ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ညဘက္အိပ္ေကာင္းျပီဆိုရင္ အေပါ့သြားခ်င္တာက ေတာ္ေတာ္ေလးဆိုးပါတယ္။ မသြားဘဲ ေနေနရင္လည္း အိပ္မေပ်ာ္တာမ်ိဳး ျဖစ္တတ္ပါတယ္။ ညဘက္အေပါ့သြားခ်င္တာဟာ အက်င့္တစ္ခုလို ျဖစ္လာရတဲ့အေၾကာင္းအရင္းေလးေတြ ရွိပါတယ္။

၁ - ေရအမ်ားၾကီးေသာက္တယ္

 အိပ္ရာမဝင္ခင္ ေရအမ်ားၾကီးေသာက္လို႔ ျဖစ္ပါတယ္။ ေရအမ်ားၾကီးေသာက္ထားမိတဲ့အတြက္ ညသန္းေခါင္ႏုိ္းျပီး အိပ္ေရးပ်က္ရတာ ျဖစ္ပါတယ္။ ဒီလိုမျဖစ္ခ်င္ဘူးဆုိရင္ေတာ့ အိပ္ရာမဝင္ခင္ ႏွစ္နာရီအတြင္း  ေရမေသာက္ဖို႔ အေရးၾကီးပါတယ္။ ေရမေသာက္တာေတာင္ ညသန္းေကာင္ဆီးသြားခ်င္ျပီး ႏုိးလာေနေသးတယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ျပသင့္ပါျပီ။

၂ - ေကာ္ဖီနဲ႔ အရက္

ေရမေသာက္ေပမယ့္ ေကာ္ဖီနဲ႔ အရက္ တစ္ခုခု ေသာက္လို႔ ျဖစ္ပါတယ္။ ညစာစားျပီး ေကာ္ဖီေသာက္တတ္သူ၊ ညအိပ္ရာမဝင္ခင္အရက္ေလး နည္းနည္း ေသာက္တတ္သူဆိုရင္ေတာ့ ညသန္းေကာင္အေပါ့သြားတာမ်ိဳး ျဖစ္တတ္ပါတယ္။ ေျခာက္နာရီေနာက္ပိုင္း ေကာ္ဖီနဲ႔ အရက္ကို မေသာက္သင့္ပါဘူး။ အနည္းဆံုး အိပ္ရာမဝင္ခင္ သံုးနာရီအတြင္း အရက္မေသာက္သင့္တာ ျဖစ္ပါတယ္။

၃ - ေဟာ္မုန္းနည္းေနျခင္း

အသက္ၾကီးလာတာနဲ႔အမွ်  antidiuretic လို႔ေခၚတဲ့ေဟာ္မုန္းေတြနည္းပါးလာပါတယ္။ အဆုိပါ ေဟာ္မုန္းဟာ ေက်ာက္ကပ္ရဲ႕ ထိန္းခ်ဳပ္ႏုိင္စြမ္းကို ကူညီေပးေနတာျဖစ္ပါတယ္။ အဆုိပါေဟာ္မုန္းနည္းေလေလ ဆီးသြားခ်င္ေလေလပါပဲ။ ေဟာ္မုန္းဆံုးရႈံးမႈဟာ အသက္ ၄၀ ေလာက္မွာ စပါတယ္။ ေနာက္ပိုင္းမွာ သိသာလာတာ ျဖစ္ပါတယ္။  ကုသမႈေတြ ရွိေပမယ့္လည္း လူေတာ္ေတာ္မ်ားမ်ားကေတာ့ ညသန္းေကာင္အေပါ့သြားခ်င္တာဟာ အက်င့္တစ္ခုလို ျဖစ္လာပါတယ္။

၄ - ပိုးဝင္ျခင္း

ဆီးလမ္းေၾကာင္း ပိုးဝင္တာမ်ိဳးေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။ သက္ေသာင့္သက္မရွိတာ၊ ဆီးသြားတာ ေခ်ာေမြ႕မႈ မရွိတာ၊ ပူတာေတြပါ တြဲျဖစ္တတ္ပါတယ္။ အမ်ိဳးသားေတြမွာ အျဖစ္နည္းေပမယ့္ ျဖစ္တဲ့အခါမွာ တစ္ခ်ိန္လံုးဆီးသြားခ်င္ေနတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။

