ပဲခူးတိုင္းေဒသႀကီး၊ ျပည္ခ႐ိုင္၊ သဲမဲေက်းရြာ အုပ္စု၊ သဲမဲေက်းရြာမွ ေမြးရာပါ မသန္စြမ္းေက်ာင္း သားေလးတဦးသည္ ယခုနွစ္ ၂၀၁၇-၁၈ ပညာသင္ နွစ္ တကၠသိုလ္၀င္တန္းစာေမးပဲြ ေျဖဆိုေအာင္ျမင္ခဲ့သည္။

အဆိုပါ ေက်ာင္းသားေလးမွာ ေမာင္သန္းျမင့္ျဖစ္ၿပီး ယခင္ န၀မတန္းနွင့္ ဒသမတန္းမ်ားတြင္ ေပါင္းတည္ၿမိဳ႕ အ.ထ.ကေက်ာင္းတြင္ တက္ေရာက္သင္ၾကားခဲ့ၿပီး ေပါင္းတည္ၿမိဳ႕ပညာဒါန ဘုန္းေတာ္ႀကီးေက်ာင္းျဖစ္သည့္ မဂၤလာေဇယ်ဳံဘုန္းေတာ္ႀကီးေက်ာင္းတြင္ ပညာသင္ယူခဲ့ေၾကာင္း၊ နွစ္နွစ္တိတိေျဖဆိုေသာ္လည္း ေအာင္ျမင္မႈမရရိွခဲ့ဘဲ ၎ေနထိုင္ရာ ရြာသို႔ ျပန္သြားခဲ့ၿပီး ဆက္လက္ေျဖဆိုရာမွ ယခုႏွစ္တြင္ ေအာင္ျမင္ခဲ့ေၾကာင္း သိရသည္။

”သားကဒီနွစ္မွာရြာျပန္ၿပီး ကေလးေတြကို က်ဳရွင္သင္ေပးတယ္။ ၿပီးေတာ့ သံုးလေလာက္အလိုမွာ ေပါင္းတည္ၿမိဳ႕ မွတ္တိုင္လမ္း ေဘာ္ဒါမွာငွားရမ္းေနထိုင္ခဲ့တယ္။ ၿပီးေတာ့ ပထမလတုန္းက (YAC) ေဘာ္ဒါမွာ တက္ေသးတယ္။ ဒါေပမဲ့ ဆိုင္ကယ္စီးရတာ အဆင္မေျပတာနဲ႔ ဆရာမနွစ္ေယာက္ကိုေခၚၿပီး သင္ယူတယ္။ အခက္အခဲကေတာ့ ရိွတာေပါ့။ မိဘေတြက အဆင္မေျပေတာ့ ကေလးေတြကို က်ဴရွင္ျပရတယ္။ သူတို႔ေတြရဲ႕ ၀ိုင္း၀န္းကန္ေတာ့တဲ့ေငြေၾကးေလးေတြနဲ႔ ေျဖဆိုရတာပါ”ဟု ၎က ေျပာသည္။

ေမာင္သန္းျမင့္ကို အဖဦးညြန္႔ဟန္၊ အမိေဒၚေအးေအးစမ္းတို႔မွေမြးဖြားခဲ့ၿပီး သားသမီး ၇ ေယာက္ရိွသည့္အနက္ ၅ ေယာက္ေျမာက္သားျဖစ္ေၾကာင္း၊ ၎ကေလးမွာ ေမြးရာပါေျခေထာက္ ၂ ေခ်ာင္းစလံုးႏွင့္ ဘယ္ဘက္လက္ မရိွေၾကာင္း၊ ညာဘက္လက္တဖက္သာရိွၿပီး ယင္းလက္ႏွင့္ေထာက္၍ သြားေနရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

”ကေလးေအာင္ျမင္တဲ့အတြက္ ပီတိေတာ့ျဖစ္ရတာေပါ့။ ကြ်န္မတို႔ကေတာ့ တကၠသိုလ္ဆက္တက္ဖို႔ ေမွ်ာ္မွန္းထားပါတယ္။ တကၠသိုလ္ကေန ေအာင္ျမင္ၿပီး ပညာတတ္ႀကီးျဖစ္ေစခ်င္တာေပါ့ေနာ္။ ေထာက္ပံ့မႈ ေတြအေနနဲ႔ကေတာ့ NLD အဖဲြ႕က ဆိုလာျပားနဲ႔ အင္ဗာတာေထာက္ပံ့ထားပါတယ္။ လူမႈေရးအသင္းအဖဲြ႕ ေတြကေတာ့ ကေလးအတြက္ ၀ီွးခဲ်ေတြ ေထာက္ပံ့ထားပါတယ္”ဟု ေမာင္သန္းျမင့္၏ မိခင္ေဒၚေအးေအး စမ္းက ေျပာသည္။

