ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အခုျဖစ္ပြားခဲ့တဲ့ ထိတ္လန္႕စရာျဖစ္ရပ္ကေတာ့ ေမာ္စကုိျမိဳ႕ေျမေအာက္ရထားတစ္ခုမွာ ျဖစ္ပ်က္ခဲ့တာပဲျဖစ္ပါတယ္။ ရထားသြားေနစဥ္ လူတစ္ေယာက္ဟာ ရထားေမာင္းသမားေရွ႕ခုန္ဝင္လာခဲ့တဲ့အတြက္ မွန္ေတြကြဲရွျပီး ရထားေမာင္းသမားလည္း အထိတ္တလန္႕ျဖစ္ခဲ့ရပါတယ္။

ဂြ်န္လ ၇ ရက္ေန႕က ေမာ္စကုိျမိဳ႕ Ryazansky Prospekt ဘူတာရံုမွာ ျဖစ္ပြားခဲ့တာပဲျဖစ္ပါတယ္။ဗီဒီယိုထဲမွာေတာ့ ရထားဘူတာရံုမွာမတ္တပ္ရပ္ေနတဲ့သူတစ္ဦးကုိအရင္ဆံုးျမင္ေတြ႕ရမွာပါ။
ေနာက္ေတာ့ ရထားေရွ႕ကိုရုတ္တရက္ခုန္ဝင္လာတဲ့အတြက္ ရထားမွန္ကြဲသြားတာကုိ ရထားေမာင္းသမားေရွ႕မွာတပ္ထားတဲ့ကင္မရာကတစ္ဆင့္ေတြ႕ျမင္ရမွာပဲျဖစ္ပါတယ္။

လံုျခံဳေရးအရာရွိေတြကေတာ့ ဒီလူဟာ ကိုယ့္ကုိယ္ကိုေသေၾကာင္းၾကံစဥ္ခဲ့တာျဖစ္ေၾကာင္းေျပာၾကားခဲ့ၾကေပမယ့္ ဒီလူက ကံေကာင္းစြာပဲအသက္ရွင္သြားခဲ့ပါတယ္။ သူဟာရထားမွန္နဲ႕တုိက္မိျပီးေတာ့ ရထားလမ္းၾကားထဲကိုက်သြားတာတဲ့အတြက္ အသက္ရွင္ခဲ့တာပါ။ ရထားေမာင္းသမားဟာ လန္႕ျဖန္႕သြားခဲ့ျပီးအေရးေပၚ ဘရိတ္ဆြဲကာ ေသေၾကာင္းၾကံစဥ္မႈအေၾကာင္း သတင္းပို႕ခဲ့ပါတယ္။

ခုန္ခ်တဲ့သူကေတာ့ အသက္ ၂၈ ႏွစ္အရြယ္အမ်ိဳးသားတစ္ေယာက္ျဖစ္ျပီး အခုခ်ိန္မွာေတာ့ ဦးေခါင္းထိခိုက္မႈနဲ႕ အရိုးက်ိဳးမႈေတြေၾကာင့္ေဆးကုသမႈခံယူေနရေပမယ့္လည္း အသက္ရွင္ႏုိင္မယ္လုိ႕ေမွ်ာ္လင့္ထားၾကပါတယ္။

ဒီျဖစ္ရပ္ဟာ အြန္လိုင္းေပၚမွာ ပံ်ႏွံ႕သြားျပီးေနာက္ေဝဖန္ေျပာဆုိမႈမ်ားစြာရွိလာခဲ့ပါတယ္။ကိုယ့္အသက္ကိုယ္ေသေၾကာင္းၾကံတဲ့သူေတြကို သနားတဲ့စကားမ်ိဳးေတြေျပာၾကတာလည္းေတြ႕ရပါတယ္။
တစ္ေယာက္ကဆုိရင္ “ရထားေအာက္ကုိခုန္ဝင္တဲ့သူေတြက အရူးေတြမဟုတ္ဘူး…အဲ့ဒီလိုခုန္ဝင္ေအာင္ဖိအားေပးတဲ့သူေတြကမွအရူးေတြပဲ” လုိ႕ေျပာသြားခဲ့ပါတယ္။ ပို႕ေဆာင္ေရးအရာရွိေတြကေတာ့ အခင္းျဖစ္ေနရာကုိစစ္ေဆးျပီး ရဲေတြကုိ အစီရင္ခံစာေပးပို႕ခဲ့ျပီးပါျပီ။

ကိုယ့္ကုိယ္ကိုယံုၾကည္မႈမရွိေတာ့တဲ့အေျခအနမ်ိဳးမွာ 116123 ကိုေခၚဆိုတာမ်ိဳး ဒါမွမဟုတ္ နယ္ေျမႏွစ္သိမ့္ေဆြးေႏြးမႈရံုးခန္းကိုသြားေရာက္တာမ်ိဳးျပဳုလုပ္သင့္ပါတယ္။

