကျိုက်မရော-မုဒုံ၊ ခုနစ် ခွေလမ်းတွင်လည်း လမ်းမြေပြိုမှုများ ဖြစ်ပွား၍ လမ်းကိုခေတ္တပိတ်ထားပြီး ကဒါ – ကျွန်းရွာ – မုဒုံ လမ်းမကြီးတစ်လျှောက်တွင်လည်း ရေကြီးခြင်းကြောင့် မော်တော်ယာဉ်များ ဖြတ်သန်းလာခွင့် မပြုတော့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

“မုဒုံမြို့မှာ ရေကြီးမှုကြောင့် လူ သေဆုံးတာ၊ ထိခိုက်တာတွေတော့ မရှိပါဘူး။ ရေကြီးတော့ လမ်းတွေရေကျော်နေတဲ့အတွက် ယာဉ်တွေ ဖြတ်သန်းသွားလာခွင့်တော့ ခေတ္တ ပိတ်တာတွေတော့ရှိတယ်။ အသင်းအဖွဲ့တွေက ကယ်ဆယ်ရေးတွေလည်း ဆောင်ရွက်ပေးနေပါတယ်”ဟု မုဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးထွန်းကဆိုသည်။မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာနှင့် ရောင်းဒေါင်းကျေးရွာ မော်သံလမ်းတွင် ရေကြီးမှုကြောင့် ကားများ ဖြတ်သန်းသွားလာ၍မရဘဲ မုဒုံမြို့ပေါ်ရှိ လမ်းမများနှင့် ကျောင်းနောက်ရပ်၊ ပေါ်တော်မူရပ်ကွက်၊ အုတ်ကျင်းရပ်ကွက်နှင့် အခြားရပ်ကွက်၊ ကျေးရွာအချို့တွင်လည်း ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်းနှင့် ရေးမြို့နယ်ရှိ လမ်းမပေါ်များ၊ မော့ကနင်းရွာ၊ ရွာသာယာရပ်ကွက်နှင့် အခြားရပ်ကွက်ကျေးရွာများတွင်လည်း ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည်။

မွန်ပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်တွင် ရေကြီးမှုကြောင့် ကယ်ဆယ်ရေး စခန်း ၂၉ ခု ဖွင့်လှစ်ကာ ရေဘေးသင့်မှုများကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းထားကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။အစိုးရဘက်ကမူ မွန်ပြည်နယ် ရေကြီးရေလျှံမှုအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် သွားရောက်နေပြီဖြစ်ကြောင်း ပြောဆိုပြီး လတ်တလော အရေးပေါ် အခြေအနေ ကြေညာရန်မရှိသေးကြောင်း ပြောဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:  The Voice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top