၂၀၁၈ တကၠသိုလ္၀င္တန္းစာေမးပဲြတြင္ တႏိုင္ငံလံုးအတိုင္းအတာျဖင့္ ၃၂ ဒသမ ၈၂ ရာခိုင္ႏႈန္းေအာင္ ျမင္ခဲ့ေၾကာင္း၊ ေမာင္သန္းျမင့္အေနျဖင့္ ဂုဏ္ထူးရဘာသာမ်ားမရိွခဲ့ေၾကာင္းနွင့္ အမွတ္စာရင္းကို ေတာင္း မၾကည့္ရေသးေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ကိုေလး(ျပည္) - News Watch
# Unicode Version ျဖင့္ ဖတ္ပါ #
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲမဲကျေးရွာ အုပ်စု၊ သဲမဲကျေးရွာမှ မွေးရာပါ မသန်စွမ်းကျောင်း သားလေးတဦးသည် ယခုနှစ် ၂၀၁၇-၁၈ ပညာသင် နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့သည်။

အဆိုပါ ကျောင်းသားလေးမှာ မောင်သန်းမြင့်ဖြစ်ပြီး ယခင် နဝမတန်းနှင့် ဒသမတန်းများတွင် ပေါင်းတည်မြို့ အ.ထ.ကကျောင်းတွင် တက်ရောက်သင်ကြားခဲ့ပြီး ပေါင်းတည်မြို့ပညာဒါန ဘုန်းတော်ကြီးကျောင်းဖြစ်သည့် မင်္ဂလာဇေယျုံဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ယူခဲ့ကြောင်း၊ နှစ်နှစ်တိတိဖြေဆိုသော်လည်း အောင်မြင်မှုမရရှိခဲ့ဘဲ ၎င်းနေထိုင်ရာ ရွာသို့ ပြန်သွားခဲ့ပြီး ဆက်လက်ဖြေဆိုရာမှ ယခုနှစ်တွင် အောင်မြင်ခဲ့ကြောင်း သိရသည်။

”သားကဒီနှစ်မှာရွာပြန်ပြီး ကလေးတွေကို ကျုရှင်သင်ပေးတယ်။ ပြီးတော့ သုံးလလောက်အလိုမှာ ပေါင်းတည်မြို့ မှတ်တိုင်လမ်း ဘော်ဒါမှာငှားရမ်းနေထိုင်ခဲ့တယ်။ ပြီးတော့ ပထမလတုန်းက (YAC) ဘော်ဒါမှာ တက်သေးတယ်။ ဒါပေမဲ့ ဆိုင်ကယ်စီးရတာ အဆင်မပြေတာနဲ့ ဆရာမနှစ်ယောက်ကိုခေါ်ပြီး သင်ယူတယ်။ အခက်အခဲကတော့ ရှိတာပေါ့။ မိဘတွေက အဆင်မပြေတော့ ကလေးတွေကို ကျူရှင်ပြရတယ်။ သူတို့တွေရဲ့ ဝိုင်းဝန်းကန်တော့တဲ့ငွေကြေးလေးတွေနဲ့ ဖြေဆိုရတာပါ”ဟု ၎င်းက ပြောသည်။

မောင်သန်းမြင့်ကို အဖဦးညွန့်ဟန်၊ အမိဒေါ်အေးအေးစမ်းတို့မှမွေးဖွားခဲ့ပြီး သားသမီး ၇ ယောက်ရှိသည့်အနက် ၅ ယောက်မြောက်သားဖြစ်ကြောင်း၊ ၎င်းကလေးမှာ မွေးရာပါခြေထောက် ၂ ချောင်းစလုံးနှင့် ဘယ်ဘက်လက် မရှိကြောင်း၊ ညာဘက်လက်တဖက်သာရှိပြီး ယင်းလက်နှင့်ထောက်၍ သွားနေရကြောင်း ဒေသခံများထံမှ သိရသည်။

”ကလေးအောင်မြင်တဲ့အတွက် ပီတိတော့ဖြစ်ရတာပေါ့။ ကျွန်မတို့ကတော့ တက္ကသိုလ်ဆက်တက်ဖို့ မျှော်မှန်းထားပါတယ်။ တက္ကသိုလ်ကနေ အောင်မြင်ပြီး ပညာတတ်ကြီးဖြစ်စေချင်တာပေါ့နော်။ ထောက်ပံ့မှု တွေအနေနဲ့ကတော့ NLD အဖွဲ့က ဆိုလာပြားနဲ့ အင်ဗာတာထောက်ပံ့ထားပါတယ်။ လူမှုရေးအသင်းအဖွဲ့ တွေကတော့ ကလေးအတွက် ဝှီးခဲျတွေ ထောက်ပံ့ထားပါတယ်”ဟု မောင်သန်းမြင့်၏ မိခင်ဒေါ်အေးအေး စမ်းက ပြောသည်။

၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် ၃၂ ဒသမ ၈၂ ရာခိုင်နှုန်းအောင် မြင်ခဲ့ကြောင်း၊ မောင်သန်းမြင့်အနေဖြင့် ဂုဏ်ထူးရဘာသာများမရှိခဲ့ကြောင်းနှင့် အမှတ်စာရင်းကို တောင်း မကြည့်ရသေးကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ကိုလေး(ပြည်) - News Watch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top