အေသးစိတ္အခ်က္အလက္ေတြကုိေတာ့ www.samaritans.rog မွာဝင္ေရာက္ၾကည့္ရွဳႏုိင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Min Thu (Daily Hot News)
# Unicode Version ျဖင့္ ဖတ္ပါ #
အခုဖြစ်ပွားခဲ့တဲ့ ထိတ်လန့်စရာဖြစ်ရပ်ကတော့ မော်စကိုမြို့မြေအောက်ရထားတစ်ခုမှာဖြစ်ပျက်ခဲ့တာပဲဖြစ်ပါတယ်။ ရထားသွားနေစဉ် လူတစ်ယောက်ဟာ ရထားမောင်းသမားရှေ့ခုန်ဝင်လာခဲ့တဲ့အတွက် မှန်တွေကွဲရှပြီး ရထားမောင်းသမားလည်း အထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။

ဂျွန်လ ၇ ရက်နေ့က မော်စကိုမြို့ Ryazansky Prospekt ဘူတာရုံမှာ ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ဗီဒီယိုထဲမှာတော့ ရထားဘူတာရုံမှာမတ်တပ်ရပ်နေတဲ့သူတစ်ဦးကိုအရင်ဆုံးမြင်တွေ့ရမှာပါ။
နောက်တော့ ရထားရှေ့ကိုရုတ်တရက်ခုန်ဝင်လာတဲ့အတွက် ရထားမှန်ကွဲသွားတာကို ရထားမောင်းသမားရှေ့မှာတပ်ထားတဲ့ကင်မရာကတစ်ဆင့်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

လုံခြုံရေးအရာရှိတွေကတော့ ဒီလူဟာ ကိုယ့်ကိုယ်ကိုသေကြောင်းကြံစဉ်ခဲ့တာဖြစ်ကြောင်းပြောကြားခဲ့ကြပေမယ့် ဒီလူက ကံကောင်းစွာပဲအသက်ရှင်သွားခဲ့ပါတယ်။ သူဟာရထားမှန်နဲ့တိုက်မိပြီးတော့ ရထားလမ်းကြားထဲကိုကျသွားတာတဲ့အတွက် အသက်ရှင်ခဲ့တာပါ။ ရထားမောင်းသမားဟာ လန့်ဖြန့်သွားခဲ့ပြီးအရေးပေါ် ဘရိတ်ဆွဲကာ သေကြောင်းကြံစဉ်မှုအကြောင်း သတင်းပို့ခဲ့ပါတယ်။

ခုန်ချတဲ့သူကတော့ အသက် ၂၈ နှစ်အရွယ်အမျိုးသားတစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့ ဦးခေါင်းထိခိုက်မှုနဲ့ အရိုးကျိုးမှုတွေကြောင့်ဆေးကုသမှုခံယူနေရပေမယ့်လည်း အသက်ရှင်နိုင်မယ်လို့မျှော်လင့်ထားကြပါတယ်။

ဒီဖြစ်ရပ်ဟာ အွန်လိုင်းပေါ်မှာ ပံျနှံ့သွားပြီးနောက်ဝေဖန်ပြောဆိုမှုများစွာရှိလာခဲ့ပါတယ်။ကိုယ့်အသက်ကိုယ်သေကြောင်းကြံတဲ့သူတွေကို သနားတဲ့စကားမျိုးတွေပြောကြတာလည်းတွေ့ရပါတယ်။
တစ်ယောက်ကဆိုရင် “ရထားအောက်ကိုခုန်ဝင်တဲ့သူတွေက အရူးတွေမဟုတ်ဘူး…အဲ့ဒီလိုခုန်ဝင်အောင်ဖိအားပေးတဲ့သူတွေကမှအရူးတွေပဲ” လို့ပြောသွားခဲ့ပါတယ်။ ပို့ဆောင်ရေးအရာရှိတွေကတော့ အခင်းဖြစ်နေရာကိုစစ်ဆေးပြီး ရဲတွေကို အစီရင်ခံစာပေးပို့ခဲ့ပြီးပါပြီ။

ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတော့တဲ့အခြေအနမျိုးမှာ 116123 ကိုခေါ်ဆိုတာမျိုး ဒါမှမဟုတ် နယ်မြေနှစ်သိမ့်ဆွေးနွေးမှုရုံးခန်းကိုသွားရောက်တာမျိုးပြုုလုပ်သင့်ပါတယ်။

အသေးစိတ်အချက်အလက်တွေကိုတော့ www.samaritans.rog မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Min Thu (Daily Hot News)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top