မောင်ထွန်းဝင်း ဘဝ


” ၁၃၀၁ ခု တပေါင်းလပြည့် ”



” ညောင်ပင်ရွာ ”




မွေးချင်း ညီအစ်












#Unicode Version#
မောင်ထွန်းဝင်း ဘဝ

ကျေးဇူးတော်ရှင် ဆရာတော်လောင်းလျာ သတို့ သားကို

” ၁၃၀၁ ခု တပေါင်းလပြည့် ”

” 22 March 1940 ” စနေနေ့တွင်

” မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ”

” ညောင်ပင်ရွာ ”

” ခမည်းတော် ဦးစံလှ + မယ်တော် ဒေါ်ခင် ”

တို့မှ ဖွားမြင်တော်မူသည် ။

အဘိဓမ္မာစာမေးပွဲ အောင်မြင်ခဲ့စဉ်ကနောင်တော်ကြီးနှစ်ယောက်နှင့်အတူ အမှတ်တရ

မွေးချင်း ညီအစ်ကို မောင်နှမ ( ၉ ) ယောက် တို့တွင် အငယ်ဆုံး အထွေးဆုံးသားရတနာဖြစ်၍ ငယ်အမည်မှာ မောင်ထွန်းဝင်း ဖြစ်သည်။

ညောင်ပင်ရွာသည် ဧရာဝတီမြစ်လက်တက် မြောင်မြစ်ကမ်းနဖူးတွင် တည်ရှိသည် ။

၁၃၀၅- ၁၉၄၄ ခုနှစ် အသက် ( ၅ ) နှစ်သား အရွယ်တွင် စဉ့်ကူးမြို့နယ် ညောင်ပင်ရွာ ပေါ်တော်မူကျောင်းဆရာတော်ဦးကေလာသ ( ဦးလေးဘုန်းကြီး ) ထံတွင် မြန်မာစာ နှင့် ဗုဒ္ဓစာပေများကို စတင်သင်ကြားခဲ့သည် ။

စစ်ကိုင်းမြို့မှ မန္တလေးဘူတာကြီးသို့ စတင်ထွက်ခွာလာစဉ် စစ်ကိုင်းတံတားပေါ်၁၃၁၁-၁၉၄၉ ခုနှစ် ဝါဆိုလဆန်း ( ၁၁ ) ရက် အသက် ( ၁၀ ) နှစ်အရွယ်တွင်စစ်ကိုင်းတောင်ရိုး ဝိပဿနာ မဟာဂန္ဓာရုံ ကမ္မဋ္ဌာန်းတိုက်၌ အဘိဓဇမဟာရဋ္ဌဂုရူ နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရားကြီးကို ဥပ္ဈာယ်ပြုလျှက် ရှင်သာမဏေပြုခဲ့လေသည် ။

၎င်းနောက် တင်ပြပြီးဖြစ်သော ဘွဲ့လက်မှတ်များရှိကာ ၁၃၄၈-၁၉၈၆ ခုနှစ်တွင် ပထမဆုံးအကြိမ် နိုင်ငံရပ်ခြားသို့ ပညာတော်သင်ခရီး စတင်ကြွရောက်ခဲ့သည် ။

မန္တလေးဘူတာကြီးသို့လိုက်ပါ နှုတ်ဆက်ကြသည့်တပည့်များထိုသို့ကြွရင်း ၁၃၄၈-၁၉၈၆ ခုနှစ်တွင်အိန္ဒိယနိုင်ငံ အာသံ နှင့် အရုဏပရာဒေ့ရှ်မှ ရဟန်း

သာမဏေ ကျောင်းသားငယ် များ အား မြန်မာစာ နှင့် အဘိဓမ္မာတို့ကို၎င်း၁၃၄၉-၁၉၈၇ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ ဘော်ရဲလာမြို့ Y.M.B.A အသင်းသား များအား အဘိဓမ္မာကို အင်္ဂလိပ်ဘာသာဖြင့်၎င်း သင်ကြားပို့ချပေးခဲ့သည် ။

ရထားပေါ်ရောက်ရှိတော်မူပြီး

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ မကုဋာရာမ မြန်မာကျောင်း ၌ မြန်မာ သင်္ဘောသားအချို့အားဒုလ္လဘ ရဟန်းပြုပေးခဲ့လေသည် ။

မလေးရှားနိုင်ငံ ဗုဒ္ဓဘာသာ ဋ္ဌာန၌ တရားဓမ္မဟောကြားစဉ်( ဘေးမှ နီပေါနိုင်ငံသားရှင်ရာဟုလာ )

၁၃၅၅-၁၉၉၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု မေရီလင်းပြည်နယ် ဆဲလ်ဗားစပရင်းမြို့ မင်္ဂလာရာမကျောင်း၌ ဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မာဘာသာရပ်ကိုပို့ချပေးခဲ့သည် ။

ဖိုးသူတော် (www.phothutaw.com)
Credit:  Original Uploder
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top