၅ - ဆီးခ်ိဳ ေသြးခ်ိဳ

ဆီးခ်ိဳေသြးခ်ိဳျဖစ္ေနတဲ့အခါ၊ ျဖစ္ပြားဖို႔ အေျခအေနမ်ိဳး ရွိေနတဲ့အခါ ေသြးတြင္းသၾကားဓာတ္ေတြကို ဖယ္ရွားဖို႔ ခႏၶာကိုယ္က ဆီးထုတ္လုပ္မႈကို ျမႇင့္တင္ပါတယ္။ ေန႔အခ်ိန္မွာပါ ဆီးခဏခဏသြားခ်င္တာေတြ ျဖစ္တတ္ပါတယ္။ အထူးသျဖင့္ ေရအေျမာက္အမ်ားေသာက္ေပမယ့္လည္း တစ္ခ်ိန္လံုး ေရဆာေနတတ္တာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ညဘက်အိပ်ကောင်းပြီဆိုရင် အပေါ့သွားချင်တာက တော်တော်လေးဆိုးပါတယ်။ မသွားဘဲ နေနေရင်လည်း အိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်။ ညဘက်အပေါ့သွားချင်တာဟာ အကျင့်တစ်ခုလို ဖြစ်လာရတဲ့အကြောင်းအရင်းလေးတွေ ရှိပါတယ်။

၁ - ရေအများကြီးသောက်တယ်

 အိပ်ရာမဝင်ခင် ရေအများကြီးသောက်လို့ ဖြစ်ပါတယ်။ ရေအများကြီးသောက်ထားမိတဲ့အတွက် ညသန်းခေါင်နိုးပြီး အိပ်ရေးပျက်ရတာ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ချင်ဘူးဆိုရင်တော့ အိပ်ရာမဝင်ခင် နှစ်နာရီအတွင်း  ရေမသောက်ဖို့ အရေးကြီးပါတယ်။ ရေမသောက်တာတောင် ညသန်းကောင်ဆီးသွားချင်ပြီး နိုးလာနေသေးတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသင့်ပါပြီ။

၂ - ကော်ဖီနဲ့ အရက်

ရေမသောက်ပေမယ့် ကော်ဖီနဲ့ အရက် တစ်ခုခု သောက်လို့ ဖြစ်ပါတယ်။ ညစာစားပြီး ကော်ဖီသောက်တတ်သူ၊ ညအိပ်ရာမဝင်ခင်အရက်လေး နည်းနည်း သောက်တတ်သူဆိုရင်တော့ ညသန်းကောင်အပေါ့သွားတာမျိုး ဖြစ်တတ်ပါတယ်။ ခြောက်နာရီနောက်ပိုင်း ကော်ဖီနဲ့ အရက်ကို မသောက်သင့်ပါဘူး။ အနည်းဆုံး အိပ်ရာမဝင်ခင် သုံးနာရီအတွင်း အရက်မသောက်သင့်တာ ဖြစ်ပါတယ်။

၃ - ဟော်မုန်းနည်းနေခြင်း

အသက်ကြီးလာတာနဲ့အမျှ  antidiuretic လို့ခေါ်တဲ့ဟော်မုန်းတွေနည်းပါးလာပါတယ်။ အဆိုပါ ဟော်မုန်းဟာ ကျောက်ကပ်ရဲ့ ထိန်းချုပ်နိုင်စွမ်းကို ကူညီပေးနေတာဖြစ်ပါတယ်။ အဆိုပါဟော်မုန်းနည်းလေလေ ဆီးသွားချင်လေလေပါပဲ။ ဟော်မုန်းဆုံးရှုံးမှုဟာ အသက် ၄၀ လောက်မှာ စပါတယ်။ နောက်ပိုင်းမှာ သိသာလာတာ ဖြစ်ပါတယ်။  ကုသမှုတွေ ရှိပေမယ့်လည်း လူတော်တော်များများကတော့ ညသန်းကောင်အပေါ့သွားချင်တာဟာ အကျင့်တစ်ခုလို ဖြစ်လာပါတယ်။

၄ - ပိုးဝင်ခြင်း

ဆီးလမ်းကြောင်း ပိုးဝင်တာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သက်သောင့်သက်မရှိတာ၊ ဆီးသွားတာ ချောမွေ့မှု မရှိတာ၊ ပူတာတွေပါ တွဲဖြစ်တတ်ပါတယ်။ အမျိုးသားတွေမှာ အဖြစ်နည်းပေမယ့် ဖြစ်တဲ့အခါမှာ တစ်ချိန်လုံးဆီးသွားချင်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

၅ - ဆီးချို သွေးချို

ဆီးချိုသွေးချိုဖြစ်နေတဲ့အခါ၊ ဖြစ်ပွားဖို့ အခြေအနေမျိုး ရှိနေတဲ့အခါ သွေးတွင်းသကြားဓာတ်တွေကို ဖယ်ရှားဖို့ ခန္ဓာကိုယ်က ဆီးထုတ်လုပ်မှုကို မြှင့်တင်ပါတယ်။ နေ့အချိန်မှာပါ ဆီးခဏခဏသွားချင်တာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ရေအမြောက်အများသောက်ပေမယ့်လည်း တစ်ချိန်လုံး ရေဆာနေတတ်တာ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top